The Myanmar Post - Myanmar News Journal

ကမ္ဘာ့ စီးပွားရေး ကျဆင်းမှုတွင် လုံးဝ မပါသည့် ပန်းအလှ စီးပွားရေး လုပ်ငန်း
ကမ္ဘာ့ စီးပွားရေး ကျဆင်းမှု ဖြစ်ရာ တွင် စီးပွားရေး ကျဆင်းမှု လုံးဝ မရှိသည့် လုပ်ငန်းမှာ ပန်းမန် အလှ စိုက်ပျိုးထုတ် လုပ် ရောင်းချသည့် လုပ်ငန်းဖြစ်ကြောင်း၊ တစ်နည်း အားဖြင့် ကမ္ဘာ့ ပန်းဈေးကွက် ဖြစ်ကြောင်း အဆိုပါ လုပ်ငန်းမှာ ဘယ် သော အခါမှ ကျဆင်းသွားမည် မဟုတ် ကြောင်း၊ ကိန်းဂဏန်း အားဖြင့် အမြဲတမ်း နှစ်စဉ် တိုးတက်မှုမှာ ငါးမှ ၁၀ ရာခိုင် နှုန်း အတွင်း ရှိနေကြောင်း၊ အကြောင်း အရင်းမှာ ပန်းမန်သုံးစွဲသူ လူဦးရေ ပိုများ လာခြင်း၊ လူဦးရေ တိုးပွား လာခြင်း၊ ၀ယ် ယူ သုံးစွဲ နိုင်မှု လူဦးရေ များလာခြင်း စသည့် တို့ကြောင့် ဖြစ်ကြောင်း မြန်မာ နိုင်ငံ ပန်းဝါသနာ ရှင်များ အသင်း အလုပ် အမှုဆောင် နှင့် Myanmar Flora Co., Ltd ၏ မန်နေဂျင်း ဒါရိုက်တာ၊ သစ်ခွပညာရှင်နှင့် အပင် တစ်သျူး ပညာ ရှင်ဖြစ်သူ ဒေါက်တာ စောလွင်က ဖေဖော်ဝါရီ ၂၀ ရက် တွင် ပြောကြား သည်။

တရုတ်ပြည်

တရုတ်ပြည်၌ ပန်းမန် လုပ်ငန်းကို တိုးချဲ့ လုပ်ကိုင် လျက်ရှိရာ သူတို့ ၏ မျှော် မှန်းချက်မှာ ယခုနှစ်တွင် အမေရိကန် ဒေါ် လာသန်း ၈၀၀ဖိုး နိုင်ငံခြား သို့ တင်ပို့ ရောင်းချ ရကြောင်း၊ ၂၀၁၅ ခုနှစ်တွင် အမေရိကန် ဒေါ်လာသန်း ၅,၀၀၀ ဖိုး ပြည်ပ ပို့ကုန် လုပ်နိုင်ရန် ချမှတ်ကြိုးပမ်း လျက်ရှိကြောင်း ဒေါက်တာ စောလွင်က ပြောကြားသည်။

မြေခင်းအလှလုပ်ငန်း

ကမ္ဘာတွင် မြေခင်း အလှပြုပြင်မှု လုပ်ငန်းမှာလည်း ခေတ်စား တွင်ကျယ် လာနေသဖြင့် ဧရာမ ဈေးကွက်ကြီးအဖြစ် ကြီးထွား လျက်ရှိနေကြောင်း၊ ကမ္ဘာ့မြေ ခင်း အလှ ပြုပြင်မှုလုပ်ငန်း ပမာဏသည် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၄,၀၀၀ ရှိကြောင်း၊ မြန်မာနိုင်ငံတွင်လည်း မြေခင်းအလှပြင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက် လျက်ရှိကြောင်း ဒေါက်တာ စောလွင်က ဆက်လက် ပြောကြားသည်။

ထိုင်းနိုင်ငံ

မြန်မာနိုင်ငံ ၏ အိမ်နီးချင်း ထိုင်းနိုင်ငံ သည် ၁၉၆၂ခုနှစ် သစ်ခွ စတင်စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချစဉ်က ၀င်ငွေ မှာ အမေရိကန် ဒေါ်လာလေးသောင်း၊ ငါး သောင်း ခန့်ပဲ ရှိခဲ့ ကြောင်း၊ ပြီးခဲ့သည့်နှစ် တွင် အမေရိကန် ဒေါ်လာ သန်း ၉၀ ဖိုး တင်ပို့ ခဲ့ရကြောင်း၊ သူတို့၏ မျှော်မှန်းချက် သည် လာမည့် ငါးနှစ်တွင် အမေရိ ကန် ဒေါ်လာ သန်း ၃၀၀ နှစ်စဉ် ပို့နိုင်ရန် ဖြစ် ကြောင်း၊ မြန်မာ နိုင်ငံ အနေနှင့် ထိုင်းကဲ့သို့ ပန်းမန် စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချမှု မျိုး ချက်ချင်း မဖြစ်နိုင် သေးသော်လည်း တစ်ချိန်ချိန် တွင်ဖြစ်လာ နိုင်ကြောင်း မြန်မာ နိုင်ငံ သည်ထိုင်းထက် ရာသီဥတုပိုစုံ ကြောင်း၊ ပန်းမန် အမျိုးလည်း ပိုများ ကြောင်း၊ လေကြောင်း သယ်ယူပို့ဆောင် မှု ပိုများလာလျှင် သစ်ခွ တင်ပို့မှု ပိုအဆင် ပြေ လာမည် ဖြစ်ကြောင်း ဒေါက်တာ စော လွင်က ပြောကြား သည်။

