မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင် ကျောင်းသား ဟောင်းများ အသင်း (MAJA) က ကြီးမှူး၍ တတိယ အ ကြိမ် မြောက် ဂျပန် ဘာသာ ပညာဒါ န သင်တန်းကို စက်တင်ဘာ ၂ ရက် တွင် ဖွင့်လှစ် မည် ဖြစ်ရာ သင်တန်း ၀င်ခွင့် လျှောက်လွှာ များကို သြဂုတ် ၂ ရက်မှ ၂၇ ရက် အတွင်း လာရောက် လျှောက်ထား နိုင်ကြောင်း သိရသည်။
အဆိုပါ သင်တန်း ရည်ရွယ်ချက် မှာ ဂျပန် နိုင်ငံ၌ မြန်မာ လူငယ်များ ပညာများ သွားရောက် သင်ကြား ရာတွင် အထောက်အကူ ပြုစေရန် နှင့် ဂျပန် ယဉ်ကျေးမှု တို့ကို ပိုမို ထိတွေ့ နား လည် စေရေးတို့ အတွက် ဂျပန် ပညာ တော်သင် ဆရာ၊ ဆရာမများ ကိုယ် တိုင် မေတ္တာဖြင့် ပညာဒါန ပြုသွား မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းမှာ Japan Foundation က ဂျပန်ဘာသာ တိုး တက်ရေး အကူအညီ ဖြင့် စေလွှတ် ပေးသော ဂျပန် လူမျိုး ဆရာမများ နှင့် တွဲဖက် သင်ကြား ပေးသည့် သင်တန်း တစ်ခု ဖြစ်သည့် အပြင် ဂျပန် ဘာသာ စကား တစ်ခုတည်း မဟုတ်ဘဲ ဂျပန် လူမျိုး များ၏ ပြင်ပ ဗဟုသုတ များပါ ရရှိမည့် သင်တန်း ဖြစ်ကြောင်း သင် တန်းတွင် သင်ကြားသည့် ဆရာမ တစ်ဦး ပြောပြချက် အရ သိရသည်။