ဆိုးဆေးနှင့် ပတ်သက်၍ ပညာ ပေးခြင်းများ ရှိနေ သော်လည်း လိုက်နာမှု အားနည်း နေသေးကြောင်း တွေ့ရှိရ
စားသောက်ကုန် များတွင် လူ ကို အန္တရာယ် ဖြစ်စေသော ဆိုးဆေး များ သုံးစွဲ ကြသောကြောင့် ဆိုးဆေး နှင့် ပတ်သက်၍ ကျန်းမာရေး ၀န်ကြီး ဌာနက ပညာ ပေးခြင်းများ ရှိသော် လည်း ရောင်းချ သူများ ဘက်က လိုက်နာမှု နည်းပါး နေသေးကြောင်း ရန်ကုန် စားသောက်ကုန် ဈေးကွက် ကြီး အတွင်းမှ သိရသည်။
ဆိုးဆေးမကင်းသောမျှစ်
ရန်ကုန် လူထု၏ အဓိက စား သောက်ကုန် တစ်ခုဖြစ်သော မျှစ် များတွင် ယနေ့တိုင် ဆိုးဆေးများ နီရဲ နေအောင် တွေ့ရှိ နေရပြီး အဆို ပါ ကိစ္စမှာ လက်ကား ဒိုင်ကြီးများ၏ လုပ်ဆောင်မှု မဟုတ်ဘဲ လက်လီ ဆိုင် များက ပြုလုပ် နေခြင်း ဖြစ်သည်ဟု သိရသည်။ လက်ကား ဒိုင်ကြီး များနှင့် ပတ်သက်၍ မျှစ်ကို ဆေးဆိုး ရောင်း ချခြင်း မပြုရန် ကျန်းမာရေး ၀န်ကြီး ဌာနနှင့် တကွမြို့တော် စည်ပင် ကျန်း မာရေး ဌာန တို့က စည်းကမ်း ထုတ်ခဲ့ သဖြင့် ဆိုးဆေးပါ မျှစ် ရောင်းချခြင်း ရပ်ဆိုင်း သွားပြီး မူလ အရောင်များ ဖြင့်သာ ရောင်းချ ခဲ့ကြသည်။


