မန္တလေး ဖိတ်ခေါ် ပိုက်ကျော်ခြင်း ပြိုင်ပွဲ ရန်ကုန် အသင်းများ ဗိုလ်စွဲ
နောက်ဆုံး ဗိုလ်လုပွဲ တွင် ကြယ် တံခွန် “က” အသင်းက ADM အသင်း ကို သုံးပွဲ နှစ်ပွဲ ဖြင့် အနိုင်ရ ဗိုလ်စွဲ သွား သည်။ ပြိုင်ပွဲ အပြီးတွင် ဆုပေးပွဲကို ဆက်လက် ကျင်းပရာ လူသစ်တန်း အမျိုးသား နှစ်ယောက်တွဲ ပြိုင်ပွဲတွင် ပထမဆု ရရှိသော ပါကေး “ခ” အ သင်းအား ကျပ်၆,၃၀,၀၀၀၊ ဒုတိယရရှိ သော ADM “ခ” အသင်းအား ကျပ် ၄,၅၀,၀၀၀၊ တတိယ ရရှိသော သန့် စင်ထွန်း “ခ” အသင်းအား ကျပ် ၂,၇၀,၀၀၀ နှင့် ဆုဖလား များကို တာ ၀န်ရှိသူ များက ချီးမြှင့်သည်။ အလွတ် တန်း အမျိုးသား သုံးယောက်တွဲ ပြိုင်ပွဲ တွင် ပထမဆု ရရှိသော ကြယ်တံခွန် “က” အသင်းအား ကျပ် ၉,၉၀,၀၀၀၊ ဒုတိယ ရရှိသော ADM အသင်းအား ကျပ် ၆,၃၀,၀၀၀၊ တတိယ ရရှိသော ပါကေး “ခ” အသင်းအား ကျပ် ၃,၆၀,၀၀၀ နှင့် ဆုဖလား များကို တာ ၀န် ရှိသူများက ပေးအပ် ချီးမြှင့်သည်။


