Your reliable news partner
  • ပေးစာ ကဏ္ဍ

    Posted on August 31st, 2010

    Written by Web Admin

    Tags

    , ,

    စကားနပန်း တအားမကြမ်းစေချင်

    စကားနပန်း တအားမကြမ်းစေချင်

    မြန်မာ့ ရုပ်မြင် သံကြား MRTV 4 အစီအစဉ်မှ ထုတ်လွှင့် နေသော စကားနပန်း အစီအစဉ် သည် လူကြိုက်များ ရေပန်းစား သည့် အားလျော်စွာ ပရိသတ် များ စောင့်မျှော် ကြည့်ရှု ကြသည့် အစီအစဉ် လည်းဖြစ်ပါသည်။ ထို အစီအစဉ်မှ တင်ဆက်မှု များသည် စိတ်ကူး ကောင်း သလောက် ရသလည်း မြောက်လှ ပါသည်။ သို့သော် အချို့ဟာသ ပညာရှင် များ၏ ပြက်လုံး များသည် ညစ်ညမ်း သည့် ခါးအောက် ပြက်လုံးများ ပါရှိ နေပါသဖြင့် သားပျို သမီးပျို များနှင့် အတူ ထိုင်ကြည့် ရသည်မှာ မျက်နှာ ပူစရာ ဖြစ်နေရပါသည်။ ဟာသ ပညာရှင် များ ဆင်ခြင် ကြစေ လိုပါသည်။

  • ပေးစာ ကဏ္ဍ

    Posted on August 24th, 2010

    Written by Web Admin

    Tags

    မထူးခြားသောအထူးကားများ

    မထူးခြားသောအထူးကားများ

    မြို့နယ် အသီးသီး သို့ ပြေးဆွဲ ပေးနေသော နံပါတ် အမျိုးမျိုး ရှိ အထူးယာဉ် လိုင်းများသည် လေအေးစက် မရရှိခြင်း၊ လူကျပ်ခြင်း၊ နောက်ကား လွတ်အောင် ဒရော သောပါး မောင်းခြင်း၊ ရှေ့ကား ကိုမီပြီး ကျော်တက် နိုင်အောင် တရကြမ်း မောင်းနှင်ခြင်း၊ ရှေ့ကား- နောက်ကား အလှမ်းဝေးသော အခါတွင် မှတ်တိုင်၌ ကျောက်ချကာ ရပ်၍ လူစောင့်ခြင်း၊ စစ်ဆေးရေး ရှိသည့် အချိန်များတွင်သာ ထိုင်ခုံ စေ့ပြီးလျှင် လူမတင်သော်လည်း စစ်ဆေးရေး များနှင့် လွတ်ကင်း သည့်အခါတွင် လူများပြည့်လျှံ ကျပ်သိပ် နေအောင် တင်ခြင်းများ ပြုလုပ်နေသဖြင့် ယခင် လိုင်းကားများနှင့် မထူးခြားသော “မထူးကား”များသာဖြစ် နေကြောင်း တင်ပြ ရပါ သည်။

  • နားခိုခွင့်လေးပေးပါလား ဘတ်စကားမှတ်တိုင်များ

    နားခိုခွင့်လေးပေးပါလား ဘတ်စကားမှတ်တိုင်များ

    မြို့နယ် အတော်များများ ရှိ ဘတ်စကား မှတ်တိုင် များမှ အမိုးအကာ အောက်တွင် များသော အားဖြင့် ခေါင်းရွက် ဗျပ်ထိုး ဈေးသည်များ၏ ကိုယ်ပိုင် နေရာသဖွယ် နေရာ ယူကာ အပိုင်စီး ထားသဖြင့် ဘတ်စကား စောင့်သူများ မှာ ဒုံရင်းဒုံရင်း အတိုင်း နေပူ၊ မိုးရွာထဲမှ ဘတ်စကား စောင့်နေရဆဲ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဘတ်စကား စီး ခရီးသည်များ အတွက် သတ်မှတ် ထားသော ဘတ်စကား မှတ်တိုင် နေရာ များကို သက်ဆိုင် သူများသာ နေရာ ယူခွင့် ရှိစေရန် နားလည် စာနာ စွာ ဖယ်ရှား ပေးကြလျှင် အဆင်ပြေ ချောမွေ့ သွားနိုင် မည်ဖြစ်ကြောင်း တင်ပြ အပ်ပါသည်။

