The Myanmar Post - Myanmar News Journal » လျှပ်စစ်မီး

အာဆီယံ ဒေသတွင်း ၌ ဓာတ်ငွေ့ ပိုက်လိုင်းသစ် သွယ်တန်းမည် မြန်မာ အပါအ၀င် ဒေသတွင်း နိုင်ငံများ လျှပ်စစ် ဓာတ်အား ပိုမို ရရှိမည် ဟုဆို
အာဆီယံ ဒေသ တွင်း၌ ဓာတ်ငွေ့ ပိုက်လိုင်း သစ် သွယ်တန်း မည့် အရေးကို ဗီယက်နမ် နိုင်ငံ၊ ဒါနန်း မြို့တွင် ကျင်းပ လျက် ရှိသည့် ၄၂ ကြိမ် မြောက် အာဆီယံ စီးပွားရေး ၀န်ကြီးများ အစည်း အဝေးတွင် ဆွေးနွေး ခဲ့ကြောင်း သိရသည်။

အဆိုပါ ဓာတ်ငွေ့ ပိုက်လိုင်း သစ်ကြောင့် မြန် မာ အပါအ၀င် အာဆီယံ ဒေသတွင်း နိုင်ငံများ၌ စွမ်းအင် ဖူလုံ မှုကို အထောက် အပံ့ ပေးနိုင်မည်ဖြစ် ကာ လျှပ်စစ် ဓာတ်အား ပိုမို ရရှိမည် ဖြစ်ကြောင်း ဗီယက်နမ် စွမ်းအင် သိပ္ပံမှ ညွှန်ကြား ရေးမှူး ဖန်ခမ် တိုယန်က ပြောကြားသည်။

“ဒီဆွေးနွေး ပွဲမှာ အာဆီယံ ဒေသတွင်း နိုင်ငံ များရဲ့ စွမ်းအင် ကဏ္ဍ ဆိုင်ရာ အဆင့်မြှင့် တင်မှု နဲ့ ပူးပေါင်း ဆောင်ရွက်မှု တွေကို အဓိက ဆွေး နွေး ခဲ့ပါတယ်။ ဗီယက်နမ်၊ လာအိုနဲ့ ကမ္ဘောဒီး ယားတို့က လှိုက်လှိုက် လှဲလှဲ ကြိုဆို ထောက်ခံခဲ့ကြ ပြီး ထိုင်းနိုင်ငံက အေးတိ အေးစက် အမူအရာ ပြခဲ့ပါ တယ်။ အင်ဒိုနီးရှား၊ မလေးရှား နဲ့ စင်ကာပူ နိုင်ငံ တွေကတော့ ဝေဖန်ခြင်း မပြုသလို ထောက်ခံမှုလည်း မလုပ် ခဲ့ပါဘူး” ဟု မစ္စတာ တိုယန်ကဆိုသည်။

ဒေသတွင်း စွမ်းအင် စီမံကိန်းများ ပူးပေါင်း ဆောင်ရွက်မှု သည် အာဆီယံ အဖွဲ့၏ agenda တွင် လွန်ခဲ့သည့် ဆယ်ခုနှစ် တစ်ခုကျော် ကတည်း ကပါဝင် ခဲ့ပြီး အလျဉ်းသင့် သလို ဆောင်ရွက် လျက် ရှိကြောင်း၊ အဆိုပါ ဓာတ်ငွေ့ ပိုက်လိုင်း သစ် ကို အကောင်အထည ဖော်နိုင် ပါက ဗီယက်နမ်၊ မြန်မာ၊ လာအို နှင့် ကမ္ဘော ဒီးယား နိုင်ငံများတွင် လျှပ်စစ်မီး ရရှိမှု ယခုထက် ပိုမို လာပြီး စွမ်းအင် ဖူလုံမှု လည်း ရှိလာ မည်ဖြစ်ကြောင်း၊ ဒေသ တွင်း နိုင်ငံ များက အဆိုပါ စီမံကိန်း အတွက် မည်မျှရင်း နှီးမြှပ်နှံမည်၊ မည်သို့ ပံ့ပိုး ကူညီမည် ကို အသေးစိတ် ထုတ်ပြန် ကြေညာခြင်း မရှိကြောင်း၊ မကြာမီ အာဆီ ယံ အဖွဲ့ဝင် နိုင်ငံ အားလုံး စိတ်ဝင် တစား ပူးပေါင်း ဆောင်ရွက်မည် ဟုယုံကြည်ကြောင်း ဗီယက်နမ် စွမ်းအင် အဖွဲ့အစည်း ဥက္ကဋ္ဌ ထရန် ဗီယက်နိုင်က ပြောကြားသည်။

အဆိုပါ စီမံကိန်းတွင် မြန်မာ – ထိုင်း သွယ်တန်း သည့် ရတနာ ရဲတံခွန် စီမံကိန်း ပါဝင်ပြီး ယခုနှစ် အတွင်း အင်ဒိုနီးရှား – မလေးရှား နှင့် အင်ဒိုနီးရှား – ထိုင်း သွယ်တန်း မည့် စီမံကိန်းများ ပါဝင်ကြောင်း၊ အာဆီယံ ဒေသတွင်း နိုင်ငံများ၏ စွမ်းအင် သုံးစွဲမှု များအနက် ၂၇ ရာခိုင်နှုန်း ကို ဒေသတွင်း ဓာတ်ငွေ့ မှ အဓိက သုံးစွဲလျက် ရှိပြီး မြန်မာနိုင်ငံ သည် ဓာတ် ငွေ့ တင်ပို့ ရောင်းချခြင်း မှ အမေရိကန် ဒေါ်လာသုံး ဘီလျံခန့် ရရှိ ခဲ့ကြောင်း သိရသည်။

