Your reliable news partner
  • ခရီးသွား

    Posted on August 31st, 2010

    Written by Web Admin

    Tags

    ၂၀၁၀ ပြည့်နှစ် တွင် မြန်မာ့ ဟိုတယ် နှင့် ခရီးသွား လုပ်ငန်း စံချိန် ချိုးမည်ဟု ခန့်မှန်း

    ၂၀၁၀ ပြည့်နှစ် တွင် မြန်မာ့ ဟိုတယ် နှင့် ခရီးသွား လုပ်ငန်း စံချိန် ချိုးမည်ဟု ခန့်မှန်း

    မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီး သွား လုပ်ငန်းသည် ၂၀၀၉ ခုနှစ်တွင် မမျှော်လင့် မထင်မှတ်ဘဲ တိုးတက် ကောင်းမွန် လာခဲ့ပြီး တိုးတက်မှု အရှိန် အဟုန်မှာ ဆက်လက် ကောင်းမွန် လျက် ရှိရာ ယခု၂၀၁၀ ပြည့်နှစ် သည် ခရီးသွား စံချိန် တင်မည့် နှစ်ဖြစ်မည် ဟုပင် တွက်ဆ မျှော်လင့် နေကြ ကြောင်း၊ ခရီးသွား လုပ်ငန်း ပါးသည့် မိုး ရာသီ ကာလ အတွင်း ကြိုတင် ပြင်ဆင် စရာ လုပ်ငန်း များကို ဆောင် ရွက် လျက်ရှိကြကြောင်း၊

  • ခရီးသွား

    Posted on August 31st, 2010

    Written by Web Admin

    Tags

    မြန်မာ နိုင်ငံ သို့ ကမ္ဘာလှည့် ခရီးသည် ၀င်ရောက်မှု ၃၇ ရာခိုင်နှုန်း မြင့်တက်

    မြန်မာ နိုင်ငံ သို့ ကမ္ဘာလှည့် ခရီးသည် ၀င်ရောက်မှု ၃၇ ရာခိုင်နှုန်း မြင့်တက်

    ထိုသို့ ခရီးသည် ၀င်ရောက်မှု တွင် ထိုင်းနိုင်ငံမှ တစ်ဆင့် ၀င်ရောက် လာသည့် နိုင်ငံခြားသား ပိုမို များပြား ပြီး ယခုနှစ် ပထမ ခုနစ်လ အတွင်း ထိုင်း နိုင်ငံမှ တစ်ဆင့် ၀င်ရောက်သူ ၃၁,၇၉၅ ဦး ရှိကြောင်း၊ တရုတ် နိုင်ငံ မှ ခရီးသည် ၁၉,၅၈၀၊ တောင်ကိုရီး ယား နိုင်ငံမှ ၁၀,၂၀၆ ဦး၊ ပြင်သစ် နိုင်ငံမှ ၇,၃၈၀၊ ဂျာမနီ နိုင်ငံမှ ၅,၆၇၈ ဦး နှင့် အီတလီ နိုင်ငံမှ ၃,၉၂၅ ဦး ၀င်ရောက် ခဲ့ကြောင်း၊ မေ ၁ ရက် မှ စတင် ကျင့်သုံး ခဲ့သည့် ဆိုက်ရောက် ပြည်ဝင်ခွင့် ဗီဇာသစ် ကြောင့် မြန်မာ နိုင်ငံသို့ တစ်ဦးချင်း ၀င်ရောက် သည့် ကမ္ဘာလှည့် ခရီးသည် ဦးရေ မြင့်တက် ခဲ့ကြောင်း၊ အဖွဲ့လိုက် မဟုတ်ဘဲ တစ်ဦး ချင်းစီ ၀င်ရောက် လာသည့် နိုင်ငံခြားသား ခရီးသည် ၈၉,၆၄၅ ဦးရှိရာ ၅၄ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက် ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုနှစ် အတွင်း Chatrium ဟိုတယ်သို့ နိုင်ငံခြားသား ဧည့်သည် ၀င်ရောက် မှု ယမန် နှစ်ထက် ရာခိုင်နှုန်း ၂၀ မြင့်တက် လာပြီး လာမည့် အောက်တို ဘာ အတွက် ဘွတ်ကင် ပြုလုပ်သူ များစွာ ရှိကြောင်း၊ တစ်နိုင်ငံလုံး အ တိုင်း အတာအရ စပိန် ခရီးသည်များ ၀င်ရောက်မှု သိသာစွာ မြင့်တက် ခဲ့ ကြောင်း သိရသည်။

