Your reliable news partner
  • ခရီးသွား

    Posted on July 28th, 2010

    Written by Web Admin

    Tags

    မြိတ်မြို့ တွင် ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ် ထိုင်း အခြေစိုက် ကုမ္ပဏီ တစ်ခုက တည်ဆောက် မည်

    ထိုင်းနိုင်ငံ အခြေစိုက် KR Commercial and Property ကုမ္ပဏီ၏ လုပ်ငန်းခွဲ Pearl Lagura အပန်းဖြေ လုပ်ငန်း က မြိတ်မြို့နယ် တွင် ကြယ် ငါးပွင့် ဟိုတယ် တစ်လုံးကို တည်ဆောက် လျက် ရှိကြောင်း သိရသည်။ အမေရိ ကန် ဒေါ်လာ ၁၅ သန်း ကုန်ကျ နိုင်သည့် အဆိုပါ ဟိုတယ်ကို ၂၀၁၂ ခုနှစ်၊ ဒီဇင် ဘာ အတွင်း ဖွင့်လှစ် မည်ဖြစ်ပြီး အပိုင်းလိုက် ဖွင့်လှစ် မည်ဟု သိရသည်။ အဆိုပါ အပန်းဖြေ ဟိုတယ် ၌ အခန်းပေါင်း ၁၀၀ ကျော် အပြင် ညီလာခံ ခန်းမ၊ အစည်း အဝေး ခန်းမ၊ စားသောက် ဆိုင်များ၊ ရေကူး ကန်၊ အားကစား ခန်းမ၊ ဈေးဝယ် စင်တာ နှင့် အခွန်လွတ် အရောင်းဆိုင် များ ပါဝင်ကြောင်း သိရသည်။

  • World Tourism Destination Fair 2010 မြန်မာဟိုတယ် လုပ်ငန်းရှင်များ ပါဝင် ပြသနိုင်

    တရုတ်နိုင်ငံ၊ တီရန်ဂျင်း မြို့တွင် ဇူလိုင် ၂၂ရက်မှ ၂၆ရက် အထိ ကျင်းပမည့် ဒုတိယ အကြိမ်မြောက် World Tourism Destination Fair 2010 သို့ ၀င်ရောက် ပြသရန် မြန်မာနိုင်ငံ ဟိုတယ် ဆိုင်ရာ လုပ်ငန်း ရှင်များ အသင်းသို့ ဖိတ်ကြား ထားကြောင်း သိရသည်။ အဆိုပါ ပြပွဲသို့ နိုင်ငံတကာမှ ဟိုတယ် လုပ်ငန်းများ၊ ခရီးသွား လုပ်ငန်းများ၊ လက်မှု အနု ပညာ ပစ္စည်း အရောင်းဆိုင် များ၊ လေကြောင်းလိုင်း များ၊ ခရီးသွား အသင်း အဖွဲ့များ စသည့်တို့ တက်ရောက် ကြမည်ဟု သိရသည်။

  • ရန်ကုန်ဇုန် ဟိုတယ် လုပ်ငန်းရှင်များ အား လုပ်ငန်းသုံး မော်တော်ယာဉ် မဲနှိုက် ချထားပေး

    ရန်ကုန်ဇုန် ဟိုတယ် ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းမှ အသင်းဝင် ဟိုတယ် လုပ်ငန်းရှင် များကို လုပ်ငန်း သုံး မော်တော်ယာဉ် များကို မဲစနစ် ဖြင့် ချထား ပေးကြောင်း၊ အဆိုပါ မဲစနစ်ဖြင့် ခွဲဝေ ချထားမှုအား ဇွန် ၂၄ရက် မွန်းလွဲ ၁နာရီမှ စတင်၍ ညနေ ၅နာရီထိ Asia Plaza ဟိုတယ်၌ ကျင်းပ ခဲ့သည်။

