The Myanmar Post - Myanmar News Journal » နည်းပညာ

မကွေး အက်ဖ်စီ ဗိုင်းရပ်စ် တိုက်ခိုက် မှုကြောင့် ကွန်ပျူတာ ရှိ သတင်း အချက်အလက်များ ဆုံးရှုံးမှု ကြီးမားစွာ ဖြစ်ပေါ်
လတ်တလော ၌ မြန်မာနိုင်ငံရှိ  ကွန်ပျူတာ သုံးစွဲသူ များကို အဓိက  ပစ်မှတ်ထား တိုက်ခိုက် လျက် ရှိသည့်  မကွေး အက်ဖ်စီ ဗိုင်းရပ်စ် တိုက်ခိုက်မှု ကြောင့် ကွန်ပျူတာ ရှိ သတင်းအ ချက်အလက် များ ပျက်စီး ဆုံးရှုံးမှု ကြီးမားစွာ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

“မကွေး အက်ဖ်စီ ဗိုင်းရပ်စ် ကိုက် ခံရတဲ့ ကွန်ပျူတာက အရမ်းလေး သွားပြီး Folder Option နဲ့ Task Manager တွေပျောက်သွားတယ်။  cmd.exe ဖွင့်လိုက် တာနဲ့ ချက်ချင်း ပြန်ထွက် သွားတယ်။ vbs script တွေ run လို့မရ တော့ဘူး။ သိမ်းထား တဲ့ folder တွေ ပျောက်သွားပြီး အဲဒီ  ဖိုင်တွေ နေရာမှာ exe ဖိုင်တွေ အစား ထိုး ၀င်ရောက် နေပါတယ်။ ပြီးတော့ desktop ရဲ့လယ်ယာဘက် အောက် ထောင့် (အချိန် ဖော်ပြတဲ့ နေရာ) မှာ မကွေးအက်ဖ်စီ ပုံ တက်လာပါတယ်။  Folder တွေ အားလုံးကို empty ဖြစ်သွား စေနိုင် တာ ကြောင့် တော် တော် ဆိုးရွားတဲ့ ဗိုင်းရပ်စ် ဖြစ်ပါတယ်” ဟု ဟာ့ဒ်ဝဲ ကျွမ်းကျင် ပညာရှင် တစ် ဦးက ရှင်းပြ သည်။

ထိုသို့ mgy.exe ဗိုင်းရပ်စ် တိုက်ခိုက်ခြင်း ခံရပါက ကွန်ပျူတာ တွင် ရှိသော AntiVirus ကို ခေတ္တ  ပိတ်လိုက် ပြီး Virus ၀င်ရောက်ခြင်း ခံထား ရသည့် memory stick များ ကို ကွန်ပျူတာ တွင် ဆက်လက် တပ် ဆင် ထားရန် လိုအပ်သည်။ ဗိုင်းရပ်စ်   ဖယ်ရှားခြင်း ပြုလုပ်ရာတွင် ကွန်ပျူ တာ ကို restart ပြုလုပ်ရန် လိုအပ် သည့် အတွက် လုပ်လက်စ အလုပ် များ ရှိပါက save ပြုလုပ်ရန် လိုအပ် ကြောင်း၊ ထို့နောက် mgy virus removal.exe ကို run လိုက်ပါက system restart ဖြစ်၍ ပြန်တက် လာသော အချိန်တွင် ကွန်ပျူတာ အတွင်းနှင့် memory stick အတွင်း ၀င်ရောက် လျက်ရှိသည့် ဗိုင်းရပ်စ် များကို ရှင်းလင်းပြီး ဖြစ်သွား ကြောင်း၊  Nod 32 AntiVirus အသုံးပြုသူ များ အနေဖြင့် Nod 32 ကို ဗိုင်းရပ်စ်  မှ နေရာ ၀င်ရောက် ယူသွား သဖြင့် Nod 32 ကို ပြန်လည် ထည့်သွင်း ပေးရန် လိုအပ်ကြောင်း၊ အဆိုပါဗိုင်း ရပ်စ်ကို Myanmar Chat Online (http://www.myanmarchat online.org/fil…rus removal. exe) မှတစ်ဆင့်ဖယ်ရှားနိုင်ကြောင်း  သိရသည်။