  • ခရီးသွား

    Posted on August 31st, 2010

    Written by Web Admin

    Tags

    အင်းလေးကန် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဟိုတယ်များ ထည့်ဝင် ငွေဖြင့် ဆောင်ရွက် သွားမည်

    အင်းလေးကန် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဟိုတယ်များ ထည့်ဝင် ငွေဖြင့် ဆောင်ရွက် သွားမည်

    အင်းလေး ကန်ကြီး အား ပြန် လည် သန့်ရှင်း ကြည်လင် လာရေး အတွက် အင်းလေးရှိ ပုဂ္ဂလိက ဟို တယ် များမှ ရန်ပုံငွေများ ထည့်ဝင် ပေးနိုင်ရန် အတွက် တောင်ကြီးဇုန် အသင်း အနေဖြင့် ဟိုတယ် လုပ်ငန်း ရှင်များ အား ခေါ်ယူ တွေ့ဆုံကာ ရန်ပုံငွေ ထည့်ဝင် သွားရန် ဆောင် ရွက် သွားမည် ဖြစ်ကြောင်း အဆိုပါ အသင်းမှ တာဝန် ရှိသူ တစ်ဦးက ပြောသည်။

    ညောင်ရွှေ မြို့နယ်တွင် ဟိုတယ် လုပ်ငန်း ဆောင်ရွက် နေသော ညောင် ရွှေမြို့ခံ လုပ်ငန်းရှင် များက ဦးဆောင် ပါဝင်သော အင်းလေးကန် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း သူများ အသင်း ကို ၂၀၀၈ ခုနှစ် တွင် စတင်၍ ဟို တယ်နှင့် ခရီးသွား လာရေး လုပ်ငန်း ၀န်ကြီး ဌာန၀န်ကြီး၏ လမ်းညွှန်ချက် ဖြင့် ဖွဲ့စည်း ခဲ့ပြီး ရန်ပုံငွေကို စတင် ကောက်ခံ ခဲ့သော် လည်း အင်းထဲရှိ ဟိုတယ် လုပ်ငန်းရှင်များ ပါဝင်လာမှု မှာ အား နည်းခြင်း ကြောင့် ရန်ပုံငွေ ရရှိမှုမှာ ထင်သလောက် မရသဖြင့် မအောင်မြင် ခဲ့ကြောင်း အင်းလေး ကန် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း သူများ အသင်း ဥက္ကဋ္ဌက ဆိုသည်။ ယခုအခါ အင်းလေးရှိ ဟိုတယ်များ ရန်ပုံငွေ ထည့်ဝင်ရန် အတွက် အသင်း အနေဖြင့် အစည်း အဝေး များ ခေါ်ယူ ကာ ညှိနှိုင်း နေကြောင်း သိရ သည်။