မိုးသက်ကို

ထိုင်း စားသောက်ကုန် အ၀င်နည်း တော့ ပြည်တွင်း စားသောက်ကုန် ပိုပြီး အရောင်း သွက်၊
မိုးရာသီ လမ်းပန်း အဆက်အသွယ် အခက်အခဲကြောင့် လည်းကောင်း၊ အခြား အကြောင်း အချို့ကြောင့် လည်း ကောင်း နယ်စပ် ကုန်သွယ်ရေး ကုန်းလမ်းမှ ၀င်နေသော ထိုင်း ကုန်ပစ္စည်း အချို့ အ၀င်လျော့ နည်း သွားသော်လည်း ပုံမှန် ပင်လယ်ရေကြောင်း လိုင်းမှ ၀င် နေသော ထိုင်းကုန်များ ရှိနေခြင်း နှင့် ထိုင်းကုန်များ  လက်ကျန် ရှိ နေခြင်း တို့ကြောင့်  ထိုင်းကုန် ပစ္စည်း ရှားစရာ အကြောင်းနှင့် ဈေးတက် စရာ အကြောင်း မရှိ ကြောင်း စီး ပွားရေး ထိပ်တန်း လုပ်ငန်းရှင်ကြီး တစ်ဦး ဖြစ်သူ ဦးမြတ်သင်းအောင် က မြန်မာပို့စ် အား ပြောကြား သည်။

ဖွံ့ဖြိုးတိုးတက်ရေး

ထိုင်း ကုန်ပစ္စည်း တင်သွင်း ရာတွင် စား သောက်ကုန် များကိုသာ  ကန့်သတ် ပိတ်ပင် ခြင်း ဖြစ်ကြောင်း၊ ယင်းသို့ ကန့်သတ် ပိတ်ပင် ရခြင်း အကြောင်းရင်းမှာ ပြည်တွင်း စား သောက်ကုန် လုပ်ငန်း ဈေးကွက် ကောင်းမွန် ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက်ဖြစ် ကြောင်း၊ သို့သော်လည်း ဟိုတယ်သုံး အတွက် ထိုင်း စားသောက်ကုန် များကိုမူ တင်သွင်းခွင့် ပြုထားကြောင်း ဦးမြတ်သင်းအောင်က ဆက် လက် ပြောကြားသည်။

ဈေးကျ

ယခုအခါ ပြည်တွင်း လုပ်အချိုရည် အမျိုး မျိုး၊ ခေါက်ဆွဲထုပ် အမျိုးမျိုး၊ ကော်ဖီမစ်နှင့် တီးမစ်အမျိုးမျိုး၊ မုန့် အမျိုးမျိုး၊ စားသောက် ကုန်အမျိုးမျိုး အရောင်း ပို၍ တက်လာကြောင်း၊ ပြည်တွင်း စားသောက်ကုန် လုပ်ငန်းများ ပိုမို အဆင်ပြေ ကောင်းမွန် တိုးတက် လာကြောင်း၊ ထိုင်းလုပ် အီလက် ထရွန်နစ် ပစ္စည်း အမျိုးမျိုး နှင့် အိမ်ဆောက် ပစ္စည်း များမှာ ဈေး ကျ လျက်ပင် ရှိကြောင်းသိရသည်။

လျှပ်စစ်မီး

“ကျွန်တော်တို့ စက်မှုဇုန် တွေမှာ  လျှပ်စစ် မီး ရနေပြီ။ ဒါကြောင့် ကုန်ပစ္စည်း တွေ ပိုထုတ် နိုင်ပြီ။ ခါတိုင်း ဆိုရင် လျှပ်စစ်မီး မရတော့ ဂျင်နရေတာ မီးစက်တွေ လည်ပတ် ခဲ့ကြရတယ်။  လျှပ်စစ် မီတာ ခက တစ်ယူနစ် ကို ၅၀ ကျပ်ပဲ ပေးရတယ်။ အိမ်သုံး က တစ်ယူနစ်ကို ၂၅ ကျပ်။ ဂျင်နရေတာ နဲ့ လည်ရင် တစ်ယူနစ် ကို ကုန်ကျစရိတ် ကျပ် ၂၀၀၊ ကျပ် ၃၀၀ ၀န်း ကျင် ရှိတယ်။ ဒါကြောင့် ဂျင်နရေတာ နဲ့ ကုန် ထုတ်ရင် ခြောက်ဆလောက် ကုန်တယ်။ ဒါကြောင့် ပစ္စည်းကို ဈေးတင် ရောင်းကြရ တယ်။ အခု လျှပ်စစ် ရတော့ ဈေးလျှော့ ရောင်းလို့ ရတယ်၊ အခု လျှပ်စစ်မီး ရတယ်ဆို ရာမှာ မီးအား လည်းပြည့်တယ်။ ရေအား လျှပ်စစ် ကိုတော့ အားကိုးရမှာပဲ။ ရေအား လျှပ်စစ် မပါလို့ တော့မရဘူး။ နောက် မိုး ကောင်းမယ့် သဘော ရှိတယ် ဆိုတော့ ပွင့် လင်း ရာသီ အထိ ရေအား လျှပ်စစ်မီး ရရှိမှု အခြေအနေ ကောင်းမယ် လို့ မျှော်လင့် ရပါ တယ်” ဟု ဦးမြတ်သင်းအောင် က နိဂုံးချုပ် ပြောကြားသည်။