ဖြိုးမောင်မောင်

စီးပွားရေး လုပ်ငန်းသုံး Application ကို ၀က်ဘ်ဆိုက် တွင် အခမဲ့ ကြော်ငြာနိုင်
IBIZ Service Provider မှ ပြုလုပ်သော e-commerce application ၀က်ဘ်ဆိုက် ဖြစ်သည့် Myanmar Events ၀က်ဘ်ဆိုက်ရှိ စီးပွားရေး လုပ်ငန်းသုံး application များနှင့် အခမဲ့ ကြော်ငြာများ ကဏ္ဍတွင် အချက် အလက် များကို ကိုယ်တိုင် အခမဲ့ စမ်းသပ် အသုံးပြု နိုင် ကြောင်း သိရသည်။ www.myanmarevents.com တွင် အခမဲ့ အသုံးပြု လို သူများ အနေဖြင့် စာရင်းသွင်း ရန် ဖုန်း -၀၉-၅၄၀-၈၇၁၀ သို့ ဖုန်းဆက် ကာ အသုံးပြု လိုသည့် application ကို အကြောင်းကြား ပေးရန် လိုကြောင်း သိ ရသည်။ အဆိုပါ ၀က်ဘ်ဆိုက်ဒ် တွင် ကိုယ်တိုင် အခမဲ့ ထည့်သွင်း နိုင်သော အရောင်းအ၀ယ် ကြော်ငြာများ၊ စီး ပွားရေး လုပ်ငန်း လမ်းညွှန် များတွင် ကြော်ငြာ ထည့်ချင် သူ များနှင့် စီးပွားရေး လိပ်စာ များကို အမြဲတမ်း အခမဲ့ ကြော်ငြာ နိုင်ပြီး စီးပွားရေး လုပ်ငန်းသုံး application များဖြစ်သည့် အလုပ်အကိုင် ရှာဖွေရေး လုပ်ငန်းများ အိမ်ခြံမြေ ရောင်း ၀ယ်ငှားရမ်းခြင်းလုပ်ငန်းများ၊ သင်တန်းကျောင်းများ၊ မော်တော်ကား အရောင်းအ၀ယ် အေးဂျင့်များ စသည် တို့ကို လည်း ကိုယ်တိုင် အချက်အလက် ထည့်သွင်း ကာ ရက် ပေါင်း ၉၀ အတွင်း အခမဲ့ စမ်းသပ် အသုံးပြု နိုင်ကြောင်း သိရသည်။

မြင့်မြင့်စိုး

SONY EXPO’ 2010 ကျင်းပမည်
TMW Enterprise Ltd. ၏ SONY EXPO’ 2010 ကျင်းပမည့် အကြောင်း စာနယ်ဇင်း ရှင်းလင်းပွဲ ကို ရန်ကုန်မြို့၊ Park Royal Hotel ၌ ဇွန် ၁၀ ရက် မွန်းလွဲ ၁ နာရီတွင် ကျင်းပသည်။ အဆိုပါ  ပြပွဲကို ရန်ကုန် မြို့၊ တပ်မတော် ခန်းမ၌ ဇွန် ၁၈ ရက်မှ ဇွန် ၂၀ ရက်အထိ ကျင်းပမည် ဖြစ်ပြီး ကမ္ဘာ့နိုင်ငံ အသီးသီး၌ တွင်ကျယ်စွာ အသုံးပြု နေသော SONY  ၏နည်း ပညာ များနှင့် ၂၀၁၀ ပြည့်နှစ် နောက် ဆုံးပေါ် နည်းပညာ များကို ပြသမည် ဖြစ်ပြီး လက်တွေ့ ကြည့်မြင် ခံစားနိုင် မည်ဖြစ်ပြီး အထူး လျှော့ဈေးများ၊ အထူး ၀န်ဆောင်မှုများ၊ တရားဝင် အာမခံ ကတ်ပြား များဖြင့် ရောင်းချ ပေးမည် ဖြစ်ကြောင်း သိရသည်။

ဝင်းလက်

MRS Computer Centre ၏ Notebook အထူုး ဈေးရောင်း ပွဲတော် ကျင်းပမည်
MRS Computer Sales & Service Centre  ၏ Brand New Notebook အထူး ဈေးရောင်း ပွဲတော် ကျင်းပမည့် အစီအစဉ် စာနယ်ဇင်း ရှင်းလင်းပွဲ ကို ရန်ကုန်မြို့၊ မဟာဗန္ဓုလ လမ်းနှင့် ဆိပ်ကမ်းသာ လမ်း ထောင့်ရှိ MINGO Snacks & Beverage ၌ ဇွန် ၁၁ ရက် မွန်းလွဲ ၂ နာရီတွင် ကျင်းပသည်။

