Your reliable news partner
  • ကား ဈေးကွက် တွင် အရောင်းအ၀ယ် မရှိ သလောက် ဖြစ်နေ

    ကား ဈေးကွက် တွင် အရောင်းအ၀ယ် မရှိ သလောက် ဖြစ်နေ

    ရန်ကုန်မြို့ ကား ဈေးကွက် သည် မေမှ စ၍ အရောင်းအ၀ယ် အနည်းငယ် ဖြစ်ခဲ့ ရာမှ ဆက်တိုက် အရောင်း အ၀ယ် ကောင်းပြီး ဇွန် ပထမ ပတ်တွင် မော်တော်ယာဉ် အားလုံး ကျပ် ၁၅ သိန်း မှ ကျပ် သိန်း ၅၀ အထိ ဈေးမြင့် လာခဲ့ပြီး ဇူလိုင်လ လယ်တွင် ဈေးကွက် အေး ပြီး အရောင်း အ၀ယ် မရှိ သလောက် ဖြစ် နေကြောင်း ဟံသာဝတီ မော်တော် ယာဉ် ရောင်းဝယ်ရေး စခန်းမှ ၀ါရင့် ၀ယ် ရောင်း လုပ်ကိုင် နေသူများ ထံမှ သိရသည်။

    လက်ရှိ ကားဈေးကွက် အခြေအ နေ နှင့် ပတ်သက်၍ “အခု ကားဈေး ကွက်က အေးနေတယ်။ ဈေးအမြင့် ကား တွေရော ဈေးအနိမ့် ကားတွေ အားလုံး ၀ယ်သူ မရှိဘူး ဖြစ်နေတယ်။ ကား ဈေးနှုန်း ကတော့ ခြုံပြီး ပြောရ ရင် တန်း နေတုန်းပဲ။ ဒါပေမဲ့ ဈေးချ ရောင်းရမယ့် အခြေ အနေ ဖြစ်နေ တယ်” ဟု ဟံသာဝတီ မော်တော် ယာဉ် ရောင်းဝယ်ရေး စခန်းမှ ၀ါရင့် ကား အကျိုးဆောင် တစ်ဦးက ရှင်း ပြသည်။

  • ပေးစာ ကဏ္ဍ

    Posted on July 13th, 2010

    Written by Web Admin

    Tags

    , ,

    ကျွန်တော်တွေးမိပါသည်

    ကျွန်တော်တွေးမိပါသည်

    မကြာသေး မီက မော်တော်ယာဉ်နှင့် နေထိုင်မှု ပစ္စည်း ဆိုင်ရာ ပြပွဲကို ခေတ်မီ မော်တော်ယာဉ်များ၊ ခေတ်မီ ပစ္စည်းများဖြင့် ခင်းကျင်း ပြသခဲ့ပါသည်။ ခေတ်မီ မော်တော်ယာဉ်များ ပြကွက် ၌ ခေတ်မီ မိန်းကလေး များကို မော်တော်ယာဉ် များနှင့် အတူ တွေ့ရပါသည်။ ခေတ်မီ မိန်းကလေး များ၏ ၀တ်စား ဆင်ယင်မှုမှာ မြန်မာ မိန်းကလေး များဟု မထင် ရလောက်အောင် ခေတ်မီ လှပါသည်။ မော်တော်ယာဉ်များ ပြသရာ၌ မိန်းကလေးများ မပါလျှင် ပြသ၍ မရ ဘူးလားဟု တွေးမိ ပါသည်။ မိန်းကလေးများ မပါ လျှင် မဖြစ်ဟု သတ်မှတ်ချက် ရှိခဲ့ ပါကလည်း မြန်မာ့ ရိုးရာ ယဉ်ကျေးမှုနှင့် အညီ ၀တ်စား ဆင်ယင် ထားသော မိန်းကလေး များသာ ဖြစ်သင့် သည်ဟု ထပ်ဆင့် တွေး မိပါသည်။

