Your reliable news partner
  • ပေးစာ ကဏ္ဍ

    Posted on May 18th, 2010

    Written by Web Admin

    Tags

    ရွှေတိဂုံဘုရားပေါ်မှ ဘောင်းဘီ၊ စကတ်တိုများ အမြင်မတင့်

    ရွှေတိဂုံဘုရားပေါ်မှ ဘောင်းဘီ၊ စကတ်တိုများ အမြင်မတင့်

    ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ အထွတ်အမြတ်ထား ပူဇော်ကြသည့် လေးဆူ ဓာတ်ပုံ ရွှေတိဂုံ စေတီတော်ကြီး ပေါ်သို့တက်ရာတွင် စောင်းတန်း ထိပ်များ၌ မိန်းကလေးများ အနေဖြင့် မြန်မာ့ မျက်စိနှင့် အမြင် မသင့်တော် သော ဘောင်းဘီ၊ စကတ် စသည် တို့ကို ၀တ်ဆင်၍ ဘုရား ရင်ပြင်သို့ မတက်ကြရန် သတိပေး စာများ ကပ်ထားခြင်း၊ လုံခြုံရေး တာဝန်ရှိ သူများက ဟန့်တား သတိပေးခြင်း၊ လဲဝတ်ရန် ထဘီများ ထုတ်ပေးခြင်း စသည် တို့ကိုဆောင်ရွက် နေကြ သည်မှာ အလွန် သင့်လျော်သော လုပ်ဆောင်ချက် ဖြစ်ပါသည်။ သို့ရာတွင် ဘုရားရင်ပြင်တော် ပေါ်၌ ဘောင်းဘီများ၊ စကတ်များဖြင့် သွားလာနေကြ သော မိန်းကလေး ငယ် များကို လည်း ရှောင်၍ မလွတ်အောင် တွေ့နေရပါသည်။

  • ပေးစာ ကဏ္ဍ

    Posted on May 12th, 2010

    Written by Web Admin

    Tags

    အပြော၊ အရေး မြန်မာပီပီသသဖြစ်စေချင်

    အပြော၊ အရေး မြန်မာပီပီသသဖြစ်စေချင်

    ယခုအခါ တီဗီအသံလွှင့် ဌာနများ၊ ရေဒီယို အသံလွှင့် ဌာနများ ကျယ်ပြန့် ထွန်းကား လာသည့် အားလျော်စွာ ထိုကဏ္ဍ များတွင် အစီအစဉ် တင်ဆက်မှု များပြား လာသည့် အလျောက် အစီအစဉ် တင်ဆက် သူများလည်း များပြား လာသည်ကို တွေ့ရ ပါသည်။ ဤသည်မှာ နိုင်ငံနှင့် အ၀န်း တိုးတက် လာသော အခြေအနေ ဖြစ်သဖြင့် ကြိုဆို အားပေး သင့်သော အနေ အထား ဖြစ်ပါသည်။ သို့သော် အချို့ အစီအစဉ် တင်ဆက်သူများ၊ သရုပ်ဆောင်သူ များ၏ ပြောစကား များသည် မြန်မာ မဆန် လှဘဲ မြန်မာမှု စကား အသွားအလာ များ၏ စည်းဘောင်မှ သွေဖည် ကာ အဆင်ပြေ သလို ပြောသွား နေခြင်းမျိုးကို တွေ့နေ ရပါသည်။