အဆိုပါ အထူး ဈေးရောင်း ပွဲတော်ကို MRS Sales & Service Centre ဘိုကလေး ဈေးလမ်း (အောက်ဆုံး ဘလောက်) ၌ ဇွန် ၁၈ ရက်မှ ၂၅ ရက် အထိ ကျင်းပမည် ဖြစ်ပြီး အခြား နေရာများ တွင်မရနိုင် သော ဈေးနှုန်းဖြင့် ရောင်းချ ပေးမည့် အပြင် အခြားဆက် စပ် ပစ္စည်း များကိုလည်း အထူး သက်သာ သော ဈေးနှုန်း (Bandle Price) ဖြင့် ၀ယ်ယူ နိုင်သော အစီအစဉ် လည်း ပါဝင်သည်။ MRS Computer Sales & Service Centre က ကွန်ပျူတာ နှင့် ဆက်စပ် ပစ္စည်း များကို အထူး ချိုသာသော ဈေးနှုန်းဖြင့် ရောင်းချပေး ရုံ သာမက Cable Network, Wireless Network Installation  များ အတွက် Corporate Level အထိ ၀န်ဆောင်မှု ပေးခြင်း၊Computer များ အတွက် Service Contract ပြုလုပ် ပေးခြင်း၊ Internet Cafe, Game Centre  များအား One Stop Service  ပြုလုပ် ပေးခြင်း၊ Seminar များ၊ အခမ်း အနား များအတွက် ကွန်ပျူတာ LCD Projector, Tripod Screen များ ငှားရမ်း ပေးခြင်း စသော ၀န်ဆောင်မ များကိုလည်း ဆောင်ရွက် ပေးလျက် ရှိ သည်။ အသေးစိတ် သိရှိ လိုပါကMRS Computer Sales & Service အမှတ် ၅၁-၅၃ ၊ ဘိုကလေး ဈေးလမ်း (အောက်)၊ ဗိုလ်တထောင် မြို့နယ် (ဖုန်း-၃၉၂၁၃၈၊ ၃၉၂၂၅၉) သို့ ဆက်သွယ် နိုင်ကြောင်း သိရသည်။

ဝင်းလက်

ဆုတွေ ရနိုင်မယ့် ကမ္ဘာ့ဖလား အင်တာနက် ခန့်မှန်း ပြိုင်ပွဲ
၂၀၁၀ ကမ္ဘာ့ ဖလား ဘောလုံး ပြိုင်ပွဲကို ဇွန် ၁၁ရက်မှာ စတင် ကျင်းပ တော့မှာပါ။ ဒီနှစ်မှာ ထူးထူး ခြားခြား ၂၀၁၀ ကမ္ဘာ့ ဖလား ဘောလုံး ပြိုင်ပွဲမှာ ဘယ်သူ နိုင်မလဲ ဆိုတာ ကို အင်တာနက် ပေါ်မှာ ၀င်ရောက် ခန့်မှန်း ကာ ဆုများ ရယူ နိုင်ဖို့ စီစဉ် ထားတယ် လို့သိရ ပါတယ်။ အခြား သော ခန့်မှန်း ပြိုင်ပွဲ များလို ရက်ကြို ပေးပို့ ရတာမျိုး မဟုတ်ဘဲ ဘောလုံး ပြိုင်ပွဲ မစမီ နာရီဝက် အလိုအထိ ခန့် မှန်း နိုင်သလို ခန့်မှန်း ချက် များကို လည်း အလွယ်တကူ ပြောင်းလဲနိုင် မှာ ဖြစ်ပါတယ်။ ဘောလုံး ၀ါသနာ ရှင်တွေ အတွက် ၂၀၁၀ ကမ္ဘာ့ဖလား အင်တာနက် ခန့်မှန်း ပြိုင်ပွဲကို www.myanmarevents.com မှာ ၀င်ရောက် ယှဉ်ပြိုင်နိုင် မှာ ဖြစ်ပါတယ်။