  • ခရီးသွား

    Posted on August 31st, 2010

    Written by Web Admin

    Tags

    ဗီယက်နမ် စတိုင် ဟိုတယ် တစ်လုံးဖွင့်လှစ်ရန် စီစဉ်

    မြန်မာ – ဗီယက်နမ် မိတ်ဆွေ အသင်း အဖွဲ့ ပုံသဏ္ဌာန် ဆောင်သော ဟိုတယ် တစ်လုံး ဖွင့်လှစ်ရန် ဗီယက်နမ် လုပ်ငန်း ရှင်များ က အကြံပြု ပြောကြား မှုများ ရှိလာသ ဖြင့် မြန်မာ့ ဟိုတယ် လုပ်ငန်း ရှင်များ နှင့် ဆွေးနွေး စီစဉ် လျက် ရှိကြောင်း ကျောက်မျက် ရတနာ လုပ်ငန်းရှင် ဦး ရွှေကြည်က ပြောသည်။ ဗီယက်နမ် လုပ်ငန်းရှင် တော် တော် များများက မြန်မာနိုင်ငံ နဲ့ အကျိုးတူ ပူပေါင်း ဆောင်ရွက် ရန် စိတ်ဝင် စားမှု ရှိနေပြီး လာရောက်ခြင်း လည်း များသဖြင့် ဗီယက်နမ် နိုင်ငံ သားများ သီးသန့် တည်း ခိုနေထိုင် နိုင်မည့် ဟိုတယ် ရှိပါက ပိုမို ကောင်းမွန် မည်ဟု အကြံပြု လာသဖြင့် ထို နိုင်ငံ စတိုင် ဟိုတယ်တစ် လုံး ဖွင့်ရန် လိုအပ် လာကြောင်း သိရသည်။

  • ခရီးသွား, ပညာရေး

    Posted on August 24th, 2010

    Written by Web Admin

    Tags

    ရုရှား ဘာသာ (Intensive Course for Tourism) သင်တန်း ဖွင့်လှစ် မည်

    ရုရှား ဘာသာ (Intensive Course for Tourism)  သင်တန်း ဖွင့်လှစ် မည်

    မြန်မာနိုင်ငံ ခရီးသွား လုပ် ငန်းရှင်များ အသင်း၏ စီစဉ်မှုဖြင့် ရုရှား ဘာသာ(Intensive Course for Tourism) သင်တန်း အမှတ်စဉ်-၂ ကို သြဂုတ် နောက် ဆုံး ပတ်တွင် ဖွင့်လှစ် မည်ဖြစ်သည်။

    အဆိုပါ သင်တန်း သို့ ရုရှား ဘာသာဖြင့် ဘွဲ့ ရရှိ ထားသူများ၊ ဧည့်လမ်းညွှန် များနှင့် စကားပြန် လုပ်လို သူများ တက်ရောက် နိုင် ကြောင်း သိရသည်။ သင်တန်း တွင် ရုရှား လူမျိုး သင်တန်း ဆရာက တစ် ပတ်လျှင် ငါးရက် နှင့် မြန်မာ နိုင်ငံ ခရီး သွား လုပ်ငန်းရှင်များ အသင်းမှ ၀ါရင့် ပုဂ္ဂိုလ် များနှင့် ရုရှား ဘာသာ ဧည့် လမ်းညွှန် များက ပို့ချ ပေးသွား မည်ဖြစ် သည်။ သင်တန်း ကာလမှာ သုံးလ ခန့်ကြာမြင့် မည်ဖြစ်ပြီး လူဦးရေ ကန့် သတ် ထားကြောင်း သိရသည်။

  • စင်းလုံးငှား ဘိုရင်း ၇၄၇ – ၇၇၇ လေယာဉ် သုံးစင်း ဖြင့် ဟာ့ဂ်ျ ပွဲတော် ပြေးဆွဲ ပေးမည်

    စင်းလုံးငှား ဘိုရင်း ၇၄၇ – ၇၇၇ လေယာဉ် သုံးစင်း ဖြင့် ဟာ့ဂ်ျ ပွဲတော် ပြေးဆွဲ ပေးမည်

    ဆော်ဒီ အာရေး ဘီးယားနိုင်ငံ၊ မကာမြို့ နှင့် မဒီနာ မြို့တွင် ကျင်းပ မည့် အစ္စလာမ် ဘာ သာရေး ဟာ့ဂ်ျ ပွဲတော်သို့ စင်းလုံးငှား လေယာဉ် သုံးစင်းဖြင့် တိုက်ရိုက် ပြေးဆွဲ ပေးမည်ဖြစ် ကြောင်း Gulf Travels & Tours Co., Ltd မှ MD ဦးကိုကိုလတ်က ပြောသည်။

