အင်းလေး ကန်နှင့် ပတ်ဝန်းကျင် ရေဝေရေလဲ ဒေသ ထိန်းသိမ်းရေး အပိုင်း လေးပိုင်း ခွဲ ဆောင်ရွက်မည်
“အင်းလေးက အခု တော်တော်လေး အခြေအနေ ဆိုးနေတယ်။ ကျွန်းမျော စိုက်ခင်း တွေမှာသုံးတဲ့ ဓာတ်မြေသြဇာတွေ၊ ပိုးသတ်ဆေးတွေ က ရေထဲေ ရာက်ပြီး ငါးတွေ သေတယ် ကြားတယ်။ အဆိပ် ဖြစ်တာ ပေါ့။ အဲဒီအတွက် ဒေသခံ လူထုကပါ အန္တရာယ် ရှိနိုင်တဲ့အပြင် Eco Tour (ပတ်ဝန်းကျင် ဒေသ လေ့လာ ရေး ခရီးသွား) တွေ အတွက်ပါ ထိခိုက် နိုင် တယ်။ ဒါတွေကို ဆက် လေ့လာပြီး စိုက်ပျိုးရေး ညစ်ညမ်းမှု နဲ့ စီးပွားရေး တွေကို ကောင်းမွန် တိုးတက် လာအောင် ဘယ်လို လုပ်ရမယ်။ ဘယ်လို ကိုင် တွယ် ရမယ် ဆိုတာ စာရင်းကောက်ပြီး လုပ်ဖို့ရှိတယ်” ဟု ဆရာကြီး ဦးအုန်းက ဆက်လက် ပြောသည်။


