The Myanmar Post - Myanmar News Journal » သင်္ကြန်

မဟာသင်္ကြန် အကြတ်နေ့က ရန်ကုန်မြို့၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွား ၁၀ ဦး သေဆုံး၊ ၁၇၀ ဒဏ်ရာ ရ
တန်ခူးလေ ရေကစား မဏ္ဍပ်ရှေ့မှ “အုန်း” ခနဲ ပေါက်ကွဲသံ ရုတ်တရက် ကြားလိုက် ရသည်။ ပေါက်ကွဲသံ နှင့်အတူ မဏ္ဍပ် ရှေ့တွင် ရေကစား နေသူ အချို့ လဲပြို ကျသွားသည်။ ရေကစား နေသူများ လဲပြိုကျ သွားသည်နှင့် အပြေး အလွှား ၀င်ရောက် ကယ်ဆယ် ကြသည်။ ထိုသို့ အသက် ဘေးအန္တရာယ်ကို မှုဘဲ စေတနာ အပြည့်ဖြင့် ကူညီ ကယ်ဆယ် ကြသူ များ အတွင်း နောက်ထပ် ဗုံးတစ်လုံး ထပ်ကျ လာပြီး ထပ်မံ ပေါက်ကွဲ သွား ပြန်သည်။

ဤ စာကြောင်းမှ တဆင့် ဂျာနယ်မှ စာမျက်နှာ အတိုင်း ဖတ်ရှု နိုင်ပါသည်။

ဥပဒေဘောင် အတွင်းမှ လူကုန်ကူး မှုများ ရန်ကုန် မြို့လယ်၌ပင် တွေ့နေရ
အရွယ်ကောင်း၊ ရုပ်ချော မိန်း ကလေး ငယ်များကို သွေးဆောင် ဖြား ယောင်းပြီး လိင်မှုကိစ္စ အလို့ငှာ မြှူ ဆွယ်နေသော လူပွဲစား များသည် ရန်ကုန် ကဲ့သို့သော မြို့ကြီးများ တွင် ပင် ပြောင်ပြောင် တင်းတင်း လှုပ်ရှား သွားလာ လျက် အသိတရား ကိုယ်ခံ အား နည်းပါး သော မိန်းကလေးငယ် များကို မက်လုံးပေး ဆွဲဆောင် နေ ကြောင်း သိရသည်။

မကြာသေးမီက ကျင်းပပြီးစီး သွားခဲ့သော သင်္ကြန် ပွဲတော်အတွက် တစ်ခုသော သင်္ကြန်မဏ္ဍပ် ၌ ဖျော်ဖြေ ရန် မိန်းကလေး အဆိုရှင်များကို ယှဉ်ပြိုင် စေပြီး လူရွေးပွဲ ပြုလုပ်ခဲ့ သည်။ အရွေးချယ် ခံရသူ မိန်းက လေး အဆိုရှင် များသည် တစ်ဦးလျှင် အနုပညာ ကြေး ကျပ် ၂,၅၀,၀၀၀ ရရှိ မည် ဖြစ်ပြီး သင်္ကြန်တွင်း လေးရက်စာ အတွင်း အစားအသောက်ပါ အခမဲ့ စီစဉ် ပေးသွားမည် ဖြစ်ကြောင်း သိရ သည်။ ထိုသို့ အဆိုရှင် ရွေးပွဲ ကျင်းပ ပြီးနောက် အရွေးချယ် ခံရသော မိန်း ကလေး တစ်ယောက်ကို ထိုပွဲအတွက် ကန်ထရိုက် ယူကာ တာဝန်ခံစီစဉ် ပေးသော အမျိုးသမီးကြီး တစ်ဦးက ချဉ်းကပ်ကာ မိန်းကလေး ကသာ ဆန္ဒ ရှိလျှင် သက်ကြီးပိုင်း အမျိုးသားကြီး တစ်ဦးက လိုအပ်သော အထောက် အပံ့ပေးလျက် တရားမ၀င် ပေါင်း သင်းရန် အစီအစဉ် ရှိကြောင်း ပြော ကြား ခဲ့သည် ဟုသိရသည်။

ထိုမိန်းကလေးက ခါးခါးသီးသီး  ငြင်းဆန်သော အခါ အမျိုးသမီးကြီး က လေသံ ပြောင်းကာ နောက်ဆုတ် သွားပြီး နောက်သုံးရက် နေသော နေ့ တွင် ဖုန်းဖြင့် ဆက်သွယ်ကာ ထိုရေ ကစား မဏ္ဍပ်၌ ဖျော်ဖြေမည့် အစီအစဉ် တွင် နာမည်ကြီး မင်းသားမင်းသမီး အဆိုတော်များကို ဖိတ်ကြား မည်ဖြစ် သဖြင့် နာမည် မရသေး သူများကို သုံး မည် မဟုတ်ကြောင်း အကြောင်းပြန် ကြား ခဲ့သည်ဆို၏။