မော်ကျွန်းစိုးမြင့်

ယာဉ်တိုက်၍ ပျက်စီးသည့် လျှပ်စစ် ဓာတ်တိုင် ၅၆ တိုင် အထိရှိ
မော်တော်ယာဉ်များ မဆင်မခြင် မောင်းနှင်မှုများ ကြောင့် မြို့တွင်း လမ်းဘေး လမ်းလယ် လျှပ်စစ်မီး အလင်းရောင် ပေး ဓာတ်တိုင် များကို ယာဉ်များ တိုက်မိ ရာတွင် ယခုအခါ ၅၆ တိုင် ရှိပြီး ဖြစ်ရာ နောင်တွင် ဓာတ်တိုင် များ အား ယာဉ်တိုက်မှု များ ဖြစ်ပေါ် လာပါက လက်ရှိ လျော် ကြေးထက် ဒဏ်ကြေး သုံးဆ ပေး ဆောင် အရေးယူ သွား နိုင်ရန် ရန်ကုန် မြို့တော် သန့်ရှင်း သာယာ လှပ စေရေး နှင့် အဆင့်မြှင့်ရေး ဦးစီး ကော်မတီ သက်ဆိုင်ရာ ဌာနသို့ ညွှန်ကြားထား ပြီးဖြစ်ကြောင်း သိရသည်။

မြို့တော် စည်ပင် သာယာ နယ် နိမိတ် ၃၃ မြို့နယ် အတွင်း နေထိုင် သောပြည်သူများ ညအခါ လမ်းပန်း ဆက်သွယ် သွားလာမှု လုံခြုံ ချောမွေ့ စေရေးနှင့် ရပ်ရွာ အေးချမ်း သာယာ ရေးနှင့် တရားဥပဒေ စိုးမိုး ရေးကို အထောက် အကူပြုစေရန် လမ်း ဘေး လျှပ်စစ် ဓာတ်တိုင် မီးများနှင့် လမ်းဆုံ လမ်းခွ၌ ထွန်းညှိ ပေးသော (HIGHT MARD) ဓာတ်တိုင် မီးကြီး များ အပါအ၀င် လမ်းဘေး ဓာတ် တိုင်မီး များ လျှပ်စစ်မီး သုံးစွဲစရိတ် (မီတာကြေး) များကို ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ က လျှပ်စစ် စွမ်းအား ၀န်ကြီး ဌာနသို့ နှစ်စဉ် သိန်းထောင် ပေါင်းများစွာ အကုန် အကျခံ ပေးဆောင် လျက်ရှိ ကြောင်း သိရသည်။

မြို့တော် လမ်းများ၌ မော်တော် ယာဉ် မဆင်မခြင် မောင်းနှင်မှု၊ မူး ယစ် ရမ်းကား မောင်းနှင်မှုနှင့် ယာဉ် စည်းကမ်း လမ်းစည်း ကမ်းနှင့် မညီ ညွတ်သော ယာဉ်မောင်း များကြောင့် စည်ပင် သာယာ နယ်နိမိတ် ၃၃ မြို့ နယ အတွင်း နေရာ စုံ၌ရှိသော လမ်း ဘေး၊ လမ်းလယ် နေရာ များ၌ ဓာတ် တိုင်များ ကို ယာဉ်များ တိုက်ခိုက် ခဲ့ရာ ယခုအခါ ဓာတ်တိုင်များ ၅၆ တိုင်ရှိခဲ့ ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ် ဓာတ်အား ပေးရေး အဖွဲ့မှ သိရသည်။

ဓာတ်တိုင်များ ယာဉ်တိုက်မှု ကြောင့် အများ ပြည်သူများ လျှပ်စစ် မီးသုံးစွဲမှု၊ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံ၊ စက်မှုဇုန်၊ ပုဂ္ဂလိက ပိုင်စက်ရုံများ၊ ဆေးရုံ၊ ကျောင်း၊ ရုံးဌာနများ အသီး သီးတွင် သုံးစွဲနေမှု တို့သည် လျှပ်စစ် မီးပြတ်တောက် ၍ လုပ်ငန်း ခွင်ရှိရာ လုပ်ငန်းများ မကြာခဏ ရပ်ဆိုင်းခဲ့ ကြောင်း၊ ထိုကဲ့သို့ ယာဉ်မောင်း များ စည်းကမ်းမဲ့ မောင်းနှင်မှုများ လျော့နည်း ပပျောက် စေရန်အတွက် ယခုကဲ့သို့ လျော်ကြေးများ တိုးမြှင့် ကောက်ခံခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် လျှပ်စစ် လိုအပ် ချက်မှာ လျှပ်စစ်မီး မဂ္ဂါဝပ် သန်း ၆၆၀ ကျော် လိုအပ်ရာ ယခုအခါ မကြာသေးမီ ကာလက သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း သစ် တိုးချဲ့ဆက် သွယ် ပေးနိုင်ခြင်း ကြောင့် ယနေ့ ရန် ကုန်မြို့တော် တစ်ခွင်၌ လျှပ်စစ်မီး မဂ္ဂါဝပ်သန်း ၅၀၀ ကျော် ရရှိနေပြီ ဖြစ်ကြောင်း သိရသည်။

