မဟာသင်္ကြန် အကြတ်နေ့က ရန်ကုန်မြို့၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွား ၁၀ ဦး သေဆုံး၊ ၁၇၀ ဒဏ်ရာ ရ
တန်ခူးလေ ရေကစား မဏ္ဍပ်ရှေ့မှ ပေါက်ကွဲသံ ရုတ်တရက် ကြားလိုက် ရသည်။ ပေါက်ကွဲသံ နှင့်အတူ မဏ္ဍပ် ရှေ့တွင် ရေကစား နေသူ အချို့ လဲပြို ကျသွားသည်။ ရေကစား နေသူများ လဲပြိုကျ သွားသည်နှင့် အပြေး အလွှား ၀င်ရောက် ကယ်ဆယ် ကြသည်။ ထိုသို့ ကူညီ ကယ်ဆယ် ကြသူ များ အတွင်း နောက်ထပ် ဗုံးတစ်လုံး ထပ်ကျ လာပြီး ထပ်မံ ပေါက်ကွဲ သွား ပြန်သည်။