“သမီးက သူပြောတဲ့ အစီအစဉ် ကို မလိုက်နာ နိုင်ကြောင်း ပြတ်ပြတ် သားသား ပြောခဲ့ တာပဲရှိတယ်။ ဘာ မှ မိုက်မိုက်ရိုင်းရိုင်း နစ်နစ်နာနာ ပြော ခဲ့တာ မရှိ ပါဘူး။ အဲဒါ ဖုန်းလာလို့ ကိုယ်မပါဘူး ဆိုတာသိရတော့ စိတ် ထဲမှာ တော်တော် ခံပြင်း မိတယ်။ သူ တို့က သမီးကို လူရွေးပွဲမှာ အောင် တော့ စရန် ငါးသောင်း ပေးပြီး သား။ အဲဒါကို ပြန်ပေးမယ်ဆို တော့ နေပါစေတဲ့။ အဆုံးထား လိုက် ပါတယ်တဲ့။ သမီးက သူတို့ဆီ သွားပြီး စရန်ကိုတောင် ပြန်ပေးပစ် ချင်တာ။ လုံးဝ ယူမထားချင်ဘူး။ ဒါပေမဲ့ သူတို့နဲ့ ထပ်မတွေ့ ချင်လို့၊ သူ တို့နဲ့ မျက်နှာချင်း ထပ်မဆိုင် ချင်လို့ မသွားဘဲ နေလိုက်တာ။ ရှက်လည်း ရှက်တယ်၊ ဒေါသလည်း ထွက်တယ်၊ ၀မ်းလည်း နည်းတယ်”  ဟု အမည် မဖော်လို သော ဖြားယောင်းခံ မိန်း ကလေး ငယ်က မြန်မာပို့စ်သို့ ပြော သည်။

ထိုသို့ ငွေကြေး ဓန အင်အား ဖြင့် မြှူဆွယ် ဖြားယောင်း ကာ အရွယ် ကောင်းသော မိန်းကလေး ငယ်များ၏ ဘ၀ကို နွံအိုင် အတွင်း တွန်း ပို့ရန်ကြိုး ပမ်း နေသော ဖြစ်ရပ် များမှာ မြို့ကြီး များတွင် ကျယ်ပြန့် လာနေပြီ ဖြစ် ကြောင်း သိရသည်။ အထူးသဖြင့် ရုပ်ရည် ချောမော လှပသောမိန်းက လေးငယ် များသည် လှချင်ပချင် ၀င့် ကြွားချင် စိတ်တို့ကိုရှေ့တန်းတင် လျက် အသွေးအသား ကို ဈေးကစား မိကြ သလို ရေလိုက် လွဲမှား မှုများ ရှိနေ ကြောင်းလည်း သတိပြု မိသူတို့က ဆိုသည်။

အထက် ဖော်ပြပါ သင်္ကြန် မဏ္ဍပ် ဖြစ်ရပ်တွင် ဖြားယောင်း ခံရ သော မိန်းကလေးမှာ မိဘ များက ငွေကြေး ဓန တောင့်တင်း သူများဖြစ် ခြင်း၊ သူမသည် အနုပညာ သက် သက်ကိုသာ ရူးသွပ်ကာ အခြား ပလွှား မှုများ ကို အာရုံ မရောက်ခြင်း စသည် တို့ကြောင့် ဖြားယောင်း မှုကိုတွန်း လှန်နိုင် ခဲ့ခြင်းဖြစ်သည်။ အကယ်၍ လူပွဲစားများ ဖြားယောင်းသည့် အတိုင်း စပွန်ဆာ(ထောက်ပံ့မှု) ပေးမည့်သူထံ မှ တိုက်ခန်း၊ ကား၊ ဖုန်း၊ အသုံးအ ဆောင်၊ ငွေကြေး စသည် တို့ကို မက် မောကာ ခေါင်းညိတ် လိုက်ပါက ထို မိန်းကလေး ၏ဘ၀သည် လူမ သိသူ မသိနွမ်းရိ သွားမည့် အကြွေပန်းဘ၀ ရောက်သွား နိုင်မည်ဖြစ်ကြောင်း ခန့် မှန်း သိရှိနိုင်သည်။

