Your reliable news partner
  • ရောက်တတ်ရာရာ
    Posted on July 28th, 2010
    Written by Web Admin
    Tags
    စီးပွားရေး အကွက်အကွင်း ကောင်းသည့် လမ်းမတန်း မြေကွက်များ ခေါ် ဈေးမြင့်
    စီးပွားရေး အကွက်အကွင်း ကောင်းသည့် လမ်းမတန်း မြေကွက်များ ခေါ် ဈေးမြင့်
    ရန်ကုန်မြို့အိမ်ခြံမြေ ဈေးကွက် တွင် စီးပွားရေး အချက်အချာ ကျပြီး အကွက် အကွင်း ကောင်းသည့် လမ်း မတန်း မြေကွက် များ ခေါ်ဈေးနှုန်း ထား များ မြင့်တက် လာကြောင်း ရန်ကုန် မြို့တွင်း အခြေစိုက် ၀ါရင့် အိမ်ခြံမြေ အကျိုးဆောင်များ ထံမှ သိရသည်။
    လမ်းမတန်း မြေကွက်များ ခေါ် ဈေး မြင့်တက် လာမှု အခြေအနေ နှင့် ပတ်သက်၍ “မြေဈေးနှုန်း တွေက စီးပွားရေး အရ အချက်အချာ ကျတဲ့ down town အနီးအဝေး ပေါ် အဓိ က ထားတိုင်းပြီး ဈေး ခေါ်ကြ ပါတယ်။ မြို့တွင်း ကို ၀င်တဲ့ အဓိက လမ်းမကြီး တွေဖြစ်တဲ့ ပြည်လမ်း၊ ကမ္ဘာအေး ဘုရားလမ်း ပေါ်က အကွက် အကွင်း ကောင်းတဲ့ မြေကွက်တွေ အရင်က တစ်စတုရန်း ပေကို ကျပ်နှစ်သိန်း လောက် ခေါ်ဈေး ရှိရာက အရောင်း အ ၀ယ် ကောင်းတဲ့ အခု နောက်ပိုင်း တစ်စတုရန်း ပေကို ကျပ်သုံးသိန်းခွဲ အ ထိ ခေါ်ဈေး တက်လာ တယ်။ တကယ် အရောင်းအ၀ယ် ဖြစ်တာ ကတော့ ညှိနှိုင်း ဈေးနဲ့ပါ” ဟု မြို့တွင်း အခြေ စိုက် ၀ါရင့်အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးက ရှင်းပြသည်။
  • ရန်ကုန်သတင်းများ
    Posted on July 5th, 2010
    Written by Web Admin
    Tags
    အန္တရာယ်ရှိ အဆောက်အအုံ များ ပြန်လည် ဆောက်လုပ် မှုကြောင့် ရန်ကုန် တိုက်ခန်းများ ဈေးနှုန်း ပြောင်းလဲ ဖွယ်ရှိအန္တရာယ်ရှိ အဆောက်အအုံ များ ပြန်လည် ဆောက်လုပ် မှုကြောင့် ရန်ကုန် တိုက်ခန်းများ ဈေးနှုန်း ပြောင်းလဲ ဖွယ်ရှိ
    အန္တရာယ်ရှိ အဆောက်အအုံ များ ပြန်လည် ဆောက်လုပ် မှုကြောင့်  ရန်ကုန် တိုက်ခန်းများ ဈေးနှုန်း ပြောင်းလဲ ဖွယ်ရှိအန္တရာယ်ရှိ အဆောက်အအုံ များ ပြန်လည် ဆောက်လုပ် မှုကြောင့် ရန်ကုန် တိုက်ခန်းများ ဈေးနှုန်း ပြောင်းလဲ ဖွယ်ရှိ
    ရန်ကုန်မြို့ အတွင်း အန္တရာယ် ရှိ အဆောက် အအုံများ ပြန်လည် ဆောက်လုပ် ကြသဖြင့် တိုက်ခန်း ဈေးနှုန်းများ ပြောင်းလဲ လာဖွယ်ရှိ ကြောင်း အိမ်၊ ခြံ၊ မြေ အကျိုးဆောင် များကပြောကြားသည်။