    အဆိုပါ ခရီးစဉ် အတွက် ယခုနှစ် မန္တလေးမြို့မှ ဟာ့ဂ်ျ ပွဲတော်သို့ တိုက်ရိုက် ပို့ ဆောင် ပေးရာတွင် ပထမဦးဆုံး အကြိမ်ဖြစ် ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။ အဆိုပါ ခရီးစဉ် အတွက် ရန်ကုန်မြို့မှ နိုဝင်ဘာ ၆ ရက်၊ ၇ ရက်တွင် စတင် ပြေးဆွဲပြီး အပြန် ခရီးစဉ်ကို ဒီဇင်ဘာ ၁၄ ရက်၊ ၁၆ ရက်တွင် ပြန်လည် ရောက်ရှိ မည်ဖြစ်သည်။ မန္တလေး မြို့မှ နိုဝင် ဘာ ၃ ရက် စတင် ထွက်ခွာပြီး မန္တလေးမြို့သို့ ဒီဇင်ဘာ ၁၅ ရက်တွင် ပြန်လည် ရောက်ရှိ မည် ဖြစ်သည်။

    “အခု မန္တလေး ကနေ တိုက်ရိုက် စီစဉ် ပေး ရတာ ကလည်း သွားရေး လာရေး အဆင်ပြေ အောင် စီစဉ် ပေးခြင်း ဖြစ်ပါတယ်။ အရင် ကဆို ရင် မြန်မာပြည် (အထက်ပိုင်း) က လူတွေက ရန်ကုန်ကို လာပြီး စီးရ တယ်။ ဒီကို သုံး၊ လေး ရက် ကြိုတင် လာရတယ်။ ဒီအတွက် ဟိုတယ်မှာ တည်းခိုတဲ့ စရိတ်တွေ ပိုကုန် တယ်။ ဒါကြောင့် မြန်မာပြည် (အထက်ပိုင်း) က လူတွေ အဆင်ပြေ အောင် မန္တလေး က နေ တိုက်ရိုက် ပြေးဆွဲဖို့ စီစဉ်ဖြစ် တာပါ။ အရင်က ဆိုရင် ဘန်ကောက် ကနေ တစ်ဆင့် သွား ရတယ်။ အဲဒီလို သွား ရ တော့ အချိန်ပိုကြာ တယ်။ငွေကုန် ကြေးကျလည်း များတယ်။ အခုတော့ အချိန် ကလည်း ခုနစ် နာရီပဲ ကြာမယ်။ လူတစ် ယောက်ကို ကျပ်ငါးသိန်း နီးပါး သက်သာ သွားမယ်။ အသက်ကြီးတဲ့ လူတွေ အတွက် လည်း အဆင် ပြေ တာပေါ့။ မသန်စွမ်း သူတွေ အတွက် လည်းကောင်း တယ်” ဟု အထက်ပါ ပုဂ္ဂိုလ် ကဆိုသည်။

