Your reliable news partner
  • ရောက်တတ်ရာရာ

    Posted on July 5th, 2010

    Written by Web Admin

    Tags

    ,

    မီး အာမခံ အပြည့်အ၀ ထားရှိမှ အပြည့်အ၀ ပြန်ရမည်

    “ဈေးများနဲ့ အထပ်မြင့် အဆောက်အအုံ များ အနေနဲ့ မီးအာမခံ ကို ထားရှိဖို့ သင့်ပါတယ်။ ဆုံးရှုံး ပျက်စီးမှု တွေဖြစ် လာပြီ ဆိုရင် အာမခံ ကသာ ခုလို ဆုံးရှုံး ပျက်စီးမှုတွေကို ကုစား ပေးမှာ ဖြစ်ပါတယ်။ မီးမှ မဟုတ် ပါဘူး။ သဘာဝ ဘေးအန္တရာယ် ဆိုတာ ရှောင်လွှဲလို့ ရတဲ့ ဟာမျိုး ရှိသလို ရှောင်လွှဲလို့ မရတဲ့ ဟာမျိုး လည်းရှိပါတယ်။ အဲဒီလို ရှောင် လွှဲလို့ မရတဲ့ ဟာမျိုးဆိုရင် ခုနက ပြောသလို အာမခံက သာ ကုစား ပေးသွားမှာ ဖြစ်ပါတယ်။ နောက်ပြီး အာမခံ ကို ထားရှိရင်လည်း ပြည့်ပြည့်၀၀ ထားရှိဖို့ လိုအပ်ပါတယ်။ တစ်လောက မုံရွာ ဈေးကြီး မီးလောင် တာဆိုရင် သူတို့ အာမခံ ထားတာ ဆိုင်ခန်း ထားတာဖြစ်တယ်။ ပစ္စည်း တွေ မပါဘူး။ အဲဒီ တော့ အာမခံက ဆိုင်ခန်း ကိုပြန်လျော် ပေးပေမယ့် သူတို့က ငွေချေး ထားတဲ့ အတွက် သက်ဆိုင် ရာ ဘဏ်ကို လွှဲပေး လိုက်ရတယ်။ မီးလောင် သွားတဲ့ ပစ္စည်း တန်ဖိုး မရလိုက်ဘူး။ ပြောချင် တာက အာမခံ ထားရင်လည်း အားလုံး ထားသင့်တယ်။ ဈေးဆိုတာက လူသွားလူလာ များတယ်။ မီးအာမခံ ထားတာ မမှားဘူး”ဟု ရှင်းပြသည်။

  • မန္တလေး ရတနာပုံ စူပါစင်တာ ဆိုင်ခန်းများ ရောင်းချ

    မန္တလေး ရတနာပုံ စူပါစင်တာ ဆိုင်ခန်းများ ရောင်းချ

    ရတနာပုံ ဈေးကြီး မီးလောင်ခံရ သည့်နေရာတွင် ရတနာပုံ စူပါစင် တာနှင့် ရတနာပုံ ဒိုင်းမွန်း ပလာဇာ များ တည်ဆောက် မှုကို Mandalay Golden Wing Construction Limited မှ တည်ဆောက် လျက်ရှိ ရာ ရတနာပုံ စူပါ စင်တာကို မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မ တီ၏ အစီအစဉ်ဖြင့် မူလ ဆိုင်ခန်း ပိုင်ရှင်များ နေရာ ပြန်လည်ပေးခြင်း၊ ဆိုင်ခန်း အသစ်များ ရောင်းချခြင်း များကို စတင် ဆောင်ရွက် နေပြီဖြစ် သည်။