    အန္တရာယ်ရှိ အဆောက်အအုံ အဖြစ် သတ်မှတ် ခံရသော အ ဆောက် အအုံများမှာ ရန်ကုန်မြို့ တွင်း ခြောက်မြို့နယ် တွင် အများဆုံး ပါဝင်ကြောင်း၊ ယခင်က သုံးထပ်သို့ မဟုတ် လေးထပ် အမြင့်သာ ရှိသော အဆိုပါ အဆောက် အုံများတွင် ကန် ထရိုက်တာများ အနေဖြင့် အနည်း ဆုံး ခုနစ်ထပ်နှင့် ရှစ်ထပ် အဆောက် အအုံများ အဖြစ် ဆောက်လုပ်လာမည် ဖြစ်၍ ရန်ကုန် တိုက်ခန်း ဈေးကွက် ပြောင်းလဲ နိုင်ကြောင်း ရွှေသရဖူ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ကုမ္ပဏီမှ ဦးသီဟက ပြောကြားသည်။
  • လက်ကျန် နည်းသွား ၍ စက်မှုဇုန် မြေကွက်များ အရောင်းအ၀ယ် အေးစက်
    လက်ရှိ စက်မှု ဇုန်မြေကွက်အ ရောင်းအ၀ယ် အခြေအနေ နှင့် ပတ် သက်၍ ယူနတီ အိမ်ခြံမြေ အကျိုး ဆောင် လုပ်ငန်းမှ မန်နေဂျာ ဦးဇော် ဇော်က “ပြီးခဲ့တဲ့ အတောအတွင်းက တောင်ဒဂုံ စက်မှုဇုန် မြေကွက် ပေ ၈၀x၉၀ တစ်ကွက်ကို သိန်း ၃၅၀ နှုန်းနဲ့ အရောင်းအ၀ယ် ဖြစ်တယ်။ စက်မှုဇုန်ကြီး တွေကတော့ အရောင်း အ၀ယ်အေးတယ်။ ရှိပြီးသား အကွက် တွေကို ကျတော့ ထုတ်မရောင်း ဘူး ကိုင်ထား ကြတယ်။ စက်မှုဇုန် အကွက်တွေက သိန်း ၁,၀၀၀ ကျော်ရင် အရောင်းအ၀ယ် နည်းပြီး သိန်း ၂၅၀ နဲ့ ၃၅၀ ကြား အကွက် တွေ မဆိုး ဘူး။ လက်ရှိ စက်မှုဇုန် မြေကွက်ပေါက် ဈေးတွေမှာ ရွှေပြည်သာ စက်မှုဇုန်က အမြင့်ဆုံး တစ်ဧက သိန်း ၁,၇၀၀ လောက် ရှိတယ်။ ဘာဖြစ် လို့လဲ ဆို တော့ ဘုရင့်နောင် ပွဲရုံနဲ့ နီးကပ် အကွက် အတွင်း ကောင်းတယ်။ လှိုင် သာယာ စက်မှုဇုန်၊ ရွှေလင်ပန်း စက်မှု ဇုန်တွေလည်း ဈေးကောင်း ပါတယ်” ဟုဆိုသည်။
  • MMC က အရောင်း မြှင့်တင်ရေး ကာလ အတွင်း လုံးချင်း နှင့်တိုက်ခန်း များကို သင့်တင့်သော နှုန်းဖြင့် ရောင်းချ ပေးမည်
    Myanmar Modern Creations Co., Ltd. မှ အိမ်ခြံမြေ အရောင်း မြှင့်တင်ရေး အစီအစဉ်များ ဇူလိုင် ၁ ရက်မှ ၂၁ ရက် အထိ ပြုလုပ်လျက် ရှိရာ အဆိုပါ ကာလ အတွင်း ရောင်းချရန် ကျန်ရှိသော တိုက်ခန်း များကို သင့်တင့်သော ဈေးနှုန်း များဖြင့် ရောင်းချ ပေးမည် ဟု သိရသည်။
    Myanmar Modern Creations Co., Ltd မှ ရောင်းချရန် ကျန်ရှိသော နေရာများမှာ စမ်းချောင်းမြို့ နယ်၊ ပန်းတနော်လမ်း၊ သီရိလမ်းမှ တိုက်ခန်းများ၊ ကမာ ရွတ်မြို့နယ်၊ အောင်ရိပ်သာ လမ်းနှင့် မိုးစန္ဒာ လမ်းရှိ တိုက် ခန်း နှင့် လုံးချင်းတိုက်၊ သင်္ဃန်းကျွန်း မြို့နယ်၊ ဝေဇယန္တာ လမ်းမကြီး၊ လေးထောင့်ကန် လမ်းမ ကြီးရှိ တိုက်ခန်းနှင့် လုံးချင်း အိမ်တို့ ဖြစ်ကြောင်း သိရသည်။ Myanmar Modern Creations Co., Ltd အား ဆက်သွယ် လို ပါက ဖုန်း-၅၀၄၈၈၄၊ ၂၂၃၇၉၃၊ ၂၁၆၄၄၁ သို့ဆက် သွယ် နိုင်ကြောင်း သိရသည်။