ခန့်မှန်း ပြိုင်ပွဲ ကို ပွဲစဉ် “က” နှင့် ပွဲစဉ် “ခ” ဆိုပြီး နှစ်ပိုင်း ခွဲကာ ကျင်းပ သွားမှာ ဖြစ်ပြီး ပွဲစဉ် “က” အုပ်စု ပတ် လည် ပွဲစဉ်က ဇွန် ၁၁ရက်က ၂၅ရက် ထိ ယှဉ်ပြိုင် ကြမယ့် ၄၈ပွဲ၊ ပွဲစဉ် “ခ” ကတော့ ဇွန် ၂၆ရက်က ဇူလိုင် ၁၁ရက် ထိ ကျင်းပမယ့် ဗိုလ် လုပွဲထိ ပွဲစဉ်များ ပါဝင်မှာ ဖြစ်ပါတယ်။

ပွဲစဉ် “က” ကိုတော့ အင်တာ နက် အွန်လိုင်း စနစ်ကို ရင်းနှီးကျွမ်း ၀င်စေဖို့ ရည်ရွယ် ကျင်းပ တာဖြစ်ပြီး ၄၈ပွဲလုံး ပါဝင် ကစားသူများမှ အ မှတ် အများဆုံး ရရှိတဲ့ ပြိုင်ပွဲဝင် ၁၀ဦးအား အမှတ်တရ ဆုများ ချီး မြှင့် သွားမှာ ဖြစ်ကာ ပွဲစဉ် “ခ” ပွဲစဉ် များ အတွက်ကိုတော့ ဆုကြေးများ ချီးမြှင့် ပေးသွားမှာပါ။

ဆုကြေး များကိုတော့ ပထမဆု ငွေကျပ်သုံးသိန်း၊ ဒုတိယဆု ကျပ် တစ်သိန်းခွဲ၊ တတိယဆုကျပ်တစ် သိန်းနှင့် နှစ်သိမ့်ဆု ခုနစ်ဆု ချီးမြှင့်ဖို့ လျာထား ပါတယ်။ ဆုကြေးများက တော့ စပွန်ဆာ ကုမ္ပဏီများ ပါဝင်မှု ပေါ်မူတည်ပြီး တိုးမြှင့် သွားဖို့ စီစဉ် နေပါတယ်။

ခန့်မှန်း ပြိုင်ပွဲမှာ ပါဝင်ဖို့အ တွက် ပထမဦးဆုံး ပါဝင် ယှဉ်ပြိုင်လို သူက အီးမေးလ် အကောင့် တစ်ခု ရှိရ ပါမယ်။ www.myanmarevents.com မှာ member အဖြစ် register ပြုလုပ်ပြီး member activate ပြုလုပ်ရန် လိုပါတယ်။ ပြီးရင် member login ပြုလုပ်ပြီး football link ကို click နှိပ်ပြီး စတင် ကစားနိုင် မှာ ဖြစ်ပါ တယ်။ အီးမေး ကြည့်တတ် သည့် သူတိုင်း ကစား နိုင်တဲ့ လွယ်ကူ တဲ့ ခန့်မှန်း ပြိုင်ပွဲဖြစ်ကာ ပါဝင် ယှဉ် ပြိုင်ရန် အခက်အခဲ ရှိပါက သုံးစွဲနေ တဲ့ အင်တာနက် ဆိုင်မှာ account ဖွင့်ဖို့ အလွယ်တကူ အကူအညီ တောင်းခံ နိုင်မှာဖြစ်ပါတယ်။

ဆြာဘ

Acer ဆိုင်ခွဲ အားလုံး မိုးရာသီ Promotion တစ်ပြိုင်တည်း ရောင်းချ ပေးမည်
မြန်မာပြည် တစ်ဦးတည်း ကိုယ်စား လှယ် ရွှေလမင်း နဂါးကုမ္ပဏီမှ မိုးရာ သီ promotion ကို Acer ကွန်ပျူတာ Notebook နှင့် Netbook ရောင်း ချ ပေးနေသော တစ်နိုင်ငံ လုံးရှိ ဆိုင်ခွဲ များ၌ ဇွန် ၉ ရက်မှ ၁၃ ရက်အထိ တစ်ပြိုင်နက် တည်း ရောင်းချ ပေးသွား မည်ဖြစ်ကြောင်း Marketing Manager ဦးသန့်ဇင်ဝင်းက ပြောကြား သည်။

“ဒီမိုးရာသီ promotion မှာ ရောင်းချ ပေးသွားမယ့် Notebook တွေကို ဈေးနှုန်းလည်း မှန်ကန် စေ ရမယ်။ ၀ယ်တဲ့ customer တွေလည်း စိတ်တိုင်းကျ စေရမယ်။ မိုးရာသီ promotion ကို တစ်နေရာတည်းမှာ မကျင်းပ တာကလည်း ၀ယ်တဲ့ သူတွေ က တကူးတက လာဝယ် ရမယ်လေ။ ဆိုင်ခွဲမှာ သွားဝယ် လိုက်ရုံ ပါပဲ” ဟု ဆက်လက် ပြောကြားသည်။