  • မလေးရှား လေကြောင်း လိုင်းက ကွာလာ လမ်ပူ – ရန်ကုန် နေ့စဉ် ပျံသန်း မည်

    မလေးရှား လေကြောင်း လိုင်းက ကွာလာ လမ်ပူ – ရန်ကုန် နေ့စဉ် ပျံသန်း မည်

    မလေးရှား လေကြောင်းလိုင်းက စက်တင်ဘာ ၂ရက်မှ စတင်၍ ကွာ လာလမ်ပူ – ရန်ကုန် ခရီးစဉ် ကို နေ့စဉ် ပျံသန်း ပြေးဆွဲ မည်ဖြစ် ကြောင်း သိရ သည်။ လက်ရှိ တွင် အဆိုပါ လေ ကြောင်းလိုင်း က ရက် သတ္တပတ် တစ်ပတ် လျှင် ငါးကြိမ် ပျံသန်း ပြေးဆွဲ နေခြင်း ဖြစ်သည်။ ကွာလာ လမ်ပူ – ရန်ကုန် ခရီးစဉ် ကို နေ့စဉ် ပျံသန်း ပြေး ဆွဲခြင်း အထိမ်း အမှတ်အဖြစ် ရန် ကုန် – ကွာလာ လမ်ပူ – ရန်ကုန် လေ ယာဉ် လက်မှတ် ခကို အမေရိကန် ဒေါ်လာ ၂၀၆ ဒေါ်လာ သတ်မှတ် ထားပြီး ပြေးဆွဲမည့် လေယာဉ် မှာ ခရီး သည် ၁၆၆ ဦး တင်ဆောင် နိုင် သည့် ဘိုရင်း ၇၃၇ – ၈၀၀ လေယာဉ် ဖြစ်သည်။ ယခု ကဲ့သို့ ကွာလာ လမ်ပူ – ရန်ကုန် – ခရီးစဉ် ကို နေ့စဉ် ပြောင်းလဲ ပြေးဆွဲခြင်း မှာ ခရီးသွား များ ပိုမိုများ ပြား လာခြင်း ကြောင့် ဖြစ်ကြောင်း သိရသည်။

  • မန္တလေး ဟိုတယ် ဇုန်က ဟိုတယ် လုပ်ငန်းခွင် သင်တန်း ဖွင့်လှစ်မည်

    မန္တလေး ဟိုတယ် ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း က ကြီးမှူး၍ ပွင့်လင်း ရာသီ တွင် ရောက်ရှိ လာတော့ မည့် ဧည့်သည်များ အား ၀န်ဆောင်မှု မြှင့်တင်ခြင်း နှင့် ပတ် သက်သော သင်တန်းကို ဖွင့်လှစ် သင်ကြား ပေးမည်ဖြစ် သည်။ “ဒီသင်တန်းကို ဖွင့်တယ် ဆိုတာကလည်း လာ မည့် ရာသီ အတွက် ၀န်ဆောင်မှု ပိုင်းဆိုင် ရာများကို သင်ကြား ပေးမယ်။ အဆင်သင့် ဖြစ်နေအောင် သင်ပေး တာဖြစ်တယ်။ ဒီသင်တန်းကို ဟိုတယ် တိုင်းက ၀န် ထမ်း တိုင်း တက်ရောက်ဖို့အတွက် လိုက်လံ စည်းရုံး သွားမှာပါ။ ရက်တို သင်တန်း လည်း ဖြစ်တယ်” ဟု မန္တလေး ဟိုတယ် ဇုန်မှ ဦးမြင့်အောင်ကပြောသည်။

    မန္တလေး မြို့တွင် အသင်းဝင်ဟိုတယ် ၆၀ ရှိပြီး အသင်းဝင် ဟိုတယ်နှင့် အသင်း မ၀င်သော ဟိုတယ်စုစု ပေါင်း ၁၀၀ ၀န်းကျင် ရှိကြောင်း သိရသည်။ ယခုနှစ်တွင် မန္တလေးမြို့သို့ ဧည့်သည် ၀င်ရောက် မှုမှာ ပြီးခဲ့ သော နှစ်ထက် ခရီးသွား ဧည့်သည် များကြောင်း ဟိုတယ် အသိုင်းအ၀ိုင်းမှ သိရသည်။ ပြည်တွင်း ခရီးသွား ဧည့် သည် ပုံမှန် လာသော်လည်း ပြည်ပ ဧည့်သည်မှာ ပို၍ များကြောင်း စုံစမ်းသိရှိရသည်။ ယခု ကဲ့သို့ မန္တလေး မြို့အား ဧည့်သည် ၀င်ရောက လာခြင်းမှာ တရုတ်ဘက် မှ ဧည့်သည် များက ပို၍ ၀င်ရောက် ခြင်း ဖြစ်ကြောင်း သိရသည်။