စောသိန်းဝင်း

လာမည့် ပွင့်လင်း ရာသီတွင် ယခင်နှစ်များ ထက် လျှပ်စစ် ဓာတ်အား တိုးမြင့် ရဖွယ်ရှိ
ရန်ကုန်မြို့နှင့် အနီး တစ်ဝိုက် တွင် အချိန်ပိုင်း အလှည့်ကျ စနစ်ဖြင့် လျှပ်စစ် ဓာတ်အား ပေးဝေ လျက် ရှိရာ ဇူလိုင်လ လယ်ခန့်မှ စ၍ လျှပ်စစ် ဓာတ် အား အပြည့်အ၀ ရရှိကြောင်း သိရ သည်။ ထိုကဲ့သို့ လျှပ်စစ် ဓာတ်အား အပြည့်အ၀ ရရှိ နေခြင်းမှာ မြန်မာနိုင် ငံတွင် အကြီးဆုံး ရေအား လျှပ်စစ်စီ မံကိန်း ဖြစ်သည့် ရဲရွာ ရေအား လျှပ်စစ် စီမံကိန်းရှိ ဂျင်နရေတာ စက်အမှတ် ၂ ကို ဇူလိုင် ၁၄ ရက်မှစ၍ လျှပ်စစ် ဓာတ်အား ပို့လွှတ် နိုင်ပြီ ဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းမှ ယခုအထိ စက် အမှတ် ၁ နှင့် စက်အမှတ် ၂ တို့ မှ တစ်ရက် လျှင် စုစုပေါင်း ဓာတ်အား ၃ ဒသမ ၃ သန်း ကီလိုဝပ် နာရီ ဓာတ်အား စနစ်အတွင်း ပို့လွှတ် လျက်ရှိပြီး စက် အမှတ် ၃ နှင့် စက် အမှတ် ၄ တို့မှာ ဆောင်ရွက် ဆဲဖြစ် ကြောင်း သိရသည်။ ရဲရွာ စီမံကိန်း တစ်ခုလုံး ၏ ၉၆ ဒသမ ၄၅ ရာခိုင် နှုန်း ပြီးစီး နေပြီဖြစ်ရာ ယခင်နှစ် အောက်တိုဘာ တွင် စီမံကိန်း တစ်ခုလုံး ရာခိုင်နှုန်း ပြည့် ပြီးစီးမှာ ဖြစ်ကြောင်း၊ သို့ပါ၍ ယခုနှစ် ပွင့်လင်း ရာသီတွင် ယခင်နှစ် ထက် လျှပ်စစ် ဓာတ်အားပို မို ရရှိဖွယ် ရှိကြောင်း နိုင်ငံပိုင် သတင်း မီဒီယာ များ၏ ဖော်ပြချက်များ အရ သိရသည်။

ထို့အပြင် လျှပ်စစ် ဓာတ်အား ပိုမို ရရှိရေး အတွက် စွမ်းအင် ၀န်ကြီး ဌာန၊ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ် ငွေ့လုပ်ငန်း က မုတ္တမ ကမ်းလွန် ရတနာ သဘာဝ ဓာတ်ငွေ့မြေမှ ရတနာရန်ကုန် ၂၄ လက်မ ပိုက်လိုင်း သစ်သွယ် တန်း လျက်ရှိရာ ဇွန် ၈ ရက်တွင် ရန်ကုန်မြို့ရှိ ကမ်းလွန် သဘာဝ ဓာတ်ငွေ့ထိန်းချုပ် တိုင်းတာ ဖြန့်ဖြူးရေး စခန်း(ရွာမ) သို့ သဘာဝ ဓာတ်ငွေ့ စတင် ပေးပို့ နိုင်ခဲ့ပြီး ရွာမ စခန်းက ဇွန် ၁၂ ရက်မှစ၍ သဘာဝ ဓာတ်ငွေ့များ တိုးမြှင့် ဖြန့်ဖြူး ပေး လျက် ရှိရာ ရန်ကုန်မြို့လျှပ်စစ် ဓာတ် အား လိုအပ်ချက်ကို အတိုင်း အတာ တစ်ခု အထိဖြည့်ဆည်း ပေးနိုင်ပြီဖြစ် ကြောင်း သိရသည်။

ရေအားလျှပ် စီမံကိန်း များနှင့် သဘာဝ ဓာတ်ငွေ့သုံး စက်ရုံများမှ လျှပ်စစ် ဓာတ်အား ထုတ်ယူ မှုမှာ ယခင်နှစ် ထက် မြင့်မား လာသော ကြောင့် ရန်ကုန်မြို့နှင့် ဆင်ခြေဖုံးမြို့ နယ်များသို့ လျှပ်စစ် ဓာတ်အား တိုး မြှင့် ဖြန့်ဖြူး ပေးလျက်ရှိပြီး စက်မှုဇုန် များသို့လည်း ပြည်သူများ မသုံးစွဲ တော့ ချိန်မှစ၍ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူး ပေးလျက် ရှိကြောင်း သိရ သည်။

ထွန်းလင်း

မြန်မာ့ အခြေခံ အဆောက်အအုံ ကဏ္ဍ ဖွံ့ဖြိုးရေး နှင့် အသေးစား ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း အဖြစ် အိန္ဒိယ က အမေရိကန် ဒေါ်လာ ၁၃၆ သန်း ကူညီမည်
မြန်မာနိုင်ငံ၌ အခြေခံ အဆောက် အအုံ ကဏ္ဍ ဖွံ့ဖြိုး တိုးတက် ရေးနှင့် နှစ်နိုင်ငံ ချစ်ကြည်ရေး မြှင့်တင်ရန် အိန္ဒိယ အစိုးရက အသေးစား ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း အဖြစ် အမေရိ ကန်ဒေါ်လာ ၁၃၆ သန်း ကူညီ ရန် သဘော တူညီ ခဲ့ကြောင်း သိရသည်။

နိုင်ငံတော် အေးချမ်း သာယာ ရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ် ချုပ် မှူးကြီး သန်းရွှေ၏ အိန္ဒိယနိုင်ငံ သို့ ငါးရက်ကြာ ခရီးစဉ်အတွင်း အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန် ဆင်း အပါအ၀င် အိန္ဒိယ ခေါင်းဆောင် များနှင့် တွေ့ဆုံ ဆွေးနွေးမှု များပြု လုပ်ပြီးနောက် အိန္ဒိယ အစိုးရက ယခုကဲ့သို့ အကူအညီ ပေးရန် ကတိ ပြုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အစီအစဉ် အရ ရထား လမ်းများ တိုးချဲ့ရေး အတွက် အမေရိ ကန်ဒေါ်လာသန်း ၆၀၊ ချင်းပြည် နယ် နှင့် အိန္ဒိယ နိုင်ငံ အရှေ့မြောက် ဖျားပြည်နယ် များ လမ်းပန်း ဆက် သွယ်ရေး အတွက် ဒေါ်လာသန်း ၆၀၊ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍအတွက် ၁၀ သန်းနှင့် အိန္ဒိယ နယ်စပ် မိုရေး မြို့မှ အထက် မြန်မာပြည် မန္တလေး မြို့သို့ မိုက်ကရိုဝေ့ဖ် ဆက်ကြောင်း အတွက် ခြောက်သန်း ကူညီ မည်ဟု သဘော တူခဲ့သည်။ မြန်မာနိုင်ငံ မှ အိန္ဒိယ နိုင်ငံ၊ မီဇိုရမ်ပြည်နယ် သို့လမ်း ဖောက် လုပ်ရန် အမေရိကန် ဒေါ်လာ သန်း ၆၀ နယူးဒေလီ က ထောက်ပံ့ မည်ဖြစ်ပြီး ရထားလမ်း စီမံကိန်း များ ကို ငွေကြေး ထောက်ပံ့ရန် အမေ ရိကန် ဒေါ်လာသန်း ၆၀ ချေးငွေ အစီအစဉ် ကိုလည်း အိန္ဒိယ နိုင်ငံရှိ EXIM ဘဏ်က တိုးချဲ့ဆောက်ရွက် ပေးမည် ဖြစ်သည်။

