The Myanmar Post - Myanmar News Journal » ခရီးသွား

ဘင်္ဂလား ပင်လယ်အော် ၏ အပျိုစင် (သို့) ငွေဆောင်ကမ်းခြေ သို့
ဝိသေသ များနှင့် ငွေဆောင်

ငွေဆောင် ကမ်းခြေသည် ၀ိသေသ များ စွာ ရှိသည်။ ၀ိသေသ များစွာအနက် သဲဖြူ ဖွေးခြင်း၊ ပင်လယ်ပြာ ခင်း၊ ရေကြည်ခြင်း၊ ကောင်းကင် ကြည်လင်ခြင်း၊ ကမ်းရိုးတန်း ရှည်လျားခြင်း၊ အုန်းပင် ပေါခြင်း၊ ရိုးမ နောက် ခံရှိခြင်း၊ ကမ်းခြေ စိမ်းစိုခြင်း၊ လူမရှုပ်ခြင်း၊ တောင်ကွေ့ တောင်စွယ် ရှိခြင်း၊ ကမ်းခြေသန့် ရှင်းခြင်း၊ အမှိုက် မရှိခြင်း၊ လမ်းပန်း ဆက်သွယ် ရေး ကောင်းမွန်လာခြင်း၊ ဆိုင်များစွာ ရှိခြင်း၊ ငွေဆောင်ဒေသခံတို့ စိတ်ရင်း ဖြူစင်ခြင်း ၀ိသေသ များနှင့် ပြည့်စုံ လှသည်။

အရှည်လျားဆုံး ကမ်းခြေ

ပင်လယ် ကမ်းခြေ ဆိုလျှင် သဲဖြူခြင်း သည် ကမ်းခြေ၏ အင်္ဂါရပ် တစ်ခုဖြစ်သည်။ ငွေဆောင် ဟုခေါ်ဆိုရ လောက်အောင် ကမ်း ခြေ တစ်ကွေ့တစ်လျှောက် မှ သဲတို့မှာ ဘော် ငွေရောင်ဖြစ်သည်။ ကမ်းခြေသည် အံ့သြ စရာ ကမ်းခြေဖြစ်သည်။ မြောက်ဘက် ကမ်း ခြေအစ ဇီးမှော်မှ သည် တောင်ဘက် မကျီး မော် အဆုံး ကိုးမိုင်ကျော် အရှည်တွင် ရှည် လျားသော ကမ်းခြေ တစ်လျှောက်လုံး သဲတို့ မှာ ဘော်ငွေရောင် အဆင်း ရှိသည့် တန်ဖိုး မဖြတ် နိုင်သော ကမ်းခြေတစ်ခုဖြစ်သည်။ ရေကြည် ရေသန့် ရေပြာခြင်း သည် ငွေ ဆောင်၏ အမှတ်အသား တစ်ခုဖြစ်သည်။

ငွေဆောင်၏အမှတ်အသား

ငွေဆောင်၏ အ မှတ် အသား တစ်ရပ်မှာ ဟိုတယ်ဝင်း တိုင်း ကြည့် လေရာ တွင် အုန်းပင် ပေါများ ခြင်းပင်ဖြစ်သည်။ ကမ်းခြေ တစ်လျှာက်ရှေ့ ရှိဟိုတယ် မျက်နှာစာ တွင် အုန်းတောခြံများ ပြည့်နှက် နေသည် ကိုတွေ့ရသည်။ ကွေ့ ကောက် နေသော အုန်းပင်၊ တန်းထောင်နေ သောအုန်းပင် မျိုးစုံသော အုန်းပင်များကို တွေ့မြင်ရသည်။

သဘာဝအလှအပများကို ထိန်းသိမ်းသင့်

ငွေဆောင် သည် လူသူ အရောက်နည်း ခြင်းကြောင့် သဘာဝ အနေအထား များမှာ မပျက်စီးဘဲ ရှိနေသည်။ ငွေဆောင်၏ သဘာဝ အလှအပ များကို ဆက်လက်ထိန်း သိမ်းရန်မှာ လည်း ဒေသခံများ အနေဖြင့် လည်း စုစုစည်းစည်း ကြိုးပမ်း ဆောင်ရွက် သင့် သည်။ ယခုအခါ ငွေဆောင် ဟိုတယ်ဆိုင် ရာ လုပ်ငန်းရှင်များ အသင်းကို ဖွဲ့စည်းပြီး ကမ်း ခြေအား သန့်ရှင်း စေရန် လုပ်ငန်းရှင် များမှ ချမှတ် အကောင်အထည် ဖော် နေသည်ကို သိရသည့် အပြင် ဒေသ အာဏာပိုင်၊ ဒေသ ခံ များကလည်း ပူးပေါင်း ဆောင်ရွက် သွားကြ ရမည်ဖြစ်သည်။

