သင်္ကြန် ရုံးပိတ်ရက် မသန်စွမ်း သူများ အပန်းဖြေ ခရီးစဉ် မည်သည့် မသန်စွမ်း သူမဆို လိုက်ပါနိုင်တသw
မသန်စွမ်း သူများ အတွက် နှစ်စဉ် အပန်းဖြေ ခရီးစီစဉ် ပေးသော ရွှေ မင်းသား ဖောင်ဒေးရှင်း (မြန်မာ) မှ ယခုနှစ် တွင် သင်္ကြန် ရုံးပိတ် ကာလ ဧပြီ ၁၈ရက်မှ ၂၁ရက်အထိ ငွေဆောင် ကမ်းခြေ သို့ အပန်းဖြေ ခရီး ထွက်မည် ဖြစ်သည်။ အဆိုပါ ခရီးစဉ်သည် မသန်စွမ်း သူများ၏ ဘ၀ အမောများ ဖြေဖျောက် စေ၍ အများ ပြည်သူများ နည်းတူ အပန်းဖြေ စေရန် မသန်စွမ်း သူများ၏ လိုအပ်ချက် များကို အများ ပြည်သူများ သိရှိစေရန် စိတ်ဓာတ် ခွန်အား မြှင့်တင်ရန် နှင့် အချင်းချင်း ရိုင်းပင်း ကူညီမှု စိတ်ဓာတ် မြင့်မား စေရန် ရည်ရွယ် ကြောင်း ဖောင်ဒေးရှင်း တာဝန်ရှိ သူတစ်ဦး က ပြောကြား သည်။