  • ၁ နှစ်ပြည့် အထူးထုတ် Property Special Guide
    ၁ နှစ်ပြည့် အထူးထုတ် Property Special Guide
    ၂၀၁၀ ပြည့်နှစ် တွင် ရန်ကုန်မြို့၌ အိမ်ခြံမြေ အငှား ဈေးကွက်မှာ ယမန်နှစ်က ထက် အနည်းငယ် ကျဆင်း ခဲ့သော်လည်း အရောင်း အ၀ယ်မှာမူ နှစ်ဆ နီးပါး ခန့် မြင့် တက်လာကြောင်း အိမ်ခြံမြေ အကျိုး ဆောင် များက တညီတညွတ် တည်း ပြော ကြသည်။ ၂၀၁၀ ပြည့်နှစ်၊ ပထမ နှစ်ဝက် အထိ အိမ်ခြံမြေ ရောင်းအားမှာ ယမန်နှစ် ထက် ရောင်းအား တက်လာကာ ယခုနှစ် သင်္ကြန် ကာလ နောက်ပိုင်း တွင် သိသာစွာ ရောင်း အား တက်လာကြောင်း၊ ပျမ်းမျှ ရောင်း အားမှာ ၃၅ ရာခိုင်နှုန်း မှ ရာခိုင်နှုန်း ၄၀ အထိ ရှိလာကြောင်း၊ အကျိုးဆောင် လုပ် ငန်းများ အနေဖြင့်လည်း ယခင်နှစ် ထက် နှစ်ဆခန့် ၀င်ငွေ ရရှိကြောင်း၊ အိမ်ခြံမြေ ဈေးကွက် ပိုမို ကောင်းမွန် လာခြင်းမှာ ကမ္ဘာ့ ရွှေဈေး အတက်အကျ နှင့် လည်း တိုက်ရိုက် သက်ဆိုင် ကြောင်း သိရ သည်။
  • ၀ါတွင်း ကာလ မတိုင်မီ ခါတော်မီ ဦးမော့ လာသည့် နေပြည်တော် အိမ်ငှား ဈေးကွက်
    နေပြည်တော် ပျဉ်းမနား မြို့ တွင် ယခင်က ငှားရမ်း ခဲ့သည့် လူနေ တိုက်အိမ် များနှင့် မြေကွက် အလွတ် များမှာ ယခု အခါ ငှားရမ်း ကာလ သတ်မှတ်ရက် ပြည့်မြောက်၍ ထပ်မံ ငှားရမ်းခြင်း များ သွက် နေကြောင်း နေပြည်တော် ပျဉ်းမနားမြို့ရှိ အိမ် ခြံမြေ အကျိုးဆောင် တစ်ဦးက ပြော သည်။
    နေပြည်တော် ဖြစ်လာ သည့် ၂၀၀၅ ခုနှစ် မှစ၍ နေပြည်တော် ပျဉ်းမနား မြို့ရှိ အချက်အချာ ကျသည့် အဓိက နေရာ များ နှင့် ရပ်ကွက် အချို့ ရှိ လုံးချင်းတိုက် အိမ်များ နှင့် မြေ ကွက် အလွတ် များကို စီးပွားရေး လုပ် ငန်းရှင်များ၊ ကုမ္ပဏီ ၀န်ထမ်းများ၊ အရောင်းအ၀ယ် လုပ်ငန်းရှင် များနှင့် စားသောက်ဆိုင် လုပ်ငန်း ပိုင်ရှင် တို့က အိမ်ရှင် အိမ်ငှား စာချုပ် ပါ အချက် အလက် များကို ညှိနှိုင်း ဆွေးနွေးပြီး စာချုပ်ချုပ် ငှားရမ်း ခဲ့ကြရာ သုံးလမှ ခြောက်လ၊ တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ် အထိ ငှားရမ်း လုပ်ကိုင် ကြကြောင်း၊ ထိုကဲ့သို့ အိမ်ရှင် အိမ်ငှား စာချုပ် ချုပ်ဆိုရာတွင် မြန်မာ လူမျိုး တို့၏ ထုံးတမ်း စဉ်လာအရ ၀ါမ၀င် မီကာလ မှစ၍ ငှားရမ်း နေထိုင် မှုများ ပြုလုပ် ကြကြောင်း၊ ယခုအခါ ၀ါဝင် ခါနီးပြီ ဖြစ်၍ အိမ်ရှင် အိမ်ငှား အသစ်များ၊ သတ်မှတ် ရက် ပြည့်မြောက် သူများ ထပ်မံ ငှားရမ်း မှုများ ပြုလုပ် လျက်ရှိ ရာ ဇွန်အတွင်း အိမ်ငှား ပိုသွက် ကြောင်း သိရ သည်။