၁၀ နှစ် ကျော်ခဲ့ပြီ ငွေဆောင်

ယခုအခါ ငွေဆောင် ကမ်းခြေသည် ၁၀ နှစ် သက်တမ်း ကျော်လွန် ခဲ့ပြီဖြစ်ရာ တစ် နှစ်ထက် တစ်နှစ် ပိုမို ဖွံ့ဖြိုး တိုးတက်လာ သော ငွေဆောင်ကို လူတိုင်း သိလာကြပြီဖြစ် သည်။ ငွေဆောင် ဖွံ့ဖြိုး လာသည်နှင့် အမျှ ဟိုတယ် များမှာလည်း ပိုမို များပြား လာကြသည် ကိုတွေ့ရသည့် အပြင် တည်းခိုခန်း များလည်း ရှိလာပြီ ဖြစ်သည်။ ထို့ပြင် ငွေဆောင်တွင် တစ်ခု တည်းသော မြို့မ အဆင့်မြင့် ဈေးကြီးမှာလည်း မကြာခင် ပြီးစီး တော့မည်ဖြစ်သည်။

လမ်းပန်း ဆက်သွယ်ရေးလည်း ကောင်းမွန်လာ

လမ်းပန်း ဆက်သွယ်ရေးမှာ အဓိကကျ သည့် အသက် သွေးကြော ဖြစ်သည်။ ယခင်က လမ်း ပန်း ဆက်သွယ် ရေး မကောင်း လှသဖြင့် ငွေ ဆောင်ကို လူတိုင်းစိတ် မ၀င်စားကြ။ ယခုအခါ ငွေဆောင်သို့ သွားရာ လမ်း မှာ ကောင်းမွန် လာသည် ကိုစာရေးသူ ကိုယ်တိုင်မြင် တွေ့ခဲ့ရသည်။ ၁၀နှစ် ကျော် လာပြီ ဖြစ်သည့် အချိန် ကာလ တစ်ခုကို ရောက်ရှိ လာခဲ့ပြီဖြစ်သော ကြောင့် ငွေဆောင်မှာ ဘက်ပေါင်းစုံ ကောင်း မွန်လာ သည်ကိုတွေ့ရှိ ရသည်။ ရန်ကုန် – ပုသိမ် ၁၃၈ မိုင်၊ ပုသိမ်-ငွေ ဆောင် ၂၉မိုင် ကျော်မှာ ကောင်းမွန် နေပြီကို မျက် မြင် တွေ့ရှိ ခဲ့ရသည်။ အဆိုပါ လမ်းပိုင်းကို Asia World ကုမ္ပဏီက တာ ၀န်ယူ ဆောင်ရွက်နေ ကြောင်း သိရသည်။

ဟိုတယ်များစွာရှိ

ငွေဆောင်တွင် ထိပ်တန်း ကုမ္ပဏီကြီးများ က ငွေကြေး အမြောက်အမြား ရင်းနှီးမြှုပ်နှံ ထားရာ ယခုအခါ Bay of Bengal, Au- reum Palace, Sunny Paradise, Dream Paradise, Sea Breeze, E.F.R Se- conda casa, Myanmar Treasure, Olympic, Ambol Asia World, Palm Beach Resort, Golden Sea, Emerald Sea Resort, Pearl Ngwe Saung, Yuzana Resort, Silver View Resort, Yamonna Oo, Royal Treasure, Shwe Hintha, Chaungtha Oo, Serenity Myanmar Treasure II တို့ ဖွင့်လှစ် လည် ပတ် နေကြပြီဖြစ်သည်။ ဟိုတယ် တိုင်း သူ့ဟို တယ်နှင့် သူရင်းနှီး မြှုပ်နှံ ထားကြသည် ကို တွေ့ ရှိရသည်။

အရှေ့တောင်အာရှတွင် အလှဆုံးကမ်းခြေ

ကမ်းရိုးတန်း အရှည် ကိုးမိုင် ကျော်ရှည် လျားသော ငွေဆောင်သည် အရှည်အလျား အားဖြင့် အရှေ့တောင် အာရှ၌ နံပါတ်တစ် စာရင်းတွင် ပါဝင်သော ကမ်းခြေ ဖြစ်သည်။ ထိုင်းနိုင်ငံ အရှေ့တောင်ပိုင်း ရှိ ပတ္တရား ကမ်း ခြေ၊ လွန်တီယံ ကမ်းခြေ၊ ရေရွန် ကမ်းခြေ တို့ နှင့် လည်းကောင်း၊ မလေးရှား နိုင်ငံ၊ ပီနန်ကျွန်း အနောက်ဘက် ကမ်းခြေနှင့် လည်းကောင်း နှိုင်း ယှဉ် တင်စား ဖွယ်ရာရှိသည်။ အဆိုပါ ကျွန်းတို့၏ ကမ်းခြေ တို့မှာ ပြတ်တောင်း ပြတ်တောင်းရှိ သော်လည်း ငွေဆောင်၏ သဲသောင်ပြင် အနေ အထားမှာ တစ်ဆက်တည်း တစ်ကြောင်းတည်း ရှိခြင်းမှာလည်း ငွေဆောင်၏ အားသာချက် တစ်ခု ဖြစ်သည်။ အမှန်တကယ် အားဖြင့် ငွေဆောင်သည် သဘာဝ အနေအထား မပျက် စီးသေးသော ကမ်းခြေ တစ်ခု အဖြစ်ရှိနေသည်။