  • ရောက်တတ်ရာရာ

    Posted on July 5th, 2010

    Written by Web Admin

    Tags

    ကားဈေးကွက် အကျ ဘက် ဦးတည်

    ကားဈေးကွက် အကျ ဘက် ဦးတည်

    ဇွန် နောက်ဆုံးပတ် နှင့် ဇူလိုင် ပထမပတ် အတွင်း ကားဈေးကွက် ၌ လှုပ်လှုပ်ရှားရှား ဖြစ်ကာ အကျ ဘက်သို့ ဦးတည် နေကြောင်း၊ ယင်းသို့ ဖြစ်ရခြင်း အဓိက အကြောင်းရင်း များမှာ အမှတ် (၂) စက်မှု ၀န်ကြီး ဌာနမှ ထုတ်လုပ်သည့် ခေတ်မီ အဆင့်မြင့် ကား များ ထုတ်ရောင်းခြင်း၊ ဇွန် ၂၆ မှ ၂၈ ရက် Auto Mobile & Living Products Show တွင် ပြည်တွင်း ပုဂ္ဂလိက ထုတ်လုပ် သည့်ကားများ ပြသ ရောင်းချခြင်း၊ ဟိုတယ် နှင့် ခရီးသွား လုပ်ငန်း အတွက် မော်ဒယ်မြင့် ဘတ်စကားများ တင်သွင်း ခွင့်ပြုခြင်း၊ နိုင်ငံတော် စီမံကိန်း အချို့ကို အကောင် အထည် ဖော်လျက် ရှိသည့် လုပ်ငန်းရှင်ကြီး အချို့အား ယခင် နည်းတူ မော်ဒယ်မြင့် အိမ်စီးကား တင်သွင်းခွင့် ပြုမည့် အစီအစဉ် ရှိခြင်း စသည်တို့ကြောင့် ဖြစ်ကြောင်း သိရ သည်။

  • ရောက်တတ်ရာရာ

    Posted on July 5th, 2010

    Written by Web Admin

    Tags

    အကြီးစား မော်တော်ယာဉ် စီးရေ ၁,၀၀၀ ကို အိန္ဒိယ နိုင်ငံ Tata Motors Ltd. နှင့် ပူးပေါင်း ထုတ်လုပ်မည်

    အကြီးစား မော်တော်ယာဉ် စီးရေ ၁,၀၀၀ ကို အိန္ဒိယ နိုင်ငံ Tata Motors Ltd. နှင့် ပူးပေါင်း ထုတ်လုပ်မည်

    အမှတ်(၂) စက်မှု ၀န်ကြီးဌာန သည် အိန္ဒိယ နိုင်ငံ Tata Motors Ltd. နှင့် ပူးပေါင်း၍ လိုအပ်သော ကားများ ကို ထုတ်လုပ် သွားရန် နှင့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ China New Era Internal Inc. နှင့် ပူးပေါင်း၍ Gear Box များ ထုတ် လုပ် သွားရန် ဆောင်ရွက် နေပြီ ဖြစ် ကြောင်း သိရသည်။

    မကွေးမြို့

    အမှတ် (၂) စက်မှု ၀န်ကြီး ဌာန သည် မကွေးတိုင်း၊ မကွေးမြို့၊ ပုထိုး ခမ်း ကျေးရွာ အနီး၊ မကွေးမြို့မှ ခြောက် မိုင်ခန့် အကွာ မကွေး – တောင်တွင်း ကြီး သွားကားလမ်း ၏ အနောက် ဘက် သုံးမိုင်ခန့် အကွာ၌ Heavy Turbo Truck Manufacturing Plan, Gear & Transmission Plant နှင့် Automobile Traning Centre စီမံကိန်း လုပ်ငန်း ကို အကောင် အထည်ဖော် လျက်ရှိ ကြောင်း သိရသည်။

  • ၂၀၁၀ -၂၀၁၁ ခုနှစ် တွင် ကားမျိုးစုံ အစီး ၃,၀၀၀ ထုတ်လုပ် မည်

    ၂၀၁၀ -၂၀၁၁ ခုနှစ် တွင် ကားမျိုးစုံ အစီး ၃,၀၀၀ ထုတ်လုပ် မည်

    Myanmar Double Cab မော် တော်ကား၊ Myanmar Single Cab မော်တော်ကား၊ Sport Utility Vehicle (SUV) မော်တော် ကား၊ Myanmar Station Wagon (MSW) မော်တော်ကား၊ Myanmar Micro Bus (15 seater) မော်တော်ကား၊ Myanmar Mini Bus (29 Seater) မော် တော်ကား၊ Pathfinder မော်တော် ကား၊ Estate Wagon Jeep မော် တော်ကားများ ထုတ်လုပ် လျက်ရှိပြီး ဈေးကွက် တွင် မိတ်ဆက် လိုက်ပြီ ဖြစ် ကြောင်း သိရသည်။

