ရန်ကုန်မြို့၌ ပထမ ဦးဆုံးသော အဆင့်မြင့် ရုပ်ရှင်ရုံပါ Junction Centre (Maw Tin) ဖွင့်မည်
မကြာမီ ဖွင့်လှစ် နိုင်တော့မည့် Junction Centre (Maw Tin) သည် ရန်ကုန်မြို့၊ အနော်ရထာလမ်း နှင့် လမ်းသစ် လမ်းထောင့်၌ တည်ရှိပြီး လေး ထပ် အဆောက်အအုံ ဖြစ်သည်။ အဆိုပါ အဆောက်အအုံ ၌ လူ ၂၀၀ စီ ကြည့်ရှု နိုင်မည့် Cineplex ရုပ်ရှင် ရုံငယ် နှစ်ခု ပါရှိကာ အရောင်းဆိုင်ခန်း များ နှင့် လူနေ တိုက်ခန်းများ ပါ ပါဝင်သည်။ Junction Centre (Maw Tin) ၌ ဖက်ရှင်ပစ္စည်းများ၊ အ၀တ်အထည်များ၊ အသုံးအဆောင် ပစ္စည်းများ၊ အလှကုန်နှင့် ရေမွှေးများ၊ ကစားစရာများ စသည့် ပစ္စည်းမျိုးစုံကို တစ်နေရာ တည်းတွင် စိတ်ကြိုက် ရွေးချယ်၍ ၀ယ်ယူ နိုင်ရန် စီစဉ် ထားကြောင်း နိုင်ငံ တကာ အဆင့်မီ ဖက်ရှင် အမှတ်တံဆိပ် ပစ္စည်းများ၊ နာရီနှင့် မျက်မှန်များ၊ ပလက် တီနမ်နှင့် လက်ဝတ် ရတနာ များကို ပြသ ထားကြောင်း ဆက်လက် ရှင်းပြ သည်။