ထို့ကြောင့် တော်ရုံ တန်ရုံအသိ ဖြင့် မရှောင်လွှဲနိုင်သာ သော မက်လုံး အမျိုးမျိုး ပြကာ မြှူဆွယ် ဖြားယောင်း ပြီး အရွယ်ကောင်း မိန်းကလေးချော ချောများ ၏ဘ၀ကို နင်းခြေ ဖျက်ဆီး လိုသည့် လူပွဲစား များကို အမျိုးသား ရေး တာဝန် တစ်ရပ်အဖြစ် ဖော်ထုတ် တားဆီး သင့်ကြောင်း အသိပေးတင် ပြ လိုက်ရပေသည်။

ကျော်ဇောလေး

သင်္ကြန် အတက်နေ့ မိုးသက်လေပြင်း တိုက် မန္တလေး မဏ္ဍပ်အချို့ ပျက်စီး
မန္တလေး မြို့တော် မြန်မာ့ ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော် အကျ နေ့ (ဧပြီ ၁၄ရက်) နံနက်ပိုင်း မှ စ၍ မန္တလေး နန်းမြို့ရိုးကျုံး ပတ်လည်ရှိ မဏ္ဍပ် များ၊ မန္တလေး ကန်တော်ကြီးနှင့် မန္တလေးမြို့တော် အတွင်းရှိ ရပ်ကွက် များမှ ရေကစား မဏ္ဍပ်များ၌ ပျော်ရွှင်စွာ ရေပက် ကစားကြသည်။ မန္တလေး မြို့တော် သင်္ကြန် ပွဲတော်တွင် ၂၆ လမ်းနှင့် ၆၈ လမ်း အနီးရှိ လွယ်ဟိန်း ကုမ္ပဏီလီမိ တက်၏ Alpine မဏ္ဍပ်သည် တိုးမပေါက် အောင် စည်ကားသည်။ အဆိုပါ Alpine မဏ္ဍပ်တွင် နိုင်ငံကျော် အဆိုတော် များနှင့် ရုပ်ရှင် သရုပ်ဆောင် များက အက အလှများ သင်္ကြန်တေး များဖြင့် ဖျော်ဖြေ ဧည့်ခံ ခဲ့ကြသကဲ့သို့ မန္တလေး မြို့တော်ဝန် မဏ္ဍပ် တွင်လည်း အဆိုအက များဖြင့် သင်္ကြန် ချစ်သူပြည်သူများ အား ဖျော်ဖြေ ခဲ့သည်။ သင်္ကြန် အကြတ်နေ့ (ဧပြီ ၁၅ရက်) တွင်လည်း မန္တလေး မြို့တော် မြန်မာ့ ရိုးရာ ယဉ်ကျေးမှု မဟာ သင်္ကြန် ပွဲတော်ကြီးအား စည်ကား သိုက်မြိုက်စွာ အေးချမ်း ပျော်ရွှင်စွာ ရေပက် ကစား ခဲ့ကြသည်။ သင်္ကြန် အတက်နေ့ (ဧပြီ ၁၆ရက်) နံနက် ၆နာရီက မန္တလေးမြို့တွင် မိုး သက် လေပြင်း ကျရောက် မှုကြောင့် မန္တလေး ကျုံးမြို့ရိုးရှိ ၂၆လမ်း၊ ၆၆လမ်း ပေါ်တွင် မဏ္ဍပ် အချို့အနည်းငယ် ထိခိုက် မှုများရှိပြီး ကျုံး အရှေ့ဘက် ၆၆လမ်း ရှိ မဏ္ဍပ်အချို့တွင် သစ်ပင်ကြီးများ ပြိုလဲ မှုကြောင့် မဏ္ဍပ် အချို့ ပျက်စီး ခဲ့ ကြောင်း သိရသည်။

မောင်လေ့လာ(မန်း)

ဖျော်ဖြေရေး စာမျက်နှာ
ဘာဆို ဘာမှ မဖြစ်တဲ့ ချိုပြုံး ၊ သင်္ကြန်ပွဲတော် နွဲပျော် ကြတဲ့ အနု ပညာ ရှင်များ၊ ဘယ်သူပြောလည်း နန်းဆုရတီစိုး အိုးထွား လာတယ်လို့၊ သူတို့ရဲ့ သင်္ကြန် hair style၊ သင်္ကြန်မှာ ကျောင်း စရိတ် လာရှာတဲ့ စူဇီ စတဲ့ သတင်းများ ပါဝင်ပါသည်။