နှစ်နိုင်ငံ သဘောတူ စာချုပ်ငါး ခု ချုပ်ဆိုခဲ့သည့် အနက် အခြားချုပ် ဆိုခဲ့သော စာချုပ် များတွင် နှစ်နိုင်ငံ သတင်းအချက် အလက်များ အပြန် အလှန် ဝေမျှရေး၊ သိပ္ပံနှင့် နည်းပညာ ကဏ္ဍ၌ ကူညီ ထောက်ပံ့ရေး၊ ပုဂံဒေ သရှိ အာနန္ဒာ ဘုရားအား ထိန်းသိမ်း စောင့်ရှောက်ရန် အိန္ဒိယ နိုင်ငံမှ ကူ ညီရေးနှင့် နှစ်နိုင်ငံ ရာဇ၀တ်မှု ဆိုင်ရာ ကိစ္စရပ်များ ကို အပြန်အလှန် အကူ အညီ ပေးရေးစသည်တို့ပါဝင်သည်။

၂၀၀၄ ခုနှစ်တွင် မြန်မာ – အိန္ဒိ ယ နှစ်နိုင်ငံ သဘောတူ စာချုပ် ရှစ်ခု ချုပ်ဆိုခဲ့သည့်အနက် လျှပ်စစ်ဓာတ် အား မဂ္ဂါဝပ် ၁,၂၀၀ ထုတ်လုပ်နိုင် မည့် အမေရိကန် ဒေါ်လာသန်း ၁၀၀ တန်ဖိုး ရှိ ထမံသီ ရေအား လျှပ်စစ်စီမံ ကိန်းလည်း ပါဝင်ပြီး ထို စီမံကိန်းကို စစ်ကိုင်းတိုင်း အထက်ပိုင်း ခန္တီးမြို့ အနီးတွင် တည်ဆောက် နေဆဲဖြစ် ကြောင်း သိရသည်။

မိုးသက်ကို

လျှပ်စစ် လိုအပ်မှု ပြဿနာ ကျော်လွှားရန် လျှပ်စစ် ချွေတာရေး မီးသီး၊ မီးချောင်းနှင့် မီးကွေး ဈေးကွက် အရောင်းသွက်
REGENCY Material Trading Co., Ltd.က Media စွမ်းအင် ချွေတာ ရေး မီးသီး၊ မီးချောင်း၊ မီးကွင်း တင်သွင်း ဖြန့်ချိ မှုနှင့် စပ်လျဉ်း ၍ မန်နေဂျာ ဦးဇော်မင်းအား မေးမြန်းခဲ့ရာ-

စွမ်းအင် ချွေတာရေး မီးလုံး၊ မီးကွင်း၊ မီးချောင်း တင်သွင်း ဖြန့်ချိ တာ ဘယ်လောက် ကြာပြီလဲ။ ဒီပစ္စည်း တွေကို ဘာ့ကြောင့် ရွေး ချယ် တင်သွင်း ဖြန့်ချိ ရတာလဲ။

တင်သွင်း ဖြန့်ချိတာ လေးလ လောက်ပဲ ရှိပါ သေးတယ်။ တစ်ကမ္ဘာ လုံးမှာ စွမ်းအင် ပြဿနာ တွေ ရှိတယ် လေ။ စွမ်းအင် မလုံလောက်မှု၊ သဘာ ၀ ပတ်ဝန်းကျင် ထိခိုက်မှု ပြဿနာ တွေ ရှိတော့ တတ်နိုင် သလောက် စွမ်းအင်ကို ချွေတာ ကြတယ် လေ။ ဒါကြောင့် တင်သွင်း ဖြန့်ချိဖို့  စဉ်းစား ဆုံး ဖြတ် လုပ်ကိုင် ခြင်း ဖြစ်ပါတယ်။ မြန်မာ နိုင်ငံနဲ့ သင့်တော်မှု ရှိမရှိ ဆိုတာကိုလည်း သေချာ လေ့ လာ ခဲ့ပါတယ်။  မြန်မာနိုင်ငံ ဈေးကွက် အတွက် လိုအပ်ချက် ဖြစ်လို့ ခုလို တင်သွင်း ဖြန့်ချိ ခြင်းဖြစ်ပါ တယ်။

စွမ်းအင် ချွေတာရေး ဖြစ်မှုကို ပြောပြပါဦး။

စွမ်းအင် ချွေတာရေး ငါး ၀ပ် မီးသီး ဟာ ရိုးရိုး ၂၅ ၀ပ် မီးသီးအားနဲ့ ညီမျှပါတယ်။ ဒါကြောင့် အများကြီး သက်သာ ပါတယ်။ နောက် အားသာ ချက် တစ်ခုက တခြား မီးချောင်း တွေလို အလုပ် မရှုပ်ဘူး။ ချုပ်တွေ၊ စ တတ်တာ တွေ၊ အခြား ပစ္စည်း တွေ လိုတယ်လေ။ စွမ်းအင်ချွေတာရေး မီး သီးက တပ်လိုက် တာနဲ့ မီးချောင်းလို လင်းတယ်။ စာကြည့်လို့ လည်းရတယ်။

