ဂျပ်ခုတ် ပညာရပ် မပျောက်ပျက် စေရန် ပင်းတယရှိ Golden Cave ဟိုတယ် တွင် သင်ကြား ပို့ချပေးနေ
“အခု ဒီမှာက ဂျပ်ခုတ်ပြီး ၀တ် တဲ့ အ၀တ်အစားကို သိပ် ၀တ်တာ မတွေ့ရ တော့ဘူး၊ အဲဒါက အရမ်းကို ရှား ပါးနေ ပြီ။ အမှန်က ဂျပ်ခုတ် သင်တိုင်း ရှည်က တောင်ရိုး တိုင်းရင်းသား တွေဝတ် ကြတာပါ။ ဒီဝတ်စား ဆင်ယင်မှုကို ပြန်လည် ဖော်ထုတ် ပေးဖို့အတွက် ဦးအနေနဲ့ တတ်နိုင်သမျှ ဆောင်ရွက်ပေးတယ်၊ ဦး ဟိုတယ်မှာ ရက်လုပ် တဲ့ အခန်းတစ်ခန်း ရှိတယ်။ အဲဒီမှာ ရက်တဲ့ သူကိုခေါ်ပြီး သင်ကြား ပေးစေ တယ်။ လာရောက်ပြီး သင်ယူ စေပါတယ်။ ရှမ်းရွာ က မသိမ်းဝေက သင်ကြားပေးတယ်။ စိတ်ဓာတ် ရေးရာ တွေဝင်လာ စေအောင် ဆောင်ရွက်ပေး နေပါတယ်။ အခု ဟိုတယ်မှာ ဂျပ်ခုတ် စင် ထားပေး ထားတယ်။ အမျိုးသမီး တွေကို သင်ယူစေတယ်။ အသက်မွေး ၀မ်းကျောင်း တစ်ခုလို ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်ကြောင့် ဖွင့်လှစ် ပေးခဲ့ တာပါ”