  • လိုင်စင်မဲ့ ဆိုင်ကယ်များ သောင်းကျန်း

    လိုင်စင်မဲ့ ဆိုင်ကယ်များ သောင်းကျန်း

    မြို့နယ် အသီးသီးတွင် ဆိုင်ကယ် စီးရေ များပြား လာသည် နှင့် အမျှ အခွန်အခ များကို ရှောင်တိမ်း လာကြ သဖြင့် ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်မှ ၂၀၁၀ ပြည့်နှစ် တွင် ဇွန် ၃၀ ရက် အထိ အကြိမ်ကြိမ်ကွင်းဆင်း၍ တရားမ၀င် ဆိုင်ကယ်များကို အခွန်အခ ပေးဆောင် မှတ်ပုံတင်ရန် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာနက ပေးခဲ့သည်။ သို့ရာတွင် အနိမ့်ဆုံး စည်ပင်သာယာရေး အဖွဲ့မှ ကောက်ခံ သော ဘီးလှိမ့်ခွန် ကိုပင် ရှောင်တိမ်း ကြသည်။ မြို့ဝင်မြို့ထွက်တွင် ဖမ်းနေလျှင် ဆိုင်ကယ်ကို နီးစပ်ရာ ကျေးရွာ၌ ထားခဲ့ပြီး အခွန်ကို ရှောင်တိမ်း ကြသည်။ ကွင်းဆင်း၍ အခွန် ကောက်ပြီး ယာဉ်စည်း ကမ်းလမ်းစည်းကမ်း ပေးနေပြီ ဆိုလျှင် ဆိုင်ကယ်များကို မစီးတော့ဘဲ နေအိမ်တွင် သိုဝှက် ထားကာ အခွန်ကို အမျိုးမျိုး ရှောင်တိမ်း ကြသည်။ ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင် ၁ ရက်မှ စတင်၍ လိုင်စင်မဲ့ ဆိုင်ကယ် များအား သိမ်းဆည်းခြင်း၊ ပိုင်ရှင်မှ ပြန်ဝယ်ခြင်း၊ လိုင်စင် စနစ် ကျင့်သုံးခြင်း များဖြင့် နိုင်ငံတော် အတွက် လိုအပ်သော ၀င်ငွေ ရရှိခြင်း ကို ထူးခြား စွာ ခံစား ရမည် ဖြစ်သလို ယာဉ်စည်း ကမ်းလမ်း စည်းကမ်း လိုက်နာမှု ၌ ယာဉ်ကြော ရှင်း သွားမည် ဖြစ်သည်။ ကျေးလက်မှ ဆိုင်ကယ် များတွင် ရောင်းကုန် ပစ္စည်း များကို ၀ါးလုံးတန်းဖြင့် ချိတ်ဆွဲ၍ သယ်ယူ လာကြသည်မှာ ယာဉ်ကြော ပိတ်ဆို့ ရုံသာမက အသက် အန္တရာယ်လည်း များသည်။