အနာဂတ် အလားအလာ ကောင်း မျှော်မှန်းပြီး ယခုကတည်းက ကြိုတင် ပြင်ဆင် လုပ်ကိုင် ထားရမည် ဖြစ်ကြောင်း၊ ကိုယ်ရဲ့ သစ်ခွမျိုးတွေ၊ ကိုယ်တိုင် စိုက်တဲ့ သစ်ခွ မျိုးတွေကို ဖော်ထုတ် ရမည်ဖြစ် ကြောင်း၊ ဖော်ထုတ်တဲ့ မျိုးတွေကို မှတ်ပုံ တင် စာရင်း လုပ်ရမည်ဖြစ်ကြောင်း၊ အဲဒီ လို လုပ်မှသာ ကိုယ့်ရဲ့ ပန်းမန်ကို တင်ပို့ ရောင်းချ ၍ ရမည် ဖြစ် ကြောင်း၊ နိုင်ငံခြား မျိုး ဒီမှာစိုက်ပြီး တင်ပို့ ရောင်းချ၍ ရမည် မဟုတ်ကြောင်း၊ အကြောင်းမှာသူတို့က မူပိုင်ခွင့် အရ မှတ်ပုံတင်ပြီး လုပ်ကိုင်နေ ကြခြင်းကြောင့် ဖြစ်ကြောင်း ပြောကြား သည်။ နိဂုံးချုပ် အားဖြင့် ပြောကြား ရာတွင် သစ်ခွကို ပိုပြီး အလေးအနက် ထားလုပ် ကိုင်နိုင်ရေး အတွက် မြန်မာနိုင်ငံ သစ်ခွ အသင်း သီးခြား ထူထောင် ရန်လည်း ကြိုး ပမ်းနေကြောင်း၊ မြန်မာ့ သစ်ခွကို ပြည်ပ တင်ပို့ဖို့ အထိ ကျွန်တော်တို့ ရည်ရွယ် ကြောင်း ဒေါက်တာ စောလွင်က ပြော ကြားသည်။

မြန်မာပို့စ်

ပြည်တွင်းသုံး ကမ်းလွန် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း မိုင်၁၀၀ကျော် သွယ်တန်း ပြီးစီး
ရန်ကုန်မြို့သို့ လျှပ်စစ် ဓာတ်အား ပိုမို ဖြန့် ဖြူး နိုင်ရန် ရည်ရွယ် တည်ဆောက် လျက် ရှိသည့် ရတနာ – ရန်ကုန် ၂၄ လက်မ ပြည်တွင်း သုံး ကမ်း လွန် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းပြီး ဖြစ် ကြောင်း စွမ်းအင် ၀န်ကြီးဌာန က တရားဝင် ထုတ် ပြန်ထားသည်။

အဆိုပါ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း မှာ ကုန်းတွင်းပိုင်း ၈၇ မိုင် သွယ်တန်း ရန်ရှိသည့် အနက် ၆၉ မိုင်သွယ် တန်းပြီး စီး၍ ကမ်းလွန်ပိုင်း တွင်မူ ၉၅ မိုင်ရှိသည့် အနက် ၃၆ မိုင် သွယ်တန်းပြီး ဖြစ်ရာ စုစုပေါင်း ၁၀၅ မိုင်သွယ် တန်းပြီးကြောင်း စွမ်းအင် ၀န်ကြီးဌာနက နိုင်ငံပိုင် သတင်းစာ များ တွင် ဖော်ပြ ထားသည်။ အဆိုပါ ပိုက်လိုင်းမှာ ကမ်းလွန် ရတနာ လုပ်ကွက်မှ သဘာဝ ဓာတ်ငွေ့ များကို ၂၄ လက်မ ပိုက်လိုင်းဖြင့် ရန်ကုန် သို့ သွယ်ယူ၍ လျှပ်စစ်ဓာတ်အား ပေးလုပ်ငန်း များ တွင်အသုံးပြု၍ ဆောင်ရွက်လျက် ရှိသည့် ပိုက် လိုင်း ဖြစ်သည်။ ပိုက်လိုင်း ဖြတ်သန်းရာ တွင် မြစ် ချောင်းများကို ဖြတ်သန်း ရသဖြင့် မြစ်ဖြတ် ပိုက် လိုင်းများ တည်ဆောက် လျက်ရှိပြီး ကမ်းလွန်ပိုင်း တွင်လည်း ပိုက်လိုင်း သွယ်တန်းမှုများကို ဆောင် ရွက် လျက် ရှိကြောင်း သတင်း ထုတ်ပြန်ချက် တွင်ပါ ရှိသည်။ လက်ရှိ ရန်ကုန်မြို့တွင် မြို့နယ်၊ ရပ်ကွက် အလိုက် A,B,C အုပ်စု သုံးစုခွဲ၍ လျှပ်စစ်ဓာတ် အားကို အလှည့်ကျ စနစ်ဖြင့် ဖြန့်ဝေ လျက်ရှိရာ အဆိုပါ ပိုက်လိုင်း ပြီးစီးပါက လျှပ်စစ် ဓာတ်အား ပိုမို ရရှိ လာဖွယ်ရှိသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ အကြီးဆုံး ရေအားလျှပ် စစ် ထုတ်လုပ်ရေး စီမံကိန်းကြီးဖြစ်သည့် ရဲရွာစီမံ ကိန်းမှလည်း မော်တာ လေးလုံး ရှိသည့် အနက်တစ် လုံးကို စတင် စမ်းသပ် လည်ပတ်လျက် ရှိပြီး မကြာ မီ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူး နိုင်မည်ဟု နိုင်ငံပိုင် သတင်းစာ များတွင်ပါရှိသည်။

News Image

အိုင်တီ ရှော့ပင်းမော ဧပြီတွင် ဖွင့်လှစ် ရန်ရှိ
ရန်ကုန်မြို့ ပါရမီ လမ်းပေါ်ရှိ ပါရမီ ရှောပင်း မောတွင် မြန်မာပြည် ၏ ပထမဆုံးသော အိုင်တီ ရှော့ပင်းမော (IT Shopping Mall) ကို ဧပြီလဆန်း ပိုင်းတွင် စတင်ကာ ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း Blue Ocean CEO ဦးထွန်းထွန်းနိုင် ကပြောသည်။