ချစ်သူများကျွန်းနှင့် ကျောက်မောင်နှမ

ချစ်သူများ ကျွန်းပေါ်မှ ဘင်္ဂလား ပင်လယ် အော်၏ ညနေဆည်းဆာ နေ၀င်ချိန်ကို ကြည့်ရ သည်မှာ မျက်စိ ပသာဒ တစ်ရပ်ဖြစ်သည်။ ကျွန်း ပေါ်တွင် ရေသူမ ရုပ်တု မှာ ကမ်းခြေသို့ မျက်နှာ မူလျက် ရှိသည်။ ထို့ပြင် ငွေဆောင် ကမ်းခြေတွင် ကျောက်မောင်နှမ စေတီ လည်းရှိသည်။ ကျောက် မောင်နှမစေတီနှင့်   မျက်နှာချင်း ဆိုင်တွင် Silver View ဟိုတယ်ရှိ သည်။

ကျွန်းပေါင်းများစွာရှိ

ငွေဆောင်တွင်ငှက် ကျွန်း၊ ဆင်ကျွန်း၊ မြွေကျွန်း၊ ဘုရားသုံးဆူ၊ ကျောက်ဆောင် တောင်ကတုံး ကျွန်း များစွာ ရှိ ကြသည်။ ငှက်ကျွန်း တွင် မြန်မာ ပင်လယ်ပြင် ၏ ရေအောက် ကမ္ဘာကို ရှုစား၍ ရရာ နိုင်ငံ ခြားသားများ လာရောက်၍ ရေငုပ် လေ့ရှိကြ သည်။ ပင်လယ်အလှအပနှင့် ရှားပါး ငါးမျိုး စိတ်များကို စိတ်ဝင် တစား လာကြည့်ကြောင်း သိရသည်။

လာမည့် ပွင့်လင်းရာသီ စီမံချက်များဖြင့် အကောင်အထည်ဖော်

ကမ်းခြေ ဖွံ့ဖြိုးရေး အတွက် စီမံချက် ခုနစ်ချက်ဖြင့် လာမည့် ပွင့်လင်း ရာသီအမီ ဟိုတယ်ဇုန်က ဆောင်ရွက် သွားမည်ဖြစ် သည်။ အဆိုပါ စီမံချက် များမှာ ဟိုတယ်ဇုန် က အမှိုက် စွန့်ပစ် နေရာအား သတ်မှတ်ကာ အမှိုက်သိမ်း ကားဖြင့် စွန့်ပစ်ရန် နှင့် စွန့်ပစ် ရာ တွင်လည်း ဇုန်နှင့်ဝေးရာ ပင်လယ်ထဲစီး ၀င်နိုင်မည့် ရေမတိုက် စားရာ နေရာတွင် စွန့်ပစ် သွားရန် အမှိုက်သိမ်း ကားဝယ်ယူမည် ဖြစ်သည်။ ဒုတိယ အချက်အနေဖြင့် ကမ်းခြေ ဒေသဖွံ့ဖြိုးရေးအတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းကာ ရပ်မိရပ်ဖ၊ ဟိုတယ်ဇုန်၊ ကမ်း ခြေကော်မတီများ၊ ဒေသအာဏာပိုင်များနှင့် ဌာနဆိုင်ရာများပူးပေါင်းကာ ဖွဲ့စည်းသွား မည်ဖြစ်သည်။ တတိယအချက်အနေဖြင့် ဟိုတယ်မန်နေဂျာအစည်းအဝေးကို လာမည့် အောက်တိုဘာ မှစကာ လစဉ် လုပ်ဆောင် သွားမည်ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ဟို တယ်အချင်းချင်း ထူးခြားမှုအခြေအနေများ ကိုသိမြင် နိုင်ပြီး အကောင်းအဆိုး ဖလှယ်နိုင် မည်ဖြစ်သည်။ မီဒီယာ ဖွဲ့မည် ဖြစ်ကာ ရန်ကုန် သတင်း၊ ငွေဆောင်သတင်းများကို အပြန် အလှန်ပို့ဆောင်သွားမည်ဖြစ်သည်။ ပဉ္စမ အနေဖြင့် နှစ်စဉ် မိုးရာသီ သစ်ပင် ရိုးရာပွဲ တော်ကို ကျင်းပ သွားမည် ဖြစ်သည်။ သစ်ပင် စိုက်ပျိုးရာ တွင်လည်း တိရစ္ဆာန် များ၏ ဖျက် ဆီးမှု ဒဏ်ကို မခံရ စေရန်အတွက်နှင့် ရာသီ အလိုက် ပွဲတော်များကို ကျင်းပသွားမည်ဖြစ် သည်။ အထူး သဖြင့် မြန်မာ့ရိုးရာ ယဉ်ကျေး မှုအမွေအနှစ်တစ်ခုဖြစ်သည် ကထိန် ပွဲတော် ကိုလည်း ကမ်းခြေ တစ်လျှောက် လှည့်လည် ကာ မြန်မာ့ ရိုးရာ ယဉ်ကျေးမှုကို နိုင်ငံခြား သားများ စိတ်ဝင်စားဖွယ် Buddish Attraction တစ်ခု အဖြစ် ဆောင်ရွက် သွားရန် စီစဉ် ထားသည်။ သတ္တမ စီမံချက် အနေဖြင့် လာမည့် ပွင့်လင်း ရာသီတွင် ကမ်းခြေ တစ် လျှောက် ဆိုင်ကယ် စီးနင်းခြင်း ကို တားမြစ် သွားမည်ဖြစ်ပြီး ကမ်းခြေ တစ်လျှောက် ဆိုင် ကယ်စီးနင်းမှု အစား ဟိုတယ်ရှေ့လမ်းရှိ ကွန် ကရစ် လမ်းမကြီးပေါ်တွင် စီးနင်းရန် ပညာ ပေး ဆောင်ရွက် သွားမည် ဖြစ်သည်။

