ရန်ကုန် ကလေး ဆေးရုံကြီးတွင် ကမ္ဘာ့ လူတုပ်ကွေး A(H1N1) ကြောင့် တက်ရောက် ကုသ နေသူ မရှိ

“ဒီရောဂါ တွေ့တဲ့နေရာတွေ က ဆင်ခြေဖုံး ရပ်ကွက် တွေမှာဆို တော့ နီးစပ်တဲ့ ဆေးရုံ တွေမှာ တင် ပြီး ကု နေကြတဲ့ အတွက် ကလေး ဆေးရုံကို မလာ တာလည်း ဖြစ်နိုင် တယ်။ လူတုပ်ကွေးက လူအများ စုဝေးတဲ့ နေရာတွေမှာ အုပ်စု လိုက် ကူးစက် လေ့ရှိတာ ဆိုတော့ တစ် နေရာတည်းမှာ စုစုစည်းစည်း နဲ့ စောင့်ကြည့် ကုသပေး နေတဲ့ အနေ အထား မှာရှိတယ်” ဟုကလေး ဆေးရုံ ကြီးမှ အထူးကု ဆရာဝန်ကြီး ကပြော ကြားသည်။ ပြည်ပ နိုင်ငံ များတွင် ကမ္ဘာ့ လူတုပ် ကွေး ရောဂါ A(H1N1) နှင့် ပတ်သက်၍ ကာကွယ်ဆေးများ ထိုးထား ကြသဖြင့် ရောဂါ ဖြစ်ပွားမှု နည်းပါး နေပြီး ကြောက်စရာ ကပ် ရောဂါဆိုးဟု မယူဆ ကြတော့ဘဲ ရှိနေသည် ဟုဆိုသည်။