အဆိုပါ shopping mall စတုရန်းပေ ၁၂,၀၀၀ ကျော်ရှိပြီး ဆိုင်ခန်း ၄၀နှင့် Mini Theatre  နှင့် Mini Spa စသည်တို့ ပါဝင်မည် ဖြစ်ကြောင်း အဆိုပါ ပုဂ္ဂိုလ်ကဆိုသည်။ ဆိုင်ခန်း များတွင် Hardware, Mobile phone, ကွန်ပျူတာ ဆားဗစ်နှင့် Cyber Cafe စသည်တို့ ပါဝင်မည် ဖြစ်သည်။     လက်ရှိတွင် အဆိုပါ ရှော့ပင်း မောတွင် ဆိုင်ခန်း ဖွင့်လှစ် မည့် သူများ အား စတု ရန်း ပေဖြင့် ငှားရမ်း သွားမည်ဖြစ်ပြီး ဈေးနှုန်း သတ်မှတ်ချက် တစ်စုံ တစ်ရာ မသတ်မှတ် ရသေး ကြောင်း သိရသည်။

“တစ်နေရာတည်းမှာ အိုင်တီ ပစ္စည်းတွေကို တစု တဝေးတည်း ၀ယ် လို့ ရမယ်။ နောက် တစ်ခုက ခေတ်အနေ အထားအရ အိုင်တီ ပစ္စည်းဆို တာက လူတိုင်း လိုလို လက်လှမ်း မီလာတဲ့အခါမှာ တစ်နေရာ တည်းမှာ တစု တဝေး တည်း အိုင်တီ ပစ္စည်းတွေကို ရွေးချယ် ခွင့်ရရင် အားလုံး အဆင်ပြေဖို့ ရည်ရွယ် ပါတယ်” ဟု အဆိုပါ ပုဂ္ဂိုလ်က ဆိုသည်။

ဆိုင်ခန်းများ ငှားရမ်းရာ၌ ဆိုင်ခန်း တစ်ခန်းလျှင် စတုရန်းပေ ဖြင့်သတ် မှတ်၍ ငှားရမ်းမည် ဖြစ်သည်။ ဆိုင်ခန်း ငှားရမ်း ရာတွင် မြန်မာ ကျပ်ငွေဖြင့်သာ ကောက်ခံ မည်ဖြစ်ပြီး  သတ်မှတ် ထားသည့် ငွေပမာဏ ဆိုင်ငှားခ ၏သုံးလစာ ကို စပေါ်အဖြစ် သတ်မှတ် သွားမည်ဖြစ်ရာ လစဉ် ဆိုင်ငှားခ ကိုမူ တစ်လချင်း ပေးသွင်း နိုင်ကြောင်း သိရသည်။

ပရိုမိုးရှင်း ဧရိယာကို IT ရှော့ပင်း မောတွင် ငှားရမ်းဖွင့်လှစ်ထား သည့်ဆိုင်များကိုသာ အဓိက ထား၍ ပရိုမိုးရှင်း အစီအစဉ် များ အတွက် အသုံး ပြုခွင့် ပေးသွား မည် ဖြစ်သည်။

“ပရိုမိုးရှင်း ဧရိယာကို အပြင်လူ တစ်ယောက်က ငှားရမ်း မယ်ဆိုရင် လက်ရှိ ဆိုင်ခန်း ငှားထားတဲ့ သူတွေနဲ့ မတိုက်ရင် စဉ်းစား သွားမှာပါ” ဟု  ဦးထွန်းထွန်းနိုင်က ပြောသည်။

ထို ရှော့ပင်းမော ရှိ  Mini Theatre မှာ စတုရန်းပေ ၄၀၀ ပတ်လည် ရှိ၍ ထိုင်ခုံပေါင်း ၁၆၀ ခန့် ပါရှိမည်ဖြစ်သည်။ အဆိုပါ သီရေတာတွင် မြန်မာဒီဗီဒီ၊ ရုပ်ရှင် လုပ်ငန်းမှ ခွင့်ပြုထားသည့် အင်္ဂလိပ် ဇာတ်ကားများကို တစ်နေ့လျှင် ငါးပွဲ ပြသ သွားမည်ဖြစ်သည်။  အသံ စနစ်ပိုင်းကို Dolby Thx Satisfaction စနစ်ဖြင့် ပြသ သွားမည် ဖြစ်ကြောင်း  BOD အဖွဲ့ဝင် ဦးနန္ဒဖြိုးက ပြောသည်။

“သီရေတာကို ပရိုမိုးရှင်းတွေနဲ့ အခြား အခမ်းအနား တွေလုပ်မယ်ဆို ငှားရမ်း လို့ရပါတယ်။ အိုင်တီ ရှော့ပင်း မောမှာ လူကြီးတွေ အတွက်လည်း အိုင်တီ ပစ္စည်းတွေ ရှိသလို ကလေး တွေအတွက် လည်း Network games  ဆိုင်တွေ ပါရှိပါတယ်” ဟု အဆိုပါ ပုဂ္ဂိုလ်က ဆိုသည်။

IT Shopping Mall ကို တခြားသော ရှော့ပင်းမော များ၏ စီမံအုပ် ချုပ်ရေး ပုံစံများဖြင့် အုပ်ချုပ် သွား၍ လုံခြုံရေး စနစ်ကို အထူး ဆောင်ရွက် သွားမည် ဖြစ်ပြီးနေ့စဉ် နံနက် ၉ နာရီမှ ည ၉ နာရီအထိ ဖွင့်လှစ်သွား မည်ဟု ဦးနန္ဒဖြိုးက ပြောသည်။

ခိုင်သဇင်အောင်

မူလ အတိုင်း ဆက်လက် အတည်ပြု၍ ပြစ်မှု ဆိုင်ရာ ပြင်ဆင်မှု များကို ပလပ်လိုက် ကြောင်း အမိန့်ချမှတ်
ရှေ့နေ ချုပ်ရုံးနှင့် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်း၊ မ၀င်းမမ (ခ) အငယ်လေး တို့က ရန်ကုန်တိုင်း တရားရုံး၏ စီရင်ချက်၊ အမိန့်နှင့်စီရင်ချက်ပါ သုံးသပ်ချက် များအပေါ် မကျေနပ် သဖြင့် တရားရုံးချုပ် (ရန်ကုန်) ၌ ပြစ်မှု ဆိုင်ရာ ပြင်ဆင်မှုများ တင်သွင်း တရားရုံး ချုပ်က နှစ်ဘက် အပြီးသတ် လျှောက်လဲချက် များကို ကြားနာပြီး မူလ အတိုင်း ဆက်လက် အတည်ပြု၍ ပြစ်မှု ဆိုင်ရာ ပြင်ဆင်မှု များကို ပလပ်လိုက် ကြောင်း အမိန့်ချမှတ်

ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ် ခင်ခင်ဝင်း၊ မ၀င်းမမ (ခ) အငယ်လေး တို့က ရန်ကုန် မြောက်ပိုင်းခရိုင် တ ရားရုံးက ပြစ်မှု ဆိုင်ရာ အမှုကြီးအမှတ် ၄၇/ ၂၀၀၉တွင် ချမှတ်သည့် စီရင် ချက်နှင့် အမိန့်ကို အတည်ပြု ခဲ့သည့် ရန်ကုန် တိုင်း တရားရုံး ပြစ်မှု ဆိုင်ရာ အယူခံမှု အမှတ် ၁၇၃ / ၂၀၀၉ နှင့် ၁၇၄ / ၂၀၀၉ အမှု များ၏ စီရင်ချက်နှင့် အမိန့်များ အပေါ်မကျေ နပ် သဖြင့် ဒေါ်အောင်ဆန်းစုကြည် က ပြစ်မှု ဆိုင်ရာ ပြင်ဆင်မှု အမှတ် ၆၀၀(ခ) / ၂၀၀၉ ကို လည်းကောင်း၊ ဒေါ်ခင်ခင်ဝင်း နှင့် မ၀င်းမမ(ခ) အငယ်လေး တို့က ပြစ်မှု ဆိုင်ရာပြင် ဆင်မှုအမှတ် ၆၀၁(ခ) /၂၀၀၉ ကို လည်းကောင်း တရားရုံးချုပ် (ရန်ကုန်) ၌ အသီးသီး တင်သွင်း ခဲ့ကြသည်။

ရှေ့နေချုပ် ရုံး ကလည်း ရန်ကုန် တိုင်း တရားရုံး ပြစ်မှု ဆိုင်ရာ အယူခံ မှု အမှတ် ၁၇၃ / ၂၀၀၉နှင့် ၁၇၄ / ၂၀၀၉ အမှုများ ၏ စီရင် ချက်ပါ သုံး သပ်ချက် များအပေါ် မကျေနပ် သ ဖြင့် ပြစ်မှု ဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ် မ ၄၃၅ အရ ပြစ်မှု ဆိုင်ရာ ပြင်ဆင် မှုအမှတ် ၆၁၉ (ခ) ၂၀၀၉ကို တရား ရုံးချုပ် (ရန်ကုန်) သို့ တင်သွင်းခဲ့သည်။

တရားရုံး ချုပ်က ရှေ့နေချုပ် ရုံး မှ တင်သွင်း သည့် ပြစ်မှု ဆိုင်ရာ ပြင် ဆင်မှု အမှတ် ၆၁၉ (ခ)၂၀၀၉နှင့် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင် ခင်ဝင်း၊ မ၀င်းမမ (ခ) အငယ်လေးတို့ တင်သွင်း သည့် ပြစ်မှု ဆိုင်ရာ ပြင် ဆင်မှု အမှတ် ၆၀၀(ခ) /၂၀၀၉နှင့် ၆၀၁(ခ)၂၀၀၉ တို့၌ နှစ်ဖက် အကျိုး ဆောင် ရှေ့နေများ၏ အပြီးသတ် လျှောက်လဲ ချက်များကို  ဇန်န၀ါရီ ၁၈ရက် တွင်ကြားနာ ခဲ့ပြီး ဖေဖော် ၀ါရီ ၂၆ ရက်တွင် ရန်ကုန်တိုင်း တရားရုံး ၏ စီရင်ချက် နှင့် အမိန့်များ ကို ဆက်လက် အတည်ပြု၍ အဆိုပါ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှုများ ကို ပလပ် လိုက်ကြောင်း အမိန့် ချမှတ် သည်။

အဆိုပါ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု များ အမိန့် ချမှတ်ရာသို့ ရှေ့နေချုပ် ရုံးမှ ညွှန်ကြား ရေးမှူး ဒေါ်ခင်ချိုအုန်း နှင့် ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ် ခင်ခင်ဝင်း၊ မ၀င်းမမ(ခ)အငယ်လေး တို့၏ရှေ့နေများဖြစ်ကြသော တရား ရုံးချုပ်ရှေ့နေ ဦးကြည်ဝင်း၊ ဦးဥာဏ် ၀င်း၊ ဒေါ်ခင်ဌေးကြွယ် နှင့် ဦးလှမျိုး မြင့်၊ မြန်မာနိုင်ငံ ဆိုင်ရာ နိုင်ငံခြား သံ ရုံးများ မှ သံအမတ် ကြီးများ လာရောက် ကြောင်း သိရသည်။

မြန်မာပို့စ်

ယခင် ကမ်းရိုးတန်းသုံး ဖုန်းများ ကို အရေ အတွက် အကန့် အသတ် မရှိ ဆက်သွယ် လုပ်ကိုင်ခွင့် ပြုမည်
နာဂစ် မုန်တိုင်း အပြီး တပ်ဆင် သုံးစွဲခွင့် ရခဲ့သော CDMA – 450 ကမ်းရိုးတန်း ဖုန်းများကို ယခင် က ကမ်းရိုးတန်း တိုင်း ဒေသအ သီးသီး တွင် တပ်ဆင် သုံးစွဲခွင့် ပြုပြီး နောက် ယခုအခါ ပြည်နယ် တိုင်းဒေ သ အသီးသီး တွင် တပ်ဆင် သုံးစွဲခွင့် ပြုသွားမည် ဟု မြန်မာ့ ဆက်သွယ် ရေး လုပ်ငန်း၏ တရားဝင် ပြောကြား ချက် အရ သိရသည်။

