နေပြည်တော် လယ်ဝေးမြို့နယ် တွင် မက်စ် ဘိလပ်မြေ စက်ရုံဖွင့်၊ တစ်နေ့လျှင် ဘိလပ်မြေ တန် ၅၀၀ ထုတ်လုပ် နိုင်မည်။
မက်စ် ဘိလပ်မြေ စက်ရုံသည် နေပြည် တော် လယ်ဝေး မြို့နယ်၊ သာဝတ္ထိ ကျေးရွာ အရှေ့ဘက် ရန်ကုန် – မန္တလေး ကားလမ်းမှ ကိုးမိုင်ခန့် အကွာတောင် ဖီ လာဒေသ၊ အောင် နန်း ချို ကျေးရွာ အနီး၌ တည်ရှိ သည်။
မက်စ် ဘိလပ်မြေ စက်ရုံသည် ၁၁၄၂ ဒသမ ၅ဧက ကျယ်ဝန်းပြီး စက်ရုံ ၀င်းအ တွင်း ပင်မ ဘိလပ်မြေ စက်ရုံ၊ ပလတ် စတစ် စက္ကူ အိတ်ခွဲ ချုပ်စက်ရုံခွဲနှင့် ၀န်ထမ်း အိမ်ရာ အပါအ၀င် စီမံကိန်း မြေ ၂၆၂ ဒသမ ၅ဧက၊ ရွှံ့စေးနှင့် သဲကျောက် ဧရိယာ ဧက ၁၅၀၊ ထုံးကျောက် တောင်ဧရိယာ ဧက ၂၃၀နှင့် ကျွန်းစိုက်ခင်း ဧရိယာ ဧက ၅၀၀ ပါဝင် သည်။
မက်စ် ဘိလပ်မြေ စက်ရုံကို ၂၀၀၈ ခုနှစ်၊ သြဂုတ် ၁ရက်တွင် စတင် အုတ်မြစ်ချ ခဲ့ပြီး ၂၀၀၉ခုနှစ်၊ မတ် ၂၃ရက်တွင် စက် စတင် တပ်ဆင် ခဲ့သည်။ မက်စ် ဘိလပ်မြေ စက်ရုံ တွင် တရုတ်နိုင်ငံ Jiangsu Pergtai Group Go., Ltd မှ စက်ပစ္စည်းများ ကို မှာယူ တင်သွင်း တပ်ဆင် ထားခြင်း ဖြစ်သည်။