အဆိုပါ ရောင်းချ ပေးမှုကို မြန် မာ တစ်နိုင်ငံ လုံးရှိ ဆိုင်ခွဲ အသီးသီး၌ ရောင်းချ ပေးသွားမည် ဖြစ်သည်။ တစ်ရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်း အထိ ဈေးလျှော့ ရောင်းချ ပေးမည့် ပစ္စည်း များမှာ Asprire 4732z , Asprire 4736z (New) , Aspire 47741 , Asprie 4741G , Asprie 4741G (New)rsm; , Aspire one A 0532h , Emachine D 725 (New) , Acer Timeline 4810T အမျိုးအစားများ ဖြစ်ကြောင်းသိရသည်။

YYH

Lenovo 2010 IT ပြပွဲ ကျင်းပမည်
နည်းပညာ လိုက်စား သူများအ တွက် Lenovo 2010 IT Exhibition  ကို မေ ၂၆ ရက် တွင် ရန်ကုန် မြို့ Strand Hotel ကျင်းပ မည်ဖြစ် သည်။ အဆိုပါ ပြပွဲတွင် မိမိ မျက်နှာဖြင့် ကွန်ပျူတာ စနစ် ထဲသို့ login ၀င် ရောက် နိုင်သော စနစ် (Veriface Face Recognition Technology) အရေးကြီး ဖိုင်များ ကို မျက်နှာ၊ လက် ဗွေ တို့ဖြင့် ထိန်းချုပ် စနစ် (Bio Excess)၊ နုတ်ဘုတ် မတော်တဆ ပြုတ်ကျ သော်လည်း Hard Disk မှ အရေး ကြီး ဖိုင်များ မထိခိုက် စေရန် APS စနစ်၊ USB Port မှ ခွင့်ပြုချက် မရဘဲ အရေး ကြီး အချက် အလက် များ အလွယ်တကူ ကူးယူခြင်း ကို ကာကွယ် နိုင်သော USB Port Locker System စသည့် နည်းပညာများကို presentation နှင့် တကွ အသေးစိတ် ရှင်းလင်း ပြသမည် ဖြစ်သည်။ ထို့ပြင် Lenovo Notebook နှင့် Lenovo Desktop များ၊ ဆက်စပ် ပစ္စည်း များကို လက်ဆောင် ပစ္စည်း များနှင့် တကွ အထူးနှုန်းဖြင့် ရောင်း ချပေး၍ ၀ယ်ယူ အားပေးသော customer များအား ကျပ် ၁,၀၀,၀၀၀ ဆု ငါးဆု ကိုပါ ကံစမ်းမဲ ဖောက်မည် ဖြစ် သည်။ အသေးစိတ် သိလိုပါက၊ KMD Sales Centre အမှတ် ၁၇၀-၁၈၄၊ ပန်းဆိုးတန်း လမ်း၊ ကျောက်တံတား မြို့နယ်၊ ဖုန်း – ၂၄၅၁၈၀၊ ၃၈၄၁၀၉၊ ၃၈၁၁၂၉ သို့ ဆက်သွယ် နိုင်ကြောင်း သိရသည်။

သုဝဏ်

Facebook မှာ ကိုယ့် status လေး လူတိုင်း မသိစေဖို့
Facebook က တကယ်ကို အသုံးတည့်ပြီး တနေကုန် အချိန်ကုန်လို့ ရတဲ့ social network ပါ။ သူငယ်ချင်းတွေ လည်း facebook ကြောင့် အလှမ်းဝေး ကွာနေရာကနေ ပြန်လည် စုစုစည်းစည်း ဖြစ်လာ ခဲ့ရတာတွေ တွေ့ဖူး ပါတယ်။  သူငယ်ချင်းတွေ တွေ့တော့ ထုံးစံ အတိုင်း ပြောချင် တာတွေပြော၊ ရေးချင်တာတွေ ရေး၊ ဖြစ်သလို ရိုက်တာတဲ့ ဓာတ်ပုံတွေ တင်လို့ တင်နဲ့ ပျော်စရာပါ။  ဒါပေမဲ့ Facebook က ကိုယ့် သူငယ်ချင်းတွေ သီးသန့် သုံးတာ မဟုတ် သလို တခြား သူတွေလည်း အသုံးပြု နေတာ ကြောင့် ကိုယ့် အကြောင်းတွေ အားလုံး လူတိုင်း သိနေ ရတာ တော့ မကောင်းဘူးပေါ့။ ဒီလို အခြေအနေ တွေကြောင့် facebook က အသုံးတဲ့မဲ့ policy feature လေးကို ထည့်သွင်း ပေးထား ပါတယ်။  အသုံးဝင်ပေမဲ့ တော်တော်များများက ရှိမှန်း မသိသလို၊ လုပ်ရတာ ခေါင်းစားနေတဲ့ သူတွေ၊ အတွက် တစ်ဆင့်ချင်း ၀ဘ်ဆိုဒ်မှာ တစ်ဆင့်ချင်း ရေးပေး ထားပါတယ်။