စာမျက်နှာ ၁

စာမျက်နှာ ၂

ကမ္ဘာအေး ဘုရားလမ်း T.Home မဏ္ဍပ် ဖျော်ဖြေ တင်ဆင်မည်
ယခုနှစ် သင်္ကြန် ကာလ T-Home Electronic ကုမ္ပဏီ သင်္ကြန် မဏ္ဍပ်ကို ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်း Sedona Hotel ရှေ့ မြကျွန်းသာ ကစားကွင်း ဘေး၌ ဖျော်ဖြေရေး မဏ္ဍပ်ပါ တွဲဖက် ပါဝင်မည် ဖြစ်ကြောင်း T-Home ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“အခုနှစ်မှာ ဖျော်ဖြေရေး မဏ္ဍပ်အတွက် အဆိုတော်တွေကို မနှစ်က အဆိုတော်တွေနဲ့ မထပ် ရအောင် ပရိသတ်ကြိုက် နာမည်ကျော် အဆိုတော်တွေ ကိုပိုမို အားဖြည့် ထားပါတယ်” ဟု ဆိုသည်။

T-Home သင်္ကြန်မဏ္ဍပ်ကို ကမ္ဘာအေး ဘုရားလမ်း၌ တည်ဆောက် ရခြင်းမှာ သွား လာမှု လွယ်ကူခြင်း၊ ရေရရှိမှု ပိုမို အဆင်ပြေစေ ခြင်းအတွက် တည်ဆောက် ရခြင်း ဖြစ်သည်။

T-Home သင်္ကြန် မဏ္ဍပ်များကို ၂၀၀၈ ခုနှစ်တွင် မန္တလေး မြို့၌ လည်းကောင်း၊ ၂၀၀၉ ခုနှစ်တွင် ရန်ကုန်မြို့၌ လည်းကောင်း ဖျော်ဖြေရေး မဏ္ဍပ်နှင့် တွဲဖက်ကာ ရေကစား ခဲ့ကြသည်။

“၂၀၀၈၊ ၂၀၀၉ သင်္ကြန် ဖျော်ဖြေရေး မဏ္ဍပ်က သီချင်းတွေ ကိုလည်း စီးရီး အနေနဲ့ ထွက်ထားတာ တွေ ရှိပါတယ်။ အခွေတွေ ကလည်း အောင်မြင်တဲ့ အနေအထား ရှိပါ တယ်။ ဒီနှစ်လည်း အခွေ ထွက်ဖို့ ရှိပါတယ်” ဟု ဆိုသည်။

T-Home ပစ္စည်း များဖြစ် သည့် CRT, TV, LCD TV, EVD, Water Cooler, Air Cooler, Freezer, Air Cooler များကိုလည်း ဆက်လက် ရောင်းချ လျက် ရှိကြောင်း သိရသည်။

ခိုင်သဇင်အောင်

သင်္ကြန်ရက် အတွင်း စည်ပင် နယ်နိမိတ် လေးမြို့နယ် ၂၄နာရီ ရေပေး ဝေမည်
သင်္ကြန် အကျရက် ဖြစ်သည့် ဧပြီ ၁၄ ရက်မှ အတက်နေ့ ဖြစ်သော ၁၆ ရက်နေ့ အထိ ရန်ကုန် မြို့တော် စည်ပင်သာယာ ရေး နယ်နိမိတ် မြို့နယ်များ ဖြစ်သော တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင် နှင့် ဗိုလ်တ ထောင် မြို့နယ် များတွင် ၂၄နာရီ ရေပေး ဝေမည် ဖြစ်ကြောင်း သိရသည်။

၂၄နာရီ ရေရရှိ မည့် နေရာ များမှာ ရန်ကုန် ဆေးရုံကြီးနှင့် အခြား အရေးကြီး နယ်မြေများလည်း ပါဝင်သည် ဟုဆိုသည်။ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်း မတော်၊ ဗဟန်း နှင့် ဒဂုံမြို့နယ်များ တွင် နံနက် ၇နာရီမှ ၁၁နာရီ အထိ တစ်ကြိမ်၊ ညနေ ၃နာရီမှ ၆နာရီအထိ တစ်ကြိမ် စုစုပေါင်း နှစ် ကြိမ် ရေ ပေးဝေမည် ဖြစ်ပြီး အလုံ၊ ကြည့်မြင် တိုင်နှင့် စမ်းချောင်း မြို့နယ် များတွင် နံနက် ၇ နာရီမှ ၁၀ နာရီအထိ ရေပေးဝေ မည်ဟု သိရသည်။

အခြားသော မြို့နယ်များ ဖြစ်သော မင်္ဂလာဒုံ၊ အင်းစိန်၊ မရမ်းကုန်း၊ ရန်ကင်း၊ ကမာရွတ်၊ လှိုင်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ သင်္ဃန်း ကျွန်း၊ သာကေတ၊ ဒေါပုံ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)နှင့်  ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် များတွင် ပုံမှန် ရေပေး ချိန်အတိုင်း၊ ဆက်လက် ပေးဝေ သွားမည် ဖြစ်ကြောင်း သိရသည်။

