Your reliable news partner
  • လမ်းဘေး ဈေးသည် စနစ်တကျ ရှိရေး ၅,၀၀၀ ကျော်အား ခေါ်ယူ စစ်ဆေး ၆၀၅ ဦး ကို ပညာ ပေးပြီး ၂၀၀ ကျော်ကို အရေးယူ
    လမ်းဘေး ဈေးသည် စနစ်တကျ ရှိရေး ၅,၀၀၀ ကျော်အား ခေါ်ယူ စစ်ဆေး ၆၀၅ ဦး ကို ပညာ ပေးပြီး ၂၀၀ ကျော်ကို အရေးယူ
    ရန်ကုန်မြို့ အတွင်းရှိ လမ်း ဘေးေ ဈးသည်များ စည်းကမ်း စနစ် တကျ ဖွံ့ဖြိုး လာစေရေး နှင့် စည်း ကမ်းမဲ့ လမ်းဘေး ဈေးသည် များ လျော့နည်း ပပျောက်ရေး တို့ကို ရည် ရွယ်ကာ ဇူလိုင်လ တစ်လ အတွင်း လမ်းဘေး ဈေးသည် ၅,၀၀၈ ဦးအား ခေါ်ယူ စစ်ဆေး မှုပြုခဲ့ရာ ၆၀၅ ဦးကို ပညာ ပေး စည်းရုံး ခဲ့ပြီး ၂၀၀ ကျော်ကို မလွှဲ မရှောင် သာ အရေး ယူမှုပြုခဲ့ ကြောင်း ရန်ကုန်မြို့တော် သန့်ရှင်း သာယာ လှပရေးနှင့် အဆင့် မြှင့်တင် ရေး ဦးစီး ကော်မတီမှ သိရသည်။
    လမ်းဘေး ဈေးသည် ၂၀၀ ကျော်အား မလွှဲ မရှောင် သာ အရေး ယူ ဆောင်ရွက် ရခြင်းမှာ သတ်မှတ်ချိန် ထက်စော လွန်းစွာ ဈေးခင်း ရောင်း ခြင်း၊ အများ ပြည်သူ သွားလာ ရာ လမ်း များ ပိတ်ဆို့ ဈေးခင်း ရောင်းချခြင်း၊ လမ်းသွား ပြည်သူ များ အနှောင့်အ ယှက် ဖြစ်စေသည့် နေရာ များတွင် အမြဲမပြတ် ဈေးရောင်း ချခြင်း၊ လူ သွား စင်္ကြံ လမ်းများ ပေါ်တွင် ထင်း ခွဲခြင်း၊ မီးမွှေးခြင်း၊ အရက်ပုန်း ရောင်းခြင်း၊ ကျန်းမာရေး နှင့်မညီ ညွတ်သော အစားအစာ များ ရောင်းချ ခြင်းများ ကြောင့် အရေးယူ ဟန့်တား ခြင်း ဖြစ်ကြောင်း သိရသည်။
  • ဒီပလိုမာ စာရင်းကိုင် သင်တန်း ဖွင့်လှစ် မည်
    ဒီပလိုမာ စာရင်းကိုင် သင်တန်း (ပထမပိုင်း) ကို ၂၀၁၁ခုနှစ်၊ ဖေဖော် ၀ါရီ တွင် ရန်ကုန်မြို့ရှိ စာရင်း စစ်ချုပ် ရုံး သင်တန်း ကျောင်း၌ ဖွင့်လှစ် ပို့ချ မည် ဖြစ်ရာ တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ ရရှိ သူများ လျှောက်ထား နိုင်ကြသည်။ သင်တန်း တက်ရောက် လိုသူများသည် ၀င်ခွင့် စာမေးပွဲ ကြေးကျပ် ၂၀,၀၀၀ ပေးသွင်း၍ သတ်မှတ် ထားသည့် လျှောက်လွှာ ပုံစံ၌ အထောက် အထား များပူးတွဲ လျက် ဇူလိုင် ၂၀ ရက်မှ သြဂုတ် ၂၇ရက် အထိ ရုံးချိန် အတွင်း ကာယကံ ရှင် ကိုယ်တိုင် သင်တန်း ကျောင်းသို့ လာရောက် တင်သွင်း ရ မည် ဖြစ်သည်။ ၀င်ခွင့် စာမေးပွဲ ကို စက်တင်ဘာ ၁၉ ရက်တွင် ကျင်းပ ပြီး တက်ရောက်ခွင့် ရသူ များ စာရင်း ကို ထုတ်ပြန် ကြေညာ မည်ဖြစ်သည်။ တက်ရောက်ခွင့် ရရှိသူများ သည် သင် တန်း ပထမပိုင်း နှင့် ဒုတိယပိုင်း တို့ကို တစ်နှစ်စီ တက်ရောက် ကြရမည် ဖြစ် ကြောင်း သိရသည်။