  • ရန်ကုန်ဇုန် ဟိုတယ် လုပ်ငန်းရှင်များ အား လုပ်ငန်းသုံး မော်တော်ယာဉ် မဲနှိုက် ချထားပေး

    ရန်ကုန်ဇုန် ဟိုတယ် ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းမှ အသင်းဝင် ဟိုတယ် လုပ်ငန်းရှင် များကို လုပ်ငန်း သုံး မော်တော်ယာဉ် များကို မဲစနစ် ဖြင့် ချထား ပေးကြောင်း၊ အဆိုပါ မဲစနစ်ဖြင့် ခွဲဝေ ချထားမှုအား ဇွန် ၂၄ရက် မွန်းလွဲ ၁နာရီမှ စတင်၍ ညနေ ၅နာရီထိ Asia Plaza ဟိုတယ်၌ ကျင်းပ ခဲ့သည်။

    ဟိုတယ် လုပ်ငန်းရှင် များအတွက် လုပ်ငန်းသုံး မော်တော်ယာဉ် များ ကို မြန်မာနိုင်ငံ ဟိုတယ် ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း (ရုံးချုပ်) မော်တော် ယာဉ်များကို မဲစနစ်ဖြင့် ရောင်းချ ပေးမည် ဖြစ်သည်။ ရန်ကုန်ဇုန် ဟိုတယ် လုပ်ငန်းရှင်များ အတွက် မော်တော်ယာဉ် စီးရေ ၅၁ စီး ရရှိမည် ဖြစ်ပြီး လက်ရှိတွင် ရန်ကုန်ဇုန် ၌ ဟိုတယ် အလုံး ၁၄၃ လုံးရှိရာ မဲစနစ်ဖြင့် ခွဲဝေချ ထား ပေးကြောင်း သိရသည်။

    ဟိုတယ် လုပ်ငန်းရှင်များ အတွက် ကားစီးရေ ၂၀၀ ကို လုပ်ငန်းသုံး ဆောင်ရွက် နိုင်ရန် ရောင်းချ ပေးမည် ဖြစ်ရာ ကားစီးရေ ၂၀၀ ကို ဟိုတယ် ဇုန်များ အလိုက် ကားစီးရေ အညီအမျှ ရရှိစေရန် ဟိုတယ် အသင်း (ရုံးချုပ်) မှ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။ “မဲနှိုက်ရရှိမယ့် ကားအမျိုး အစားက နှစ်မျိုးဖြစ်တယ်၊ တိုယိုတာ ၂၀၁၀ မော်ဒယ်၊ Brand new ဘယ်စောင်း ကား ဖြစ်ပြီး ခုနစ်ယေက် စီးနဲ့ ၁၅ ယောက်စီး ကားဖြစ်တယ်။ အားလုံးက ဂျပန်နိုင်ငံ က တင်သွင်း မှာဖြစ်တယ်” ဟု ရန်ကုန်ဇုန်မှ ဒုဥက္ကဋ္ဌ ဦးသိန်းရွှေ က ဆိုသည်။ အဆိုပါ မဲစနစ်ဖြင့် မဲမနှိုက်ခင် အသင်းဝင် ဟိုတယ်များက အသင်းဝင်ကြေးများကို ထည့်သွင်း ကြပြီးနောက် မဲနှိုက် ခဲ့သည်။ တိုယိုတာ ဟိုင်းအေ့စ် ၁၅ ယောက်စီး ကား အမျိုးအစားမှာ အမေရိကန် ဒေါ်လာ ၃၄,၆၀၀ဖြစ်ပြီး ခုနစ်ယောက်စီး Previa ၂၀၁၀ မော်ဒယ်ကား အမျိုး အစားမှာ အမေရိကန် ဒေါ်လာ ၃၈,၈၀၀ ဖြစ်ကြောင်း သိရသည်။