ရေပေး ဝေရေး အစီအစဉ်ကို မြန်မာနှစ် ဆန်း ၁ရက်ကစ၍ ယခင် ပုံမှန် အတိုင်း ပြန် လည် ပြုလုပ်မည် ဖြစ်သည်။ သတ်မှတ်ထား သည့် ရေပေးချိန် များတွင် အရေးပေါ် ပိုက် ပြင်ဆင်မှုများ လိုအပ် ပါက သက်ဆိုင်ရာ မြို့ နယ် စည်ပင် အုပ်ချုပ်ရေးမှူး ရုံးများတွင် အကူ အညီ တောင်းခံ နိုင်ကြောင်းနှင့် YCDC အင် ဂျင်နီယာ ဌာန (ရေနှင့်ရေသန့်ရှင်းမှု) သို့လည်း ဖုန်းဖြင့် အကူအညီ တောင်းခံ နိုင်ကြောင်း သိ ရသည်။ အင်ဂျင်နီယာ ဌာန (ရေနှင့်သန့် ရှင်းမှု) ဖုန်း နံပါတ်များမှာ ၃၈၂၉၈၉၊ ၃၈၂၉၉၀၊ ၆၆၀၃၄၀၊ ၂၄၉၆၅၅ နှင့် ၂၄၃၅၅၀ တို့ ဖြစ်သည်။

အေးမြခိုင်

ရန်ကုန် မြို့တော် ရေကစား မဏ္ဍပ်ကြီး ၄၀ ဆောက်လုပ် ခွင့်ပြု
၁၃၇၁ ခုနှစ် ရန်ကုန် မဟာသင်္ကြန် ရေသဘင် ပွဲတော် စနစ်တကျ စည်ကား သိုက် မြိုက်စွာ ကျင်းပ နိုင်ရေး အတွက် မဟာသင်္ကြန် ရေကစား မဏ္ဍပ်များ၊ ဖျော်ဖြေရေး မဏ္ဍပ်များ ဆောက်လုပ်ခြင်း နှင့် ပတ်သက်၍ ၂၀၁၀ပြည့် နှစ် မတ် ၃၁ရက် မွန်းလွဲပိုင်း တွင် ရန်ကုန်မြို့ တော် စည်ပင် သာယာရေး ကော်မတီ အစည်း အဝေး ခန်းမ ၄ ၌ ရန်ကုန် မြို့တော်မဟာ သင်္ကြန် ရေသဘင် ပွဲတော် ကျင်းပရေး လုပ် ငန်း အစည်းအဝေး ကို ကျင်းပသည်။ အဆိုပါ အစည်းအဝေး တွင် ယခုနှစ် ကျင်းပမည့် ရန်ကုန် မဟာသင်္ကြန် ရေသဘင် ပွဲတော် နှင့် စပ်လျဉ်း၍ ဆွေးနွေးရာ ယခင်နှစ် မဟာ သင်္ကြန် ကာလတွင် ရန်ကုန်မြို့တော် စည်ပင် သာယာရေး နယ်နိမိတ် တွင်းရှိ အချို့သော ရေကစား မဏ္ဍပ်များ၊ အလှပြ ရေကစား မဏ္ဍပ် များကို စနစ် တကျ ဆောက်လုပ်ခြင်း မရှိ ကြသဖြင့် လမ်းကြောင်းများ ပေါ်တွင် မော်တော်ယာဉ် သွားလာမှု တို့မှာ အခက် အခဲ များနှင့် ကြုံတွေ့ ခဲ့ရကြောင်း ယခုနှစ် ရန်ကုန် မဟာ သင်္ကြန် ကာလ အတွင်း ခရီး သွားရဟန်း၊ ရှင်လူ မိဘပြည်သူများ စိတ်အေး ချမ်းမြေ့စွာ ခရီးလမ်းပန်း ဆက်သွယ် လုံခြုံ ချောမွေ့စွာ သွားလာ နိုင်ရေး အတွက် ရေ ကစားမဏ္ဍပ်များ၊ အလှ ဖျော်ဖြေရေး မဏ္ဍပ် များကို စနစ်တကျ ဖြင့် ဆောက်လုပ် နိုင်ရန် အထူး လိုအပ်ကြောင်း သက်ဆိုင်ရာ တာဝန် ရှိသူများက ဆွေးနွေး တင်ပြကြသည်။