  • ပေးစာ ကဏ္ဍ

    Posted on August 3rd, 2010

    Written by Web Admin

    Tags

    ခေတ်ပြိုင်ဂီတ ပြည့်စုံစွာ ကြည့်ရလျှင်

    ခေတ်ပြိုင်ဂီတ ပြည့်စုံစွာ ကြည့်ရလျှင်

    မြန်မာ့ ရုပ်မြင်သံကြား MRTV4 က ထုတ်လွှင့် ပြသလျက် ရှိသည့် ခေတ်ပြိုင် ဂီတ မှတ်တိုင်များ အစီအစဉ်သည် လူလတ်ပိုင်း အရွယ်တို့ အတွက် သာမက လူငယ်ပိုင်း အတွက်လည်း ခေတ်ပေါ် စတီရီယို ဂီတ သမိုင်းကြောင်း နှင့် ပတ်သက်၍ များစွာ တန်ဖိုးရှိသော အစီအစဉ် တစ်ခုဖြစ်ပါသည်။ အသက် ၆၀ တန်း အရွယ် အဆိုတော်ကြီးများ ၏အတွေ့အကြုံမှာ လူငယ်များ အတွက် အဖိုးတန် လှပါသည်။ သို့သော် တစ်ခါတစ်ရံ ထို အစီအစဉ်သည် မြ၀တီ ရုပ်မြင်သံကြား၊ မြန်မာ့ ရုပ်မြင်သံကြား တို့မှ ဇာတ်လမ်း တွဲများ နှင့်တိုက်ဆိုင် သောအခါ ခေတ်ပြိုင် ဂီတ မှတ်တိုင်များကို မဖွင့်သာဘဲ လွတ်သွားသည် များလည်း ရှိတတ် ပါသည်။ သို့ဖြစ်ပါ၍ ထို တန်ဖိုး ရှိလှသော အစီအစဉ်ကို အခြား ရုပ်သံလိုင်း များမှ ဇာတ်လမ်းတွဲ လာချိန်များ နှင့် လွှဲဖယ်ကာ ထုတ် လွှင့်နိုင်လျှင် ကြည့်ရှုသူ ပိုမို များပြား လာပြီး ထုတ်လွှင့် ရကျိုး နပ်စေမည် ဖြစ်ကြောင်း အသိပေး တင်ပြ လိုက်ရပါသည်။

  • ပေးစာ ကဏ္ဍ

    Posted on July 29th, 2010

    Written by Web Admin

    Tags

    , ,

    ပြတင်းပေါက် များ ပြင်ဆင် ဖောက်ပေး စေလို

    ပြတင်းပေါက် များ ပြင်ဆင် ဖောက်ပေး စေလို

    အထူးယာဉ် ဘတ်စကား ကြီးများ၏ ပြတင်းပေါက် များမှာ များသော အားဖြင့် အမိုးနှင့် ကပ်နေသော နေရာတွင် လျှာထိုး အဖွင့် အပိတ် နှင့် တံခါးပေါက် သေးသေး သာရှိပြီး ခရီးသည် ထိုင်ခုံနှင့် ကပ်လျက် ပြတင်းပေါက် များမှာမူ အဖွင့် အပိတ် လုပ်၍ မရသော မှန်များသာ အသေ တပ်ဆင် ထားပါသည်။ ထိုစနစ် သည် ရာသီဥတု အလွန်အေးသော အချိန်များ၊ လေအေး ပေးစက် ဖွင့်ထားသော ဘတ်စကား များနှင့် ကိုက်ညီမှု ရှိသော်လည်း ပူအိုက်သော ရာသီဥတု နှင့် လူကျပ်သော အချိန်တို့တွင် အနေရ အထိုင်ရ ဆိုးရွားစွာ ခံစား ရပါသည်။ သို့ဖြစ်ပါ၍ ခရီးသည်များ အဆင်ပြေ လွယ်ကူစွာ အသက်ရှူ ရ ချောင်စေရန် အတွက် အထူးယာဉ် ဘတ်စကား များ၏ ပြတင်းပေါက် များကို စီးနင်း သူဦးရေ၊ ရာသီဥတု အခြေအနေနှင့် လိုက်လျော ညီထွေစွာ ပြင်ဆင် ဆောင်ရွက် ပေးသင့်ပါကြောင်း အကြံပြု တင်ပြ လိုက်ရ ပါသည်။

  • ပေးစာ ကဏ္ဍ

    Posted on July 13th, 2010

    Written by Web Admin

    Tags

    , ,

    ကျွန်တော်တွေးမိပါသည်

    ကျွန်တော်တွေးမိပါသည်

    မကြာသေး မီက မော်တော်ယာဉ်နှင့် နေထိုင်မှု ပစ္စည်း ဆိုင်ရာ ပြပွဲကို ခေတ်မီ မော်တော်ယာဉ်များ၊ ခေတ်မီ ပစ္စည်းများဖြင့် ခင်းကျင်း ပြသခဲ့ပါသည်။ ခေတ်မီ မော်တော်ယာဉ်များ ပြကွက် ၌ ခေတ်မီ မိန်းကလေး များကို မော်တော်ယာဉ် များနှင့် အတူ တွေ့ရပါသည်။ ခေတ်မီ မိန်းကလေး များ၏ ၀တ်စား ဆင်ယင်မှုမှာ မြန်မာ မိန်းကလေး များဟု မထင် ရလောက်အောင် ခေတ်မီ လှပါသည်။ မော်တော်ယာဉ်များ ပြသရာ၌ မိန်းကလေးများ မပါလျှင် ပြသ၍ မရ ဘူးလားဟု တွေးမိ ပါသည်။ မိန်းကလေးများ မပါ လျှင် မဖြစ်ဟု သတ်မှတ်ချက် ရှိခဲ့ ပါကလည်း မြန်မာ့ ရိုးရာ ယဉ်ကျေးမှုနှင့် အညီ ၀တ်စား ဆင်ယင် ထားသော မိန်းကလေး များသာ ဖြစ်သင့် သည်ဟု ထပ်ဆင့် တွေး မိပါသည်။