  • ကမ္ဘာ့ဖလား ရာသီ အိမ်ခြံမြေ ဈေးကွက် အရောင်းအ၀ယ် အေး ဟုဆို
    ကမ္ဘာ့ဖလား ရာသီ အိမ်ခြံမြေ ဈေးကွက် အရောင်းအ၀ယ် အေး ဟုဆို
    ယူနတီ အိမ်ခြံမြေ အကျိုးဆောင် မှ မန်နေဂျာ ဦးဇော်ဇော်က “ဧပြီလ နောက်ပိုင်း အရောင်းအ၀ယ် ကောင်း လာတဲ့ အိမ်ခြံမြေ ဈေးကွက်က ကမ္ဘာ့ ဖလား ရာသီမှ အရောင်းအ၀ယ် အေး လာတယ်။ လုံးဝ အရောင်း အ၀ယ် မရှိ တာတော့ မဟုတ်ဘူး။ လက်ရှိ အရောင်းအ၀ယ် ဖြစ်တဲ့ နေရာ တွေကတော့ ၉ မိုင်မှာ သိန်း ၂,၅၀၀ နဲ့ မြေကွက် အရောင်းအ၀ယ် ဖြစ် တယ်။ ဗဟန်း လမ်းသွယ် မှာ လုံးချင်း အိမ်ဒေါ်လာ ၁,၃၀၀ နဲ့ အငှားဖြစ် တယ်။ ၆ မိုင်ခွဲမှာ ဒေါ်လာ ၁,၀၀၀ နဲ့ လုံးချင်း အငှား၊ မရမ်းကုန်း ကကွန်ဒို ခန်း နဲ့ ကမာရွတ် အနော်ရထာ ကွန်ဒို ခန်းကို ငါးသိန်းနဲ့ အငှား၊ ပြီးတော့ တောင်ဒဂုံ စက်မှုဇုန် မှာ မြေပေ ၈၀ ပေ ၉၀ အကွက်ကို သိန်း ၃၅၀ နဲ့ အရောင်းအ၀ယ် ဖြစ်တယ်။ ခြုံပြော ရရင်တော့ အရောင်း ရော အငှားရော ရှိပေမယ့် ဈေးကွက်က နည်းနည်း အေးသွား တယ်” ဟု ဆိုသည်။
  • ယုဇနပလာဇာ မြေညီထပ် ရှိ ဆိုင်ခန်းများ ကို လေလံ စနစ်ဖြင့် ရောင်းချ
    ယုဇန ပလာဇာ မြေညီထပ် ရှိ ဆိုင်ခန်းများ ကို လေလံ စနစ်ဖြင့် ယုဇန ကုမ္ပဏီ က ဇွန် ၈ ရက်နှင့် ၁၅ ရက် တို့တွင် ရောင်းချ ခဲ့ရာ စိတ်ဝင် စား သူ အများအပြား ရှိခဲ့ကြောင်း သိရသည်။
    “အခုတစ်ခါ လေလံ ပစ်တဲ့ ဆိုင် တွေက နေရာကောင်း တွေ ပါတယ်။ ဆိုင်ခန်းပေါင်း ၆၁ ခန်းကို နှစ်ရက် ခွဲပြီး လေလံ ဆွဲ ရမှာပါ” ဟု လေလံ ပွဲသို့ တက်ရောက် မည့် လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
    လေလံ ဆွဲလို သူများသည် လေ လံပွဲ မတိုင်ခင် ဆိုင်ခန်း တစ်ခန်း လျှင် စပေါ်ငွေ သိန်း ၅၀ ကြိုတင် ပေး သွင်း ထားရကြောင်း၊ ကုမ္ပဏီ အနေ ဖြင့် ရောင်းချသည့် ဆိုင်ခန်း များကို လေလံ ပေးသွင်း သူများမှ ပေးသည့် ဈေးနှုန်း များသည် ကြမ်းခင်းဈေး မမှီ ပါက အဆိုပါ ဆိုင်ခန်း များကို ရောင်း ချမည် မဟုတ်ကြောင်း သိရသည်။ ဆိုင်ခန်း ၀ယ်ယူ ရရှိသူများ သည် ၀ယ် ယူ ရရှိသော ဆိုင်ခန်းများ ၏ တန်ဖိုး ငွေကို လေလံ အောင်မြင်သည့် နေ့မှ တစ်လအတွင်း အရစ်ကျ စနစ်ဖြင့် ငွေသွင်း ရမည် ဖြစ်သည်။
