စစ်တွေမြို့ သောက်သုံးရေ လိုအပ်ချက် ဖြည့်ဆည်း ပေးနိုင်တော့မည်
စစ်တွေမြို့ ရေတိုးချဲ့ပေးဝေရေး အတွက် စစ်တွေမြို့မှ သုံးမိုင်ခန့် ကွာဝေးသည့် အောင်တိုင် ချောင်းအား မြို့နေ လူထု ၏ ပံ့ပိုး ကူညီဖြင့် ၁၉၉၂ ခုနှစ် ၀န်းကျင်က တူးဖော် ဆည်ဖို့ ခဲ့ပြီးဖြစ်ရာ အဆိုပါ ဆည်မှ ရေများ ကို ရှစ်လက်မ ပိုက်လုံး ပေ ၁၇,၃၀၀ တိုးချဲ့ သွယ်တန်း ၍ လက်ရှိ ကန်တော်ကြီး သို့ ရေများ ဖြည့်ပေး ပြီး ထို ကန်တော်ကြီးမှ တစ်ဆင့် ရေများ ပေးဝေရန် ဆောင်ရွက် လျက်ရှိသည်။


