မည်သူမဆို အသည်းရောင် အသားဝါ (ဘီ) ကာကွယ်ဆေး ထိုးနိုင်ပြီ
အမှတ် (၁) စက်မှု ၀န်ကြီးဌာန၊ မြန်မာ့ ဆေးဝါးနှင့် အိမ်သုံး ပစ္စည်း လုပ် ငန်း၏ ကြီးကြပ် မှုဖြင့် အသည်းရောင် အသားဝါ (ဘီ) ကာကွယ်ဆေး ထိုးဆေး ခန်းကို မြန်မာနိုင်ငံ ဆေးဝါး လုပ်ငန်းစက် ရုံ (ရန်ကုန်) ၌ ဇွန် ၂၅ ရက်မှ စတင်ဖွင့် လှစ်လိုက်ရာ ရုံးချိန် အတွင်း နံနက် ၉နာရီမှ ညနေ၄ နာရီအထိ မည်သူမ ဆို လာရောက် ကာကွယ်ဆေး ထိုးနိုင် ကြောင်း သိရသည်။
ကုန်ကျစရိတ်သက်သာ
အဆိုပါ ဆေးခန်း၌ အထူးသက် သာသော နှုန်းဖြင့် သွေးစစ်ခြင်း၊ ကာ ကွယ်ဆေး ထိုးခြင်း ပြုလုပ် ပေးရာတွင် ရောဂါ ရှိမရှိ သွေးစစ်ခြင်း ကျပ် ၁,၅၀၀၊ ကာကွယ်ဆေး ပထမအကြိမ် ထိုးခြင်း ကျပ် ၂,၂၀၀၊ ကာကွယ်ဆေး ဒုတိယ အကြိမ်ထိုးခြင်း ကျပ် ၂,၂၀၀၊ ကာကွယ် ဆေး တတိယ အကြိမ် ထိုးခြင်း ကျပ် ၂,၂၀၀၊ စုစုပေါင်း ကျပ် ၈,၁၀၀၊ ဖြစ် ကြောင်း၊ ကာကွယ်ဆေး သုံးကြိမ် အတွက် ကြိုတင်ငွေ ပေးသွင်း၍ ထိုးပါ က ကျပ် ၇,၅၀၀ သာ ကုန်ကျမည် ဖြစ် ကြောင်း၊ အခြား ပြင်ပ ပုဂ္ဂလိက ဆေးခန်း များတွင် ကာကွယ် ဆေး ထိုးခြင်းထက် ကုန်ကျစရိတ် များစွာ သက်သာပြီး ဆေးအာနိ သင် မှာလည်း ကောင်းမွန် ကြောင်း၊ ကာ ကွယ်ဆေး မှာ လှည်းကူး မြို့နယ် ရှိ အသည်း ရောင် အသားဝါ (ဘီ) ကာကွယ်ဆေး စက်ရုံ မှ ထုတ်လုပ် သည့် ဆေးဖြစ်ကြောင်း သိရ သည်။