  • ဘတ်စကား စပယ်ယာများ နှမချင်း စာနာစိတ် ရှိရန် ပညာပေးဖို့ လိုအပ်နေ

    ဘတ်စကား စပယ်ယာများ နှမချင်း စာနာစိတ် ရှိရန် ပညာပေးဖို့ လိုအပ်နေ

    ကျွန်မတို့ မိန်းကလေး များသည် ဘတ်စကားဖြင့် ခရီး သွားလာ ကြရာတွင် ဘတ်စကား စပယ်ယာများ၏ လက်မောင်း၊ ပခုံးတို့ကို ကိုင်တွယ်ဆွဲတင်ခြင်း၊ တစ်ခါတစ်ရံ ခါးကို ဖက်သည် အထိ ဆွဲတင်၊ ဆွဲချ ခံရခြင်းများ ရှိပါသည်။ ထိုသို့ ပြုမူနေခြင်းများကို မကျေမနပ်ပြောဆို မိပါကလည်း မချေမငံ တုံ့ပြန် ခြင်းများကြုံရပါသည်။ အမှန်တော့ ကိုယ်ထိလက်ရောက် ဆွဲတင် စရာ မလိုသော ကိစ္စများတွင်ပင် ဆွဲတင် နေကြခြင်းကြောင့် ထိုသို့ မကျေနပ်သံများ ကြားရခြင်း ဖြစ်ပါသည်။ ဘတ်စကား လိုင်းတိုင်း လိုလိုတွင် ထိုသို့သော ကိစ္စများ ရှိနေကြောင်း သတိပြုမိပါသည်။ ထို့ကြောင့် ထိုသို့သော အရေးကိစ္စများ မဖြစ်ပေါ် စေရန် စပယ်ယာများ ကို အသိပေးခြင်း၊ သတိပေးခြင်း၊ ပညာပေးခြင်းများ ပြုလုပ် ပေးဖို့ တင်ပြ အပ်ပါသည်။

  • ပေးစာ ကဏ္ဍ

    Posted on April 29th, 2010

    Written by Web Admin

    Tags

    ဈေးသည် များ အကြွေ ပြန်အမ်းမှု နည်းလမ်း တကျ ရှိစေလို

    ဈေးသည် များ အကြွေ ပြန်အမ်းမှု နည်းလမ်း တကျ ရှိစေလို

    “ကျွန်မတို့က ဒီအကြွေ တွေကို အလျော့တွက် ပေးပြီးတော့လဲထား ရတာ။ ကျွန်မတို့ ပြန်အမ်း တော့လည်း ဒီလိုပဲ အလျော့တွက် နဲ့ပြန်အမ်းတယ်” ဟုပြောပါသည်။ ကျွန်မက ကျပ် ၁၀၀ တန် ပါကြောင်း ပြောသဖြင့် သူက ခုနကျပ် ၉၀ နှင့် ကျွန်မထံမှ ကျပ် ၁၀၀ ကို ယူပြီး ကျပ် ၂၀၀ တန် တစ်ရွက်နှင့် လဲလှယ် ပေးပါသည်။ ထိုသို့ ပြန်အမ်း ငွေများကို အလျော့တွက် ဖြင့် တွက်ချက်ပြီး ပြန်အမ်း နေမှု များ သည် ပမာဏ အားဖြင့် မဖြစ် လောက်ဟု ယူဆ ရသော်လည်း တကယ့်တကယ် တွင်တော့ စားသုံးသူ များတွင် နစ်နာမှုများ ရှိနေ ပါသည်။ အကယ်၍ စားသုံးသူများ က ကျပ် ၁၀၀ တန် ပစ္စည်း တစ်ခုကို အလျော့တွက် တန်ဖိုး တွက်ချက် ကာ ကျပ် ၉၀ ပဲ ပေးမည် ဆိုလျှင် သူတို့ လက်ခံ လိမ့်မည် မထင်ပါ။

  • ပေးစာ ကဏ္ဍ

    Posted on March 11th, 2010

    Written by Web Admin

    Tags

    သန့်စင်ခန်းအတွင်းမှ မဖွယ်မရာ မြင်ကွင်းများ ရှင်းလင်း ပေးစေ လို

    သန့်စင်ခန်းအတွင်းမှ မဖွယ်မရာ မြင်ကွင်းများ ရှင်းလင်း ပေးစေ လို

    အမျိုးသမီး သန့်စင်ခန်း အတွင်းမှ မဖွယ်မရာ မြင်ကွင်းများကို ထိတ်လန့် စဖွယ်တွေ့ လိုက်ရ ပါသည်။ ထိုမြင်ကွင်း မှာ ကျွန်မ တက်သော သီးသန့် အိမ်သာခန်း၏ တံခါး အတွင်းဘက် တွင် ကပ်ထား သည့် ပိုစတာများ ဖြစ်ပါသည်။ ထို ပိုစတာ များမှာ အိမ်နီးချင်းနိုင်ငံ မှ လိင်ပြောင်းလဲမှု ခွဲစိတ်ပုံ အဆင့်ဆင့် ကို မှတ်တမ်းတင် ထုတ်ပြန်သော ကြေ ညာချက် ပိုစတာများ ဖြစ်ပါသည်။