ထိုကဲ့သို့ ဆက်သွယ် လုပ်ကိုင် ခွင့် ပေးမည်ဖြစ်ရာ ယခင်က ကနဦး ပြည်နယ် နှင့် တိုင်း ကိုးခုတွင် တိုးချဲ့ သွားမည်ဟု စီစဉ် ဆောင်ရွက် ခဲ့ပြီးမှ ယခုကဲ့သို့  ပြည်နယ် တိုင်းအသီး သီးတွင် ချထား ပေးရန် စီစဉ် ရခြင်း ဖြစ်သည် ဟု မြန်မာ့ ဆက်သွယ် ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးကပြော သည်။ ကြိုတင် ငွေပေးချေ စနစ်ဖြင့် သုံးစွဲရမည့် အဆိုပါ ဖုန်းများကို တပ် ဆင်ခ အနေဖြင့် ကျပ် ၅,၀၀,၀၀၀ သတ်မှတ် ထားကြောင်း၊ CDMA 800 MHz Fixed ဖုန်း ကဲ့သို့ ပြည် နယ် တိုင်းကျော် တပ်ဆင် သုံးစွဲ၍ရ မည် မဟုတ်ကြောင်း၊ အထွက်ခေါ် ဆိုခ အနေဖြင့် တစ်မိနစ်ကျပ် ၅၀ သတ်မှတ် ထားကြောင်း သိရသည်။

CDMA – 800 MHz Fixed ဖုန်းမှာ ယခင်က Limited Area ဖြင့်သာ ဆက်သွယ်ပြောဆို၍ ရ မည်ဟု ဆိုသော်လည်း အမှန်တ ကယ် တပ်ဆင် သုံးစွဲခွင့် ရသောအခါ မြို့နယ်ကျော် သုံးစွဲခွင့် ရကြောင်း အ ဆိုပါ ဖုန်းတပ်ဆင် သုံးစွဲနေသူ တစ်ဦး က ပြောကြားသည်။

နာဂစ်မုန်တိုင်း ပြီးချိန်က CDMA – 450 ဖုန်းများ ကို နာဂစ် ဒဏ်ခံ ဒေသများ အတွင်း တပ်ဆင် သုံးစွဲ နိုင်အောင် အလျင်အမြန် စီစဉ် ပေးနိုင် ခဲ့ကြောင်း၊ ယခု ကဲ့သို့ တိုးချဲ့ သုံးစွဲခွင့် ရသည့်အတွက် ဆက်သွယ် ရေး ကဏ္ဍ တိုးတက်မှု တစ်ခု အဖြစ် မြင်မိကြောင်း ရန်ကုန်မြို့ရှိ ဟန်း ဆက် နှင့် အပိုပစ္စည်း အရောင်းဆိုင် ပိုင်ရှင် များက သုံးသပ် ပြောကြားကြ သည်။

အေးမြခိုင်

ကြက်ဘဲ ဈေးကြီး အားလုံး ပုံမှန် ဖွင့်လှစ်လျက်ရှိ ဈေးများ နှင့် ကုန်တိုက် ကြီးများ တွင် ကြက်ဘဲ အသား ရောင်းချ ခွင့်ပြုကြ
ရန်ကုန်မြို့ မင်္ဂလာ တောင်ညွှန့် ကြက် ဘဲဈေး ကို မပိတ်ကြောင်း၊ နေ့စဉ် ရုံပိတ်ရက် မရှိ ပုံမှန် ဖွင့်လှစ် လျက် ရှိကြောင်း၊ နေ့စဉ် ကြက်ဘဲ အ၀င်မှာ ပိဿာချိန် ၃၀,၀၀၀ ကျော် ၀န်းကျင် ဖြစ်ကြောင်း၊ ရောဂါကာ ကွယ်ရေး နှင့် သန့်ရှင်းရေး ကိုလည်း နေ့စဉ် အထူးပြု လုပ်လျက် ရှိကြောင်း၊ တိရစ္ဆာန် ဆေးကု ဆရာဝန် လေးဦးဖြင့် ကုန် အ၀င်အ ထွက် ကို နေ့စဉ် စစ်ဆေးပြီးမှ ဖြန့်ဖြူး ရောင်းချခွင့် ပြုလျက် ရှိကြောင်း ဈေးသာယာ ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဆွေသန်းက ဖေဖော်ဝါရီ ၂၇ ရက်တွင် မြန်မာပို့စ်သို့ ပြောကြားသည်။

မင်္ဂလာ တောင်ညွှန့် ကြက်ဘဲ ဈေးသို့ နေ့စဉ် ကြက်ဘဲ ကုန်ဝင် အခြေအနေမှာ ပိဿာ ချိန် ၃၀,၀၀၀ ကျော် ၀န်းကျင် ဖြစ်ကြောင်း၊ ဈေးနှုန်းမှာ တစ်ပိဿာလျှင် အသားတိုး ကြက် ကျပ် ၂၀၀ ၀န်းကျင်၊ ဒေသ ကြက် ကျပ် ၃၀၀ ၀န်းကျင် ဈေး အနည်းငယ် ကျဆင်းသွား ကြောင်း၊ ယခုအခါ အသားတိုး ကြက်တစ် ပိဿာ ကျပ် ၂,၅၀၀ ၊ ကျပ် ၂,၀၀၀၊ ဒေသ ကြက် တစ်ပိဿာ ကျပ် ၄ç၂၀၀ ဖြစ်ကြောင်း၊ ထိုသို့ ဈေးကျ သွားခြင်း အဓိက အကြောင်း ရင်းမှာ ၀ယ်လိုအား အနည်းငယ် လျော့ သွားခြင်း ကြောင့်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ က စနစ်တကျ စစ်ဆေးပြီးမှ ဈေးများတွင် ရောင်းချ ခွင့်ပြုသည့် အတွက် စားသုံး သူများ အတွက် စိုးရိမ်စရာ မရှိကြောင်း ဦးဆွေသန်း က ဆက်လက် ပြောကြားသည်။