  • ပေးစာ ကဏ္ဍ

    Posted on July 5th, 2010

    Written by Web Admin

    Tags

    ,

    ကျောင်းသားလူငယ်များအတွက် မှန်ကန်သောသရေစာ

    ကျောင်းသားလူငယ်များအတွက် မှန်ကန်သောသရေစာ

    အခြေခံ ပညာ ကျောင်း အချို့၏ ကျောင်းမုန့်စားတန်းတွင် ရောင်းချ နေသော မုန့်ပဲ သရေစာ များသည် များသော အားဖြင့် အရောင် အဆင်း၊ ပုံပန်း သဏ္ဌာန် လှပ သော်လည်း အာဟာရ တန်ဖိုး အားဖြင့် မမြင့်မား လှသည်ကို တွေ့မြင် နေရပါသဖြင့် ထိုကျောင်း သားကလေး သူငယ်များ အတွက် ရည်ရွယ် သတ်မှတ်သော မုန့်ပဲ သရေစာ များကို အာဟာရနှင့် ပြည့်စုံသည့် မုန့်ပဲ သရေစာ များဖြစ်စေရန် သက်ဆိုင်သူများက အထူး စစ်ဆေး ကြပ်မတ် သင့်သည်ဟု ထင်မြင်ယူဆကာ တင်ပြ လိုက်ရပါသည်။

  • ပေးစာ ကဏ္ဍ

    Posted on June 29th, 2010

    Written by Web Admin

    Tags

    ,

    အမြင် မတော်သော မြင်ကွင်းများ ရှင်းလင်းစေလို

    အမြင် မတော်သော မြင်ကွင်းများ ရှင်းလင်းစေလို

    ရန်ကုန်မြို့လယ်၊ အနော်ရထာ လမ်းမကြီး တစ်လျှောက်ရှိ condom အရောင်းဆိုင် များတွင် ဆိုင်တင် ရောင်းချ နေသော condom အပါအ၀င် ဆက်စပ်ပစ္စည်းများ ခင်းကျင်း ထားပုံမှာ အမျိုးကောင်း သားသမီး တို့ ဆိုင်ရှေ့ ဖြတ်လျှောက် ရင်း ကြည့်ရ မြင်ရ မည်ပင် မျက်စိ မရဲစရာ အမြင်ရိုင်းပျလှ သည်ကို တွေ့နေရပါသည်။ ကျွန်တော်တို့ နိုင်ငံသည် အရှက်တရား ကို ဦးစား ပေးသော ဗုဒ္ဓဘာသာ နိုင်ငံဖြစ်သည့် အတွက် ထိုသို့ အမြင် ရိုင်းပျသော မြင်ကွင်း များသည် နိုင်ငံခြားသားတို့ မျက်စိ တွင်လည်း သိက္ခာ ကျဖွယ် ဖြစ်နေပါသဖြင့် ထိုသို့သော အခင်းအကျင်း များကို စည်းစနစ် ကျကျဖြင့် ခင်းကျင်း ရောင်းချ သွားရန် သက်ဆိုင်ရာ က ကြပ်မတ် ညွှန်ကြား ထိန်းသိမ်း ပေးစေလိုပါသည်။