    ဟိုတယ် လုပ်ငန်းရှင် များအတွက် လုပ်ငန်းသုံး မော်တော်ယာဉ် များ ကို မြန်မာနိုင်ငံ ဟိုတယ် ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း (ရုံးချုပ်) မော်တော် ယာဉ်များကို မဲစနစ်ဖြင့် ရောင်းချ ပေးမည် ဖြစ်သည်။ ရန်ကုန်ဇုန် ဟိုတယ် လုပ်ငန်းရှင်များ အတွက် မော်တော်ယာဉ် စီးရေ ၅၁ စီး ရရှိမည် ဖြစ်ပြီး လက်ရှိတွင် ရန်ကုန်ဇုန် ၌ ဟိုတယ် အလုံး ၁၄၃ လုံးရှိရာ မဲစနစ်ဖြင့် ခွဲဝေချ ထား ပေးကြောင်း သိရသည်။

    ဟိုတယ် လုပ်ငန်းရှင်များ အတွက် ကားစီးရေ ၂၀၀ ကို လုပ်ငန်းသုံး ဆောင်ရွက် နိုင်ရန် ရောင်းချ ပေးမည် ဖြစ်ရာ ကားစီးရေ ၂၀၀ ကို ဟိုတယ် ဇုန်များ အလိုက် ကားစီးရေ အညီအမျှ ရရှိစေရန် ဟိုတယ် အသင်း (ရုံးချုပ်) မှ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။ “မဲနှိုက်ရရှိမယ့် ကားအမျိုး အစားက နှစ်မျိုးဖြစ်တယ်၊ တိုယိုတာ ၂၀၁၀ မော်ဒယ်၊ Brand new ဘယ်စောင်း ကား ဖြစ်ပြီး ခုနစ်ယေက် စီးနဲ့ ၁၅ ယောက်စီး ကားဖြစ်တယ်။ အားလုံးက ဂျပန်နိုင်ငံ က တင်သွင်း မှာဖြစ်တယ်” ဟု ရန်ကုန်ဇုန်မှ ဒုဥက္ကဋ္ဌ ဦးသိန်းရွှေ က ဆိုသည်။ အဆိုပါ မဲစနစ်ဖြင့် မဲမနှိုက်ခင် အသင်းဝင် ဟိုတယ်များက အသင်းဝင်ကြေးများကို ထည့်သွင်း ကြပြီးနောက် မဲနှိုက် ခဲ့သည်။ တိုယိုတာ ဟိုင်းအေ့စ် ၁၅ ယောက်စီး ကား အမျိုးအစားမှာ အမေရိကန် ဒေါ်လာ ၃၄,၆၀၀ဖြစ်ပြီး ခုနစ်ယောက်စီး Previa ၂၀၁၀ မော်ဒယ်ကား အမျိုး အစားမှာ အမေရိကန် ဒေါ်လာ ၃၈,၈၀၀ ဖြစ်ကြောင်း သိရသည်။

  • ခရီးသွား

    Posted on June 22nd, 2010

    Written by Web Admin

    Tags

    ကျောက်မျက် ရတနာ ပြပွဲကြောင့် ရန်ကုန် အခြေစိုက် ဟိုတယ်များ ၌ တည်းခိုသူ များပြား

    ကျောက်မျက် ရတနာ ပြပွဲကြောင့် ရန်ကုန် အခြေစိုက် ဟိုတယ်များ ၌ တည်းခိုသူ များပြား

    မကြာမီ ကျင်းပမည့် ကျောက်မျက် ပြပွဲ ကြောင့် ရန်ကုန်အခြေစိုက် ဟိုတယ် များ၌ တရုတ် ဧည့်သည်များ လာရောက် ကြိုတင် တည်းခိုမှုများ ရှိသလို အခန်းများ အား ကြိုတင် ဘွတ်ကင် ယူမှု များလည်း ရှိကြောင်း ရန်ကုန် အခြေစိုက် ဟိုတယ်များ ထံမှသိရသည်။

