Facebook မှာ ကိုယ့် status လေး လူတိုင်း မသိစေဖို့
Facebook က တကယ်ကို အသုံးတည့်ပြီး တနေကုန် အချိန်ကုန်လို့ ရတဲ့ social network ပါ။ သူငယ်ချင်းတွေ လည်း facebook ကြောင့် အလှမ်းဝေး ကွာနေရာကနေ ပြန်လည် စုစုစည်းစည်း ဖြစ်လာ ခဲ့ရတာတွေ တွေ့ဖူး ပါတယ်။ သူငယ်ချင်းတွေ တွေ့တော့ ထုံးစံ အတိုင်း ပြောချင် တာတွေပြော၊ ရေးချင်တာတွေ ရေး၊ ဖြစ်သလို ရိုက်တာတဲ့ ဓာတ်ပုံတွေ တင်လို့ တင်နဲ့ ပျော်စရာပါ။ ဒါပေမဲ့ Facebook က ကိုယ့် သူငယ်ချင်းတွေ သီးသန့် သုံးတာ မဟုတ် သလို တခြား သူတွေလည်း အသုံးပြု နေတာ ကြောင့် ကိုယ့် အကြောင်းတွေ အားလုံး လူတိုင်း သိနေ ရတာ တော့ မကောင်းဘူးပေါ့။ ဒီလို အခြေအနေ တွေကြောင့် facebook က အသုံးတဲ့မဲ့ policy feature လေးကို ထည့်သွင်း ပေးထား ပါတယ်။ အသုံးဝင်ပေမဲ့ တော်တော်များများက ရှိမှန်း မသိသလို၊ လုပ်ရတာ ခေါင်းစားနေတဲ့ သူတွေ၊ အတွက် တစ်ဆင့်ချင်း ၀ဘ်ဆိုဒ်မှာ တစ်ဆင့်ချင်း ရေးပေး ထားပါတယ်။