  • ကွင်း ဘေးနား ကစောင့်နေမယ် Waka Waka သီချင်း နှင့် စီးရီး မူပိုင်ခွင့် ဂီတ အစည်း အရုံး တွင် ဒုတိယ အကြိမ် ညှိနှိုင်း ကြမည်
    ကွင်း ဘေးနား ကစောင့်နေမယ် Waka Waka သီချင်း နှင့် စီးရီး မူပိုင်ခွင့် ဂီတ အစည်း အရုံး တွင် ဒုတိယ အကြိမ် ညှိနှိုင်း ကြမည်
    တေးသံရှင် မေခလာ ၏ ဘောလုံး သီချင်း အယ်လ်ဘမ် နှင့် ပတ်သက်၍ သတင်းစာ တွင် ထုတ်ပြန် ကြေညာ ချက် တစ်ခုကို မူပိုင် ဒေါ်မီးမီး က တေးသံရှင် မေခလာ သို့ ငွေကျပ်သိန်း ၈၀ စရန် အဖြစ် ပေးအပ် ထားကြောင်း၊ ဒေါ်မီးမီး ၏ တရားဝင် စာဖြင့် ရေးသား ခွင့်ပြုချက် မရှိ ဘဲ ပြင်ပတွင် ထို သီချင်းများ ကို အသုံးပြုခွင့်မရှိကြောင်း၊ မလိုက်နာ ပါက တရား ဥပဒေ အရ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကြေ ညာခဲ့သည်။
    တစ်ဖန် ထို သတိပေး တားမြစ်ချက် အပေါ် တေးသံရှင် မေခလာ၏ သတိ ပေး တားမြစ်ချက် တစ်ရပ် သတင်းစာ စာမျက်နှာ ပေါ်တွင် ထပ်မံ ပါရှိလာခဲ့ သည်။ အဆိုပါ သတိပေး တားမြစ်ချက် အရ တေးသံရှင် မေခလာ အပါအ၀င် အခြား တေးသံရှင် ကိုးဦးအား ဒါရိုက် တာ ဦးရန်ကျော် က တေးရေးအောင် နိုင်စန်း၏ ကွင်းဘေးနား ကစောင့်နေ မယ် (Waka Waka)၊ တို့ နံပါတ်ဝမ်း၊ ဂိုးသွင်း ကောင်းတဲ့ ကိုကို(၂) တေးစာ သား သုံးပုဒ် အား အနုပညာကြေး အကျေ အလည် ပေးချေပြီး ဖြစ်ကြောင်း၊ ဒေါ်မီး မီး ဆိုသူသည် တေး ထုတ်လုပ်သူ တစ်ဦး လုံးဝ မဟုတ် သကဲ့သို့ တေးသံရှင် မေခလာ အား ငွေကျပ်သိန်း ၈၀ စရန် အဖြစ် ပေးအပ် ၍ စီစဉ် ဆောင်ရွက် နေသည်ဟု ဆိုခြင်းမှာ တေးသံရှင မေခလာ ၏ အမည် ကောင်းသတင်း နှင့် ဂုဏ် သိက္ခာ ကို တမင် ညှိုးနွမ်း စေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ် ကြေညာခြင်း ဖြစ်၍ ဤကြေညာချက် ပါ သည့်ရက်မှ ရက်သတ္တပတ်အတွင်း ကြေ ညာချက်အားရုတ်သိမ်း၍ ၀န်ချတောင်း ပန်ချက်ပြုလုပ်ပေးပါရန် တောင်းဆို ကြောင်း မေခလာ၏ရှေ့နေများက ကြေ ညာသွားသည်။ ထိုအပြန်အလှန်ကြေ ညာချက် များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဂီတ အစည်းအရုံး မှ တာဝန် ရှိသူများက ယင်းတို့ နှစ်ဦး နှစ်ဖက်အား သြဂုတ် ၁၀ ရက်တွင် မြန်မာနိုင်ငံ ဂီတ အစည်းအရုံး၌ တွေ့ဆုံ ညှိနှိုင်း ပေးခဲ့ကြကြောင်း၊ သို့သော် လည်း နှစ်ဦး နှစ်ဖက် ပြေလည်ခြင်း မရှိ သည့်အတွက် သြဂုတ် ၁၇ ရက်တွင် ထပ်မံ တွေ့ဆုံ ညှိနှိုင်း ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂီတ အစည်းအရုံးမှ တာဝန်ခံ ဦးမျိုးဆွေက ပြောသည်။