    ရတနာပုံ စူပါ စင်တာ တွင်ခြောက် ပေ၊ ခြောက်ပေခန်း ၁,၀၃၆ ခန်း၊ ခြောက်ပေ၊ ရှစ်ပေခန်း ၄၄၁ ခန်း၊ ခြောက်ပေ၊ ၁၂ ပေခန်း ၈၂ ခန်း စုစုပေါင်း အရေအတွက် ၁,၅၅၉ ဖြင့် ဖွဲ့စည်း ထားရာ အဆိုပါ အခန်းများ ထဲ မှရတနာပုံ ဒိုင်းမွန်း ပလာဇာ မှရရှိသည့် ဆိုင်ခန်း ၁၀၄ ခန်းကို ရတနာပုံဒိုင်း မွန်း ပလာဇာ အရောင်း ဌာနမှ စတင် ရောင်းချခြင်း ဖြစ်သည်။ တစ်ခန်း ရောင်းဈေး ကျပ်သိန်း ၄၀၀ ဖြင့် ငွေ လက်ငင်းချေ၊ အရစ်ကျ ချေစနစ်ဖြင့် ရောင်းချ ပေးလျက် ရှိသည်။

  • ဆားကက် ဘရိတ်ကာ အတု များကြောင့် လျှစ်စစ် အန္တရာယ် ဖြစ်ပေါ်နိုင်

    ယခုအခါ ဆားကက် ဘရိတ်ကာ အတုများ၊ အရည်အသွေးနိမ့် ပစ္စည်း များ သုံးစွဲ ခြင်းကြောင့် လျှပ်စစ် ရှော့ဖြစ် ပြီး မီးလောင်မှု များဖြစ်ပေါ် လျက်ရှိ သည်။ ဆားကက် ဘရိတ်ကာ သည် လျှပ်စစ် ရှော့ဖြစ် ပွားမှုကို ကာကွယ် ခြင်းဖြစ်ရာ အရေးပေါ် လာချိန်တွင် အလိုအလျောက် လျှပ်စစ် ဓာတ်အား မဖြတ်တောက် နိုင်ပါက များစွာ နစ်နာ ဆုံးရှုံး ကြမည်ဖြစ်သည်။ ဈေးနှုန်း အနည်းငယ် မြင့်သည်ကို မကြည့်ဘဲ စိတ်ချ ရသော ဘရိတ်ကာ ကိုသာ သုံး စွဲ သင့်ကြောင်း Peace Myanmar Electric Co., Ltd. တာဝန်ရှိသူ တစ် ဦးက ပြောကြားသည်။

  • ဈေးပေါင်း ၁၆၈ ဈေးတွင် မီးဘေး လုံခြုံရေး၊ ဈေး သာယာရေး၊ အရောင်း အ၀ယ် အဆင်ပြေရေး သက်ဆိုင်ရာ တို့နှင့် ဈေးသူ ဈေးသားများ ပူးပေါင်း လက်တွဲ ကြိုးပမ်း

    ဈေးပေါင်း ၁၆၈ ဈေးတွင် မီးဘေး လုံခြုံရေး၊ ဈေး သာယာရေး၊ အရောင်း အ၀ယ် အဆင်ပြေရေး  သက်ဆိုင်ရာ တို့နှင့် ဈေးသူ ဈေးသားများ ပူးပေါင်း လက်တွဲ ကြိုးပမ်း

    မန္တလေး ရတနာပုံဈေး၊ မော်လ မြိုင်ဈေး၊ သင်္ဃန်း ကျွန်းဈေး၊ မင်္ဂလာ ဈေး၊ မုံရွာဈေးကြီးများ မီးလောင် ဆုံးရှုံး သဖြင့် မီးဘေး လုံခြုံရေးဆိုင် ရာ အားနည်း ချက်များကို ဆန်းစစ် လေ့လာ သုံးသပ်ပြီး မိမိတို့ဈေး မီး ဘေး လုံခြုံရေး အတွက် ပိုမို ကောင်း မွန် ပြည့်စုံသည့် အစီအမံ များကိုသက် ဆိုင်ရာ ဈေးများ ဌာန၊ ဈေး သာယာ ရေးအဖွဲ့၊ ဈေးသူ ဈေးသား များက ညှိနှိုင်း တိုင်ပင် ဆောင်ရွက် လျက်ရှိ ကြောင်း၊ ယင်းသို့ ဆောင်ရွက် ရာတွင် ရန်ကုန်တိုင်း မီးသတ် ဦးစီးဌာနနှင့် ရန်ကုန်တိုင်း လျှပ်စစ် ဓာတ်အား ပေး ရေး အဖွဲ့တို့က စစ်ဆေး အကြံဥာဏ် ပေး ကူညီ လျက် ရှိကြောင်း သိရသည်။