ဆက်လက်၍ ရန်ကုန် မဟာ သင်္ကြန် ရေကစား မဏ္ဍပ်နှင့် အလှပြ ဖျော်ဖြေရေး မဏ္ဍပ် များနှင့် စပ်လျဉ်း၍ ဆွေးနွေး ဆုံးဖြတ် ရာ မဏ္ဍပ်များကို လမ်းတစ်ဖတ် တစ်ချက် မျက်နှာချင်း ဆိုင်ပြီး ဆောက်လုပ်ခြင်း မပြုရ၊ မျက်စောင်းထိုး အနေအထား တွင် ဆောက် လုပ်လိုပါက အနည်းဆုံး ကိုက် ၁၀၀ခန့်ကွာ ဝေးရမည် ဖြစ်ပြီး ဘေးချင်းကပ် ဆောက်လုပ် လိုပါက အနည်း ဆုံးပေ ၁၀၀ ကွာဝေး ရမည် ဖြစ်သည်။ မဏ္ဍပ်များကို မီးပွိုင့် ဧရိယာအ တွင်း ဆောက်လုပ်ခွင့် မပြု၊ မဏ္ဍပ်များ ဆောက်လုပ်မှု ကြောင့် စိုက်ပျိုး ထားသော သစ်ပင် ပန်းပင်များ မပျက်စီး စေရ၊ မဏ္ဍပ် များကို လမ်းဘေး (ကတ္တရာ၊ ကွန်ကရစ်၊ ဂ၀ံ) ပေါ်သို့ လုံးဝ ဆောက်လုပ်ခွင့် မပြုဟု အမိန့် ထုတ်ပြန် ထားကြောင်း သိရသည်။

၁၃၇၁ခုနှစ် မဟာသင်္ကြန် ကာလတွင် ရန်ကုန်မြို့တော် စည်ပင် သာယာရေး နယ်နိ မိတ် အတွင်း ရေကစား မဏ္ဍပ်များ၊ အလှပြ ဖျော်ဖြေရေး မဏ္ဍပ်များ ဆောက်လုပ်လို သော ဌာန ဆိုင်ရာများ၊ ကုမ္ပဏီများ အဖွဲ့အ စည်းများ နှင့် ပုဂ္ဂလိက များသည် သက်ဆိုင် ရာမြို့နယ် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုး ရေး ကောင်စီ ရုံးများတွင် လျှောက်လွှာများ ရယူပြီး သတ်မှတ်ထားသော ထောက်ခံချက် များ ရယူ တင်ပြ၍ ခွင့်ပြုချက် ရပြီးမှသာ ဆောက်လုပ် နိုင်ကြောင်း သိရသည်။ မဏ္ဍပ် ကြီးများ ဆောက်လုပ် လိုသူများ သည် ရန်ကုန် တိုင်း အေးချမ်း သာယာရေး နှင့်ဖွံ့ဖြိုးရေး ကောင် စီတွင် ဆောင်လုပ်ခွင့် များကို လျှောက်ထား နိုင် ကြောင်း သိရသည်။

စောလှိုင်ဝင်း (City Media)

သင်္ကြန် မဏ္ဍပ်ကြီးများ စည်းကမ်း ဖောက်ဖျက် ပါက အာမခံငွေ ပြန်လည် ထုတ်ပေးခြင်း မပြုဟုဆို
သင်္ကြန် မဏ္ဍပ်ကြီး များ၊ဟိုတယ် ကုမ္ပဏီ များ၏ မဏ္ဍပ်များ ဆောက် လုပ်ရန် မဏ္ဍပ် တစ်ခု လျှင် အာမခံ ငွေကျပ်သိန်း ၃၀ ကို မဏ္ဍပ် နေရာ ချထားရေး ကော်မတီသို့ ကြိုတင် ပေးသွင်း ရမည်ဖြစ်သည်။

ထိုသို့ အာမခံ စပေါ်ငွေ တင် သွင်းရခြင်းမှာ မြန်မာ့ ရိုးရာ အစဉ် အလာ မပျက် အတာ သင်္ကြန်ကို ထိန်းသိမ်း ဆင်နွှဲ နိုင်ရန်ဖြစ်ကြောင်း ရန်ကုန်တိုင်း အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီမှ တာဝန် ရှိသူ တစ်ဦး ကပြောသည်။ အကယ် ၍ သင်္ကြန် မဏ္ဍပ်ကြီး များသည် သတ်မှတ် ထားသော စည်းကမ်း ချက်နှင့် ညီညွတ် မှုမရှိဘဲ ဖောက် ဖျက် ကျူးလွန် ပါက အာမခံ စပေါ် ငွေများကို သိမ်းဆည်း မည်ဖြစ်ပြီး စည်းကမ်း ဖောက်ဖျက်ခြင်း မရှိပါ က သင်္ကြန်ကာလ အပြီးတွင် အဆို ပါ စပေါ်ငွေ များကို ပြန်လည် ထုတ် ပေးမည် ဖြစ်သည်။