ကြက်ဘဲ အဓိကဒိုင်ကြီး ဖြစ်သည့် မင်္ဂ လာ တောင်ညွှန့် ကြက်ဘဲ ဈေးကဲ့သို့ပင် ကြည့် မြင်တိုင် ကြက်ဘဲ ဈေးနှင့် လှိုင်သာယာ ကြက် ဘဲဈေး များကိုလည်း ပုံမှန် ဖွင့်လှစ် လျက်ရှိ ကြောင်း၊ ရန်ကုန် မြို့တွင်းရှိ ဈေးများနှင့် ကုန်တိုက် ကြီးများတွင် ကြက်ဘဲ အသားရောင်း ချခွင့် ပြုထားကြောင်း၊ သက်ဆိုင်ရာ ရန်ကုန် တိုင်း မွေးမြူရေး နှင့် ကုသရေး ဦးစီးဌာနမှ ယနေ့ စုံစမ်း မေးမြန်း အတည်ပြု ချက်ရရှိ ကြောင်း မင်္ဂလာ တောင်ညွှန့် ကြက်ဘဲဈေး သာယာရေး အဖွဲ့ဥက္ကဋ္ဌ ဦးဆွေသန်း က ပြော ကြားသည်။

မြန်မာပို့စ်

ရန်ကုန် ကလေး ဆေးရုံကြီးတွင် ကမ္ဘာ့ လူတုပ်ကွေး A(H1N1) ကြောင့် တက်ရောက် ကုသ နေသူ မရှိ
ရန်ကုန်တိုင်း အတွင်း လူတုပ် ကွေး ဖြစ်ပွားမှုနှင့် ပတ်သက်၍ မြို့ နယ် အချို့တွင် ပျံ့နှံ့ နေပြီ ဆိုသော် လည်း ရန်ကုန် ကလေး ဆေးရုံကြီး တွင် မူ တက်ရောက် ကုသ သူမရှိ ကြောင်း အဆိုပါ ကလေး ဆေးရုံကြီးမှ အထူး ကု ဆရာဝန်ကြီး တစ်ဦးက ပြောကြား သည်။ A(H1N1) ရောဂါသည် နုနယ် သူကလေးငယ်များ  အသက်အရွယ် ကြီးသူ လူကြီး များနှင့် ကိုယ်ခံ အား နည်းသူ၊ ရောဂါ အခံရှိသူများ တွင် ဖြစ်ပွားပါက အသက် အန္တရာယ်စိုး ရိမ် ရသည် အထိ အန္တရာယ် ကြီးမား စေသည်။ ပင်ကို ကိုယ်ခံအား ကောင်း သူများ တွင်မူ အဆိုပါ ရောဂါမှာ မသိ သာလှဘဲ ပျောက်ကင်း သွားသည် များလည်း ရှိကြောင်း သိရသည်။

လူတုပ်ကွေး A(H1N1) သည် ပြည်ပ နိုင်ငံများ မှတစ်ဆင့် စတင် ကာ မြန်မာနိုင်ငံ အတွင်း စတင်ဝင် ရောက် လာခြင်း ဖြစ်ရာ ယခင်က ပြည်ပမှ ပြန်လည် ရောက်ရှိလာ သူ များကို စောင့်ကြည့် ခဲ့ရသည်။ ယခု အခါ ရန်ကုန်တိုင်း အတွင်း မြို့နယ် အတော်များများ၌ ဖြစ်ပွား လာသည် ကို တွေ့ရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိ သူများနှင့် ကျန်းမာရေး ဌာနက ကြီးကြပ် ဆောင်ရွက်နေ ကြောင်း သိရသည်။ အဆိုပါက ကိစ္စရပ်နှင့် ပတ်သက်၍ ရန်ကုန်မြို့ ကလေး ဆေးရုံကြီးသို့ သွားရောက် စုံစမ်းရာ သက်ဆိုင်ရာ တာဝန်ရှိသူ က A(H1N1) ဖြစ်ပွား သူ ကလေး ငယ်များ ရောက်ရှိ ပြသခြင်း၊ ဆေးရုံ တင် ကုသပေးရခြင်းများ မရှိကြောင်း ပြောကြားသည်။

“ဒီရောဂါ တွေ့တဲ့နေရာတွေ က ဆင်ခြေဖုံး ရပ်ကွက် တွေမှာဆို တော့ နီးစပ်တဲ့ ဆေးရုံ တွေမှာ တင် ပြီး ကု နေကြတဲ့ အတွက် ကလေး ဆေးရုံကို မလာ တာလည်း ဖြစ်နိုင် တယ်။ လူတုပ်ကွေးက လူအများ စုဝေးတဲ့ နေရာတွေမှာ အုပ်စု လိုက် ကူးစက် လေ့ရှိတာ ဆိုတော့ တစ် နေရာတည်းမှာ စုစုစည်းစည်း နဲ့ စောင့်ကြည့် ကုသပေး နေတဲ့ အနေ အထား မှာရှိတယ်” ဟုကလေး ဆေးရုံ ကြီးမှ အထူးကု ဆရာဝန်ကြီး ကပြော ကြားသည်။ ပြည်ပ နိုင်ငံ များတွင် ကမ္ဘာ့ လူတုပ် ကွေး ရောဂါ A(H1N1) နှင့် ပတ်သက်၍ ကာကွယ်ဆေးများ ထိုးထား ကြသဖြင့် ရောဂါ ဖြစ်ပွားမှု နည်းပါး နေပြီး ကြောက်စရာ ကပ် ရောဂါဆိုးဟု မယူဆ ကြတော့ဘဲ ရှိနေသည် ဟုဆိုသည်။

မည်သို့ပင် ဆိုစေကာ လက်ရှိ တွင် ရန်ကုန်တိုင်း အတွင်းနှင့် မြို့ နယ် ဒေသ အချို့တွင် အဆိုပါရော ဂါမှာ ပျံ့နှံ့ လျက် ရှိနေပြီ ဖြစ်ရာ ကိုယ် တိုင် ကိုယ်ခံအား ကောင်းမွန်ရန်၊ ကျင့်ကြံ နေထိုင်ရန် နှင့် လူအများ နှင့် ထိတွေ့ သွားလာ သည့် အခါများတွင် တစ်ရှုး သုံး၍ ချောင်းဆိုးခြင်း၊ နှာ ခေါင်း စည်းအကာ အကွယ် ယူခြင်းများ၊ လက်ဆေး သည့် အလေ့အကျင့် ကို ပို မို ကျင့်သုံးခြင်း များပြုလုပ် သင့်ကြောင်း သိရသည်။