  • မြန်မာနိုင်ငံရေးရာ

    Posted on June 7th, 2010

    Written by Web Admin

    Tags

    မုံရွာ ချင်းတွင်း ရတနာ ဈေးကြီး မီးလောင်မှု ဖြစ်ပွား ဆိုင်ခန်းပေါင်း ၄၀၆ ခန်း မီးလောင် ရာတွင် ပါဝင်

    မုံရွာ ချင်းတွင်း ရတနာ ဈေးကြီး မီးလောင်မှု ဖြစ်ပွား ဆိုင်ခန်းပေါင်း ၄၀၆ ခန်း မီးလောင် ရာတွင် ပါဝင်

    မုံရွာမြို့တွင် အကြီးဆုံး ဖြစ်သော ချင်းတွင်း ရတနာ ဈေးကြီး ဇွန် ၃ ရက် နံနက် ၃နာရီ ၅၅ မိနစ်က မီး စတင် လောင်ကျွမ်း ခဲ့ရာ ဆိုင်ခန်း ပေါင်း ၄၀၆ ခန်း မီးထဲ ပါသွားပြီး နံနက် ၅နာရီ ခွဲတွင် မီးညွန့် ကျိုးကာ ၇ နာရီတွင် မီးငြိမ်း သွားကြောင်း သိရသည်။

    ချင်းတွင်း ရတနာ ဈေးကြီးမှာ မန္တလေး၊ မုံရွာ လမ်းမကြီး ဗိုလ်ချုပ် အောင်ဆန်းလမ်း အရှေ့ဘက်တွင် ရှိသည်။ လမ်း မျက်နှာစာတွင် နှစ် ထပ်တိုက်ခန်း မျက်နှာဖွင့် အရောင်း ဆိုင်များ ရှိသည်။ အတွင်း ဘက်အ ဆောင် ဖြစ်သော အရှေ့ဘက် ဆုံး အဆောင်တွင် အပေါ်ထပ် ဆိုင်ခန်း ၂၅၃ ခန်း၊ အောက်ထပ် ဆိုင်ခန်း ၂၅၈ ခန်း ရှိရာ အပေါ်ထပ် ဆိုင်ခန်း အားလုံး မီးလောင် ခံရပြီး အောက် ထပ်ဆိုင် ခန်း ၁၅၃ ခန်း လောင်ကျွမ်း ခံရသည်။

  • ရောက်တတ်ရာရာ

    Posted on May 12th, 2010

    Written by Web Admin

    Tags

    နိုင်ငံ တစ်ဝန်းလုံးတွင် နှစ်စဉ် မီးလောင်မှု ပျမ်းမျှ အကြိမ် ၁,၁၀၀ ခန့် ဖြစ်ပွား

    နိုင်ငံ တစ်ဝန်းလုံးတွင် နှစ်စဉ် မီးလောင်မှု ပျမ်းမျှ အကြိမ် ၁,၁၀၀ ခန့် ဖြစ်ပွား

    မြန်မာနိုင်ငံ တစ်ဝန်း လုံးတွင် ၁၉၈၈ ခုနှစ် အထိ ၂၂နှစ်တာ ကာလ တွင် နှစ်စဉ် မီးလောင်မှု အကြိမ်ပေါင်း ပျမ်းမျှ ၁,၁၀၀ခန့် ဖြစ်ပွားပြီး နှစ်စဉ် ပျမ်းမျှ ကျပ်သန်း ၁,၄၀၀ ကျော်ဖိုးခန့် ဆုံးရှုံး နေကြောင်း မေ ၅ရက် တွင် ရန်ကုန်မြို့ရှိ မရမ်းကုန်း မြို့နယ်ရှိ မီးသတ် ဦးစီးဌာန စစ်ရေးပြကွင်း၌ ကျင်းပသော ၆၄နှစ်မြောက် မီး သတ် တပ်ဖွဲ့နေ့ အခမ်းအနား ၌ ကာ ကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေ တက်ရောက် မိန့်ခွန်း ပြောကြား ရာတွင် ထည့်သွင်း ပြောကြားသည်။

