အိမ်ခြံမြေ ဈေးကွက် နှစ်ဆ မြင့်တက်
လက်ရှိ အိမ်ခြံမြေ ဈေးကွက် အခြေအနေ နှင့် ပတ်သက်၍ ယူနတီ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ မန်နေဂျာ ဦးဇော်ဇော်က “အခု အတော အတွင်း အိမ်ခြံမြေ ဈေးကွက် က ပုံမှန် အတိုင်းပဲ။ အငှား ဈေးကွက် မှာတော့ ကွန်ဒိုခန်း တွေ အငှားသွက် တယ်။ နေရာ စုံ အငှား လိုက်တယ်။ ကွန်ဒို အခန်း အငှား နှုန်းထား တွေက တော့ ကျပ်သုံးသိန်း ကနေ ငါးသိန်း ခွဲ ၀န်းကျင် အထိ အခန်းတွေ အငှား လိုက်တယ်။ အရောင်း အ၀ယ် ဈေး ကွက်မှာတော့ ဧပြီ နောက်ပိုင်း ကစပြီး နှစ်ဆလောက် အရောင်း အ၀ယ် တက် လာတယ်။ မြေချည်းပဲ ဆိုရင် ကျပ်သိန်း ၁,၀၀၀ ကနေ ကျပ်သိန်း ၂,၀၀၀ ၀န်းကျင် မြေကွက်တွေ၊ အဆောက် အအုံ ပါတဲ့ မြေကွက် တွေကတော့ ကျပ်သိန်း ၂,၀၀၀ ၀န်းကျင် ကနေ ကျပ်သိန်း ၂,၆၀၀ လောက် အထိ အရောင်း အ၀ယ် ဖြစ်တယ်။ ဒီထက် ဈေးမြင့်တဲ့ မြေကွက် တွေလည်း အ ရောင်း အ၀ယ် ရှိပါ တယ်” ဟုဆိုသည်။