  • ပေးစာ ကဏ္ဍ

    Posted on February 17th, 2010

    Written by Web Admin

    Tags

    အများသုံး အိမ်သာ ရှိစေချင်

    အများသုံး အိမ်သာ ရှိစေချင်

    ရန်ကုန်မြို့တော်ကို မြို့တော် အင်္ဂါရပ်နှင့် အညီ အဘက်ဘက်မှ သာယာ လှပ ပြည့်စုံအောင် ဆောင်ရွက် တဲ့နေရာမှာ အများသုံး အိမ်သာ တွေကိုလည်း အများမြင်သာ ထင်သာ ရှိတဲ့ နေရာတွေမှာ ထပ်မံ ဖွင့်လှစ် ပေးဖို့ ပန်ကြား ချင်ပါတယ်။ သက်ကြီး ရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ ဆီး၊ ၀မ်း ထိန်းချုပ်ဖို့ ခက်တဲ့ ဝေဒနာရှင် တွေအဖို့ ရန်ကုန်မြို့တွင်းကို အကြောင်း ကိစ္စအမျိုးမျိုးနဲ့ ရောက်ရှိတဲ့အခါ အသိအကျွမ်း မရှိတဲ့ လူတွေအဖို့ အတော် ကသိကအောက် ဖြစ်ကြ ရပါတယ်။ ရန်ကုန် မြို့တွင်း အချို့နေရာ တွေမှာ အများသုံး အိမ်သာ ရှိပေမယ့် ဘယ်မှာ ရှိမှန်း မသိတဲ့သူတွေအတွက် ရှာဖွေရ မလွယ်ကူပါဘူး။ [...]

  • ပေးစာ ကဏ္ဍ

    Posted on February 11th, 2010

    Written by Web Admin

    Tags

    စည်းကမ်း လိုက်နာသည့် ပါရမီ တက္ကစီ

    စည်းကမ်း လိုက်နာသည့် ပါရမီ တက္ကစီ

    စည်းကမ်း မလိုက်နာသည့် ပါရမီ တက္ကစီ များကို သက်ဆိုင်ရာ အရေးယူခြင်း ကြောင့် စည်းကမ်း လိုက်နာ သည့် ပါရမီ တက္ကစီများ ဖြစ်လာ သကဲ့ စည်းကမ်း မလိုက်နာ သည့် အခြား တက္ကစီ များ ကို လည်း သက်ဆိုင်ရာ ကအရေးယူ ပေးစေ လိုပါသည်။

  • ပေးစာ ကဏ္ဍ

    Posted on January 27th, 2010

    Written by Web Admin

    Tags

    အရွယ်အစား ကြီးသည့် ဂက်စ် မီးခြစ်များ မီးဘေး လုံခြုံရေး စိတ်မချရ

    အရွယ်အစား ကြီးသည့် ဂက်စ် မီးခြစ်များ မီးဘေး လုံခြုံရေး စိတ်မချရ

    ယခုတစ်လော ဈေးကွက်တွင် တွင်တွင် ကျယ်ကျယ် ရောင်းချနေသည့် ဂက်စ်မီးခြစ် ဆိုက်ကြီး များသည် သုံးစွဲ ရာတွင် တာရှည် ခံပြီး သုံးစွဲသူအတွက် တွက်ခြေ ကိုက်သော်လည်း မကြာ ခဏ အလိုအလျောက် ပေါက်ကွဲ မီးလောင် တတ်သဖြင့် မီးဘေး လုံခြုံရေး စိတ်မချရကြောင်း သိရသည်။

  • ပေးစာ ကဏ္ဍ

    Posted on January 21st, 2010

    Written by Web Admin

    Tags

    လှည်းတန်း – ရန်ကင်း ခရီးသည်များ နေ့စဉ် စုပုံ

    လှည်းတန်း – ရန်ကင်း ခရီးသည်များ နေ့စဉ် စုပုံ

    ကျပ် ၅၀ ခရီးကို ကျပ် ၁၀၀၊ ကျပ် ၁၀၀ ခရီးကို ကျပ် ၁၅၀၊ ကျပ် ၁၅၀ ခရီးကို ကျပ် ၂၀၀ စသည်ဖြင့် အကြောင်းအမျိုးမျိုးပြကာ ခရီးသည်များအား အနိုင်ကျင့် တောင်းယူနေကြပါသည်။ သက်ဆိုင်ရာက ကွင်းဆင်း လေ့လာ စိစစ် ဆောင်ရွက် ပေးပါရန် မေတ္တာရပ်ခံ အပ်ပါသည်။