  • စင်ကာပူ နှင့် တရုတ် ကုမ္ပဏီ ပူေးပါင်း ၍ မြန်မာနိုင်ငံ တွင် လိုက်ထရပ် ကားများ ဖြန့်ဖြူး ရောင်းချ ရန်ရှိ

    စင်ကာပူ အခြေစိုက် ကုမ္ပဏီ တစ်ခု ဖြစ်သည့် Yoma Strategic Holdings က မြန်မာ နိုင်ငံတွင် လိုက်ထရပ် ယာဉ်များ ဖြန့်ဖြူး ရောင်း ချ နိုင်ရန် အတွက် တရုတ် နိုင်ငံမှ ကုမ္ပဏီနှစ်ခု နှင့် ၁၀ နှစ် သဘောတူ ညီမှု ပြုလုပ် ထားကြောင်း အင်တာ နက် သတင်းများ အရ သိရသည်။

    သဘော တူညီမှု အရ Yoma ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံ တွင် လိုက်ထရပ် ကားများကို သီးသန့် ကိုယ်စားလှယ် အဖြစ် ဖြန့်ဖြူး ရောင်း ချခွင့် ရရှိမည် ဖြစ်သည်။ လုပ်ငန်း ပူး ပေါင်း လုပ်ကိုင်မည့် တရုတ် ကုမ္ပဏီ နှစ်ခုမှာ Dongfeng Automobile နှင့် Guandong Machinery Import & Export ကုမ္ပဏီ တို့ ဖြစ် သည်။ Yoma ကုမ္ပဏီ အနေဖြင့် မြန် မာနိုင်ငံ၌ Donfeng ကားအ ရောင်း စင်တာ များ ဖွင့်လှစ်ခြင်း၊ သွင်း ကုန် လိုင်စင်များ ရရှိရန် ဆောင်ရွက် ခြင်း ကိစ္စရပ်များ ကို ဆောင်ရွက် ပေး မည် ဖြစ်သည်။

  • အရောင်းအ၀ယ် ပါး သော်လည်း ကားဈေး မကျ

    အရောင်းအ၀ယ် ပါး သော်လည်း ကားဈေး မကျ

    ဟံသာဝတီ မော်တော်ယာဉ် ရောင်းဝယ်ရေး စခန်းရှိ ၀ါရင့်ကား အကျိုးဆောင် တစ်ဦးက “ကားဈေး ကွက် ကတော့ အရောင်းအ၀ယ် ပါး တယ်။ ကမ္ဘာ့ဖလား ပွဲတို့၊ တရုတ်နှစ် ကူးတို့ စတဲ့ ပွဲတွေ ရှိရင် အရောင်း အ၀ယ် ပါးသွား တာပဲ။ ကျွန်တော် တောင် ဒီ အပတ်အတွင်းမှာ စူဇူကီး R- တစ်စီးကို ၁၂၅ သိန်းနဲ့ အရောင်း အ၀ယ် ဖြစ်တယ်။ အဲဒီ နောက်ပိုင်း မရှိဘူး။ ကား ဈေးနှုန်း တွေကတော့ အရောင်း အ၀ယ် ပါးပေမယ့် ခေါ်ဈေး မကျသေးဘူ။ ဈေးတန့် နေတယ်” ဟု ဆိုသည်။

    ဈေးကွက် အတွင်းရှိ ကားခေါ် ဈေးနှုန်း ထားများမှာ စူပါဆလွန်း “သ” တစ်စီးသိန်း ၂၂၀ ၀န်းကျင်၊ မတ်တူး ၉၂ (ဒီဇယ်) တစ်စီး သိန်း ၅၀၀ ၀န်း ကျင်၊ စူဇူကီး R+ အနီရောင် တစ်စီး ကျပ်သိန်း ၃၅၀ ၀န်းကျင်၊ တိုယိုတာ ဗင် ဖင်ကောက် (ဒီဇယ်) ၃၈ (လေလံ) တစ်စီး ကျပ်သိန်း ၇၅၀ ၀န်းကျင်၊ တို ယိုတာ လီမိတက် “၉က” တစ်စီး ကျပ် သိန်း ၃၅၀ ၀န်းကျင်၊ ဟိုင်းလက် ခေါင်းလုံး (ဒီဇယ်) တစ်စီး ကျပ်သိန်း ၃၀၀ ၀န်းကျင်၊ ရာဇာဂျစ် တစ်စီးကျပ် ၅၅ သိန်းဝန်းကျင်၊ှဏီ ဂျစ် “၈ခ” တစ်စီး ကျပ်သိန်း ၁၁၀ ၀န်းကျင်ခေါ် ဈေး ရှိကြောင်း ကားဈေးကွက် အတွင်း မှ သိရသည်။