ယဉ်ယဉ်လှ

ရိုးရာ စတိုင် စားသောက်ဆိုင် ငွေဆောင်တွင် ဖွင့်မည်
ငွေဆောင် ကမ်းခြေသို့ လာရောက် လည်ပတ် ကြသည့် ပြည်တွင်း ပြည်ပ ဧည့်သည်များ အတွက် ရိုးရာ စတိုင် စားသောက်ဆိုင် အား လာမည့် ခရီးသွား ပွင့်လင်း ရာသီ အမီ ဖွင့်လှစ် သွားရန် စီစဉ် နေကြောင်း ယုဇန ဟိုတယ် မန်နေဂျာ ဦးသိန်းစိုးက ပြောသည်။ အဆိုပါ ဆိုင်သည် ယုဇန ဟိုတယ် နှင့် ရှေ့မျက်နှာ ချင်းဆိုင် ကားလမ်းဘေး တွင် တည်ဆောက် ထားပြီး ဧရိယာ အကျယ်မှာ ပေ၁၀၀ ပတ်လည် ရှိသည်။  ဆိုင်ကို သွပ်မိုး၊ မျက်နှာကြက်၊ ၀ါးထရံ၊ ဘေးအကာ သစ်သားဖြင့် ကာရံပြီး အခင်းမှာ သမံ တလင်း ခင်းမည်။ ဘေးတစ်ဖက် တစ်ချက်တွင် ဂျပန် မြက်ခင်းဖြင့် စိုက်ပျိုး ထားပြီး ကလေး အားကစား ကွင်း ထည့်သွင်း မည်ဖြစ် ကြောင်း သိရသည်။

ယဉ်ယဉ်လှ

မြိတ်မြို့ တွင် ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ် ထိုင်း အခြေစိုက် ကုမ္ပဏီ တစ်ခုက တည်ဆောက် မည်
ထိုင်းနိုင်ငံ အခြေစိုက် KR Commercial and Property ကုမ္ပဏီ၏ လုပ်ငန်းခွဲ Pearl Lagura အပန်းဖြေ လုပ်ငန်း က မြိတ်မြို့နယ် တွင် ကြယ် ငါးပွင့် ဟိုတယ် တစ်လုံးကို တည်ဆောက် လျက် ရှိကြောင်း သိရသည်။ အမေရိ ကန် ဒေါ်လာ ၁၅ သန်း ကုန်ကျ နိုင်သည့် အဆိုပါ ဟိုတယ်ကို ၂၀၁၂ ခုနှစ်၊ ဒီဇင် ဘာ အတွင်း ဖွင့်လှစ် မည်ဖြစ်ပြီး အပိုင်းလိုက် ဖွင့်လှစ် မည်ဟု သိရသည်။ အဆိုပါ အပန်းဖြေ ဟိုတယ် ၌ အခန်းပေါင်း ၁၀၀ ကျော် အပြင် ညီလာခံ ခန်းမ၊ အစည်း အဝေး ခန်းမ၊ စားသောက် ဆိုင်များ၊ ရေကူး ကန်၊ အားကစား ခန်းမ၊ ဈေးဝယ် စင်တာ နှင့် အခွန်လွတ် အရောင်းဆိုင် များ ပါဝင်ကြောင်း သိရသည်။

ခင်နွယ်ဝင်း

ဗုဒ္ဓ စွယ်တော်မြတ် ပူဇော် လှည့်လည်ပွဲ အနီးကပ် ဖူးမြော် နိုင်ရန် Vega က စီစဉ် ပေးမည်
သီရိ လင်္ကာ နိုင်ငံရှိ ဗုဒ္ဓစွယ် တော်မြတ် ပွဲတော်သို့ အနီးကပ် လေ့ လာ ကြည်ညို ဖူးမြော် လိုသူများ အ တွက် Vega က စီစဉ် ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးစဉ် တွင် စွယ်တော် မြတ်အား ဖူးမြော်မည် ဖြစ်သည်။ ထို့ ပြင် ဘန်ကောက်၊ မြဘုရား သို့ လည်း ၀င်ရောက် ဖူးမျှော်မည့် အစီအစဉ်များ လည်း ပါရှိသည်။

