ပလတ်စတစ် အနောက်ဘူး များမှ ရေတွင်း ဓာတု ပစ္စည်း ပျော်ဝင်မှု များသဖြင့် ကျန်းမာရေး အတွက် အန္တရာယ် ရှိနိုင်
ပလတ်စတစ် အနောက် upvc အမျိုးအစား ပိုက်များနှင့် ဘူးပုလင်း များဖြင့် သယ်ဆောင် သိုလှောင်ထား သော ရေများ သည် ဓာတုပစ္စည်းများ ပါဝင် နိုင်သဖြင့် သောက်သုံးရန် မ သင့်ကြောင်း ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် အသင်းမှ တာဝန်ရှိသူတစ် ဦးက ပြောကြား သည်။
သောက်သုံးရေ အဖြစ် အသုံးပြု ရန် ရေသန့်ရှင်းမှု ရှိရန်အတွက် စံ သတ်မှတ်ချက် နှင့် လိုအပ်ချက် များ ပြားစွာ ရှိကြောင်း သိရသည်။ ရေ တွင် PH ပြည့်မီရန်ထက် ဓာတု ပစ္စည်း မပါဝင်ရန် နှင့် အာစင်းနိတ် ခေါ် စိန် အဆိပ်များ မပါရှိရန် ပိုမိုအ ရေးကြီး သည်ဟုဆိုသည်။ ဓာတု ပစ္စည်း များနှင့် အာစင်းနိတ် မှာ ကျို ချက်ခြင်း ဖြင့်လည်း ပျက်စီး သွားနိုင် ခြင်း မရှိသည့်အတွက် သုံးစွဲ သူများကို ကျန်းမာရေး အရ အန္တရာယ် ကြီးစေ နိုင်ကြောင်း သိရသည်။


