ကျောက်စိမ်း အတွဲပေါင်း ၁၁,၅၀၀ ကျော် ရောင်းချ လျက်ရှိ
၂၀၁၀ ပြည့်နှစ်၊ ဇွန်၊ ဇူလိုင် ကျောက် စိမ်း၊ ကျောက်မျက်၊ ပုလဲ အတွဲများ အထူး ရောင်းချ ပွဲကို ဇွန် ၂၅ရက် မှ ဇူလိုင် ၇ရက် အထိ ရန်ကုန်မြို့၊ မရမ်းကုန်း မြို့နယ်၊ မင်းဓမ္မလမ်း ရှိ မြန်မာ ကွန်းဗင်း ရှင်းစင်တာ (MCC) ခန်းမ၌ ကျောက်စိမ်း အတွဲပေါင်း ၁၁,၅၀၀ ကျော်အား ထူးထူးခြားခြား ခင်း ကျင်း ပြသ ရောင်းချလျက် ရှိကြောင်း သိရ သည်။
အဆိုပါ အထူး ရောင်းချပွဲတွင် မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း၊ တိုင်းရင်းသား စီးပွားရေး ပုဂ္ဂလိက ကုမ္ပဏီများ၊ လုပ်ငန်း ရှင်များ၊ မြန်မာ့ ကျောက်မျက် ရတနာ ရောင်း ၀ယ်ရေးနှင့် အကျိုးတူ ပူးပေါင်းသော ကုမ္ပဏီများ၊ ပြည်တွင်း ကျောက်မျက် ရတနာကုန်သည်များ၊ ပြည်တွင်း ရတနာ အရောင်းဆိုင် များ အပါ အ၀င် ကုမ္ပဏီပေါင်း ၃၀၀ ကျော် ပါဝင် ရောင်းချ သည့် အပြင် ရန်ကုန်မြို့ရှိ အသင့် ပြုလုပ်ထားသော ရတနာ အရောင်းဆိုင် များလည်း ပူးပေါင်း ပါဝင် ပြသကြောင်း သိရသည်။