အေးမြခိုင်

ကမ္ဘာလှည့် ခရီးသည် များ ပင်းတယ ဂူသို့ အ၀င်များ
ပင်းတယ မြို့ရှိ အထင်ရှား ဆုံးဖြစ်သော ပင်းတယ ရွှေဥမင်ဂူ သို့ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ ၀င်ရောက်မှုမှာ ၂၀၁၀ ဇန်န၀ါရီ နှင့် ဖေဖော်ဝါရီ လ၀က်အထိ ပြည်ပ ခရီးသွား ဧည့်သည် ဦးရေ ၃,၈၇၀ လာရောက် လေ့လာ ခဲ့ကြောင်း ပင်းတယ ရွှေဥမင်ဂူမှ ဂေါပကအဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

“ဒီနှစ်မှာ ပြည်ပ ဧည့်သည် ၀င်ရောက်မှု ကတော့ အများဆုံးပါပဲ။   ဇန်န၀ါရီက နိုင်ငံခြားသား ဧည့်သည် ၂,၅၇၂ ဦး လာရောက် ခဲ့တယ်။ ဖေဖော်ဝါရီ မှာတော့ ပိုများမယ်။ လ၀က်ပဲ ရှိသေးတယ်။ အခု ပြည်ပ ဧည့် သည် ၁,၂၉၈ ဦးရှိပြီ။ နိုင်ငံ ပေါင်းစုံ လူမျိုးပေါင်းစုံ လာတယ်” ဟု   အထက် ပါ ပုဂ္ဂိုလ်က ဆက်လက် ပြောကြားသည်။

ပင်းတယ ရွှေဥမင်ဂူ အား ပြင်သစ်၊ ဂျာမနီ၊ စပိန်လူမျိုးများက စိတ်ဝင် စားမှု များပြားသည်။ “သူတို့ ပြောတာ ကျွန်တော် ပြောပြရမယ် ဆိုရင် ဒီဂူက အလွန်ကို ကြီးကျယ် ခမ်းနားတယ်၊ ဘုရားတွေ အများကြီးကို ဘယ်လို တည်ထား ခဲ့တာကို သူတို့က စိတ်ဝင်စား ကြတယ်။ ပြီးတော့ ဒီဂူက တောင်တစ်ဝက်မှာ လိုဏ်ဂူ ဖြစ်ပြီး တည်ထားခြင်းက စိတ်ဝင်စားမှု ပိုတယ်” ဟု ထပ်လောင်း ပြောကြား သည်။

အဆိုပါ ရွှေဥ မင်ဂူသို့ နွေရာသီ တွင် ပြည်တွင်း ဧည့်သည် အများဆုံး လာရောက်ပြီး မိုးရာသီတွင် ဧည့်သည် ၀င်ရောက်မှု နည်းပါးကာ ဆောင်း ရာသီတွင် နိုင်ငံခြားသား ဧည့်သည်အများဆုံး လာရောက်ကြသည်။ လာ ရောက် မှတ်တမ်း တင်သော နိုင်ငံခြားသား ဧည့်သည်တစ်ဦးလျှင် ၀င်ကြေး သုံးဒေါ်လာ ကောက်ခံပြီး ကင်မရာ၊ ဗီဒီယို ကင်မရာ အတွက် သီးသန့် ကောက်ခံ ကြောင်း သိရသည်။

ယဉ်ယဉ်လှ

ကမ္ဘာလှည့်ခရီးသွား များ စိတ်ကျေနပ် နှစ်သက်မှု ကို ရရှိ စေသည့် လေ့လာရေး ခရီးကြမ်း အစီအစဉ်များ ဆောင်ရွက်ပေး
ကမ္ဘာလှည့် ခရီးသွား ဧည့်သည် များသည် trekking ဖြင့်လေ့လာ ခြင်းများကို ယခုနှစ် ပိုင်းတွင် အထူး ပိုမို စိတ်ဝင်စား လာခဲ့ကြ သည့် အလျောက် trekking ခရီး စဉ်များကို ပို့ဆောင် ပေးနေရမှု များ ပိုမို များပြား လာကြောင်း   ကလော မြို့ရှိ Golden Lily မှ တာဝန်ရှိသူက ပြောကြားသည်။

Trekking  ခရီးစဉ်မှာ ဒေ သခံ တိုင်းရင်းသား များနှင့် တိုက် ရိုက် ထိတွေ့ ဆက်ဆံ ရသည့် အ ပြင် တိုင်းရင်းသား လူမျိုး များ၏ နေထိုင် စားသောက်မှု၊ လူနေမှု ဘ၀များကို အနီးကပ် လေ့လာခွင့် ရသည့် အတွက် စိတ်ဝင်စားခြင်း ဖြစ်သည်။

“ဖေဖော်ဝါရီ ပထမပတ်ထဲ မှာ နိုင်ငံခြားသား ၁၅ ဦးကို ပို့ ဆောင်ပေးခဲ့ပြီး အခု ဒုတိယပတ် မှာ နိုင်ငံခြားသား ခရီးသည် ရှစ်ဦး ကို ထပ်မံ၍ trekking ခရီးစဉ် ပို့ဆောင် ပေးခဲ့ရတယ်။ ခရီးကြမ်း လေ့လာရေး မှာ ပလောင်၊ ဓနု၊ တောင် ရိုး၊ ပအို့ဝ်၊ အင်းသားစတဲ့ တိုင်းရင်းသား လူမျိုးများကို တွေ့ ရှိရပြီး ရိုးရာ ဓလေ့ ထုံးတမ်း စဉ်လာ တွေကို လေ့လာခွင့် ရလို့ ထူးခြား တဲ့ ခရီးစဉ်တွေ ဖြစ်ပါတယ်”ဟု ဆိုသည်။