http://bit.ly/bP2Mqu

တူလေး

http://bit.ly/bP2Mqu

ရေစိုခံ အိတ်များ ကို Mr. Fone တွင် လာရောက် ထုတ်ယူနိုင်
သင်္ကြန် အတွင်း လျှောက်လည် ကြမည့် သူများအတွက် ဟန်းဖုန်း များ ရေစို မခံရစေရန် ရေစိုခံ အိတ် များကို Mr.Fone မှ ဧပြီ ၁ရက်မှ ၁၀ရက် အတွင်း မည်သူမဆို အခမဲ့ လာရောက် ထုတ်ယူ နိုင်ကြောင်း Mr. Fone မှ ကိုမင်းသိန်းကျော် က ပြောသည်။

“ရေစိုခံ အိတ်တွေကို ဒီရက်အ တွင်း လာရောက် ထုတ်ယူ နိုင်ပါတယ်။ မည်သူမဆို အခမဲ့ ပေးမှာပါ။ အ ကယ်၍ ရေစိုခံ အိတ်မရလို့ ဖုန်းများ ထဲ၌ ရေ၀င် သွားရင်လည်း Mr. Fone ပိုင်းကို အခမဲ့ ၀န်ဆောင်မှု ပေးသွား မှာပါ။ အိုင်စီပြား လောင်သွားရင် တော့ အိုင်စီပြားရဲ့ ကျသင့် တန်ဖိုး ကိုတော့ ပေးရမှာ ဖြစ်ပါတယ်။ ၀န် ဆောင်မှု အတွက် ပေးစရာ မလိုပါ ဘူး” ဟုဆိုသည်။

Mr.Fone မှ ယခုကဲ့သို့ ရေစို ခံအိတ် များကို ပေးဝေခြင်းမှာ ပထမ ဆုံး အကြိမ်ဖြစ်ပြီး ပေးဝေမည့် ရေစို ခံအိတ် များကို တရုတ်မှ မှာယူထား ကြောင်း သိရသည်။ “အခမဲ့ဖြန့်ဝေ ပေးမည့် ရေစိုခံ အိတ် အနေနဲ့ ရေစို ဒဏ်ကို ခံနိုင်တဲ့ အပြင်လေမှုတ်တဲ့ အပေါက်ကလေးလည်း ပါတယ်။ ရေ ထဲကို ကျသွားရင် လည်း ပေါ်နေ တယ်” ဟု ဆက်လက် ပြောကြားခဲ့ သည်။ Mr. Fone အနေဖြင့် ဖုန်း သုံးစွဲသူများ အတွက် တစ်ဖက်တစ် လမ်းမှ အထောက်အပံ့ ဖြစ်စေလို သည့် ဆန္ဒဖြင့် ရေစိုခံ အိတ်များကို ပေးဝေခြင်း ဖြစ်ပြီး service ပိုင်းကို လည်း ၀န်ဆောင်မှု ပေးခြင်းဖြစ် ကြောင်း သိရသည်။

ယဉ်ယဉ်လှ

အွန်လိုင်းမှ အလုပ်ရှာဖွေသူ များပြားလာ
အွန်လိုင်းပေါ်မှာ အလုပ်ရှာ ဖွေ လို့ ရရှိ သည့်အတွက် အလုပ်ရှာ ဖွေနေသူ လူငယ်များ အနေနဲ့  အင် တာနက် သုံးပြီး အွန်လိုင်းမှ အလုပ် ရှာဖွေ လာကြပြီး တစ်နှစ်ထက် တစ် နှစ် ရှာဖွေသူ တက်လာ သည်ကို တွေ့ရကြောင်း ရန်ကုန်မြို့မှ အင် တာနက် ဆိုင်များမှ သိရသည်။