ထို ခရီးစဉ်မှာ သြဂုတ် ၂၁ရက် မှ ၂၆ရက်အထိ ငါးညအိပ် ခြောက် ရက် ခရီးစဉ် ဖြစ်ကြောင်း သိရသည်။ သြဂုတ် ၂၁ရက် ညနေမှ စတင်၍ ရန်ကုန်မှ ဘန်ကောက်မြို့သို့လေယာဉ် ဖြင့် ထွက်ခွာပြီး ဘန်ကောက် မြို့တွင် ညအိပ်မည် ဖြစ်သည်။ သြဂုတ်၂၂ရက် နံနက် တွင် မြဘုရား နှင့် ဘုရင့်နန်း တော်သို့ သွားရောက် လည်ပတ် မည် ဖြစ်ပြီး ညနေပိုင်း တွင် ကိုလံဘိုမြို့သို့ ထွက်ခွာကာ ကိုလံဘို မြို့တွင် ညအိပ် မည် ဖြစ်သည်။ သြဂုတ်၂၃ရက်တွင် ကန်ဒီမြို့သို့ ကားနှင့် ဆက်လက် ထွက် ခွာပြီး စွယ်တော်မြတ် လှည့်လည် ပူဇော် ပွဲသို့ သွားရောက် ဖူးမြော် ကြမည် ဖြစ် သည်။ သြဂုတ်၂၄ရက် နံနက် တွင် စွယ်တော်မြတ် အား အရုဏ်ဆွမ်း ကပ် လှူ ပူဇော်ပြီး Annuradhapura သို့ ကားဖြင့် ထွက်ခွာကာ တန်ခိုးကြီး ဘုရားများ သို့ သွားရောက် ဖူးမြော် ကြ မည်ဖြစ်သည်။ သြဂုတ်၂၅ရက် တွင် ကိုလံဘို မြို့သို့ ပြန်လည် ထွက်ခွာ ကာ လမ်းခရီး ရှီ စေတီ များကို ဖူးမြော် သွားမည် ဖြစ်သည်။ ညနေ ပိုင်းတွင် ကမ်းခြေသို့ သွားရောက် လည်ပတ်ကာ ဘန်ကောက်မြို့သို့ ပြန်လည် ထွက် ခွာမည် ဖြစ်ပြီး သြဂုတ်၂၆ရက်တွင် ဘန်ကောက်မြို့မှ ရန်ကုန်သို့ ပြန် လည် ရောက်ရှိ မည်ဖြစ်သည်။

“ဒီခရီးစဉ် အတွက်ရန်ကုန် – ဘန် ကောက် – ကိုလံဘို – ဘန်ကောက် – ရန်ကုန် လေယာဉ် လက်မှတ် ခရယ်၊ ထိုင်းနိုင်ငံ ၀င်ခွင့် ဗီဇာကြေး၊ သီရိ လင်္ကာ နိုင်ငံ ၀င်ခွင့် ဗီဇာကြေးရယ်၊ မြန်မာ စကားပြန် ငှားရမ်း ခရယ်၊ ခရီးစဉ် တစ်လျှောက်မှာ ပါဝင်တဲ့ အစီအစဉ် တွေအားလုံးကို Vega က တာဝန်ယူ စီစဉ် ပေးထားတယ်” ဟု Vega မှ တာဝန်ရှိသူ တစ်ဦးကဆို သည်။ အဆိုပါ ခရီးစဉ် အတွက် အမေ ရိကန် ဒေါ်လာ ၁,၂၀၀ ကုန်ကျ မည်ဖြစ် ကြောင်း သိရသည်။

“ဒီခရီးစဉ် ကို အသက်အရွယ် ကြီးတဲ့ သူတွေရယ်၊ ဗုဒ္ဓ စွယ်တော်ကို အနီးကပ် ဖူးမြော် လိုသူတွေရယ်အ တွက် စီစဉ် ရတာပါ။ ဒီခရီးစဉ်ကို ၂၀၀၉ ခုနှစ်မှာ စတင် ဆောင်ရွက်ခဲ့ တာဖြစ်တယ်”ဟုဆိုသည်။ Vega မှ မိသားစု အလိုက်၊ အဖွဲ့လိုက်၊ တစ်ဦး ချင်း သီးသန့် သွားလို သူများအတွက် ၀န်ဆောင်မှု ပေးကြောင်း သိရ သည်။

ယဉ်ယဉ်လှ

ကမ္ဘာလှည့် ခရီးသည် ခြောက်လ အတွင်း ၁,၄၀,၀၀၀ ကျော် လာရောက်
မြန်မာနိုင်ငံ သို့ ပြည်ပ နိုင်ငံများမှ ဧည့်သည်များ ၀င်ရောက် လျက်ရှိရာ ၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီမှ ဇွန် အထိ ရန်ကုန် လေဆိပ် ၀င်ပေါက်မှ ခရီးသွား ဧည့်သည် ၁,၄၀,၀၀၀ ကျော် လာရောက် ခဲ့ကြောင်း စာရင်းများ အရ သိရသည်။