  • အိမ်ခြံမြေ ဈေးကွက် နှစ်ဆ မြင့်တက်
    လက်ရှိ အိမ်ခြံမြေ ဈေးကွက် အခြေအနေ နှင့် ပတ်သက်၍ ယူနတီ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ မန်နေဂျာ ဦးဇော်ဇော်က “အခု အတော အတွင်း အိမ်ခြံမြေ ဈေးကွက် က ပုံမှန် အတိုင်းပဲ။ အငှား ဈေးကွက် မှာတော့ ကွန်ဒိုခန်း တွေ အငှားသွက် တယ်။ နေရာ စုံ အငှား လိုက်တယ်။ ကွန်ဒို အခန်း အငှား နှုန်းထား တွေက တော့ ကျပ်သုံးသိန်း ကနေ ငါးသိန်း ခွဲ ၀န်းကျင် အထိ အခန်းတွေ အငှား လိုက်တယ်။ အရောင်း အ၀ယ် ဈေး ကွက်မှာတော့ ဧပြီ နောက်ပိုင်း ကစပြီး နှစ်ဆလောက် အရောင်း အ၀ယ် တက် လာတယ်။ မြေချည်းပဲ ဆိုရင် ကျပ်သိန်း ၁,၀၀၀ ကနေ ကျပ်သိန်း ၂,၀၀၀ ၀န်းကျင် မြေကွက်တွေ၊ အဆောက် အအုံ ပါတဲ့ မြေကွက် တွေကတော့ ကျပ်သိန်း ၂,၀၀၀ ၀န်းကျင် ကနေ ကျပ်သိန်း ၂,၆၀၀ လောက် အထိ အရောင်း အ၀ယ် ဖြစ်တယ်။ ဒီထက် ဈေးမြင့်တဲ့ မြေကွက် တွေလည်း အ ရောင်း အ၀ယ် ရှိပါ တယ်” ဟုဆိုသည်။
  • ရန်ကုန်မြို့ တွင် တိုက်ခန်း၊ ကွန်ဒို ခန်းများ အငှားသွက် စက်မှုဇုန် မြေကွက် အရောင်းအ၀ယ်အေး
    ရန်ကုန်မြို့ တွင် တိုက်ခန်း၊ ကွန်ဒို ခန်းများ အငှားသွက် စက်မှုဇုန် မြေကွက် အရောင်းအ၀ယ်အေး
    ရန်ကုန်မြို့ အိမ်ခြံမြေ ဈေးကွက် တွင် ယခု ရက်ပိုင်း အတွင်း မြို့တွင်း (down town) ရှိ တိုက်ခန်း၊ ကွန်ဒို ခန်းများနှင့် ဆိုင်ခန်းများ အငှား သွက် လျက် ရှိကြောင်း အိမ်ခြံမြေအ ကျိုးဆောင် လုပ်ကိုင် နေသူများ ထံမှ သိရသည်။
    လက်ရှိ အိမ်ခြံမြေ ဈေးကွက်အ ခြေအနေ နှင့်ပတ်သက်၍ ရန်ကုန်မြို့ တွင်း အခြေစိုက် အိမ်ခြံမြေ အကျိုး ဆောင် လုပ်ငန်းမှ တာဝန်ရှိသူ တစ် ဦးက “လက်ရှိ အိမ်ခြံမြေ ဈေးကွက်က ကောင်းပါတယ်။ အငှား လိုက်တဲ့ နေ ရာ တွေကတော့ မြို့တွင်း ထဲမှာ ရှိတဲ့ တိုက်ခန်း၊ ကွန်ဒိုခန်းေ တွများ တယ်။ ဘာဖြစ် လို့လဲ ဆိုတော့ ကုမ္ပဏီ ရုံးခန်း ဖွင့်ချင် သူတွေ၊ ကုန်ပစ္စည်း အရောင်း ပြခန်း ဖွင့်သူတွေ အင်တာနက် ဆိုင်နဲ့ စားသောက်ဆိုင် ဖွင့်တဲ့ သူတွေက မြို့ တွင်းကို ပိုကြိုက်တယ်။ လုပ်ငန်း ရော သွားလာ တာရော အဆင်ပြေ လို့ထင် ပါတယ်။ အခန်း ငှားခက ကျပ်ရှစ် သိန်း ကနေ သိန်း ၂၀ အထိ သုံးကြ တယ်” ဟုဆိုသည်။
  • Older Posts Yeah! There are more posts, check them out.
