နေပြည်တော် ဥတ္တရ သီရိ မြို့နယ် တွင် ဟိုတယ်များ ထပ်မံဆောက်
၂၀၀၃ခုနှစ် တွင် မြန်မာနိုင်ငံ က အိမ်ရှင် အဖြစ် လက်ခံ ကျင်းပ မည့် ဆီးဂိမ်း ပြိုင်ပွဲတွင် နိုင်ငံတကာ မှ အားကစား ပြိုင်ပွဲဝင် အသင်းများ အတွက် တည်းခို နေထိုင်ရေးနှင့် သွားလာမှု အဆင်ပြေ စေရန် နေ ပြည်တော် ဥတ္တရ သီရိ မြို့နယ်ရှိ ဥတ္တရ သီရိ ဟိုတယ် ဇုန်၌ ဟိုတယ်များ ထပ်မံ တည်ဆောက် နေပြီ ဖြစ်ရာ အကွက် အမှတ် ၁၈ ၌ ဆောက်လုပ် မည့် ဥတ္တရ သီရိ ဟိုတယ် ပန္နက်တင် အခမ်း အနားကို ဇွန် ၂၄ ရက် နံနက်ပိုင်း တွင်ကျင်းပသည်။
နေပြည်တော် ဇမ္ဗူသီရိမြို့ နယ်တွင် အမရ၊ ရွှေမြန်မာ၊ ရွှေဧည့် သည်၊ ရွှေနန်းတော်၊ တော်ဝင်နေ ပြည်တော်၊ သင်္ဂဟ၊ ရတနာသိင်္ဃ စသည့်ဟိုတယ်များကို ၂၀၀၇ခုနှစ် မှ စတင် တည်ဆောက်ခဲ့ပြီး ၀န် ဆောင်မှုများ ပေးလျက် ရှိသည်။ ယခု အခါ အဆိုပါ ဟိုတယ် ဇုန်၌ တုံဂပူရိ၊ Sky Blue ဟိုတယ် များကို ထပ်မံ တည်ဆောက်လျက်ရှိသည်။ နေ ပြည်တော် ဥတ္တရသီရိဟိုတယ်၌ ထပ်မံတည်ဆောက်လျက်ရှိသည့် ဟိုတယ် များအား ယခုနှစ် မေမှစ၍ သက်ဆိုင်ရာက မြေကွက် များသတ် မှတ်ပေးခဲ့ပြီး ဟိုတယ် တစ်လုံး၏ အကျယ် အ၀န်းမှာ ၁၀ ဧကရှိ ကြောင်းနှင့် လုပ်ငန်း ရှင်များက မြေ သား ညှိခြင်း လုပ်ငန်းများ နှင့် အ ဆောက် အအုံများကို တည်ဆောက် လျက်ရှိသည်။