အဆိုပါ ခရီးစဉ်ကို ငါးည အိပ်၊ ခြောက်ရက် ခရီးစဉ်ဖြင့် သွားရောက် ကြခြင်းဖြစ်သည်။ ဟင်းခါးကုန်း ရှိ ပလောင်ရွာ၊ ပန်းသင်ကုန်း ရှိ တောင်ရိုးရွာ၊ လမိုင်းရှိ ဓနုရွာ များတွင် တိုင်းရင်း သားအိမ် များ၌ ညအိပ်ကာ ခရီး ဆက်ခဲ့သည်။ ထို့နောက် လမိုင်း ရွာမှ ပအို့ဝ် တိုင်းရင်းသား များ အများဆုံး နေထိုင်သော နန်းအေး ရွာသို့ ခရီးဆက်လက် ထွက်ခွာပြီး ကုန်းလှရွာတွင် နေ့လယ်စာ စား သောက်ခဲ့သည်။ ကုန်းလှရွာမှ ပတ်ထူ ဘောင်ရွာနှင့် ထိသိမ်ရွာ သို့ သွားရောက် ခဲ့သည်။ ထိသိမ် ရွာမှ သဲသောင်ရွာသို့ ဆက်လက် ထွက်ခွာပြီး အင်းတိုင်းရွာ ကို ရောက်ရှိပြီး နောက် အင်းတိုင်းရွာ မှစက်လှေနဲ့ အင်းတိုင်းချောင်း ကိုဖြတ်ကာ ငါးဖယ်ချောင်၊ ညောင်ရွှေသို့ ခရီးဆက် ခဲ့ကြ သည်။

“ဒီ လေ့လာရေး ခရီးစဉ်ကို သွားတဲ့အခါမှာ တိုင်းရင်းသား လူမျိုး ငါးမျိုးနဲ့ တိုက်ရိုက် ထိတွေ့ လေ့လာခွင့် ရတဲ့အတွက် ပြည်ပ ဧည့်သည် များက အလွန် ကျေနပ် ခဲ့ကြတယ်။ သူတို့ စားတဲ့အစား အသောက်ကို စားကြည့်ကြတယ်။ သူတို့ လုပ်တဲ့ အလုပ်ကိုလည်း ၀င် ရောက် လုပ်ကိုင်ကြတယ်။ ကလေး တွေနဲ့ ကစားကြတယ်။ လုပ်ကိုင် တဲ့ အလုပ် တွေကို လေ့လာကြ တယ်။ လူနေမှု ဓလေ့စရိုက် တွေ ကို အနီးကပ် လေ့လာခွင့် ရတဲ့ အတွက် အလွန်ကို ကျေနပ်ခဲ့ကြ တယ်” ဟု ဆက်လက်ရှင်းပြခဲ့ သည်။

ယဉ်ယဉ်လှ

ဂျပ်ခုတ် ပညာရပ် မပျောက်ပျက် စေရန် ပင်းတယရှိ Golden Cave ဟိုတယ် တွင် သင်ကြား ပို့ချပေးနေ
တောင်ရိုး တိုင်းရင်းသား အမျိုး သမီးများ ၀တ်ဆင်သော ဂျပ်ခုတ် သင်တိုင်း ၀တ်စုံများ ရက်လုပ် သည့် ပညာရပ်များ မပျောက်ပျက် စေရန် ရည်ရွယ်၍ ဂျပ်ခုတ် ရက်လုပ်မှု ပညာ ရပ်ကို လက်ဆင့်ကမ်း သင်ကြားပေး နေကြောင်း ပင်းတယ မြို့ရှိ golden Cave ဟိုတယ်တွင် သင်ကြားပေး နေပြီဖြစ်ကြောင်း အဆိုပါ ဟိုတယ် ပိုင်ရှင် ဦးကျော်ထွေးက ပြောသည်။

“အခု ဒီမှာက ဂျပ်ခုတ်ပြီး ၀တ် တဲ့ အ၀တ်အစားကို သိပ် ၀တ်တာ မတွေ့ရ တော့ဘူး၊ အဲဒါက အရမ်းကို ရှား ပါးနေ ပြီ။ အမှန်က ဂျပ်ခုတ် သင်တိုင်း ရှည်က တောင်ရိုး တိုင်းရင်းသား တွေဝတ် ကြတာပါ။ ဒီဝတ်စား ဆင်ယင်မှုကို ပြန်လည် ဖော်ထုတ် ပေးဖို့အတွက် ဦးအနေနဲ့ တတ်နိုင်သမျှ ဆောင်ရွက်ပေးတယ်၊ ဦး ဟိုတယ်မှာ ရက်လုပ် တဲ့ အခန်းတစ်ခန်း ရှိတယ်။ အဲဒီမှာ ရက်တဲ့ သူကိုခေါ်ပြီး သင်ကြား ပေးစေ တယ်။ လာရောက်ပြီး သင်ယူ စေပါတယ်။ ရှမ်းရွာ က မသိမ်းဝေက သင်ကြားပေးတယ်။ စိတ်ဓာတ် ရေးရာ တွေဝင်လာ စေအောင် ဆောင်ရွက်ပေး နေပါတယ်။ အခု ဟိုတယ်မှာ ဂျပ်ခုတ် စင် ထားပေး ထားတယ်။ အမျိုးသမီး တွေကို သင်ယူစေတယ်။ အသက်မွေး ၀မ်းကျောင်း တစ်ခုလို ဖြစ်စေချင်တဲ့ ရည်ရွယ်ချက် ကြောင့် ဖွင့်လှစ် ပေးခဲ့ တာပါ” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆို သည်။

ဂျပ်ခုတ်ဖြင့် ရက်လုပ်သော ၀တ် စားဆင်ယင်မှု သည် တောင်ရိုး တိုင်း ရင်းသား ၀တ်စုံ ဖြစ်ပြီး ယခုအခါ တွင် ဂျပ်ခုတ်ဖြင့် ရက်သော အ၀တ်အထည် သည် ရက်လုပ်သော သူမရှိခြင်း၊ အလွယ်တကူ ချုပ်လုပ်ပြီး ၀တ်စား ဆင်ယင်သော ကြောင့် တဖြည်းဖြည်း ၀တ်ဆင်မှု မရှိဘဲ  ပျောက် ကွယ်ခြင်း ကြောင့် ယခုကဲ့သို့ ဂျပ်ခုတ် ရက်လုပ် မှုကို ပြန်လည် သင်ကြားပေးခဲ့ ခြင်းဖြစ်သည်။

ယဉ်ယဉ်လှ