ဘင်္ဂလား ပင်လယ်အော် ၏ အပျိုစင် (သို့) ငွေဆောင်ကမ်းခြေ သို့
ဝိသေသ များနှင့် ငွေဆောင်
ငွေဆောင် ကမ်းခြေသည် ၀ိသေသ များ စွာ ရှိသည်။ ၀ိသေသ များစွာအနက် သဲဖြူ ဖွေးခြင်း၊ ပင်လယ်ပြာ ခင်း၊ ရေကြည်ခြင်း၊ ကောင်းကင် ကြည်လင်ခြင်း၊ ကမ်းရိုးတန်း ရှည်လျားခြင်း၊ အုန်းပင် ပေါခြင်း၊ ရိုးမ နောက် ခံရှိခြင်း၊ ကမ်းခြေ စိမ်းစိုခြင်း၊ လူမရှုပ်ခြင်း၊ တောင်ကွေ့ တောင်စွယ် ရှိခြင်း၊ ကမ်းခြေသန့် ရှင်းခြင်း၊ အမှိုက် မရှိခြင်း၊ လမ်းပန်း ဆက်သွယ် ရေး ကောင်းမွန်လာခြင်း၊ ဆိုင်များစွာ ရှိခြင်း၊ ငွေဆောင်ဒေသခံတို့ စိတ်ရင်း ဖြူစင်ခြင်း ၀ိသေသ များနှင့် ပြည့်စုံ လှသည်။
အရှည်လျားဆုံး ကမ်းခြေ
ပင်လယ် ကမ်းခြေ ဆိုလျှင် သဲဖြူခြင်း သည် ကမ်းခြေ၏ အင်္ဂါရပ် တစ်ခုဖြစ်သည်။ ငွေဆောင် ဟုခေါ်ဆိုရ လောက်အောင် ကမ်း ခြေ တစ်ကွေ့တစ်လျှောက် မှ သဲတို့မှာ ဘော် ငွေရောင်ဖြစ်သည်။ ကမ်းခြေသည် အံ့သြ စရာ ကမ်းခြေဖြစ်သည်။ မြောက်ဘက် ကမ်း ခြေအစ ဇီးမှော်မှ သည် တောင်ဘက် မကျီး မော် အဆုံး ကိုးမိုင်ကျော် အရှည်တွင် ရှည် လျားသော ကမ်းခြေ တစ်လျှောက်လုံး သဲတို့ မှာ ဘော်ငွေရောင် အဆင်း ရှိသည့် တန်ဖိုး မဖြတ် နိုင်သော ကမ်းခြေတစ်ခုဖြစ်သည်။ ရေကြည် ရေသန့် ရေပြာခြင်း သည် ငွေ ဆောင်၏ အမှတ်အသား တစ်ခုဖြစ်သည်။