မဏ္ဍပ် ဆောက်လုပ်ခွင့် ကိုဧပြီ လဆန်း တွင် ချထား ပေးမည်ဖြစ် သည်။ ဆောက်လုပ် ရမည့်နေရာ များမှာ ပြည်လမ်း တစ်လျှောက် ဘလောက် တစ်ခုတွင် မဏ္ဍပ်ကြီး တစ်ခု သာ ခွင့်ပြုမည် ဖြစ်ပြီး ဆင်ဖြူ ရှင်ရိပ်သာ နှင့် ပါရမီ လမ်းကြားတွင် ဆောက်လုပ်ခွင့် မပြုဘဲ လေဆိပ် လမ်းဆုံ နှင့် စော်ဘွားကြီးကုန်း အဝေး ပြေးဝင်း အကြား မဏ္ဍပ်ကြီးများ မထားဘဲ မဏ္ဍပ်အလတ်၊ အငယ် များကို သင့်တော် သလို စိစစ် သတ် မှတ် ခွင့်ပြု မည် ဟုဆိုသည်။ သင်္ကြန် မဏ္ဍပ်ကြီးများ သည် ဖွင့်ပွဲနှင့် ပိတ် ပွဲရက် များတွင် ရန်ကုန် မြို့တော်ဝန် မဏ္ဍပ် သို့ တက်ရောက်ရမည်ဖြစ် ပြီး ရိုးရာယိမ်းအဖွဲ့တစ်ဖွဲ့စီဖြင့် မြို့တော်ဝန် မဏ္ဍပ်တွင် လာရောက်ယှဉ် ပြိုင် ရမည် ဖြစ်သည်။ မဏ္ဍပ် ဖွင့်ပွဲများ တွင်လည်း ငွေဖလားဖြင့် အမွှေးနံ့သာ ရည်များ ထည့်ကာ ရေပက် ကစား ခြင်းကိုပြုလုပ်ရမည် ဖြစ်ကြောင်းနှင့် မြန်မာ့ ရိုးရာ အစားအစာများကို ကျွေးမွေး ရန် စီစဉ် ဆောင်ရွက် ရမည် ဖြစ်ကြောင်း သိရသည်။

မိန်းကလေးများ သည် မြန်မာ့ယဉ်ကျေးမှု နှင့် ဆန့်ကျင်သော အ၀တ်အစားများ ၀တ်ဆင် ရေကစား ခြင်း၊ ပါးလွှာသော အ၀တ်အစား များဖြင့် ရေကစားခြင်းများ စသည့် အရှက် အကြောက် ကင်းမဲ့ခြင်း မျိုး ကို ခွင့်ပြုမည် မဟုတ်ဘဲ ကြပ်မတ် ဆောင်ရွက်မည် ဟူသော စည်း ကမ်းချက် များ ချမှတ် ထားကြောင်း သိရသည်။

အေးမြခိုင်

သင်္ကြန် ရုံးပိတ်ရက် မသန်စွမ်း သူများ အပန်းဖြေ ခရီးစဉ် မည်သည့် မသန်စွမ်း သူမဆို လိုက်ပါနိုင်တသw
မသန်စွမ်း သူများ အတွက် နှစ်စဉ် အပန်းဖြေ ခရီးစီစဉ် ပေးသော ရွှေ မင်းသား ဖောင်ဒေးရှင်း (မြန်မာ) မှ ယခုနှစ် တွင် သင်္ကြန် ရုံးပိတ် ကာလ ဧပြီ ၁၈ရက်မှ ၂၁ရက်အထိ ငွေဆောင် ကမ်းခြေ သို့ အပန်းဖြေ ခရီး ထွက်မည် ဖြစ်သည်။ အဆိုပါ ခရီးစဉ်သည် မသန်စွမ်း သူများ၏ ဘ၀ အမောများ ဖြေဖျောက် စေ၍ အများ ပြည်သူများ နည်းတူ အပန်းဖြေ စေရန် မသန်စွမ်း သူများ၏ လိုအပ်ချက် များကို အများ ပြည်သူများ သိရှိစေရန် စိတ်ဓာတ် ခွန်အား မြှင့်တင်ရန် နှင့် အချင်းချင်း ရိုင်းပင်း ကူညီမှု စိတ်ဓာတ် မြင့်မား စေရန် ရည်ရွယ် ကြောင်း ဖောင်ဒေးရှင်း တာဝန်ရှိ သူတစ်ဦး က ပြောကြား သည်။

