အခမဲ့ မျက်စိ ကုသ ပေးမည်

ရခိုင် ပြည်နယ်၊ ရသေ့တောင် မြို့နယ်ကို အခြေခံ၍ မောင်တော၊ ဘူးသီးတောင်၊ ရသေ့ တောင်မြို့နယ် များမှ မျက်စိ ရောဂါ ဝေဒနာရှင် များ အား အခမဲ့ စမ်းသပ် ကုသ ပေးသွား မည် ဖြစ်ကြောင်း သိရသည်။ မတ် ၂၁ ရက် မှစ၍ ရန်ကုန်မြို့မှ မျက်စိ အထူးကု ဆရာဝန်ကြီးများ နှင့် စစ် တွေမြို့မှ မျက်စိ အထူးကု ဆရာဝန် များ၊ ကျန်းမာရေး ၀န်ထမ်း များပူး ပေါင်း၍ ကုသ ပေးသွားမည် ဖြစ် သည်။ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက် တော်၊ ပလက်ဝမြို့နယ်များမှ ဝေ ဒနာရှင်များ ကိုလည်း လက်ခံ ကုသ ပေးသွားမည် ဖြစ်ကြောင်း လည်း သိ ရသည်။