လွန်ခဲ့ သော ၂၀၀၉ ခုနှစ် ခြောက်လ တာ ကာလနှင့် ယခု ၂၀၁၀ ပြည့်နှစ် ခြောက်လတာ ကာလအား နှိုင်းယှဉ်ရာ တွင် ခရီးသွား ဧည့်သည် ၀င်ရောက်မှုမှာ ၂၀၁၀ ပြည့်နှစ် တွင် လ အလိုက် ပိုမို ၍ ဧည့် သည် ၀င်ရောက် လာခဲ့ကြောင်း သိရသည်။ စာရင်း အရ ပြန်ကြည့်ရာ ၂၀၀၉ ခုနှစ်၊ ဇန်န ၀ါရီ တွင် ဧည့်သည် ၂၀,၀၆၅ ဦး၊ ၂၀၀၉  ခုနှစ်၊ ဖေဖော်ဝါရီ တွင် ဧည့်သည် ၁၉,၃၀၅ ဦး၊ မတ်တွင် ၂၀,၂၉၈ ဦး၊ ဧပြီတွင် ၁၄,၃၂၉ ဦး၊ မေတွင် ၁၃,၅၇၇ ဦး၊ ဇွန်တွင် ၁၄,၈၂၆ ဦး လာရောက် ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီတွင် ဧည့်သည် ၂၉,၆၁၉ ဦး၊ ဖေဖော် ၀ါရီတွင် ၂၇,၇၄၈ ဦး၊ မတ်တွင် ၂၈,၁၅၂ ဦး၊ ဧပြီတွင် ၁၈,၇၇၃ ဦး၊ မေတွင် ၁၇,၂၃၀ ဦး၊ ဇွန်တွင် ၁၈,၇၀၆ ဦး လာရောက် ခဲ့ ကြောင်း သိရသည်။

“စာရင်း အရပြန်ကြည့်ရင် ဒီနှစ်မှာ FIT Tours တွေရယ်၊ Social Visit တွေ ရယ် အလွန် များလာတယ်။ ဒီထက် လည်း ပိုမိုပြီး များလာမယ်လို့ ခန့်မှန်းရတယ်” ဟု ဧည့်လမ်းညွှန် တစ်ဦးက ဆိုသည်။ မြန်မာ နိုင်ငံသို့ လာရောက်သော  ဧည့်သည်များ တွင် အာရှ နိုင်ငံ များမှ ခရီးသွား ဧည့်သည် များ၊ အနောက် ဥရောပ နိုင်ငံများ၊ oceania မှ ခရီးသွား ဧည့်သည်များ၊ အရှေ့ အလယ်ပိုင်း မှဧည့်သည်များ လာရောက် မှု များပြား ကြောင်း သိရသည်။

“ဇွန်မှာ ဧည့်သည် ၀င်ရောက်မှုက ပိုများ လာတာကို တွေ့ရတယ်။ ကျောက် မျက်ပြပွဲ ကြောင့် တရုတ် ဧည့်သည်များ လာတာဖြစ်တယ်” ဟု ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယဉ်ယဉ်လှ

World Tourism Destination Fair 2010 မြန်မာဟိုတယ် လုပ်ငန်းရှင်များ ပါဝင် ပြသနိုင်
တရုတ်နိုင်ငံ၊ တီရန်ဂျင်း မြို့တွင် ဇူလိုင် ၂၂ရက်မှ ၂၆ရက် အထိ ကျင်းပမည့် ဒုတိယ အကြိမ်မြောက် World Tourism Destination Fair 2010 သို့ ၀င်ရောက် ပြသရန် မြန်မာနိုင်ငံ ဟိုတယ် ဆိုင်ရာ လုပ်ငန်း ရှင်များ အသင်းသို့ ဖိတ်ကြား ထားကြောင်း သိရသည်။ အဆိုပါ ပြပွဲသို့ နိုင်ငံတကာမှ ဟိုတယ် လုပ်ငန်းများ၊ ခရီးသွား လုပ်ငန်းများ၊ လက်မှု အနု ပညာ ပစ္စည်း အရောင်းဆိုင် များ၊ လေကြောင်းလိုင်း များ၊ ခရီးသွား အသင်း အဖွဲ့များ စသည့်တို့ တက်ရောက် ကြမည်ဟု သိရသည်။

ခင်နွယ်ဝင်း

Air Bagan မိုးရာသီ အထူး အစီအစဉ်
ပြည်တွင်း လေကြောင်းလိုင်း ဖြစ်သည့် Air Bagan မှ မိုးရာသီ အထူး အစီအစဉ် အဖြစ် ဇွန် ၁၅ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ Royal Lotus Plus Member များအတွက် လက်မှတ် နှုန်းထား များကို ရာခိုင်နှုန်း ၂၀လျှော့ချ ပေးမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အစီအစဉ် တွင် စင်းလုံးငှား ခရီးစဉ်များ ဖြစ်သည့် မြိတ်၊ ကော့သောင်း၊ ထားဝယ်၊ ကလေး၊ တာချီလိတ်၊ ကျိုင်းတုံ၊ ဟုမ္မလင်း၊ မုံရွာ၊ လားရှိုး ခရီးစဉ် တို့ မပါဝင် ကြောင်း သိရသည်။