  • ရန်ကုန် မြို့တော် ရေပေး ဝေရေး စီမံကိန်း (ငမိုးရိပ်) ဒုတိယ အဆင့် အဆင့်မြင့် ကြိုတင် အားဖြည့် ဖိုင်ဘာ ပိုက် မြေအောက် လိုင်းများ စတင် ဆက်သွယ် နေပြီ
    ရန်ကုန် မြို့တော် ရေပေး ဝေရေး စီမံကိန်း (ငမိုးရိပ်) ဒုတိယ အဆင့် အဆင့်မြင့် ကြိုတင် အားဖြည့် ဖိုင်ဘာ ပိုက် မြေအောက် လိုင်းများ စတင် ဆက်သွယ် နေပြီ
    သောက်သုံးရေ နေ့စဉ် ရေဂါလန် ၄၅ သန်း ထပ်မံဖြည့်တင်း ပေးဝေ နိုင်ရေးအတွက် ရန်ကုန်မြို့တော် ရေပေးဝေရေး စီမံကိန်း (ငမိုးရိပ်) ရေ သန့်စင် စက်ရုံမှ အချင်း ၄၈ လက်မ၊ အရှည်ပေ ၄၀ ရှိ အဆင့်မြင့် ဖိုင်ဘာပိုက် မြေအောက် ပိုက်လိုင်း များ စတင် ဆက်သွယ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
  • ရန်ကုန်သတင်းများ
    Posted on August 10th, 2010
    Written by Web Admin
    Tags
    ရွှေတိဂုံစေတီ ပိဋကတ် တိုက်တွင် နေထိုင် သူများအား ဖယ်ရှား
    ရွှေတိဂုံ စေတီတော် မြတ်ကြီးရှိ ပိဋကတ် တိုက်တွင် နေထိုင် နေကြသူများအား ဖယ်ရှား ပေးရန် မေတ္တာ ရပ်ခံ ထားခဲ့ ရာမှ ယခုလသြဂုတ် ၂ ရက် ညနေ ၄ နာရီခွဲ ၌ပြုလုပ် သော အစည်းအဝေး တွင် နေထိုင် ကြသူများ အား နေစရာ တိုက်ခန်းများ ပေးအပ် သွားမည်ဟု ရွှေတိဂုံစေတီ ဂေါပက အဖွဲ့မှ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ပြောကြားသည်။
    ကျူးကျော် နေထိုင်သူ များပြား လာသောကြောင့် ဖယ် ခိုင်း ရခြင်း ဖြစ်ကြောင်း၊ အဆိုပါ ပိဋကတ်တော်များအား သီရိလင်္ကာသို့ ရောင်းမည် ဆိုသည်မှာလည်း မဟုတ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်ကဆိုသည်။
    “ဒီလို ဖယ်ရှား ခိုင်းရတာလည်း အခုမှ လုပ်တာ မဟုတ် ပါဘူး။ အရင် ကတည်းက လုပ်ခဲ့ တာပါ။ ကျူးကျော် တာ တွေကို ဖယ်ရှား မှုမရှိရင် ဘုရားမှာ ရှိတဲ့ ဗုဒ္ဓသံဃိက ပစ္စည်းများ ဟာ ပုဂ္ဂလိက ပိုင် ပစ္စည်း အဖြစ်သို့ ရောက်ရှိ သွားနိုင်တဲ့ အခြေအနေ မျိုး ရှိနိုင်တယ်” ဟု ပြောကြားသည်။
  • မိခင် နှင့် ကလေး ကျန်းမာ ဖွံ့ဖြိုးရေး ထိထိ ရောက်ရောက် အသိပညာပေး ကမ္ဘာကျော် တံဆိပ်မျိုးစုံ ကလေး ပစ္စည်းများ
    မိခင် နှင့် ကလေး ကျန်းမာ ဖွံ့ဖြိုးရေး ထိထိ ရောက်ရောက် အသိပညာပေး ကမ္ဘာကျော် တံဆိပ်မျိုးစုံ ကလေး ပစ္စည်းများ