PHVsPjxsaT48c3Ryb25nPndvb19hYm91dDwvc3Ryb25nPiAtIDwvbGk+PGxpPjxzdHJvbmc+d29vX2FkX2ltYWdlXzE8L3N0cm9uZz4gLSAvaW1hZ2VzL2FkLmdpZjwvbGk+PGxpPjxzdHJvbmc+d29vX2FkX2ltYWdlXzI8L3N0cm9uZz4gLSAvaW1hZ2VzL2FkLmdpZjwvbGk+PGxpPjxzdHJvbmc+d29vX2FkX3VybF8xPC9zdHJvbmc+IC0gaHR0cDovL2V4YW1wbGUuY29tPC9saT48bGk+PHN0cm9uZz53b29fYWRfdXJsXzI8L3N0cm9uZz4gLSBodHRwOi8vZXhhbXBsZS5jb208L2xpPjxsaT48c3Ryb25nPndvb19hbHRfc3R5bGVzaGVldDwvc3Ryb25nPiAtIGRlZmF1bHQuY3NzPC9saT48bGk+PHN0cm9uZz53b29fYXJjaGl2ZXM8L3N0cm9uZz4gLSA8L2xpPjxsaT48c3Ryb25nPndvb19hdXRvX2ltZzwvc3Ryb25nPiAtIGZhbHNlPC9saT48bGk+PHN0cm9uZz53b29fYmlvPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xPC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMTA8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xMTwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19jYXRfbWlkXzEyPC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMTM8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xNzI8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMTg8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xOTU8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMjA8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8yMDk8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMjE4PC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMjQ8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMzwvc3Ryb25nPiAtIGZhbHNlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF80PC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfNTwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19jYXRfbWlkXzY8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF83NDwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19jYXRfbWlkXzg8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X3RodW1iX2hlaWdodDwvc3Ryb25nPiAtIDc2PC9saT48bGk+PHN0cm9uZz53b29fY2F0X3RodW1iX3dpZHRoPC9zdHJvbmc+IC0gMjA3PC9saT48bGk+PHN0cm9uZz53b29fY3VzdG9tX2Nzczwvc3Ryb25nPiAtIDwvbGk+PGxpPjxzdHJvbmc+d29vX2N1c3RvbV9mYXZpY29uPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fZW1haWw8L3N0cm9uZz4gLSA8L2xpPjxsaT48c3Ryb25nPndvb19leGNsdWRlX2NhdHM8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fZmVhdHVyZWRfY2F0ZWdvcnk8L3N0cm9uZz4gLSAmYWFjdXRlOzwvbGk+PGxpPjxzdHJvbmc+d29vX2ZlZWRidXJuZXJfdXJsPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