ယခုနှစ် ငွေဆောင် ခရီးစဉ်တွင် မသန်စွမ်း သူများ၏ ကျန်းမာရေးနှင့် လုံခြုံရေး ကူညီ စောင့်ရှောက် ရန် ဆရာဝန်၊ သူနာပြု အပါအ၀င် စုစုပေါင်း ၉၀ သွားရောက် ကြမည် ဖြစ်ရာ ဗန္ဓုလ သယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီ လီမိ တက်မှ အဲယားကွန်း ကားဖြင့် ပို့ဆောင် ပေးမည် ဖြစ်ပြီး ငွေဆောင် ရှိ ရွှေဟင်္သာ ဟိုတယ် ၌ တည်း ခိုရန် စီစဉ် ထားပြီးဖြစ်သည်။

အဆိုပါ ခရီးစဉ်သို့ မည်သည့် မသန်စွမ်းသူမဆို လိုက်ပါ နိုင်ရန် စီစဉ် ထားပြီး ငွေကြေး ချို့တဲ့သည့် မသန်စွမ်း သူများကို အဓိက ခေါ်ဆောင် သွား မည်ဖြစ်သည်။ လိုက်ပါ လိုသော မသန်စွမ်း သူများနှင့် အလှူရှင် များ အနေ ဖြင့် ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) ရုံးချုပ် အမှတ် ၇၉၇၊ အခန်း – ၁၀၄ ၊ / B တာဝါ ၂၊ ဗိုလ်ချုပ် အောင်ဆန်းလမ်း (၀ါးတန်းလမ်း ထောင့်)၊ လမ်းမတော် မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၂၁၅၉၃၉၊ ၂၂၉ ၀၈၇၊ ၂၂၂၉၂၃ သို့ ဆက်သွယ် နိုင်ကြောင်း သိရသည်။

ထွန်းလင်း

ရေစိုခံ အိတ်များ ကို Mr. Fone တွင် လာရောက် ထုတ်ယူနိုင်
သင်္ကြန် အတွင်း လျှောက်လည် ကြမည့် သူများအတွက် ဟန်းဖုန်း များ ရေစို မခံရစေရန် ရေစိုခံ အိတ် များကို Mr.Fone မှ ဧပြီ ၁ရက်မှ ၁၀ရက် အတွင်း မည်သူမဆို အခမဲ့ လာရောက် ထုတ်ယူ နိုင်ကြောင်း Mr. Fone မှ ကိုမင်းသိန်းကျော် က ပြောသည်။

“ရေစိုခံ အိတ်တွေကို ဒီရက်အ တွင်း လာရောက် ထုတ်ယူ နိုင်ပါတယ်။ မည်သူမဆို အခမဲ့ ပေးမှာပါ။ အ ကယ်၍ ရေစိုခံ အိတ်မရလို့ ဖုန်းများ ထဲ၌ ရေ၀င် သွားရင်လည်း Mr. Fone ပိုင်းကို အခမဲ့ ၀န်ဆောင်မှု ပေးသွား မှာပါ။ အိုင်စီပြား လောင်သွားရင် တော့ အိုင်စီပြားရဲ့ ကျသင့် တန်ဖိုး ကိုတော့ ပေးရမှာ ဖြစ်ပါတယ်။ ၀န် ဆောင်မှု အတွက် ပေးစရာ မလိုပါ ဘူး” ဟုဆိုသည်။

Mr.Fone မှ ယခုကဲ့သို့ ရေစို ခံအိတ် များကို ပေးဝေခြင်းမှာ ပထမ ဆုံး အကြိမ်ဖြစ်ပြီး ပေးဝေမည့် ရေစို ခံအိတ် များကို တရုတ်မှ မှာယူထား ကြောင်း သိရသည်။ “အခမဲ့ဖြန့်ဝေ ပေးမည့် ရေစိုခံ အိတ် အနေနဲ့ ရေစို ဒဏ်ကို ခံနိုင်တဲ့ အပြင်လေမှုတ်တဲ့ အပေါက်ကလေးလည်း ပါတယ်။ ရေ ထဲကို ကျသွားရင် လည်း ပေါ်နေ တယ်” ဟု ဆက်လက် ပြောကြားခဲ့ သည်။ Mr. Fone အနေဖြင့် ဖုန်း သုံးစွဲသူများ အတွက် တစ်ဖက်တစ် လမ်းမှ အထောက်အပံ့ ဖြစ်စေလို သည့် ဆန္ဒဖြင့် ရေစိုခံ အိတ်များကို ပေးဝေခြင်း ဖြစ်ပြီး service ပိုင်းကို လည်း ၀န်ဆောင်မှု ပေးခြင်းဖြစ် ကြောင်း သိရသည်။

ယဉ်ယဉ်လှ