မြန်မာနိုင်ငံ နှင့် အနုပညာ လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရန် မြောက်ကိုရီးယား စီစဉ်
မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ နှင့် အနုပညာ လုပ်ငန်းများ ပူးပေါင်း ဆောင် ရွက်ရန် စီစဉ် လျက်ရှိကြောင်း ပြုံယမ်းမြို့ အခြေ စိုက် သတင်း အေဂျင်စ များက ရေးသားဖော်ပြ သည်။
အဆိုပါ အနုပညာ ပူးပေါင်း ဆောင်ရွက်မှု၏ ပဏာမ ခြေလှမ်းအနေဖြင့် လာမည့် စက်တင်ဘာ ၁၇ ရက်မှ ၂၄ ရက် အထိ မြောက်ကိုရီးယား မြို့တော်၊ ပြုံယမ်းတွင် ရှစ်ရက်ကြာ ကျင်းပမည့် မြောက်ကိုရီးယား အပြည်ပြည် ဆိုင်ရာ ရုပ်ရှင်ပွဲ တော်၌ မြန်မာ ရုပ်ရှင် ဇာတ်ကား ငါးကား ပါဝင် ပြသမည် ဖြစ်ကြောင်း၊ ထိုသို့ ပါဝင် ပြသခြင်းသည် မြောက်ကိုရီးယား နိုင်ငံတွင် မြန်မာ ရုပ်ရှင်ဇာတ် ကားများ ကို ပထမဆုံး အကြိမ် ပြသခြင်း ဖြစ် ကြောင်း၊ ပါဝင်ပြသမည့် ရုပ်ရှင် ဇာတ်ကား များမှာ ဆဋ္ဌဂံ၊ လျှို့ဝှက်သောနှင်း၊ မျှော်လင့်ခြင်း များစွာ၊ ကြိုးတန်းနှင့် အတိတ်က အရိပ်တို့ ဖြစ်ကြောင်း သိ ရသည်။