    ဧည့်သည် ၀င်ရောက် တည်းခိုမှု နှင့်ပတ် သက်၍ မေးမြန်း ရာတွင် ယုဇနဂါးဒင်း ဟို တယ်၌ ဧည့်သည် ၀င်ရောက်မှု မှာ ပုံမှန် ရှိနေ ကြောင်း၊ အခန်း အားဖြင့် ၃၄ ခန်း ရှိသော်လည်း ၁၇ခန်း လောက် ပုံမှန် တည်းခိုမှု ရှိပြီး သြစတြေးလျ၊ ပြင်သစ်၊ ရုရှ လူမျိုးများ အပြင် မြန်မာ လူမျိုးများ လည်း လာရောက် တည်းခိုကြောင်း သိရသည်။

    “အခုရက် တွေကတော့ ပုံမှန်ပါပဲ။ ဒါပေမဲ့ ဇွန်လ နောက်ပိုင်းမှ ဇူလိုင်လဆန်း အထိ အခန်း အားလုံးလိုလို ဘွတ်ကင် ပြည့်နေ ပါပြီ။ အများစု က Travel Agent တွေက လာယူထား တာဖြစ် တယ်” ဟု ယုဇနဂါးဒင်း ဟိုတယ်မှ တာဝန်ရှိသူ တစ်ဦး ကပြောသည်။

  • ဟိုတယ် လုပ်ငန်း ဆိုင်ရာ လက်တွေ့ သင်တန်း အခမဲ့ ပို့ချမည်

    ရန်ကုန်မြို့ရှိ ချက်ထရီယမ် ဟိုတယ်မှ Food and Beverage service နှင့် Front Office ဌာန တွက် အလုပ်သင် ၀န်ထမ်း များအား ဇွန် အတွင်း ခေါ်ယူသွား မည် ဖြစ်ကြောင်း အဆိုပါ ဟိုတယ်မှ သိရသည်။

    သင်တန်း အတွက် ငွေကြေး ပေးစရာ မလိုဘဲ သင်တန်း ကာလ အတွင်း နေ့လယ်စာ ထမင်းကျွေး ခြင်းနှင့် လက်တွေ့ ကွင်းဆင်း လုပ် ကိုင် ရသည့် ရက်၌ လုပ်အားခ ပါ ပေးမည် ဖြစ်သည်။ စိတ်ပါ ၀င်စား သူ အနေဖြင့် ဇွန် ၁၅ ရက် နောက် ဆုံးထား ၍ ချက်ထရီယမ် ဟိုတယ် တည်ရှိရာ နတ်မောက်လမ်း၊ တာမွေ မြို့သို့ လာရောက်လျှောက်ထား နိုင်ပြီး အသက် ၁၈ နှစ်အထက် ၂၅ နှစ်အောက် အနည်းဆုံး ၁၀ တန်း အောင်မြင် ပြီး သူများ ဖြစ်ရ မည် ဖြစ်ကြောင်း သိရသည်။

    အဆိုပါ သင်တန်း တက်ရောက် ရန် ရွေးချယ် ခံရသူများမှာ သင် တန်း ကာလ စာတွေ့ လက်တွေ့ ပြီး ဆုံးပြီး နောက် နေ့စဉ် ၀န်ထမ်း အ ဖြစ် ခန့် ထားမည် ဖြစ်ကြောင်း နှင့် ကြိုးစား အားထုတ်မှုပေါ် မူတည်၍ အမြဲတမ်း ၀န်ထမ်း အဖြစ် ခန့်အပ် ရန် ရှိကြောင်း သိရသည်။