  • ကားခေါ်ဈေးနှုန်း အမျိုးအစား အလိုက် ကျပ် ၁၅သိန်းမှ သိန်း၅၀ အထိ မြင့်တက်

    ကားခေါ်ဈေးနှုန်း အမျိုးအစား အလိုက် ကျပ် ၁၅သိန်းမှ သိန်း၅၀ အထိ မြင့်တက်

    လက်ရှိ မော်တော်ယာဉ် ဈေးကွက် အခြေအနေ နှင့် ပတ်သက်၍ ဟံသာ ၀တီ မော်တော်ယာဉ် ရောင်းဝယ်ရေး စခန်း အခြေစိုက် ၀ါရင့် ကားအကျိုး ဆောင် ဦးမိုးကျော်က “ လက်ရှိကား ဈေးကွက်က မှန်းရ ခက်တယ်။ တစ် လောက အရောင်း အ၀ယ်ပါးပြီး ဒီ တစ်ရက် နှစ်ရက်မှာ ၀ိုင်းထဲ လာမေးပြီး ကြည့်သူ ရောင်းသူတွေနဲ့ စည်ကား သွားတယ်။ ကားဈေး လည်း အနိမ့် ကား ဆို ကျပ် ၁၅ သိန်းနဲ့ ၂၀ သိန်း လောက် တက်ပြီး အမြင့်ကား ဆို သိန်း ၅၀ လောက် ခေါ်ဈေး မြင့်သွားတယ်။ အရောင်း အ၀ယ် အရမ်း ကောင်းနေ တာတော့ မဟုတ်ဘူး။ အခု ရက်ပိုင်း အရောင်း အ၀ယ်ဖြစ်တာက အနိမ့် ကားတွေ များတယ်။ ကျပ်သိန်း ၁၀၀ ကျော်ကနေ သိန်း ၄၀၀ ပတ်လည် ကားတွေ အရောင်းသွက် ပြီး ဈေးအ မြင့် ကားတွေ အရောင်းအ၀ယ် ပါး တယ်။ အရင်က သိန်း ၂၀၀ ပတ်လည် စူပါ ဆလွန်း တွေ အခု ၂၁၅ သိန်း ခေါ် တယ်။ လေလံ ပါဂျဲရိုး အက္ခရာ ၃ဂ အလုံးချိန်ပြီး အရင်က သိန်း ၉၀၀ ပတ်လည် ကနေ အခု သိန်း ၉၅၀ အထိ ခေါ်ဈေး မြင့်တက် သွားတယ်” ဟု ဆိုသည်။