  • ပေးစာ ကဏ္ဍ

    Posted on January 7th, 2010

    Written by Web Admin

    Tags

    ပေးစာ – ယုဇန ဥယျာဉ်မြို့တော် လမ်းများ ပြုပြင်ပြီ

    ပေးစာ – ယုဇန ဥယျာဉ်မြို့တော် လမ်းများ ပြုပြင်ပြီ

    ၂၀၀၉ ခုနှစ်၊ မိုးရာသီ ကာလမှာ ယုဇန ဥယျာဉ်မြို့တော်ရဲ့ အဓိက လမ်းမကြီး တော်တော် ပျက်စီး သွားပါတယ်။ ကားတွေ ခက်ခက်ခဲခဲ အထိအခိုက် အပျက်အစီး များတာ တွေ့ရပါတယ်။ နောက်ဆုံး လုံးဝ သွားမရတော့လို့ တခြားလမ်းတွေက ကွေ့ပတ် သွားနေကြရပါတယ်။ အခု ဒီဇင်ဘာ လဆန်းကစပြီး အဓိက လမ်းမကြီးကို ကျောက်ကြီးတွေ ချပြီး ပြင်နေတာ တွေ့ရပါတယ်။

  • Older Posts Yeah! There are more posts, check them out.

    Newer Posts Yeah! There are more posts, check them out.