  • မန္တလေး သတင်းများ

    Posted on March 26th, 2010

    Written by Web Admin

    Tags

    မီးလောင်ပြီး နောက်တစ်ရက် မှ စတင်၍ 78 Shopping Centre ပြန်ဖွင့်

    မီးလောင်ပြီး နောက်တစ်ရက် မှ စတင်၍ 78 Shopping Centre ပြန်ဖွင့်

    78 Shopping Centre ၏ အောက်ဆုံးထပ်မှာ မြေအောက်ထပ် အဖြစ် ပြုလုပ်၍ Car Parking အ ဖြစ် အသုံးပြု ထားရာ မြေအောက် ထပ် မီးလောင်ချိန်တွင် စတင်လောင် ကျွမ်းသော circuit breaker သာ ဆုံးရှုံးမှု ရှိသည်။ စင်တာ တစ်ခုလုံးကို မြေအောက်ထပ်၌ မီးစက် ထား၍ မီးပေးရာ ACV (Korer) အမျိုးအစား Control Panel ၌ Circuit breaker မှာ အပူကြောင့် အလုပ်မလုပ် ဘဲ ရှိပြီး ၀ိုင်ယာ ရှော့ဖြစ် လောင်ကျွမ်းရာ မီးလောင်စဉ် မီးသတ်ကား များ အ ချိန်မီ ရောက်ရှိ လာသဖြင့် ညနေ ၅ နာရီတွင် မီးလုံးဝ ငြှိမ်းသတ် နိုင်ခဲ့သည်။

  • ရန်ကုန်သတင်းများ

    Posted on March 11th, 2010

    Written by Web Admin

    Tags

    ရန်ကုန်တိုင်း အတွင်း အချို့ မြို့နယ် များ၌ ၀ိုင်ယာကြိုးများ အသစ် လဲတပ်ခြင်း ဖြင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်

    ရန်ကုန်တိုင်း အတွင်း အချို့ မြို့နယ် များ၌ ၀ိုင်ယာကြိုးများ အသစ် လဲတပ်ခြင်း ဖြင့် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်

    သက်တမ်းလွန် သောဝါယာ ကြိုးများသည် ကြံ့ခိုင်မှု နည်းပါးလာ သဖြင့် ပြင်းထန် သောလျှပ်စစ်စီး ကြောင်း ဖြတ်သန်း သွားသည့်ဒဏ် ကို မခံနိုင်ဘဲ ရှော့ဖြစ်ကာ ၀ါယာ ရှော့မှ တစ်ဆင့် မီးလောင် ကျွမ်းမှုများ ဖြစ်ပေါ် နိုင်သောကြောင့် ထိုကိစ္စကို ကြိုတင် ကာကွယ်သည့် အနေဖြင့် ကိုယ့်အား ကိုယ်ကိုး စနစ် ကျင့်သုံး ကာ မိမိတို့ အိမ်သို့ သွယ်တန်း ထားသော ၀ိုင်ယာကြိုး များကို အသစ် လဲလှယ် တပ်ဆင် လျက် ရှိကြသည်။

  • ရန်ကုန်သတင်းများ

    Posted on March 4th, 2010

    Written by Web Admin

    Tags

    လှိုင်သာယာ နှင့် ရွှေပြည်သာ မြို့နယ် တို့တွင် မီးလောင်

    လှိုင်သာယာ မြို့နယ်၊ ၇ ရပ်ကွက်၊ အောင်ဘောဂ လမ်း တွင် ဖေဖော်ဝါရီ ၂၅ ရက် နံနက် ပိုင်းက မီးလောင်မှု ဖြစ် ပွား ခဲ့ပြီး နေအိမ် ငါးလုံး မီးလောင် ဆုံးရှုံး သွားကြောင်း ရန်ကုန်တိုင်း မီးသတ် ဦးစီးဌာနမှ သိရသည်။