ဘယ်နှမျိုး တင်သွင်း ဖြန့်ချိသလဲ။

လောလော ဆယ်မှာ သုံးမျိုး တင်သွင်း ဖြန့်ချိ ပါတယ်။ နှစ်ချောင်း ကွေးရယ်၊ သုံးချောင်းကွေး ရယ်၊ အလိမ်ရယ် ဖြစ်ပါတယ်။ နှစ်ချောင်းကွေး က ကိုးဝပ်၊ ၁၁ ၀ပ်၊ ၁၅၀ပ် သုံးမျိုး၊ ဈေးနှုန်းက ကျပ် ၁,၈၀၀ မှ ကျပ် ၂,၅၀၀ အတွင်း ဖြစ်ပါတယ်။ နောက် တစ်မျိုးက သုံးချောင်းကွေး၊  ကိုးဝပ်မှ ၀ပ် ၂၀၊ ဈေးနှုန်း က ကျပ် ၂,၂၀၀မှ ကျပ် ၂,၉၀၀ အတွင်း ဖြစ်ပါတယ်။ အလိမ်က ငါးဝပ်မှ ၀ပ်၃၀ အထိရှိတယ်။ ဈေးနှုန်း က ကျပ် ၂,၂၀၀ မှ ကျပ် ၃,၅၀၀ အတွင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံ မှာ စွမ်းအင် ချွေတာရေး မီးသီး တင်သွင်း ဖြန့်ချိသူ ဘယ်လောက် ရှိပါသလဲ။

အကြမ်းဖျင်း ပြောရင် ၂၀လောက်ရှိမယ် ထင်တယ်။ ဈေးပေါတဲ့ ပစ္စည်းတွေ လည်း ရှိတယ်။ ဈေးပေါ တာက ခဏလေး ထွန်းပြီး ကျွမ်းသွား တာများတယ်။ ကျွန်တော်တို့ ပစ္စည်းက တစ်နှစ် အာမခံ ပေးထား ပါတယ်။ တစ်နှစ်အတွင်း ဘယ် နှစ်ကြိမ် ကျွမ်းကျွမ်း ကျွန်တော်တို့က လဲပေးပါတယ်။

ခင်ဗျားတို့ ပစ္စည်းတွေကို ဘယ်လို နေရာတွေမှာ အများဆုံး သုံး သလဲ။

ဈေးဆိုင်တွေ၊ စူပါ မတ်ကက်တွေ၊ မီးအား ကို လိုသလို ထိန်းချုပ် လို့ ရတဲ့ နေရာတွေမှာ သုံး တယ်။

နေအိမ် သုံးဖို့ အတွက်ကော ဘယ်လို ရှိပါသလဲ။

နေအိမ်သုံး ဆိုရင် ၁၀ ပေပတ် လည်အခန်း မှာ အကြမ်းဖျင်း အားဖြင့် ကိုးဝပ်၊ ၁၁၀ပ် ဆိုရင် အတော်ပါပဲ။

ခေတ်မီ အဆင့်မြင့်အဆောက်အအုံ တွေမှာကော သုံးသလား။

ဟုတ်ကဲ့။ သုံးကြပါတယ်။ သူတို့က Down Light အနေနဲ့သုံး တယ်။ Down Light ကို cover ထည့်ပြီး သုံးကြတယ်။ အလင်းအား ပိုရ တာပေါ့။

အခု ပြည်တွင်းမှာလည်း စွမ်းအင် ချွေတာရေး မီးသီးတွေ ထုတ်လုပ် ဖြန့်ချိ နေတယ်လေ။ အဲဒါ တွေနဲ့ ယှဉ်ကြည့်ရင် ဘယ်လိုလဲ။

သဘော တရားချင်း ကတော့ အတူတူပါပဲ။ ရိုးရိုး မီးလုံးထက် အများ ကြီးသက်သာတယ်။ ဈေးနှုန်း ကတော့ အနည်းငယ် ကွာခြားချက် ရှိပါ တယ်။

မြန်မာပို့စ်

လျှပ်စစ်မီးအလှည့်ကျ မျှမျှတတဖြစ်စေလို
ရန်ကုန်မြို့တော် တွင် အိမ်သုံးမီး အပါအ၀င် လျှပ်စစ်မီး များကို အရေးကြီး ဌာနများမှလွဲ၍ အုပ်စု သုံးစုခွဲ၍ မီးပေး နေသော်လည်း မရမ်းကုန်းမြို့နယ်၊  ဘုရင့်နောင် ပွဲရုံဝင်း အတွင်းတွင် လမ်းတစ်လမ်း နှင့် တစ်လမ်း လျှပ်စစ်မီး ရချိန် လွန်စွာ ကွာခြားနေပါသည်။ ခရေလမ်း ခ-ခြမ်းနှင့် ကံ့ကော်လမ်းသွယ် ၂ တို့တွင် လျှပ်စစ်မီး ရချိန်သည် အခြားလမ်းများ၊ ခရေလမ်း ဂ-ခြမ်း အပါအ၀င် လျှပ်စစ်မီး ရချိန်ထက် တစ်ဆနီးပါး ပိုနေပါသည်။ မီးသုံးစွဲ သူချင်း အတူတူ အညီအမျှ မရှိအတူ ရှိ အတူမူဖြင့် လျှပ်စစ်မီး ပေးစေ လိုကြောင်း တင်ပြ လိုက်ရ ပါသည်ခင်ဗျား။