  • ခရီးသွား လုပ်ငန်း ကုမ္ပဏီများကို ကုမ္ပဏီ မှတ်ပုံတင် သက်တမ်း ရှိမှ ခရီး လှည့်လည်ရေး လုပ်ငန်း လိုင်စင် ထုတ်ပေးမည်

    ခရီးသွား လုပ်ငန်း ကုမ္ပဏီများ အနေဖြင့် ကုမ္ပဏီ မှတ်ပုံတင် သက် တမ်း အထောက် အထား ဆောလျင် စွာ ရယူ၍ လုပ်ငန်း လိုင်စင် သက်တမ်း တိုး ကိစ္စ ကို လျှောက်ထားရန် ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်းဝန်ကြီး ဌာနက ပထမအကြိမ် နှိုးဆော် ထားကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ် ငန်းရှင်များ အသင်းမှသိရသည်။ ခရီးသွား လုပ်ငန်း ကုမ္ပဏီများသည် ရင်းနှီး မြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာနမှ ထုတ်ပေး ထားသော ကုမ္ပဏီ မှတ်ပုံတင် သက်တမ်း မရှိ ပါက လိုင်စင် ထုတ်ပေး ရေး အတွက် အခက်အခဲ ရှိသဖြင့် ကုမ္ပဏီ သက်တမ်း မရှိသော ခရီးသွား ကုမ္ပဏီ များကို ခရီး လှည့်လည် ရေး လုပ်ငန်း လိုင်စင် သက်တမ်း တိုးမြှင့် ပေးမည် မဟုတ် ကြောင်း သိရသည်။

  • အင်းလေးကန် ရေခန်း ခြောက်မှု ဂျပန် ပညာရှင်များ နှင့် ညှိနှိုင်း အဖြေ ရှာမည်

    အင်းလေးကန် ရေခန်း ခြောက်မှု ဂျပန် ပညာရှင်များ နှင့် ညှိနှိုင်း အဖြေ ရှာမည်

    အင်းလေးကန် ရေခန်းခြောက် တိမ်ကော လာမှု ကို ဂျပန် နိုင်ငံရှိ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ကျွမ်းကျင် ပညာရှင် များနှင့် ညှိနှိုင်း အဖြေ ရှာမည် ဖြစ်ကြောင်း သစ်တော သယံဇာတ ပတ်ဝန်း ကျင် ဖွံ့ဖြိုး တိုးတက် ရေးနှင့် ထိန်းသိမ်းရေး အသင်း (FREDA) မှ သတင်းထုတ် ပြန်သည်။

    အဆိုပါ အဖွဲ့တွင် ဂျပန်နိုင်ငံ အခြေစိုက် ကျွမ်းကျင် ပညာရှင်များ စွာ ပါဝင်ပြီး ငွေကြေး အရ ကူညီ ထောက်ပံ့မှု ပေးမည့် အဖွဲ့မဟုတ်ဘဲ ထိန်းသိမ်းမှု နည်းပညာများ ကူညီ မည့် အဖွဲ့တစ်ခု ဖြစ်ကြောင်း၊ ယခု လ အတွင်း ဖိတ်ကြား ခေါ်ယူ မည်ဖြစ် ကာ လာမည့် လတွင် မြန်မာနိုင်ငံ သို့ လာရောက် လည်ပတ်မည် ဟု စီစဉ် ထားကြောင်း၊ အင်းလေးကန် ရေရှည် ထိန်းသိမ်းရေး အတွက် အဆိုပါ အဖွဲ့ ထံမှ နည်းပညာ အကူအညီများ ရရှိ မည် ဖြစ်ကြောင်း သိရသည်။

    အဆိုပါ အဖွဲ့၏ အမည်ကို ထုတ်ဖော် ပြောကြားခြင်း မရှိသော် လည်း FREDA နှင့် ကုလ သမဂ္ဂ ဖွံ့ ဖြိုးမှု အစီအစဉ် (UNDP) တို့က ပူး ပေါင်း ဆုံးဖြတ်ခြင်း ဖြစ်သည်။

  • Older Posts Yeah! There are more posts, check them out.