  • ရောက်တတ်ရာရာ

    Posted on June 4th, 2010

    Written by Web Admin

    Tags

    ကျောင်းဖွင့် ရာသီ ကားဈေးကွက် ယခင်နှစ်ကို မမီ ဟုဆို

    ကျောင်းဖွင့် ရာသီ ကားဈေးကွက် ယခင်နှစ်ကို မမီ ဟုဆို

    ယခုရက်ပိုင်း ကားဈေးကွက် အခြေအနေ နှင့်ပတ်သက်၍ ဟံသာ ၀တီ မော်တော်ယာဉ် ရောင်းဝယ်ရေး စခန်းရှိ ၀ါရင့် ကားအကျိုးဆောင် တစ်ဦးက “ဒီနှစ် ကျောင်းဖွင့် ရာသီ ကားဈေးကွက်က မနှစ်က ဒီလို အချိန် လောက် မကောင်းဘူး။ ကား အ ရောင်းအ၀ယ် ကျဲကျဲပဲ ဖြစ်တယ်။ ကားဈေး ကတော့ အတက် အကျ မရှိ တန့် နေတယ်။ အ၀ယ်လိုက် တဲ့ ကား တွေကတော့ အလယ် အလတ် ကား တွေပဲ။ ကား အခြေအနေ ပေါ်ကြည့် ပြီး ကားသန့်ရင် သန့်သလို ဈေးနည်း နည်း ကွာသွားတယ်။ ဈေးကွက် ထဲမှာ အမြင့်ကား တွေလည်း အရောင်းအ ၀ယ် ရှိတယ်။ မနှစ်က ဒီလို အချိန်အ ၀ယ်လိုက်တဲ့ လိုက်ထရပ်၊ ဟိုင်းလတ် ကားတွေ ဒီနှစ် ပုံမှန် လောက်ပဲ အရောင်း အ၀ယ် ဖြစ်တယ်” ဟုဆိုသည်။

  • Older Posts Yeah! There are more posts, check them out.