  • လျှပ်စစ်မီးအလှည့်ကျ မျှမျှတတဖြစ်စေလို

    လျှပ်စစ်မီးအလှည့်ကျ မျှမျှတတဖြစ်စေလို

    ရန်ကုန်မြို့တော် တွင် အိမ်သုံးမီး အပါအ၀င် လျှပ်စစ်မီး များကို အရေးကြီး ဌာနများမှလွဲ၍ အုပ်စု သုံးစုခွဲ၍ မီးပေး နေသော်လည်း မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင် ပွဲရုံဝင်း အတွင်းတွင် လမ်းတစ်လမ်း နှင့် တစ်လမ်း လျှပ်စစ်မီး ရချိန် လွန်စွာ ကွာခြားနေပါသည်။ ခရေလမ်း ခ-ခြမ်းနှင့် ကံ့ကော်လမ်းသွယ် ၂ တို့တွင် လျှပ်စစ်မီး ရချိန်သည် အခြားလမ်းများ၊ ခရေလမ်း ဂ-ခြမ်း အပါအ၀င် လျှပ်စစ်မီး ရချိန်ထက် တစ်ဆနီးပါး ပိုနေပါသည်။ မီးသုံးစွဲ သူချင်း အတူတူ အညီအမျှ မရှိအတူ ရှိ အတူမူဖြင့် လျှပ်စစ်မီး ပေးစေ လိုကြောင်း တင်ပြ လိုက်ရ ပါသည်ခင်ဗျား။

  • Older Posts Yeah! There are more posts, check them out.