  • သင်္ကြန်မှာ ထူးထူးခြားခြား အီဂျစ်ခရီးစဉ် ကို Vega မှ စီစဉ်ထား

    သင်္ကြန်မှာ ထူးထူးခြားခြား အီဂျစ်ခရီးစဉ် ကို Vega မှ စီစဉ်ထား

    သင်္ကြန်မှာ ထူထူးခြားခြား အီဂျစ် ခရီးစဉ်ကို Vega မှ စီစဉ်ထား၊ ဟိုတယ် လုပ်ငန်းရှင်းများ ၀န်ကြီး ဌာန က ထုတ်ပြန်သော စည်းမျဉ်း စည်းကမ်းများကို လိုက်နာမှု အားနည်း၊ အာဆီယံ ခရီးသွား ဖိုရမ် ကို ၂၀၁၁ တွင် ကမ္ဘောဒီယား နိုင်ငံရှိ ဖနွမ်းပင် မြို့တွင် ကျင်းပမည်။ အင်းလေး သစ်ခွပြပွဲ တွင် လွိုင်ကော် ပြခန်း ထပ်တိုးမည်၊ ငွေဆောင် ကမ်းခြေအား အဆင့်မီ စိမ်းလန်း သော ကမ်းခြေ တစ်ခု အဖြစ် ပြုပြင် ပြောင်းလဲ စသော သတင်းများ ပါဝင်ပါသည်။

  • ခရီးသွား

    Posted on March 11th, 2010

    Written by Web Admin

    Tags

    ကျောက်မျက် ပြပွဲကြောင့် တရုတ် ဧည့်သည်များ ၀င်ရောက် ဟိုတယ် အားလုံး နီးပါး အခန်း ပြည့်နေ

    မကြာမီ မြန်မာ ကွန်ဗင်းရှင်း စင် တာ၌ ကျင်းပ ပြုလုပ်မည် ၄၇ကြိမ် မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ ကြောင့် တရုတ် ဧည့်သည်များ ၀င်ရောက် လာမှု များကြောင့် ရန်ကုန် မြို့ရှိ ဟိုတယ်ကြီးများ နှင့် ကြယ်သုံး ပွင့် အဆင့်မီ ဟိုတယ်များ အားလုံး နီးပါး အခန်းများ ပြည့်နေကြောင်း ဟိုတယ် လုပ်ငန်းရှင် အသိုင်း အ၀ိုင်း မှ သိရသည်။

  • ၂၀၁၀-၂၀၁၁ အာဆီယံ Green Hotel Standard ဆု မြန်မာ နိုင်ငံမှ ဟိုတယ် ၁၀ ခု ရရှိ

    ၂၀၁၀-၂၀၁၁ အာဆီယံ Green Hotel Standard  ဆု မြန်မာ နိုင်ငံမှ ဟိုတယ် ၁၀ ခု ရရှိ

    မြန်မာနိုင်ငံ အတွက် စံပြု ထိုက် သော Green Hotel များအဖြစ် ၂၀၁၀ -၂၀၁၁ ခုနှစ် အတွက် ဆုများကို ရွေးချယ် ခဲ့ရာ မြန်မာ နိုင်ငံမှ အာဆီယံ Green Hotel ဆုရရှိသော ဟိုတယ် ဆယ်လုံး မှာ ရန်ကုန်မှ Inya Lake Hotel, Mya Yeik Nyo Royal Hotel ၊ အင်းလေးမှ Inle Khaung Daing Village Resort ၊Inlay Princess Resort ၊ ပြင်ဦးလွင်မှ နန်းမြိုင်ဟို တယ်၊ ပုဂံမှ Aureum Palace Hotel Resort ၊ ငပလီ မှ Amata Resort & Spa ၊ ငွေ ဆောင်မှ Bay of Bengal Resort ၊ ပြည်မှ Mingalar Garden Resort ၊ တောင်ငူမှ Royal Kaytumadi Hotel တို့က အာဆီယံ Green Hotel ဆုများကို ရရှိခဲ့ကြသည်။

  • ခရီးသွား

    Posted on February 11th, 2010

    Written by Web Admin

    Tags

    ငွေဆောင်တွင် ဟိုတယ် တစ်လုံး ထပ်မံ ဖွင့်လှစ်

    ငွေဆောင်တွင် ဟိုတယ် တစ်လုံး ထပ်မံ ဖွင့်လှစ်

    E.F.R Seconda Casa Beach Resort အား ငွေဆောင်ရွာ အနီး စားသောက်ဆိုင် များ အဆုံး၌ တည်ဆောက်ထား ကြောင်း သိရသည်။ “မြေတစ်ဧက အကျယ် အ၀န်း ပေါ်မှာ ဒီဇိုင်းပုံစံ ဆန်းဆန်းနဲ့ လုံးချင်း ဟိုတယ်များကို တည်ဆောက် ထားပါတယ်။ ငွေ ဆောင်မှာ ဈေးနှုန်း သက်သာစွာ တည်းခို နိုင်ရန် အတွက် Budget Hotel များ ပေါ်ထွန်းရေး ကို အ ထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ် ခဲ့တာပါ”