ခင်နွယ်ဝင်း

ဘန်ကောက် လေကြောင်း အစီအစဉ်သစ်
ထိုင်းနိုင်ငံ တွင်း မငြိမ်မသက် မှုများ ကြောင့် ကျဆင်းခဲ့သော ခရီးသွား လုပ်ငန်းကို ပြန်လည် မြှင့်တင် ရန်အတွက် ဘန်ကောက် လေ ကြောင်းလိုင်း Recovery Thailand အစီအစဉ် ကို ဆောင်ရွက် လျက် ရှိရာ ရန်ကုန် – ဘန်ကောက်၊ ရန်ကုန် – ချင်းမိုင် ခရီးစဉ်များ အပါအ၀င် အခြား ခရီးစဉ်များ ကို စက်တင်ဘာ ၃၀ ရက်အထိ ဆောင်ရွက် မည်ဟု သိရသည်။

ခင်နွယ်ဝင်း

ရန်ကုန်ဇုန် ဟိုတယ် လုပ်ငန်းရှင်များ အား လုပ်ငန်းသုံး မော်တော်ယာဉ် မဲနှိုက် ချထားပေး
ရန်ကုန်ဇုန် ဟိုတယ် ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းမှ အသင်းဝင် ဟိုတယ် လုပ်ငန်းရှင် များကို လုပ်ငန်း သုံး မော်တော်ယာဉ် များကို မဲစနစ် ဖြင့် ချထား ပေးကြောင်း၊ အဆိုပါ မဲစနစ်ဖြင့် ခွဲဝေ ချထားမှုအား ဇွန် ၂၄ရက် မွန်းလွဲ ၁နာရီမှ စတင်၍ ညနေ ၅နာရီထိ Asia Plaza ဟိုတယ်၌ ကျင်းပ ခဲ့သည်။

ဟိုတယ် လုပ်ငန်းရှင် များအတွက် လုပ်ငန်းသုံး မော်တော်ယာဉ် များ ကို မြန်မာနိုင်ငံ ဟိုတယ် ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း (ရုံးချုပ်) မော်တော် ယာဉ်များကို မဲစနစ်ဖြင့် ရောင်းချ ပေးမည် ဖြစ်သည်။ ရန်ကုန်ဇုန် ဟိုတယ် လုပ်ငန်းရှင်များ အတွက် မော်တော်ယာဉ် စီးရေ ၅၁ စီး ရရှိမည် ဖြစ်ပြီး လက်ရှိတွင် ရန်ကုန်ဇုန် ၌ ဟိုတယ် အလုံး ၁၄၃ လုံးရှိရာ မဲစနစ်ဖြင့် ခွဲဝေချ ထား ပေးကြောင်း သိရသည်။

ဟိုတယ် လုပ်ငန်းရှင်များ အတွက် ကားစီးရေ ၂၀၀ ကို လုပ်ငန်းသုံး ဆောင်ရွက် နိုင်ရန် ရောင်းချ ပေးမည် ဖြစ်ရာ ကားစီးရေ ၂၀၀ ကို ဟိုတယ် ဇုန်များ အလိုက် ကားစီးရေ အညီအမျှ ရရှိစေရန် ဟိုတယ် အသင်း (ရုံးချုပ်) မှ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။ “မဲနှိုက်ရရှိမယ့် ကားအမျိုး အစားက နှစ်မျိုးဖြစ်တယ်၊ တိုယိုတာ ၂၀၁၀ မော်ဒယ်၊ Brand new ဘယ်စောင်း ကား ဖြစ်ပြီး ခုနစ်ယေက် စီးနဲ့ ၁၅ ယောက်စီး ကားဖြစ်တယ်။ အားလုံးက ဂျပန်နိုင်ငံ က တင်သွင်း မှာဖြစ်တယ်” ဟု ရန်ကုန်ဇုန်မှ ဒုဥက္ကဋ္ဌ ဦးသိန်းရွှေ က ဆိုသည်။ အဆိုပါ မဲစနစ်ဖြင့် မဲမနှိုက်ခင် အသင်းဝင် ဟိုတယ်များက အသင်းဝင်ကြေးများကို ထည့်သွင်း ကြပြီးနောက် မဲနှိုက် ခဲ့သည်။ တိုယိုတာ ဟိုင်းအေ့စ် ၁၅ ယောက်စီး ကား အမျိုးအစားမှာ အမေရိကန် ဒေါ်လာ ၃၄,၆၀၀ဖြစ်ပြီး ခုနစ်ယောက်စီး Previa ၂၀၁၀ မော်ဒယ်ကား အမျိုး အစားမှာ အမေရိကန် ဒေါ်လာ ၃၈,၈၀၀ ဖြစ်ကြောင်း သိရသည်။