PHVsPjxsaT48c3Ryb25nPndvb19hYm91dDwvc3Ryb25nPiAtIDwvbGk+PGxpPjxzdHJvbmc+d29vX2FkX2ltYWdlXzE8L3N0cm9uZz4gLSAvaW1hZ2VzL2FkLmdpZjwvbGk+PGxpPjxzdHJvbmc+d29vX2FkX2ltYWdlXzI8L3N0cm9uZz4gLSAvaW1hZ2VzL2FkLmdpZjwvbGk+PGxpPjxzdHJvbmc+d29vX2FkX3VybF8xPC9zdHJvbmc+IC0gaHR0cDovL2V4YW1wbGUuY29tPC9saT48bGk+PHN0cm9uZz53b29fYWRfdXJsXzI8L3N0cm9uZz4gLSBodHRwOi8vZXhhbXBsZS5jb208L2xpPjxsaT48c3Ryb25nPndvb19hbHRfc3R5bGVzaGVldDwvc3Ryb25nPiAtIGRlZmF1bHQuY3NzPC9saT48bGk+PHN0cm9uZz53b29fYXJjaGl2ZXM8L3N0cm9uZz4gLSA8L2xpPjxsaT48c3Ryb25nPndvb19hdXRvX2ltZzwvc3Ryb25nPiAtIGZhbHNlPC9saT48bGk+PHN0cm9uZz53b29fYmlvPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xPC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMTA8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xMTwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19jYXRfbWlkXzEyPC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMTM8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xNzI8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMTg8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xOTU8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMjA8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8yMDk8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMjE4PC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMjQ8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMzwvc3Ryb25nPiAtIGZhbHNlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF80PC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfNTwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19jYXRfbWlkXzY8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF83NDwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19jYXRfbWlkXzg8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X3RodW1iX2hlaWdodDwvc3Ryb25nPiAtIDc2PC9saT48bGk+PHN0cm9uZz53b29fY2F0X3RodW1iX3dpZHRoPC9zdHJvbmc+IC0gMjA3PC9saT48bGk+PHN0cm9uZz53b29fY3VzdG9tX2Nzczwvc3Ryb25nPiAtIDwvbGk+PGxpPjxzdHJvbmc+d29vX2N1c3RvbV9mYXZpY29uPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fZW1haWw8L3N0cm9uZz4gLSA8L2xpPjxsaT48c3Ryb25nPndvb19leGNsdWRlX2NhdHM8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fZmVhdHVyZWRfY2F0ZWdvcnk8L3N0cm9uZz4gLSAmYWFjdXRlOzwvbGk+PGxpPjxzdHJvbmc+d29vX2ZlZWRidXJuZXJfdXJsPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