ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်း၏ အမေ့ဂုဏ်ပြုပွဲနှင့် ၀က်ဘ်ဆိုက် လွှင့်တင်ခြင်း အခမ်းအနား ကျင်းပ

ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်း (အသည်း) မွေးနေ့ အထိမ်း အမှတ် အမေ ဂုဏ်ပြုပွဲနှင့် ၀က်ဘ်ဆိုက် လွှင့်တင်ခြင်း အခမ်းအနားကို ဇန်န၀ါရီ ၁၁ ရက် မွန်းလွဲ ပိုင်းတွင် ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်၌ ကျင်းပခဲ့သည်။ အခမ်းအနား တွင် ဒေါက်တာခင်မောင်ဝင်း က သူ၏ မိဘများ၏ ဂုဏ်ကျေးဇူးကို တုံ့ပြန်သော အားဖြင့် အမေနှင့် ပတ်သက်သည့် စာများနှင့် ဆောင်းပါးများကို www.khinmaungwin.liver.com တွင်လွှင့်တင် ထားကြောင်း ၀င်ရောက်ကြည့်ရှု လေ့လာ နိုင်ကြောင်း သိရသည်။
မြန်မာပို့စ်