PHVsPjxsaT48c3Ryb25nPndvb19hYm91dDwvc3Ryb25nPiAtIDwvbGk+PGxpPjxzdHJvbmc+d29vX2FkX2ltYWdlXzE8L3N0cm9uZz4gLSAvaW1hZ2VzL2FkLmdpZjwvbGk+PGxpPjxzdHJvbmc+d29vX2FkX2ltYWdlXzI8L3N0cm9uZz4gLSAvaW1hZ2VzL2FkLmdpZjwvbGk+PGxpPjxzdHJvbmc+d29vX2FkX3VybF8xPC9zdHJvbmc+IC0gaHR0cDovL2V4YW1wbGUuY29tPC9saT48bGk+PHN0cm9uZz53b29fYWRfdXJsXzI8L3N0cm9uZz4gLSBodHRwOi8vZXhhbXBsZS5jb208L2xpPjxsaT48c3Ryb25nPndvb19hbHRfc3R5bGVzaGVldDwvc3Ryb25nPiAtIGRlZmF1bHQuY3NzPC9saT48bGk+PHN0cm9uZz53b29fYXJjaGl2ZXM8L3N0cm9uZz4gLSA8L2xpPjxsaT48c3Ryb25nPndvb19hdXRvX2ltZzwvc3Ryb25nPiAtIGZhbHNlPC9saT48bGk+PHN0cm9uZz53b29fYmlvPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xPC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMTA8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xMTwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19jYXRfbWlkXzEyPC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMTM8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xNzI8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMTg8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xOTU8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMjA8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8yMDk8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMjE4PC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMjQ8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMzwvc3Ryb25nPiAtIGZhbHNlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF80PC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfNTwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19jYXRfbWlkXzY8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF83NDwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19jYXRfbWlkXzg8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X3RodW1iX2hlaWdodDwvc3Ryb25nPiAtIDc2PC9saT48bGk+PHN0cm9uZz53b29fY2F0X3RodW1iX3dpZHRoPC9zdHJvbmc+IC0gMjA3PC9saT48bGk+PHN0cm9uZz53b29fY3VzdG9tX2Nzczwvc3Ryb25nPiAtIDwvbGk+PGxpPjxzdHJvbmc+d29vX2N1c3RvbV9mYXZpY29uPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fZW1haWw8L3N0cm9uZz4gLSA8L2xpPjxsaT48c3Ryb25nPndvb19leGNsdWRlX2NhdHM8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fZmVhdHVyZWRfY2F0ZWdvcnk8L3N0cm9uZz4gLSAmYWFjdXRlOzwvbGk+PGxpPjxzdHJvbmc+d29vX2ZlZWRidXJuZXJfdXJsPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