ကမ္ဘာလှည့် ခရီးသည် ခြောက်လ အတွင်း ၁,၄၀,၀၀၀ ကျော် လာရောက်
မြန်မာနိုင်ငံ သို့ ပြည်ပ နိုင်ငံများမှ ဧည့်သည်များ ၀င်ရောက် လျက်ရှိရာ ၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီမှ ဇွန် အထိ ရန်ကုန် လေဆိပ် ၀င်ပေါက်မှ ခရီးသွား ဧည့်သည် ၁,၄၀,၀၀၀ ကျော် လာရောက် ခဲ့ကြောင်း စာရင်းများ အရ သိရသည်။
လွန်ခဲ့ သော ၂၀၀၉ ခုနှစ် ခြောက်လ တာ ကာလနှင့် ယခု ၂၀၁၀ ပြည့်နှစ် ခြောက်လတာ ကာလအား နှိုင်းယှဉ်ရာ တွင် ခရီးသွား ဧည့်သည် ၀င်ရောက်မှုမှာ ၂၀၁၀ ပြည့်နှစ် တွင် လ အလိုက် ပိုမို ၍ ဧည့် သည် ၀င်ရောက် လာခဲ့ကြောင်း သိရသည်။ စာရင်း အရ ပြန်ကြည့်ရာ ၂၀၀၉ ခုနှစ်၊ ဇန်န ၀ါရီ တွင် ဧည့်သည် ၂၀,၀၆၅ ဦး၊ ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီ တွင် ဧည့်သည် ၁၉,၃၀၅ ဦး၊ မတ်တွင် ၂၀,၂၉၈ ဦး၊ ဧပြီတွင် ၁၄,၃၂၉ ဦး၊ မေတွင် ၁၃,၅၇၇ ဦး၊ ဇွန်တွင် ၁၄,၈၂၆ ဦး လာရောက် ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီတွင် ဧည့်သည် ၂၉,၆၁၉ ဦး၊ ဖေဖော် ၀ါရီတွင် ၂၇,၇၄၈ ဦး၊ မတ်တွင် ၂၈,၁၅၂ ဦး၊ ဧပြီတွင် ၁၈,၇၇၃ ဦး၊ မေတွင် ၁၇,၂၃၀ ဦး၊ ဇွန်တွင် ၁၈,၇၀၆ ဦး လာရောက် ခဲ့ ကြောင်း သိရသည်။