fZmxpY2tyX2VudHJpZXM8L3N0cm9uZz4gLSBTZWxlY3QgYSBudW1iZXI6PC9saT48bGk+PHN0cm9uZz53b29fZmxpY2tyX2lkPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fZ29vZ2xlX2FuYWx5dGljczwvc3Ryb25nPiAtIDxzY3JpcHQgdHlwZT1cInRleHQvamF2YXNjcmlwdFwiPg0KdmFyIGdhSnNIb3N0ID0gKChcImh0dHBzOlwiID09IGRvY3VtZW50LmxvY2F0aW9uLnByb3RvY29sKSA/IFwiaHR0cHM6Ly9zc2wuXCIgOiBcImh0dHA6Ly93d3cuXCIpOw0KZG9jdW1lbnQud3JpdGUodW5lc2NhcGUoXCIlM0NzY3JpcHQgc3JjPVwnXCIgKyBnYUpzSG9zdCArIFwiZ29vZ2xlLWFuYWx5dGljcy5jb20vZ2EuanNcJyB0eXBlPVwndGV4dC9qYXZhc2NyaXB0XCclM0UlM0Mvc2NyaXB0JTNFXCIpKTsNCjwvc2NyaXB0Pg0KPHNjcmlwdCB0eXBlPVwidGV4dC9qYXZhc2NyaXB0XCI+DQp0cnkgew0KdmFyIHBhZ2VUcmFja2VyID0gX2dhdC5fZ2V0VHJhY2tlcihcIlVBLTE2NjE2MDctMTJcIik7DQpwYWdlVHJhY2tlci5fdHJhY2tQYWdldmlldygpOw0KfSBjYXRjaChlcnIpIHt9PC9zY3JpcHQ+PC9saT48bGk+PHN0cm9uZz53b29faG9tZV9wb3N0czwvc3Ryb25nPiAtIDU8L2xpPjxsaT48c3Ryb25nPndvb19pbWFnZV9kaXNhYmxlPC9zdHJvbmc+IC0gZmFsc2U8L2xpPjxsaT48c3Ryb25nPndvb19pbWFnZV9oZWlnaHQ8L3N0cm9uZz4gLSAxNzM8L2xpPjxsaT48c3Ryb25nPndvb19pbWFnZV93aWR0aDwvc3Ryb25nPiAtIDIzMDwvbGk+PGxpPjxzdHJvbmc+d29vX2xvZ288L3N0cm9uZz4gLSBodHRwOi8vd3d3LnRoZW15YW5tYXJwb3N0LmNvbS93cC1jb250ZW50L3dvb191cGxvYWRzLzUtbG9nby5naWY8L2xpPjxsaT48c3Ryb25nPndvb19tYW51YWw8L3N0cm9uZz4gLSBodHRwOi8vd3d3Lndvb3RoZW1lcy5jb20vc3VwcG9ydC90aGVtZS1kb2N1bWVudGF0aW9uL29wZW4tYWlyLzwvbGk+PGxpPjxzdHJvbmc+d29vX3Jlc2l6ZTwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19zaG9ydG5hbWU8L3N0cm9uZz4gLSB3b288L2xpPjxsaT48c3Ryb25nPndvb19zaG93X2Jsb2c8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX3RoZW1lbmFtZTwvc3Ryb25nPiAtIE9wZW4gQWlyPC9saT48bGk+PHN0cm9uZz53b29fdGhlX2NvbnRlbnQ8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX3RodW1iX2hlaWdodDwvc3Ryb25nPiAtIDE0NTwvbGk+PGxpPjxzdHJvbmc+d29vX3RodW1iX3dpZHRoPC9zdHJvbmc+IC0gMjE4PC9saT48bGk+PHN0cm9uZz53b29fdHdpdHRlcjwvc3Ryb25nPiAtIDwvbGk+PGxpPjxzdHJvbmc+d29vX3VwbG9hZHM8L3N0cm9uZz4gLSBhOjI6e2k6MDtzOjYzOiJodHRwOi8vd3d3LnRoZW15YW5tYXJwb3N0LmNvbS93cC1jb250ZW50L3dvb191cGxvYWRzLzUtbG9nby5naWYiO2k6MTtzOjY1OiJodHRwOi8vd3d3LnRoZW15YW5tYXJwb3N0LmNvbS93cC1jb250ZW50L3dvb191cGxvYWRzLzQtMy1sb2dvLmdpZiI7fTwvbGk+PGxpPjxzdHJvbmc+d29vX3ZpZGVvX3Bvc3RzPC9zdHJvbmc+IC0gU2VsZWN0IGEgbnVtYmVyOjwvbGk+PGxpPjxzdHJvbmc+d29vX3ZpZHBhZ2U8L3N0cm9uZz4gLSBTZWxlY3QgYSBwYWdlOjwvbGk+PC91bD4=