ထိုင်းနိုင်ငံက တရားမ၀င် အလုပ်သမား ၅,၀၀,၀၀၀ ခန့်ကို နေရပ် ပြန်ပို့မည် လာအို၊ ကမ္ဘောဒီးယား လုပ်သားများ ပါဝင်
ထိုင်းနိုင်ငံ အတွင်း၌ လာရောက် လုပ်ကိုင် လျက်ရှိသည့် တရားမ၀င် အလုပ်သမား ၅,၀၀,၀၀၀ ခန့်ကို မူရင်း နိုင်ငံ များသို့ ပြန်လည် ပို့ဆောင် မည်ဖြစ်ရာ လာအို၊ ကမ္ဘောဒီးယား စသည့် နိုင်ငံများမှ တရား မ၀င်လာ ရောက်လုပ်ကိုင် သည့် အလုပ်သမား အများစု ပါဝင်ကြောင်း သိရသည်။ ထိုသို့ တရားမ၀င် အလုပ်သမား များ အား နေရပ် ပြန်ပို့မည့် အစီအစဉ် ကို ထိုင်းနိုင်ငံ အစိုးရက မတ် ၁၁ ရက်တွင် အတည်ပြု ကြေညာခဲ့ခြင်း ဖြစ်သည်။ တရားမ၀င် အလုပ်သမား များအနေဖြင့် ယာယီ နိုင်ငံကူးလက် မှတ်ဖြစ်သည့် ဘဏ် လက်မှတ်ပြု လုပ်ရန် ပျက်ကွက်မှု များပြားလာ သည့်အတွက် ထိုင်းနိုင်ငံ အနေဖြင့် ဆက်လက် လက်ခံနိုင်ခြင်း မရှိကြောင်း အလုပ်သမား စစ်ဆေးရေး ဌာန ဒုတိယ ညွှန်ကြားရေးမှူး မစ္စတာဆူးပတ် ဂူကန်၏ ပြောကြားချက်ကို ကိုးကား ၍ ထိုင်းနိုင်ငံ အခြေစိုက် သတင်းမီဒီ ယာများတွင် ဖော်ပြထားသည်။