fZmxpY2tyX2VudHJpZXM8L3N0cm9uZz4gLSBTZWxlY3QgYSBudW1iZXI6PC9saT48bGk+PHN0cm9uZz53b29fZmxpY2tyX2lkPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fZ29vZ2xlX2FuYWx5dGljczwvc3Ryb25nPiAtIDxzY3JpcHQgdHlwZT1cInRleHQvamF2YXNjcmlwdFwiPg0KdmFyIGdhSnNIb3N0ID0gKChcImh0dHBzOlwiID09IGRvY3VtZW50LmxvY2F0aW9uLnByb3RvY29sKSA/IFwiaHR0cHM6Ly9zc2wuXCIgOiBcImh0dHA6Ly93d3cuXCIpOw0KZG9jdW1lbnQud3JpdGUodW5lc2NhcGUoXCIlM0NzY3JpcHQgc3JjPVwnXCIgKyBnYUpzSG9zdCArIFwiZ29vZ2xlLWFuYWx5dGljcy5jb20vZ2EuanNcJyB0eXBlPVwndGV4dC9qYXZhc2NyaXB0XCclM0UlM0Mvc2NyaXB0JTNFXCIpKTsNCjwvc2NyaXB0Pg0KPHNjcmlwdCB0eXBlPVwidGV4dC9qYXZhc2NyaXB0XCI+DQp0cnkgew0KdmFyIHBhZ2VUcmFja2VyID0gX2dhdC5fZ2V0VHJhY2tlcihcIlVBLTE2NjE2MDctMTJcIik7DQpwYWdlVHJhY2tlci5fdHJhY2tQYWdldmlldygpOw0KfSBjYXRjaChlcnIpIHt9PC9zY3JpcHQ+PC9saT48bGk+PHN0cm9uZz53b29faG9tZV9wb3N0czwvc3Ryb25nPiAtIDU8L2xpPjxsaT48c3Ryb25nPndvb19pbWFnZV9kaXNhYmxlPC9zdHJvbmc+IC0gZmFsc2U8L2xpPjxsaT48c3Ryb25nPndvb19pbWFnZV9oZWlnaHQ8L3N0cm9uZz4gLSAxNzM8L2xpPjxsaT48c3Ryb25nPndvb19pbWFnZV93aWR0aDwvc3Ryb25nPiAtIDIzMDwvbGk+PGxpPjxzdHJvbmc+d29vX2xvZ288L3N0cm9uZz4gLSBodHRwOi8vd3d3LnRoZW15YW5tYXJwb3N0LmNvbS93cC1jb250ZW50L3dvb191cGxvYWRzLzUtbG9nby5naWY8L2xpPjxsaT48c3Ryb25nPndvb19tYW51YWw8L3N0cm9uZz4gLSBodHRwOi8vd3d3Lndvb3RoZW1lcy5jb20vc3VwcG9ydC90aGVtZS1kb2N1bWVudGF0aW9uL29wZW4tYWlyLzwvbGk+PGxpPjxzdHJvbmc+d29vX3Jlc2l6ZTwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19zaG9ydG5hbWU8L3N0cm9uZz4gLSB3b288L2xpPjxsaT48c3Ryb25nPndvb19zaG93X2Jsb2c8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX3RoZW1lbmFtZTwvc3Ryb25nPiAtIE9wZW4gQWlyPC9saT48bGk+PHN0cm9uZz53b29fdGhlX2NvbnRlbnQ8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX3RodW1iX2hlaWdodDwvc3Ryb25nPiAtIDE0NTwvbGk+PGxpPjxzdHJvbmc+d29vX3RodW1iX3dpZHRoPC9zdHJvbmc+IC0gMjE4PC9saT48bGk+PHN0cm9uZz53b29fdHdpdHRlcjwvc3Ryb25nPiAtIDwvbGk+PGxpPjxzdHJvbmc+d29vX3VwbG9hZHM8L3N0cm9uZz4gLSBhOjI6e2k6MDtzOjYzOiJodHRwOi8vd3d3LnRoZW15YW5tYXJwb3N0LmNvbS93cC1jb250ZW50L3dvb191cGxvYWRzLzUtbG9nby5naWYiO2k6MTtzOjY1OiJodHRwOi8vd3d3LnRoZW15YW5tYXJwb3N0LmNvbS93cC1jb250ZW50L3dvb191cGxvYWRzLzQtMy1sb2dvLmdpZiI7fTwvbGk+PGxpPjxzdHJvbmc+d29vX3ZpZGVvX3Bvc3RzPC9zdHJvbmc+IC0gU2VsZWN0IGEgbnVtYmVyOjwvbGk+PGxpPjxzdHJvbmc+d29vX3ZpZHBhZ2U8L3N0cm9uZz4gLSBTZWxlY3QgYSBwYWdlOjwvbGk+PC91bD4=