ယနေ့ခေတ် အလုပ် လိုသူများ အနေဖြင့် သတင်းစာများ၊ ဂျာနယ် များ၊ အလုပ်အကိုင် ရှာဖွေ ပေးသော အေးဂျင့် များမှ တစ်ဆင့် အလုပ်အ ကိုင် ရှာဖွေမှု များ ပြုလုပ် လျက်ရှိသ လို အင်တာနက် သုံးစွဲပြီး အွန်လိုင်း မှ တစ်ဆင့် ရှာဖွေခြင်း မျိုးလည်း ပြုလုပ် လာကြပြီး၊ အလုပ် ရှာဖွေသူ ပညာတတ် များ၏ ထက်ဝက် ကျော် ခန့်က အင်တာနက် သုံးစွဲပြီး ရှာဖွေ နေကြပြီ ဖြစ်သည်။

“အလုပ် လိုချင်တဲ့ သူတွေကလည်း အွန်လိုင်း ပေါ်တက်ပြီး ရှာလာ ကြ တယ်။ ကုမ္ပဏီ တွေကလည်း အ လုပ် ခေါ်စာ တွေကို ကိုယ်ပိုင်ဝက်ဘ် ဆိုက် တွေကနေ တင်ကြတာ ရှိသလို နီးစပ်ရာ ၀က်ဘ်ဆိုက် တွေ ကနေ တင်ကြတာ မျိုးလည်း ရှိလာတဲ့ အ တွက် အလုပ် လိုတဲ့ သူတွေက အင် တာနက် သုံးပြီး ရှာလာ ကြတာပါ။ မနှစ် ကထက် စာရင် ပိုပြီး များလာ သ လို ပိုပြီး တော့လည်း ကျယ်ပြန့် လာ ပါတယ်” ဟု ရန်ကုန်မြို့၊ လှည်းတန်း အင်တာနက် ဆိုင်တစ်ဆိုင် မှ မန်နေ ဂျာက ပြောကြားသည်။

အွန်လိုင်းမှ အလုပ် ရှာဖွေ ရရှိ ခဲ့သူ အန်ဂျီအို ၀န်ထမ်း တစ်ဦးက လည်း “ကျွန်မတို့ တုန်းက လည်း အင် တာနက်သုံး၊ ချက်တင် ၀င်နေရာကနေ ဂူဂယ်ပ် ကိုသွားပြီး အလုပ်လို တဲ့အ ကြောင်း ရိုက်ထည့် လိုက်တာပဲ။ ပြီး တော့မှ ရွေးပြီး ၀င်ကြည့်တယ်။ အလုပ်ခေါ်စာ ကိုလည်း သေချာ ဖတ်တယ်။ ပြီးမှ ကိုယ်လျှောက်ချင် တဲ့ဆီကို ကိုယ့်ရဲ့ ကိုယ်ရေး အကျဉ်း ပို့လိုက်တာ။ အဲလို နည်းလမ်း နဲ့ပဲ အလုပ်ရှာ ခဲ့တာပါ” ဟု ပြောသည်။

မြန်မာနိုင်ငံ တွင် အွန်လိုင်းမှ တစ်ဆင့် အလုပ်လျှောက်ခြင်း ကို ၂၀၀၆ ခုနှစ် ကတည်းက စတင် လျှောက်ထား ကြပြီ ဖြစ်သော်လည်း ၂၀၀၈ -၂၀၀၉ ခုနှစ်မှ လျှောက်ထား နိုင်ကြောင်း လူသိ များလာပြီး တွင် ကျယ်လာ သလို ယခုအခါ မှာတော့ အလုပ် ရှာဖွေ သူများ၏ ထက်ဝက် ကျော် လောက်ကပင် အွန်လိုင်းမှ အလုပ် ရှာဖွေခြင်းကို အားထားလာ ကြပြီဖြစ်ကြောင်း၊ လူငယ် အချို့မှာ  အင်တာနက် သုံးစွဲခြင်း၊ အွန်လိုင်းမှ နိုင်ငံ ပေါင်းစုံ အလုပ်အကိုင် များကို ရှာဖွေ ဖတ်ရှု လာသည့် အတွက် ပြင်ပ ဗဟုသုတ လည်း ရရှိတာ တွေ့ရပြီး အလုပ် ရှာဖွေရာနှင့် လုပ်ကိုင်ရာ တွင်လည်း နားလည် သိမြင်လွယ် ကြသည် ကို တွေ့မြင် ရကြောင်း အင်ဂျင်နီယာ လူငယ် တစ်ဦးက ပြောသည်။