    ၂၀၁၀ ပြည့်နှစ်၊သြဂုတ်လ သည် အာဟာရ ဖွံ့ဖြိုးရေး ရက် သတ္တပတ် များဖြစ်သည့် အလျောက် ပထမ ပတ်တွင် မိခင်နို့ တိုက်ကျွေးရေး ရက်သတ္တပတ်၊ ဒုတိယ ပတ်တွင် ငါးနှစ် အောက် ကလေးများ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တ ပတ်၊ တတိယ ပတ်တွင် ကိုယ်ဝန်ဆောင် နှင့် နို့တိုက် မိခင် များ အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ စတုတ္ထ ပတ်တွင် အိုင်အိုဒင်း ချို့တဲ့ ရောဂါများ ပပျောက်ရေး ရက်သတ္တပတ် အဖြစ် သက်ဆိုင်ရာ ဌာနများ၊ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ အောက်ရှိ အဖွဲ့များ၊ နိုင်ငံတကာ လူမှု အဖွဲ့အစည်းများ၊ ပြည်တွင်း လူမှု အဖွဲ့ အစည်းများ၊ စီးပွားရေး ကုမ္ပဏီများ၊ လူမှု အကျိုးပြု ပုဂ္ဂိုလ်များ၊ မိဘများက မြန်မာနိုင်ငံ အတွင်း ၌ စုပေါင်း လှုပ်ရှား ဆောင်ရွက် လျက်ရှိကြောင်း သိရ သည်။
  • အက်ဖ်အမ်အိုင် နှင့်ဒေါင်ဖန်း ကုမ္ပဏီ တို့ အကျိုးတူ ပူးပေါင်းကာ သုံးတန်၊ ခြောက်တန်၊ ၁၀ တန်၊ တန် ၂၀ ကုန်တင် ယာဉ်ကြီး များကို တင်သွင်း ဖြန့်ချိ တော့မည်
    အက်ဖ်အမ်အိုင် နှင့်ဒေါင်ဖန်း ကုမ္ပဏီ တို့ အကျိုးတူ ပူးပေါင်းကာ သုံးတန်၊ ခြောက်တန်၊ ၁၀ တန်၊ တန် ၂၀ ကုန်တင် ယာဉ်ကြီး များကို တင်သွင်း ဖြန့်ချိ တော့မည်
    တရုတ်နိုင်ငံ Dong Feng Automobile Company (DFAC) က ထုတ်လုပ်သည့် ကုန်တင် ကားကြီး များကို အဆိုပါ ကုမ္ပဏီနှင့် မြန်မာ နိုင်ငံရှိ FMI ကုမ္ပဏီတို့ပူးပေါင်း ကာ စက်တင်ဘာ ကုန်မှစတင်၍ မြန်မာနိုင်ငံ တွင် စတင် မိတ်ဆက် ဖြန့်ဖြူး ရောင်းချ ပေးတော့ မည်ဖြစ် ကြောင်း၊ အရောင်း ပြခန်းနှင့် ဆား ဗစ် စင်တာ ကို ရန်ကုန်မြို့၊ လှိုင် သာယာမြို့နယ် ရှိ FMI အိမ်ရာဝင်း အတွင်း၌ ဆောက်လုပ် နေပြီဖြစ် ကြောင်း၊ မြန်မာနိုင်ငံ အထက်ပိုင်း ဈေးကွက် အတွက် မန္တလေးမြို့၌ လည်း ရုံးခွဲ ဖွင့်ရန် စီစဉ် ဆောင်ရွက် လျက် ရှိကြောင်း၊ မြန်မာနိုင်ငံ စီးပွား ရေး နှင့် သယ်ယူ ပို့ဆောင်ရေး ဖွံ့ဖြိုး တိုးတက် လာမည့် အလား အလာ နှင့် အသုံး တွင်ကျယ် လိုအပ် လာမည့် အခြေအနေ ကြောင့် ယခု ကဲ့သို့ တင်သွင်း ဖြန့်ချိရန် စီစဉ် ရခြင်းဖြစ် ကြောင်း သိရသည်။
    စတင် တင်သွင်း ဖြန့်ချိမည့် ကုန် တင်ယာဉ် အချိုးအစား မှာ သုံးတန် ယာဉ်နှင့် ခြောက်တန် ယာဉ်ဖြစ်ပြီး နောက်ပိုင်းတွင် ၁၀ တန်ကုန်တင် ယာဉ်ကြီးများ၊ တန် ၂၀ ကုန်တင် ယာဉ်ကြီးများစသည်တို့ တင်သွင်း မိတ်ဆက်ဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရသည်။
