မိလ္လာကန် အနံ့ဆိုး နှင့် ပတ်ဝန်းကျင် အနံ့ဆိုးကို Super J.K.A4 ဇီဝ သြဇာဖြင့် ကာကွယ်နိုင်
အဆိုပါ ဇီဝသြဇာကို လွန်ခဲ့ သော ငါးနှစ်က ဘိုင်အို အော်ဂဲနစ်ကို အခြေခံ၍ အကျိုးပြု အဏုဇီဝပိုး ထည့်သွင်း ထုတ်လုပ် ထားခြင်းဖြစ်ပြီး ဇီဝသြဇာကို ဂျပန် နည်းပညာကို အခြေခံလျက် ဇီဝသြဇာ အခဲနှင့် အရည် ဟူ၍ နှစ်မျိုး ထုတ်လုပ်ထား ကြောင်း သိရသည်။ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီရှိ အိမ်သာ များတွင် ဇီဝသြဇာဖြင့် စမ်းသပ် မှုများ ပြုလုပ် ပေးခဲ့ သည့် အပြင် ပန်းဘဲတန်း မြို့နယ်အပါအ ၀င် အခြားသော မြို့တွင်းမြို့နယ် များ၌လည်း စမ်းသပ် ပေးမှုများကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး ယခု အခါတွင် အဆိုပါ Super J.K. A4 ဇီဝသြဇာကို တွင်ကျယ်စွာ သုံးစွဲ လာခဲ့ ကြောင်း သိရသည်။