မျှတစေလိုသူ

ဆားကက် ဘရိတ်ကာ အတု များကြောင့် လျှစ်စစ် အန္တရာယ် ဖြစ်ပေါ်နိုင်
ယခုအခါ ဆားကက် ဘရိတ်ကာ အတုများ၊ အရည်အသွေးနိမ့် ပစ္စည်း များ သုံးစွဲ ခြင်းကြောင့် လျှပ်စစ် ရှော့ဖြစ် ပြီး မီးလောင်မှု များဖြစ်ပေါ် လျက်ရှိ သည်။ ဆားကက် ဘရိတ်ကာ သည် လျှပ်စစ် ရှော့ဖြစ် ပွားမှုကို ကာကွယ် ခြင်းဖြစ်ရာ အရေးပေါ် လာချိန်တွင် အလိုအလျောက် လျှပ်စစ် ဓာတ်အား မဖြတ်တောက် နိုင်ပါက များစွာ နစ်နာ ဆုံးရှုံး ကြမည်ဖြစ်သည်။ ဈေးနှုန်း အနည်းငယ် မြင့်သည်ကို မကြည့်ဘဲ စိတ်ချ ရသော ဘရိတ်ကာ ကိုသာ သုံး စွဲ သင့်ကြောင်း Peace Myanmar Electric Co., Ltd. တာဝန်ရှိသူ တစ် ဦးက ပြောကြားသည်။

အဆိုပါ PME ကုမ္ပဏီသည် ဂျပန်နိုင်ငံ Fukuyama စက်ရုံထုတ်  Mitsubishi Electric Molded Case ဆားကက် ဘရိတ်ကာ များကို သာ ၁၉၉၅ ခုနှစ်မှစ၍ တစ်ဦးတည်း ကိုယ်စားလှယ် အဖြစ် တစ်နိုင်ငံလုံး ဖြန့်ဖြူး ရောင်းချ ခဲ့ရာ ဈေးကွက်၌ ယခင် ရောင်းချ ပေးခဲ့သော World Super Series အဖြူ အပြာရောင် MCCB ဖြင့် ဆားကစ် ဘရိတ်ကာ များကို တုပ လာကြ၍ ထုတ် လုပ်မှုကို ရပ်ထား ပီဖြစ်ကြောင်း၊ ထို Series နေရာတွင် အဖြူရောင် frame ပေါ်တွင် အနက်ရောင်လေ ဆာအင့်ဂျက် စာသား ရိုက်နှိပ်ထားပြီး PME ၏ logo ပါရှိသော ဟော်လို ဂရမ်ရွှေရောင် sticker ကပ် ဘရိတ် ကာများ အစားထိုး ထားပြီဖြစ်ကြောင်း၊ Frame Material ၏သပ်ရပ်မှု သည် အတုနှင့် အစစ် အလွန်ကွာခြား ကြောင်းနှင့် MCCB ပေါ်ရှိ computer code အား scanner ဖတ်၍ အတုအစစ်ခွဲခြားနိုင်ရာ MCCB အား အစစ် ခွဲခြား စစ်ဆေး လိုပါက ဆိုင် ဘောက် ချာပြ၍ PME တွင် ပြန်လည် စစ်ဆေး နိုင်ကြောင်း သိ ရသည်။

သုဝဏ်

မြန်မာနိုင်ငံတွင် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံများ တည်ဆောက်ရန် တရုတ် ကုမ္ပဏီ စီစဉ်
တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ၏   အကြီးမားဆုံး နိုင်ငံပိုင် လျှပ်စစ် ဓာတ် အား ထုတ်လုပ်ရေး လုပ်ငန်းများ အနက်   ပင်မ ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Guodian Corporation သည် မြန်မာ နိုင်ငံတွင် ကျောက် မီးသွေး လောင်စာ သုံး ဓာတ်အားပေး စက်ရုံ များနှင့် ရေ အား လျှပ်စစ် စက်ရုံများ တည်ဆောက် ရန် နှစ်နိုင်ငံ သဘော တူညီမှု ရရှိခဲ့ ကြောင်း သိရသည်။

ထိုသို့ ကျောက် မီးသွေး လောင်စာသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံ များ တည်ဆောက်မည် ဆိုပါက မြန်မာ နိုင်ငံ တွင် ကျောက်မီးသွေး အများ ဆုံး တည်ရှိရာ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် တို့၌ အဓိက တည် ဆောက် ဖွယ်ရှိကြောင်း၊ လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှု ချဲ့ထွင်ရန် ကြိုးပမ်းသည့် Guodian ကော်ပို ရေးရှင်း အနေဖြင့် လျှပ်စစ်ဓာတ် အား ပို့လွှတ်သည့် လိုင်းများကို ခံနိုင် ၀န် ရှိစေရန် အဆင့် မြှင့်တင်ရေး ကို ဦးစားပေး ဆောင်ရွက် ရမည်ဖြစ် ကြောင်း ဘန်ကောက် စွမ်းအင် ကဏ္ဍ  အတိုင်ပင်ခံ ကောလင်းရေးနိုးစ် က  သုံးသပ် ပြောကြားသည်။

ဘေဂျင်းမြို့ အခြေစိုက် Guodian ကော်ပိုရေးရှင်း ၏ တရုတ်နိုင်ငံ တွင်း လျှပ်စစ် ဓာတ်အား ထုတ်လုပ်  နိုင်စွမ်း သည် ၂၀၀၉ နှစ်ကုန်တွင်   မဂ္ဂါဝပ် ၈၂,၀၀၀ ရှိခဲ့ရာ အဆိုပါ ပမာဏ မှာ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား နှင့် အင်ဒိုနီးရှား နိုင်ငံ များ၏ စုစုပေါင်း လျှပ်စစ် ထုတ်လုပ် နိုင်စွမ်းထက် ပိုမို မြင့်မားကြောင်း သိရသည်။