“ကျွန်တော့် သူငယ်ချင်း ဆိုလည်း အင်တာနက် သုံးရင်း ဒူဘိုင်းက အလုပ် ခေါ်ထားတာ ကိုတွေ့လို့ စိတ်ဝင် စားပြီး လျှောက်လိုက် တာပဲ။ ကျွန်တော်လည်း လက်ရှိ လုပ်နေတဲ့ ကုမ္ပဏီကို အွန်လိုင်း ကနေ လျှောက် ယူ ခဲ့တာဆို တော့ အကြံပေးချင်တာ က လူငယ်တွေ အင်တာနက် သုံးတဲ့ အခါ ချက်တင် လောက်၊ သီချင်းရှာ တာ၊ ရုပ်ရှင် ကြည့်တာလောက် ပဲ လုပ်မနေ သင့်ဘဲ အလုပ်ရှာ လို့ရ တယ်။ အလုပ်နဲ့ သက်ဆိုင်တဲ့ အခြား ဗဟုသုတ ရမယ့်အရာ တွေကိုလည်း ရှာဖွေလို့ ရတယ် ဆိုတာကို ပြောချင် တယ်}}ဟု အဆိုပါ အင်ဂျင်နီယာ က ပြောသည်။

အိုင်တီ ပစ္စည်းများ တင်သွင်း ရောင်းချ နေသော ကုမ္ပဏီ တစ်ခုမှ အဆင့်မြင့် ၀န်ထမ်း တစ်ဦး ကလည်း သူတို့ ကုမ္ပဏီ အနေဖြင့် မြန်မာတိုင်းမ် ဂျာနယ်၊ အခွင့်အလမ်းဂျာနယ်တို့မှ အလုပ် ခေါ်ခဲ့ ဖူးသလို အွန်လိုင်းပေါ် မှာလည်း တင်ပြီး အလုပ် ခေါ်ခဲ့ဖူး ကြောင်း ဂျာနယ်မှ တစ်ဆင့် အလုပ် ခေါ်ခြင်းနှင့် အွန်လိုင်းမှ တစ်ဆင့် အလုပ် ခေါ်ခြင်းမှာ နှစ်မျိုး စလုံးတွင် အားနည်းချက်၊ အားသာချက် များရှိ သည်ကို တွေ့ရ ကြောင်း အလုပ်ရှင် များ အနေနဲ့ကတော့ ကိုယ်ပိုင် ၀က်ဘ်ဆိုက် ရှိပါက ထိုဝက်ဘ်ဆိုက် မှာတင်ပြီး အလုပ် ခေါ်တာ ပိုအဆင် ပြေ နိုင်ကြောင်း ပြောသည်။

“အွန်လိုင်း ကနေ ၀န်ထမ်းခေါ် လိုက်တာ အဆင် ပြေတယ်။ အလုပ် ရှင် ဘက်ကလည်း အလုပ် ရှာတဲ့သူရဲ့ အင်္ဂလိပ်စာ နဲ့ ကွန်ပျူတာ၊ အင်တာ နက် ကျွမ်းကျင်မှု ကို ဘယ်လောက် အရည်အသွေး ရှိလဲဆိုတာ သိလာရ တယ်။ အဲဒီလို ရွေးပြီးမှ လူတွေ့ အင်တာဗျူး ခေါ်ကြတာ ပိုပြီး အဆင် ပြေပါတယ်။ နို့မို့ရင် လာ တင်ထား တဲ့ အလုပ် လျှောက်လွှာနဲ့ သင်တန်း ဆင်း လက်မှတ် တွေမှာတော့ အရည် အချင်း အပြည့်ပဲ။ တကယ် လက်တွေ့ လုပ်ခိုင်း တဲ့အခါမှ ကွန်ပျူတာ ကျွမ်း ကျင်မှု မရှိတာတို့၊ အင်္ဂလိပ် စာ မဖတ် နိုင် တာတို့ နားမလည် တာတို့ အဲဒီ လိုတွေ ကြုံတွေ့ ရတယ်” ဟု သူက ပြောသည်။

ငြိမ်းဆက်လင်း