ဘန်ကောက် အပြည်ပြည် ဆိုင်ရာ ဖက်ရှင် ဒီဇိုင်း ပြပွဲသို့ မြန်မာပြည်မှ ဖက်ရှင် ဒီဇိုင်နာများ သွားရောက် ပြသမည်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အပြည်ပြည်ဆိုင်ရာ Fashion and Leather Fair ကို ဧပြီ ၇ ရက်မှ ၁၀ ရက်ထိကျင်းပမည်ဖြစ် ကြောင်း သိရသည်။ အဆိုပါပြပွဲတွင် အာဆီယံ ၁၀ နိုင်ငံမှ ဖက်ရှင် ဒီဇိုင်နာများ၊ အထည်ချုပ်လုပ်ငန်းရှင်များ တက်ရောက်မည်ဖြစ်သည်။