မဲနှိုက်ခဲ့တာ လုပ်ငန်းရှင် ၈၅ ဦး နှိုက်ခဲ့ပါတယ်။ ကျန်တဲ့ လုပ်ငန်း ရှင်တွေက ကားဈေးနှုန်း က မြင့်မား တာလည်းပါတယ်။ ပြီးတော့ Income Tax  လည်း ပေးရမယ် ထင်တယ်။ ဘာပဲပြောပြော ခုလို မဲစနစ်ဖြင့် နှိုက်ယူခဲ့ တာကို အကုန်လုံးက ကျေနပ် ခဲ့ပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြော သည်။ အဆိုပါ ကားများအား ဂျပန်နိုင်ငံမှ တင်သွင်းမည် ဖြစ်ပြီး ငွေသွင်း ပြီးမှ ကားတင်သွင်းခွင့်ကို လျှောက်ထား မည်ဖြစ်ကြောင်း သိရသည်။

“အိမ်နီးချင်း နိုင်ငံတွေမှာလည်း  ဧည့်သည်ကြိုရင် ကားအသစ် တွေနဲ့ ကြိုတာကို တွေ့နေရတာပဲ။ ကျွန်တော်တို့ တိုင်းပြည်လည်း သူများတိုင်း ပြည်လို ဖြစ်အောင် လုပ်ရမှာပါ။ အခု တင်သွင်းမယ့် ကားတွေက မြန်မာ နိုင်ငံ ရာသီဥတု နဲ့ ကိုက်ညီတဲ့ ကား အမျိုးအစား ကိုတင်သွင်းမှာဖြစ်တယ်။  အခု တင်သွင်းမယ့် ကားနှစ်မျိုး စလုံးက ဒီဇယ်ကား တွေပါ၊ အခု လက်ရှိ ရှိနေတဲ့ ကားတွေက ဟောင်း နေပြီလေ” ဟု ဦးသိန်းရွှေက ရှင်းပြသည်။

မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း အနေဖြင့် လွန်ခဲ့ သော လေးနှစ်ခန့်က ဟိုတယ် လုပ်ငန်းသုံး ကားများ တင်သွင်း ဖူးသော် လည်း ကားများမှာ တစ်ပတ်ရစ် ကားများသာဖြစ်ပြီး ယခု ထပ်မံတင် သွင်းမည့် ကားများမှာ ၂၀၁၀ မော်ဒယ်ကား အသစ်များ ဖြစ်ကြောင်း သိရ သည်။

ယဉ်ယဉ်လှ

Air Asia က ရန်ကုန် – ကွာလာလမ်ပူ တိုက်ရိုက် လေကြောင်းလိုင်း ပြေးဆွဲမည်
ရန်ကုန် – ကွာလာလမ်ပူ တိုက်ရိုက် လေကြောင်း ပြေးဆွဲ ပျံသန်းမှု ကို Air Asia လေကြောင်း လိုင်းက လာ မည့် ဇူလိုင် ၂၀ရက်မှ၍ နေ့စဉ် ပုံမှန် ပျံသန်းမှု စတင် တော့မည်ဟု သိရသည်။ အဆိုပါ ခရီးစဉ် အတွက် ခရီးသည် ၁၈၀ ဦးခန့် တင်ဆောင် နိုင်သော Airbus A320 လေယာဉ်ဖြင့် ပျံသန်း မည်ဖြစ်သည်။

“ မြန်မာနိုင်ငံ အနေနဲ့ ကွာလာလမ်ပူ ကနေ ရန်ကုန်ကို တိုက်ရိုက် လေကြောင်း ပြေးဆွဲ တာဟာ သူတို့ ဆီကို ခရီးသွား ဧည့်သည်တွေ ၀င်ရောက်မှုမှာ အရမ်းကို အထောက် အကူ ဖြစ်စေ မှာပါ။ နောက်ပြီး လေယာဉ် လက်မှတ်ခ တွေကိုလည်း အသက်သာဆုံး ဖြစ်အောင် စီစဉ် ထားပါတယ်။ အဲဒါက မလေးရှား နိုင်ငံ မှာ အလုပ်လုပ် နေကြတဲ့ မြန်မာ လူမျိုးတွေ အိမ်ပြန်တဲ့ အခါ အဆင်ပြေ စေဖို့ပါ။ နောက်ပြီး ခရီးသွား ဧည့်သည် တွေ အနေနဲ့ မလေးရှား ကတစ်ဆင့် မြန်မာနိုင်ငံ ကို သွားလည်ပတ်ဖို့ စဉ်းစားတဲ့ အခါ အခုလို လေယာဉ် လက်မှတ်ခ သက်သာတဲ့ အတွက် အများကြီး အဆင် ပြေစေမှာပါ” ဟု Air Asia လေကြောင်း လိုင်း၏ Regional head of commercial ဖြစ်သူ Kathleen Tan က ပြောသည်။

Air Asia လေကြောင်းလိုင်း အနေဖြင့် လက်ရှိ တွင် မြန်မာ နိုင်ငံ၌ ဘန်ကောက် -ရန်ကုန် လေကြောင်း ခရီးစဉ်ကို ပျံသန်း ပြေးဆွဲ လျက်ရှိသည်။

ခင်နွယ်ဝင်း