fZmxpY2tyX2VudHJpZXM8L3N0cm9uZz4gLSBTZWxlY3QgYSBudW1iZXI6PC9saT48bGk+PHN0cm9uZz53b29fZmxpY2tyX2lkPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fZ29vZ2xlX2FuYWx5dGljczwvc3Ryb25nPiAtIDxzY3JpcHQgdHlwZT1cInRleHQvamF2YXNjcmlwdFwiPg0KdmFyIGdhSnNIb3N0ID0gKChcImh0dHBzOlwiID09IGRvY3VtZW50LmxvY2F0aW9uLnByb3RvY29sKSA/IFwiaHR0cHM6Ly9zc2wuXCIgOiBcImh0dHA6Ly93d3cuXCIpOw0KZG9jdW1lbnQud3JpdGUodW5lc2NhcGUoXCIlM0NzY3JpcHQgc3JjPVwnXCIgKyBnYUpzSG9zdCArIFwiZ29vZ2xlLWFuYWx5dGljcy5jb20vZ2EuanNcJyB0eXBlPVwndGV4dC9qYXZhc2NyaXB0XCclM0UlM0Mvc2NyaXB0JTNFXCIpKTsNCjwvc2NyaXB0Pg0KPHNjcmlwdCB0eXBlPVwidGV4dC9qYXZhc2NyaXB0XCI+DQp0cnkgew0KdmFyIHBhZ2VUcmFja2VyID0gX2dhdC5fZ2V0VHJhY2tlcihcIlVBLTE2NjE2MDctMTJcIik7DQpwYWdlVHJhY2tlci5fdHJhY2tQYWdldmlldygpOw0KfSBjYXRjaChlcnIpIHt9PC9zY3JpcHQ+PC9saT48bGk+PHN0cm9uZz53b29faG9tZV9wb3N0czwvc3Ryb25nPiAtIDU8L2xpPjxsaT48c3Ryb25nPndvb19pbWFnZV9kaXNhYmxlPC9zdHJvbmc+IC0gZmFsc2U8L2xpPjxsaT48c3Ryb25nPndvb19pbWFnZV9oZWlnaHQ8L3N0cm9uZz4gLSAxNzM8L2xpPjxsaT48c3Ryb25nPndvb19pbWFnZV93aWR0aDwvc3Ryb25nPiAtIDIzMDwvbGk+PGxpPjxzdHJvbmc+d29vX2xvZ288L3N0cm9uZz4gLSBodHRwOi8vd3d3LnRoZW15YW5tYXJwb3N0LmNvbS93cC1jb250ZW50L3dvb191cGxvYWRzLzUtbG9nby5naWY8L2xpPjxsaT48c3Ryb25nPndvb19tYW51YWw8L3N0cm9uZz4gLSBodHRwOi8vd3d3Lndvb3RoZW1lcy5jb20vc3VwcG9ydC90aGVtZS1kb2N1bWVudGF0aW9uL29wZW4tYWlyLzwvbGk+PGxpPjxzdHJvbmc+d29vX3Jlc2l6ZTwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19zaG9ydG5hbWU8L3N0cm9uZz4gLSB3b288L2xpPjxsaT48c3Ryb25nPndvb19zaG93X2Jsb2c8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX3RoZW1lbmFtZTwvc3Ryb25nPiAtIE9wZW4gQWlyPC9saT48bGk+PHN0cm9uZz53b29fdGhlX2NvbnRlbnQ8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX3RodW1iX2hlaWdodDwvc3Ryb25nPiAtIDE0NTwvbGk+PGxpPjxzdHJvbmc+d29vX3RodW1iX3dpZHRoPC9zdHJvbmc+IC0gMjE4PC9saT48bGk+PHN0cm9uZz53b29fdHdpdHRlcjwvc3Ryb25nPiAtIDwvbGk+PGxpPjxzdHJvbmc+d29vX3VwbG9hZHM8L3N0cm9uZz4gLSBhOjI6e2k6MDtzOjYzOiJodHRwOi8vd3d3LnRoZW15YW5tYXJwb3N0LmNvbS93cC1jb250ZW50L3dvb191cGxvYWRzLzUtbG9nby5naWYiO2k6MTtzOjY1OiJodHRwOi8vd3d3LnRoZW15YW5tYXJwb3N0LmNvbS93cC1jb250ZW50L3dvb191cGxvYWRzLzQtMy1sb2dvLmdpZiI7fTwvbGk+PGxpPjxzdHJvbmc+d29vX3ZpZGVvX3Bvc3RzPC9zdHJvbmc+IC0gU2VsZWN0IGEgbnVtYmVyOjwvbGk+PGxpPjxzdHJvbmc+d29vX3ZpZHBhZ2U8L3N0cm9uZz4gLSBTZWxlY3QgYSBwYWdlOjwvbGk+PC91bD4=