  • ရန်ကုန်သတင်းများ

    Posted on February 24th, 2010

    Written by Web Admin

    Tags

    ,

    မီးလောင် သွားသည့် သင်္ဃန်းကျွန်းဈေး နေရာတွင် ငါးထပ် အဆင့်မီ shop house ဆောက်မည်

    ထို ဈေးသစ်ကြီးကို ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော် မတီ အင်ဂျင်နီယာ ဌာန (အဆောက် အအုံ) ပညာရှင် များက ဒီဇိုင်း ရေး ဆွဲ၍ တည်ဆောက် သွားမည်ဖြစ် ပြီး မြေညီထပ် အား အမြန်ဆုံး ပြန်လည် တည်ဆောက် သွားမည် ဖြစ်ရာ ထို မြေညီထပ် တွင် ဈေး သည် များကို ဆိုင်ခန်း များပြန်လည် ချထား ပေးမည် ဖြစ်၍ ကျန်ရှိ သော အထပ် များတွင် လူနေ အိမ်ခန်းများ ထားရှိသွားမည် ဖြစ်သည်။

  • Older Posts Yeah! There are more posts, check them out.

PHVsPjxsaT48c3Ryb25nPndvb19hYm91dDwvc3Ryb25nPiAtIDwvbGk+PGxpPjxzdHJvbmc+d29vX2FkX2ltYWdlXzE8L3N0cm9uZz4gLSAvaW1hZ2VzL2FkLmdpZjwvbGk+PGxpPjxzdHJvbmc+d29vX2FkX2ltYWdlXzI8L3N0cm9uZz4gLSAvaW1hZ2VzL2FkLmdpZjwvbGk+PGxpPjxzdHJvbmc+d29vX2FkX3VybF8xPC9zdHJvbmc+IC0gaHR0cDovL2V4YW1wbGUuY29tPC9saT48bGk+PHN0cm9uZz53b29fYWRfdXJsXzI8L3N0cm9uZz4gLSBodHRwOi8vZXhhbXBsZS5jb208L2xpPjxsaT48c3Ryb25nPndvb19hbHRfc3R5bGVzaGVldDwvc3Ryb25nPiAtIGRlZmF1bHQuY3NzPC9saT48bGk+PHN0cm9uZz53b29fYXJjaGl2ZXM8L3N0cm9uZz4gLSA8L2xpPjxsaT48c3Ryb25nPndvb19hdXRvX2ltZzwvc3Ryb25nPiAtIGZhbHNlPC9saT48bGk+PHN0cm9uZz53b29fYmlvPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xPC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMTA8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xMTwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19jYXRfbWlkXzEyPC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMTM8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xNzI8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMTg8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xOTU8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMjA8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8yMDk8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMjE4PC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMjQ8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMzwvc3Ryb25nPiAtIGZhbHNlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF80PC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfNTwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19jYXRfbWlkXzY8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF83NDwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19jYXRfbWlkXzg8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X3RodW1iX2hlaWdodDwvc3Ryb25nPiAtIDc2PC9saT48bGk+PHN0cm9uZz53b29fY2F0X3RodW1iX3dpZHRoPC9zdHJvbmc+IC0gMjA3PC9saT48bGk+PHN0cm9uZz53b29fY3VzdG9tX2Nzczwvc3Ryb25nPiAtIDwvbGk+PGxpPjxzdHJvbmc+d29vX2N1c3RvbV9mYXZpY29uPