မြန်မာ့ ရုပ်ရှင် ဈေးကွက် နှင့် မြန်မာ့ ရုပ်ရှင် အဆင့် မြင့်မားရေး အလားအလာ
မြန်မာကား မှန်လျှင် ဇာတ်အိမ် ဇာတ် လမ်း ခိုင်ခံ့မှု နှင့် စကားပြော ပိုင်နိုင် ပြောင် မြောက်မှု အပိုင်းတွင် အိန္ဒိယကို မမီ။ ဓားသိုင်း ကား ရိုက်ကူးလျှင် တရုတ်ဓားကို မကျော်နိုင်။ သူတို့ နောက်လိုက်ပြီး သူတို့ကို မှီးချ ကူးယူရ သည်က များသည်။ ကုမ္ပဏီများ ကလည်း ကြာကြာ မရပ် တည်နိုင်ရှာ။ ဈေးကွက် ကျယ်ပြန့်မှု မရှိခြင်းသည် ခေတ်၏ တောင်းဆိုမှုကို မဖြည့် ဆည်းနိုင် သော အနုပညာ ၀မ်းစာ အားနည်းမှု ကြောင့် ပင် ဖြစ်သည်။