PHVsPjxsaT48c3Ryb25nPndvb19hYm91dDwvc3Ryb25nPiAtIDwvbGk+PGxpPjxzdHJvbmc+d29vX2FkX2ltYWdlXzE8L3N0cm9uZz4gLSAvaW1hZ2VzL2FkLmdpZjwvbGk+PGxpPjxzdHJvbmc+d29vX2FkX2ltYWdlXzI8L3N0cm9uZz4gLSAvaW1hZ2VzL2FkLmdpZjwvbGk+PGxpPjxzdHJvbmc+d29vX2FkX3VybF8xPC9zdHJvbmc+IC0gaHR0cDovL2V4YW1wbGUuY29tPC9saT48bGk+PHN0cm9uZz53b29fYWRfdXJsXzI8L3N0cm9uZz4gLSBodHRwOi8vZXhhbXBsZS5jb208L2xpPjxsaT48c3Ryb25nPndvb19hbHRfc3R5bGVzaGVldDwvc3Ryb25nPiAtIGRlZmF1bHQuY3NzPC9saT48bGk+PHN0cm9uZz53b29fYXJjaGl2ZXM8L3N0cm9uZz4gLSA8L2xpPjxsaT48c3Ryb25nPndvb19hdXRvX2ltZzwvc3Ryb25nPiAtIGZhbHNlPC9saT48bGk+PHN0cm9uZz53b29fYmlvPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xPC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMTA8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xMTwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19jYXRfbWlkXzEyPC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMTM8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xNzI8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMTg8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xOTU8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMjA8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8yMDk8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMjE4PC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMjQ8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMzwvc3Ryb25nPiAtIGZhbHNlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF80PC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfNTwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19jYXRfbWlkXzY8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF83NDwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19jYXRfbWlkXzg8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X3RodW1iX2hlaWdodDwvc3Ryb25nPiAtIDc2PC9saT48bGk+PHN0cm9uZz53b29fY2F0X3RodW1iX3dpZHRoPC9zdHJvbmc+IC0gMjA3PC9saT48bGk+PHN0cm9uZz53b29fY3VzdG9tX2Nzczwvc3Ryb25nPiAtIDwvbGk+PGxpPjxzdHJvbmc+d29vX2N1c3RvbV9mYXZpY29uPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fZW1haWw8L3N0cm9uZz4gLSA8L2xpPjxsaT48c3Ryb25nPndvb19leGNsdWRlX2NhdHM8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fZmVhdHVyZWRfY2F0ZWdvcnk8L3N0cm9uZz4gLSAmYWFjdXRlOzwvbGk+PGxpPjxzdHJvbmc+d29vX2ZlZWRidXJuZXJfdXJsPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fZmxpY2tyX2VudHJpZXM8L3N0cm9uZz4gLSBTZWxlY3QgYSBudW1iZXI6PC9saT48bGk+PHN0cm9uZz53b29fZmxpY2tyX2lkPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fZ29vZ2xlX2FuYWx5dGljczwvc3Ryb25nPiAtIDxzY3JpcHQgdHlwZT1cInRleHQvamF2YXNjcmlwdFwiPg0KdmFyIGdhSnNIb3N0ID0gKChcImh0dHBzOlwiID09IGRvY3VtZW50LmxvY2F0aW9uLnByb3RvY29sKSA/IFwiaHR0cHM6Ly9zc2wuXCIgOiBcImh0dHA6Ly93d3cuXCIpOw0KZG9jdW1lbnQud3JpdGUodW5lc2NhcGUoXCIlM0NzY3JpcHQgc3JjPVwnXCIgKyBnYUpzSG9zdCArIFwiZ29vZ2xlLWFuYWx5dGljcy5jb20vZ2EuanNcJyB0eXBlPVwndGV4dC9qYXZhc2NyaXB0XCclM0UlM0Mvc2NyaXB0JTNFXCIpKTsNCjwvc2NyaXB0Pg0KPHNjcmlwdCB0eXBlPVwidGV4dC9qYXZhc2NyaXB0XCI+DQp0cnkgew0KdmFyIHBhZ2VUcmFja2VyID0gX2dhdC5fZ2V0VHJhY2tlcihcIlVBLTE2NjE2MDctMTJcIik7DQpwYWdlVHJhY2tlci5fdHJhY2tQYWdldmlldygpOw0KfSBjYXRjaChlcnIpIHt9PC9zY3JpcHQ+PC9saT48bGk+PHN0cm9uZz53b29faG9tZV9wb3N0czwvc3Ryb25nPiAtIDU8L2xpPjxsaT48c3Ryb25nPndvb19pbWFnZV9kaXNhYmxlPC9zdHJvbmc+IC0gZmFsc2U8L2xpPjxsaT48c3Ryb25nPndvb19pbWFnZV9oZWlnaHQ8L3N0cm9uZz4gLSAxNzM8L2xpPjxsaT48c3Ryb25nPndvb19pbWFnZV93aWR0aDwvc3Ryb25nPiAtIDIzMDwvbGk+PGxpPjxzdHJvbmc+d29vX2xvZ288L3N0cm9uZz4gLSBodHRwOi8vd3d3LnRoZW15YW5tYXJwb3N0LmNvbS93cC1jb250ZW50L3dvb191cGxvYWRzLzUtbG9nby5naWY8L2xpPjxsaT48c3Ryb25nPndvb19tYW51YWw8L3N0cm9uZz4gLSBodHRwOi8vd3d3Lndvb3RoZW1lcy5jb20vc3VwcG9ydC90aGVtZS1kb2N1bWVudGF0aW9uL29wZW4tYWlyLzwvbGk+PGxpPjxzdHJvbmc+d29vX3Jlc2l6ZTwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19zaG9ydG5hbWU8L3N0cm9uZz4gLSB3b288L2xpPjxsaT48c3Ryb25nPndvb19zaG93X2Jsb2c8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX3RoZW1lbmFtZTwvc3Ryb25nPiAtIE9wZW4gQWlyPC9saT48bGk+PHN0cm9uZz53b29fdGhlX2NvbnRlbnQ8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX3RodW1iX2hlaWdodDwvc3Ryb25nPiAtIDE0NTwvbGk+PGxpPjxzdHJvbmc+d29vX3RodW1iX3dpZHRoPC9zdHJvbmc+IC0gMjE4PC9saT48bGk+PHN0cm9uZz53b29fdHdpdHRlcjwvc3Ryb25nPiAtIDwvbGk+PGxpPjxzdHJvbmc+d29vX3VwbG9hZHM8L3N0cm9uZz4gLSBhOjI6e2k6MDtzOjYzOiJodHRwOi8vd3d3LnRoZW15YW5tYXJwb3N0LmNvbS93cC1jb250ZW50L3dvb191cGxvYWRzLzUtbG9nby5naWYiO2k6MTtzOjY1OiJodHRwOi8vd3d3LnRoZW15YW5tYXJwb3N0LmNvbS93cC1jb250ZW50L3dvb191cGxvYWRzLzQtMy1sb2dvLmdpZiI7fTwvbGk+PGxpPjxzdHJvbmc+d29vX3ZpZGVvX3Bvc3RzPC9zdHJvbmc+IC0gU2VsZWN0IGEgbnVtYmVyOjwvbGk+PGxpPjxzdHJvbmc+d29vX3ZpZHBhZ2U8L3N0cm9uZz4gLSBTZWxlY3QgYSBwYWdlOjwvbGk+PC91bD4=