PHVsPjxsaT48c3Ryb25nPndvb19hYm91dDwvc3Ryb25nPiAtIDwvbGk+PGxpPjxzdHJvbmc+d29vX2FkX2ltYWdlXzE8L3N0cm9uZz4gLSAvaW1hZ2VzL2FkLmdpZjwvbGk+PGxpPjxzdHJvbmc+d29vX2FkX2ltYWdlXzI8L3N0cm9uZz4gLSAvaW1hZ2VzL2FkLmdpZjwvbGk+PGxpPjxzdHJvbmc+d29vX2FkX3VybF8xPC9zdHJvbmc+IC0gaHR0cDovL2V4YW1wbGUuY29tPC9saT48bGk+PHN0cm9uZz53b29fYWRfdXJsXzI8L3N0cm9uZz4gLSBodHRwOi8vZXhhbXBsZS5jb208L2xpPjxsaT48c3Ryb25nPndvb19hbHRfc3R5bGVzaGVldDwvc3Ryb25nPiAtIGRlZmF1bHQuY3NzPC9saT48bGk+PHN0cm9uZz53b29fYXJjaGl2ZXM8L3N0cm9uZz4gLSA8L2xpPjxsaT48c3Ryb25nPndvb19hdXRvX2ltZzwvc3Ryb25nPiAtIGZhbHNlPC9saT48bGk+PHN0cm9uZz53b29fYmlvPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xPC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMTA8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xMTwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19jYXRfbWlkXzEyPC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMTM8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xNzI8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMTg8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xOTU8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMjA8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8yMDk8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMjE4PC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMjQ8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMzwvc3Ryb25nPiAtIGZhbHNlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF80PC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfNTwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19jYXRfbWlkXzY8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF83NDwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19jYXRfbWlkXzg8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X3RodW1iX2hlaWdodDwvc3Ryb25nPiAtIDc2PC9saT48bGk+PHN0cm9uZz53b29fY2F0X3RodW1iX3dpZHRoPC9zdHJvbmc+IC0gMjA3PC9saT48bGk+PHN0cm9uZz53b29fY3VzdG9tX2Nzczwvc3Ryb25nPiAtIDwvbGk+PGxpPjxzdHJvbmc+d29vX2N1c3RvbV9mYXZpY29uPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fZW1haWw8L3N0cm9uZz4gLSA8L2xpPjxsaT48c3Ryb25nPndvb19leGNsdWRlX2NhdHM8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fZmVhdHVyZWRfY2F0ZWdvcnk8L3N0cm9uZz4gLSAmYWFjdXRlOzwvbGk+PGxpPjxzdHJvbmc+d29vX2ZlZWRidXJuZXJfdXJsPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fZmxpY2tyX2VudHJpZXM8L3N0cm9uZz4gLSBTZWxlY3QgYSBudW1iZXI6PC9saT48bGk+PHN0cm9uZz53b29fZmxpY2tyX2lkPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fZ29vZ2xlX2FuYWx5dGljczwvc3Ryb25nPiAtIDxzY3JpcHQgdHlwZT1cInRleHQvamF2YXNjcmlwdFwiPg0KdmFyIGdhSnNIb3N0ID0gKChcImh0dHBzOlwiID09IGRvY3VtZW50LmxvY2F0aW9uLnByb3RvY29sKSA/IFwiaHR0cHM6Ly9zc2wuXCIgOiBcImh0dHA6Ly93d3cuXCIpOw0KZG9jdW1lbnQud3JpdGUodW5lc2NhcGUoXCIlM0NzY3JpcHQgc3JjPVwnXCIgKyBnYUpzSG9zdCArIFwiZ29vZ2xlLWFuYWx5dGljcy5jb20vZ2EuanNcJyB0eXBlPVwndGV4dC9qYXZhc2NyaXB0XCclM0UlM0Mvc2NyaXB0JTNFXCIpKTsNCjwvc2NyaXB0Pg0KPHNjcmlwdCB0eXBlPVwidGV4dC9qYXZhc2NyaXB0XCI+DQp0cnkgew0KdmFyIHBhZ2VUcmFja2VyID0gX2dhdC5fZ2V0VHJhY2tlcihcIlVBLTE2NjE2MDctMTJcIik7DQpwYWdlVHJhY2tlci5fdHJhY2tQYWdldmlldygpOw0KfSBjYXRjaChlcnIpIHt9PC9zY3JpcHQ+PC9saT48bGk+PHN0cm9uZz53b29faG9tZV9wb3N0czwvc3Ryb25nPiAtIDU8L2xpPjxsaT48c3Ryb25nPndvb19pbWFnZV9kaXNhYmxlPC9zdHJvbmc+IC0gZmFsc2U8L2xpPjxsaT48c3Ryb25nPndvb19pbWFnZV9oZWlnaHQ8L3N0cm9uZz4gLSAxNzM8L2xpPjxsaT48c3Ryb25nPndvb19pbWFnZV93aWR0aDwvc3Ryb25nPiAtIDIzMDwvbGk+PGxpPjxzdHJvbmc+d29vX2xvZ288L3N0cm9uZz4gLSBodHRwOi8vd3d3LnRoZW15YW5tYXJwb3N0LmNvbS93cC1jb250ZW50L3dvb191cGxvYWRzLzUtbG9nby5naWY8L2xpPjxsaT48c3Ryb25nPndvb19tYW51YWw8L3N0cm9uZz4gLSBodHRwOi8vd3d3Lndvb3RoZW1lcy5jb20vc3VwcG9ydC90aGVtZS1kb2N1bWVudGF0aW9uL29wZW4tYWlyLzwvbGk+PGxpPjxzdHJvbmc+d29vX3Jlc2l6ZTwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19zaG9ydG5hbWU8L3N0cm9uZz4gLSB3b288L2xpPjxsaT48c3Ryb25nPndvb19zaG93X2Jsb2c8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX3RoZW1lbmFtZTwvc3Ryb25nPiAtIE9wZW4gQWlyPC9saT48bGk+PHN0cm9uZz53b29fdGhlX2NvbnRlbnQ8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX3RodW1iX2hlaWdodDwvc3Ryb25nPiAtIDE0NTwvbGk+PGxpPjxzdHJvbmc+d29vX3RodW1iX3dpZHRoPC9zdHJvbmc+IC0gMjE4PC9saT48bGk+PHN0cm9uZz53b29fdHdpdHRlcjwvc3Ryb25nPiAtIDwvbGk+PGxpPjxzdHJvbmc+d29vX3VwbG9hZHM8L3N0cm9uZz4gLSBhOjI6e2k6MDtzOjYzOiJodHRwOi8vd3d3LnRoZW15YW5tYXJwb3N0LmNvbS93cC1jb250ZW50L3dvb191cGxvYWRzLzUtbG9nby5naWYiO2k6MTtzOjY1OiJodHRwOi8vd3d3LnRoZW15YW5tYXJwb3N0LmNvbS93cC1jb250ZW50L3dvb191cGxvYWRzLzQtMy1sb2dvLmdpZiI7fTwvbGk+PGxpPjxzdHJvbmc+d29vX3ZpZGVvX3Bvc3RzPC9zdHJvbmc+IC0gU2VsZWN0IGEgbnVtYmVyOjwvbGk+PGxpPjxzdHJvbmc+d29vX3ZpZHBhZ2U8L3N0cm9uZz4gLSBTZWxlY3QgYSBwYWdlOjwvbGk+PC91bD4=