PHVsPjxsaT48c3Ryb25nPndvb19hYm91dDwvc3Ryb25nPiAtIDwvbGk+PGxpPjxzdHJvbmc+d29vX2FkX2ltYWdlXzE8L3N0cm9uZz4gLSAvaW1hZ2VzL2FkLmdpZjwvbGk+PGxpPjxzdHJvbmc+d29vX2FkX2ltYWdlXzI8L3N0cm9uZz4gLSAvaW1hZ2VzL2FkLmdpZjwvbGk+PGxpPjxzdHJvbmc+d29vX2FkX3VybF8xPC9zdHJvbmc+IC0gaHR0cDovL2V4YW1wbGUuY29tPC9saT48bGk+PHN0cm9uZz53b29fYWRfdXJsXzI8L3N0cm9uZz4gLSBodHRwOi8vZXhhbXBsZS5jb208L2xpPjxsaT48c3Ryb25nPndvb19hbHRfc3R5bGVzaGVldDwvc3Ryb25nPiAtIGRlZmF1bHQuY3NzPC9saT48bGk+PHN0cm9uZz53b29fYXJjaGl2ZXM8L3N0cm9uZz4gLSA8L2xpPjxsaT48c3Ryb25nPndvb19hdXRvX2ltZzwvc3Ryb25nPiAtIGZhbHNlPC9saT48bGk+PHN0cm9uZz53b29fYmlvPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xPC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMTA8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xMTwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19jYXRfbWlkXzEyPC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMTM8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xNzI8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMTg8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xOTU8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMjA8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8yMDk8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMjE4PC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMjQ8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMzwvc3Ryb25nPiAtIGZhbHNlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF80PC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfNTwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19jYXRfbWlkXzY8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF83NDwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19jYXRfbWlkXzg8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X3RodW1iX2hlaWdodDwvc3Ryb25nPiAtIDc2PC9saT48bGk+PHN0cm9uZz53b29fY2F0X3RodW1iX3dpZHRoPC9zdHJvbmc+IC0gMjA3PC9saT48bGk+PHN0cm9uZz53b29fY3VzdG9tX2Nzczwvc3Ryb25nPiAtIDwvbGk+PGxpPjxzdHJvbmc+d29vX2N1c3RvbV9mYXZpY29uPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fZW1haWw8L3N0cm9uZz4gLSA8L2xpPjxsaT48c3Ryb25nPndvb19leGNsdWRlX2NhdHM8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fZmVhdHVyZWRfY2F0ZWdvcnk8L3N0cm9uZz4gLSAmYWFjdXRlOzwvbGk+PGxpPjxzdHJvbmc+d29vX2ZlZWRidXJuZXJfdXJsPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fZmxpY2tyX2VudHJpZXM8L3N0cm9uZz4gLSBTZWxlY3QgYSBudW1iZXI6PC9saT48bGk+PHN0cm9uZz53b29fZmxpY2tyX2lkPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fZ29vZ2xlX2FuYWx5dGljczwvc3Ryb25nPiAtIDxzY3JpcHQgdHlwZT1cInRleHQvamF2YXNjcmlwdFwiPg0KdmFyIGdhSnNIb3N0ID0gKChcImh0dHBzOlwiID09IGRvY3VtZW50LmxvY2F0aW9uLnByb3RvY29sKSA/IFwiaHR0cHM6Ly9zc2wuXCIgOiBcImh0dHA6Ly93d3cuXCIpOw0KZG9jdW1lbnQud3JpdGUodW5lc2NhcGUoXCIlM0NzY3JpcHQgc3JjPVwnXCIgKyBnYUpzSG9zdCArIFwiZ29vZ2xlLWFuYWx5dGljcy5jb20vZ2EuanNcJyB0eXBlPVwndGV4dC9qYXZhc2NyaXB0XCclM0UlM0Mvc2NyaXB0JTNFXCIpKTsNCjwvc2NyaXB0Pg0KPHNjcmlwdCB0eXBlPVwidGV4dC9qYXZhc2NyaXB0XCI+DQp0cnkgew0KdmFyIHBhZ2VUcmFja2VyID0gX2dhdC5fZ2V0VHJhY2tlcihcIlVBLTE2NjE2MDctMTJcIik7DQpwYWdlVHJhY2tlci5fdHJhY2tQYWdldmlldygpOw0KfSBjYXRjaChlcnIpIHt9PC9zY3JpcHQ+PC9saT48bGk+PHN0cm9uZz53b29faG9tZV9wb3N0czwvc3Ryb25nPiAtIDU8L2xpPjxsaT48c3Ryb25nPndvb19pbWFnZV9kaXNhYmxlPC9zdHJvbmc+IC0gZmFsc2U8L2xpPjxsaT48c3Ryb25nPndvb19pbWFnZV9oZWlnaHQ8L3N0cm9uZz4gLSAxNzM8L2xpPjxsaT48c3Ryb25nPndvb19pbWFnZV93aWR0aDwvc3Ryb25nPiAtIDIzMDwvbGk+PGxpPjxzdHJvbmc+d29vX2xvZ288L3N0cm9uZz4gLSBodHRwOi8vd3d3LnRoZW15YW5tYXJwb3N0LmNvbS93cC1jb250ZW50L3dvb191cGxvYWRzLzUtbG9nby5naWY8L2xpPjxsaT48c3Ryb25nPndvb19tYW51YWw8L3N0cm9uZz4gLSBodHRwOi8vd3d3Lndvb3RoZW1lcy5jb20vc3VwcG9ydC90aGVtZS1kb2N1bWVudGF0aW9uL29wZW4tYWlyLzwvbGk+PGxpPjxzdHJvbmc+d29vX3Jlc2l6ZTwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19zaG9ydG5hbWU8L3N0cm9uZz4gLSB3b288L2xpPjxsaT48c3Ryb25nPndvb19zaG93X2Jsb2c8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX3RoZW1lbmFtZTwvc3Ryb25nPiAtIE9wZW4gQWlyPC9saT48bGk+PHN0cm9uZz53b29fdGhlX2NvbnRlbnQ8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX3RodW1iX2hlaWdodDwvc3Ryb25nPiAtIDE0NTwvbGk+PGxpPjxzdHJvbmc+d29vX3RodW1iX3dpZHRoPC9zdHJvbmc+IC0gMjE4PC9saT48bGk+PHN0cm9uZz53b29fdHdpdHRlcjwvc3Ryb25nPiAtIDwvbGk+PGxpPjxzdHJvbmc+d29vX3VwbG9hZHM8L3N0cm9uZz4gLSBhOjI6e2k6MDtzOjYzOiJodHRwOi8vd3d3LnRoZW15YW5tYXJwb3N0LmNvbS93cC1jb250ZW50L3dvb191cGxvYWRzLzUtbG9nby5naWYiO2k6MTtzOjY1OiJodHRwOi8vd3d3LnRoZW15YW5tYXJwb3N0LmNvbS93cC1jb250ZW50L3dvb191cGxvYWRzLzQtMy1sb2dvLmdpZiI7fTwvbGk+PGxpPjxzdHJvbmc+d29vX3ZpZGVvX3Bvc3RzPC9zdHJvbmc+IC0gU2VsZWN0IGEgbnVtYmVyOjwvbGk+PGxpPjxzdHJvbmc+d29vX3ZpZHBhZ2U8L3N0cm9uZz4gLSBTZWxlY3QgYSBwYWdlOjwvbGk+PC91bD4=