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fZW1haWw8L3N0cm9uZz4gLSA8L2xpPjxsaT48c3Ryb25nPndvb19leGNsdWRlX2NhdHM8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fZmVhdHVyZWRfY2F0ZWdvcnk8L3N0cm9uZz4gLSAmYWFjdXRlOzwvbGk+PGxpPjxzdHJvbmc+d29vX2ZlZWRidXJuZXJfdXJsPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fZmxpY2tyX2VudHJpZXM8L3N0cm9uZz4gLSBTZWxlY3QgYSBudW1iZXI6PC9saT48bGk+PHN0cm9uZz53b29fZmxpY2tyX2lkPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fZ29vZ2xlX2FuYWx5dGljczwvc3Ryb25nPiAtIDxzY3JpcHQgdHlwZT1cInRleHQvamF2YXNjcmlwdFwiPg0KdmFyIGdhSnNIb3N0ID0gKChcImh0dHBzOlwiID09IGRvY3VtZW50LmxvY2F0aW9uLnByb3RvY29sKSA/IFwiaHR0cHM6Ly9zc2wuXCIgOiBcImh0dHA6Ly93d3cuXCIpOw0KZG9jdW1lbnQud3JpdGUodW5lc2NhcGUoXCIlM0NzY3JpcHQgc3JjPVwnXCIgKyBnYUpzSG9zdCArIFwiZ29vZ2xlLWFuYWx5dGljcy5jb20vZ2EuanNcJyB0eXBlPVwndGV4dC9qYXZhc2NyaXB0XCclM0UlM0Mvc2NyaXB0JTNFXCIpKTsNCjwvc2NyaXB0Pg0KPHNjcmlwdCB0eXBlPVwidGV4dC9qYXZhc2NyaXB0XCI+DQp0cnkgew0KdmFyIHBhZ2VUcmFja2VyID0gX2dhdC5fZ2V0VHJhY2tlcihcIlVBLTE2NjE2MDctMTJcIik7DQpwYWdlVHJhY2tlci5fdHJhY2tQYWdldmlldygpOw0KfSBjYXRjaChlcnIpIHt9PC9zY3JpcHQ+PC9saT48bGk+PHN0cm9uZz53b29faG9tZV9wb3N0czwvc3Ryb25nPiAtIDU8L2xpPjxsaT48c3Ryb25nPndvb19pbWFnZV9kaXNhYmxlPC9zdHJvbmc+IC0gZmFsc2U8L2xpPjxsaT48c3Ryb25nPndvb19pbWFnZV9oZWlnaHQ8L3N0cm9uZz4gLSAxNzM8L2xpPjxsaT48c3Ryb25nPndvb19pbWFnZV93aWR0aDwvc3Ryb25nPiAtIDIzMDwvbGk+PGxpPjxzdHJvbmc+d29vX2xvZ288L3N0cm9uZz4gLSBodHRwOi8vd3d3LnRoZW15YW5tYXJwb3N0LmNvbS93cC1jb250ZW50L3dvb191cGxvYWRzLzUtbG9nby5naWY8L2xpPjxsaT48c3Ryb25nPndvb19tYW51YWw8L3N0cm9uZz4gLSBodHRwOi8vd3d3Lndvb3RoZW1lcy5jb20vc3VwcG9ydC90aGVtZS1kb2N1bWVudGF0aW9uL29wZW4tYWlyLzwvbGk+PGxpPjxzdHJvbmc+d29vX3Jlc2l6ZTwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19zaG9ydG5hbWU8L3N0cm9uZz4gLSB3b288L2xpPjxsaT48c3Ryb25nPndvb19zaG93X2Jsb2c8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX3RoZW1lbmFtZTwvc3Ryb25nPiAtIE9wZW4gQWlyPC9saT48bGk+PHN0cm9uZz53b29fdGhlX2NvbnRlbnQ8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX3RodW1iX2hlaWdodDwvc3Ryb25nPiAtIDE0NTwvbGk+PGxpPjxzdHJvbmc+d29vX3RodW1iX3dpZHRoPC9zdHJvbmc+IC0gMjE4PC9saT48bGk+PHN0cm9uZz53b29fdHdpdHRlcjwvc3Ryb25nPiAtIDwvbGk+PGxpPjxzdHJvbmc+d29vX3VwbG9hZHM8L3N0cm9uZz4gLSBhOjI6e2k6MDtzOjYzOiJodHRwOi8vd3d3LnRoZW15YW5tYXJwb3N0LmNvbS93cC1jb250ZW50L3dvb191cGxvYWRzLzUtbG9nby5naWYiO2k6MTtzOjY1OiJodHRwOi8vd3d3LnRoZW15YW5tYXJwb3N0LmNvbS93cC1jb250ZW50L3dvb191cGxvYWRzLzQtMy1sb2dvLmdpZiI7fTwvbGk+PGxpPjxzdHJvbmc+d29vX3ZpZGVvX3Bvc3RzPC9zdHJvbmc+IC0gU2VsZWN0IGEgbnVtYmVyOjwvbGk+PGxpPjxzdHJvbmc+d29vX3ZpZHBhZ2U8L3N0cm9uZz4gLSBTZWxlY3QgYSBwYWdlOjwvbGk+PC91bD4=