ဖြိုးမောင်မောင်

ရန်ကုန်မြို့ လျှပ်စစ် လိုအပ်ချက် ဖြည့်ဆည်း ပေးနိုင်တော့မည် မုတ္တမ ကမ်းလွန်မှ အင်းစိန်ရွာမ ဓာတ်ငွေ့ ဖြန့်ဖြူးရေး စခန်းသို့ ၂၄ လက်မ ပိုက်လိုင်း သွယ်တန်းမှု ပြီးစီး
မုတ္တမ ကမ်းလွန် ရတနာ ဓာတ် ငွေ့မြေမှ အင်းစိန် ရွာမ ဓာတ်ငွေ့ဖြန့် ဖြူးရေး စခန်းသို့ ဆက်သွယ် သည့် ၂၄ လက်မ ပိုက်လိုင်း တည်ဆောက်မှု သည် ရာနှုန်းပြည့် ပြီးစီး နေပြီ ဖြစ်သ ဖြင့် မကြာမီ ဖွင့်လှစ် တော့မည်ဖြစ် ကြောင်း နိုင်ငံပိုင် သတင်းစာ ပါ သတင်းများ အရ သိရသည်။

အဆိုပါ ဓာတ်ငွေ့ ပိုက်လိုင်း သည် အဓိက အားဖြင့် ရန်ကုန်မြို့ ရှိ သဘာ ၀ ဓာတ်ငွေ့သုံး လျှပ်စစ် တာဘိုင် စက်ရုံများ ဖြစ်သော လှော်ကား၊ ရွာမ၊ သာကေတ၊ အလုံသို့ လည်း ကောင်း၊ သဘာဝ ဓာတ်ငွေ့ သုံး နိုင်ငံ ပိုင် စက်ရုံ များနှင့် စက်မှု ဇုန်ရှိ ပုဂ္ဂလိ က စက်ရုံ များသို့ လည်းကောင်း၊ တောင်ကြီး ခရိုင် ပင်းပက် သံမဏိ စက်ရုံ၊ သာစည် မြို့နယ် ပြည်ညောင် ဒေသရှိ ဘိလပ်မြေ စက်ရုံများ၊ နေ ပြည်တော်ရှိ တောင်ဖီလာ၊ ရေနီ၊ မင်းတုန်း အမှတ် ၁ စက်မှု ၀န်ကြီး ဌာန ဘိလပ်မြေ စက်ရုံများ နှင့် အခြား စက်ရုံများ အထိ ဖြန့်ဖြူး မည်ဖြစ် ကြောင်း သိရသည်။

တစ်နေ့လျှင် သဘာဝဓာတ် ငွေ့ ကုဗပေ သန်းပေါင်း ၁၅၀ ကို ကမ်းလွန် ရတနာ သဘာဝ ဓာတ်ငွေ့ ထုတ်လုပ် ရေး ပလက်ဖောင်းမှ ဖိ အား ၁၄၀၀ PSI ဖြင့် ပို့လွှတ် ၍ ဖျာပုံ ခရိုင် ဒေါ်ငြိမ်း ကျေးရွာ ပိုက် လိုင်း ဗဟိုစခန်း (Pipeline Center) မှ ရန်ကုန်သို့ ဖိအား ၈၀၀ PSI ဖြင့်ထိန်းချုပ် ဖြန့်ဖြူးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၂၄လက်မ ပိုက်လိုင်း ကြီးသည် နိုင်ငံတကာ အဆင့်မီ ၂၄ လက်မ ပိုက်လိုင်း ဖြစ်ပြီး နှစ်ပေါင်း ၃၀ခန့် တည်တံ့ နေမည့် ပိုက်လိုင်း ကြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၂၄လက်မ ပိုက်လိုင်း ကြီးကို တည်ဆောက်ရန် ကမ္ဘာ ကျော် ရေနံ ကုမ္ပဏီကြီး တစ်ခုက အမေရိကန် ဒေါ်လာ သန်း ၇၆၀နှင့် အချိန် သုံးနှစ် အတွင်း အပြီးတည် ဆောက် ပေးမည်ဟု ကမ်းလှမ်းဖူး ကြောင်း၊ ယခု စွမ်းအင် ၀န်ကြီးဌာန မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း၏ ကြိုးပမ်း စွမ်းဆောင် မှုဖြင့် နိုင်ငံခြားငွေ အမေရိကန် ဒေါ်လာ ၂၇၅ သန်းခန့် နှင့် ပြည်တွင်းသုံးငွေ ကျပ် သန်းပေါင်း ၄၁၁၁ သန်း သာ ကုန်ကျ ခဲ့ပြီး အချိန် ၁၅လအတွင်း တည်ဆောက် နိုင်ခဲ့သည်။

အဆိုပါ ပိုက်လိုင်း ကြီးမှ ပထမ ဆုံး ဓာတ်ငွေ့သည် ကမ်းလွန် ရတနာ ဓာတ်ငွေ့ မြေမှ ရန်ကုန်မြို့ ရှိ လျှပ် စစ် တာဘိုင် ဓာတ်အားပေး စက်ရုံ များသို့ မကြာမီ ကာလအတွင်း ရောက်ရှိ လာတော့မည် ဖြစ်ကြောင်း၊ နိုင်ငံတော် ၏ ကြိုးပမ်း စွမ်းဆောင်မှု များဖြင့် မကြာမီ ဖွင့်လှစ် နိုင်တော့ မည့် ၂၄လက်မ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း ကြီးသည် ရန်ကုန်မြို့၏ သဘာဝ ဓာတ်ငွေ့ လိုအပ်ချက်၊ စက် ရုံများ၏ သဘာဝ ဓာတ်ငွေ့ လိုအပ် ချက် များကို အောင်မြင်စွာ ဖြည့် ဆည်း ပေးနိုင် တော့မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဓာတ်ငွေ့ များ ပို့လွှတ် ရရှိပါက ရန်ကုန်မြို့၏ လျှပ်စစ် ဓာတ်အား လိုအပ်ချက် ကိုလည်း ဖြည့်ဆည်း ပေးနိုင် တော့မည် ဖြစ် ကြောင်း သိရသည်။

မြန်မာပို့စ်