  • ပြောင်းလဲ လာသော ရန်ကုန် ရောင်စုံ ဓာတ်ပုံ မှတ်တမ်း စာအုပ် ထုတ်ဝေ ဖြန့်ချိ ခေတ် အဆက်ဆက် မြို့ပြ ဆိုင်ရာ သမိုင်း ဓာတ်ပုံများ ပါဝင်
    ပြောင်းလဲ လာသော ရန်ကုန် ရောင်စုံ ဓာတ်ပုံ မှတ်တမ်း စာအုပ် ထုတ်ဝေ ဖြန့်ချိ ခေတ် အဆက်ဆက် မြို့ပြ ဆိုင်ရာ သမိုင်း ဓာတ်ပုံများ ပါဝင်
    “ယမန် နေ့က ဖြစ်ရပ်များကို ယနေ့ သမိုင်းက ဖန်တီးသည်၊ အတိတ်က ဖြစ်ခဲ့ သော ဖြစ်ရပ် များသည် မျက်မှောက် ခေတ် ၏ သမိုင်း ဖြစ် သကဲ့သို့ မျက်မှောက် ပစ္စုပ္ပန် ကာလ၏ အဖြစ် သနစ် များက လည်း အနာ ဂတ် ၏ သမိုင်း ဖြစ်လာ ပေလိမ့်မည်” ဟူ၍ “ပြောင်းလဲ လာသော ရန်ကုန်” (A Changing Yangon) ရောင်စုံ ဓာတ်ပုံ မှတ်တမ်း စာအုပ် ကို ပြုစု ရေးသားသူ ဒေါက်တာ ဇော်ဝင်းက အမှာစာ တွင် ရေးသား ဖော် ပြပြီး နိုင်ငံတကာ အဆင့်မီ စာအုပ် မျက်နှာ ဖုံး ဓာတ်ပုံများက ကျွန်ုပ်တို့ မျက်မှောက် ခေတ် ရောက်သည့် တိုင်အောင် တင့်တယ် လှပ နေသော မြန်မာ ဗိသုကာ ပညာရှင် စည်သူ ဦးတင်၏ လက်ရာ မွန် ဖြစ်သည့် ရန်ကုန် မြို့တော် ခန်းမနှင့် အတိတ် သမိုင်း က မြို့တော် ခန်းမ ဓာတ်ပုံ နှစ်ပုံ အား နှိုင်း ယှဉ်၍ ဖော်ပြ ထားခြင်းကို ကြည့်ရှု သူများ မြင်ရရုံနှင့် ပင် အတိတ် သမိုင်း၏ လူနေမှု ဘ၀ ပုံရိပ် များသည် မျက်မှောက် ခေတ် ကျွန်ုပ်တို့ အတွက် အတိတ် သမိုင်း ဖြစ်ခဲ့ ရသည်ဟု ဒေါက်တာ ဇော်ဝင်းက ဆက် လက် ဖော်ပြ ထားသည်။
    ယနေ့ အရှိန်အဟုန် ဖြင့် လျင်မြန်စွာ ပြောင်းလဲ နေသည့် ကမ္ဘာကြီး တွင် နိုင်ငံ အားလုံးသည် မိမိ ပြည်သူ များ၏ အရည် အသွေးနှင့် လူနေမှုဘ၀ အဆင့်အတန်း မြင့် မား လာရေး တို့အတွက် နည်းလမ်း များရှာ ဖွေ ကြံဆ ကာ ကြိုးပမ်း ဆောင်ရွက် နေချိန် တွင် မျက်မှောက်ခေတ် လူငယ်၊ လူရွယ်များ အနေဖြင့် တွေဝေမှု ကင်းမဲ့ပြီး ရရှိသည့် အခွင့် အလမ်း တစ်ခုကို မိမိရရ ဆောင်ရွက် လိုသော ရည်ရွယ်ချက် များဖြင့် “A Changing Yangon” ရောင်စုံဓာတ်ပုံ မှတ်တမ်း စာအုပ် ကို ပြုစု ရေးသား ထုတ်ဝေခြင်း ဖြစ်ကြောင်း သိရ သည်။
  • ပုဂ္ဂလိက စက်သုံးဆီ ဆိုင်များ အောက်တိန်း ဆီများ စတင် ရောင်းချ
    ပုဂ္ဂလိက စက်သုံးဆီ ဆိုင်များ အောက်တိန်း ဆီများ စတင် ရောင်းချ
    ရန်ကုန်မြို့ပေါ် ရှိ ပုဂ္ဂလိက စက် သုံးဆီ အရောင်းဆိုင် အချို့တွင် အောက်တိန်း ဆီများ စတင် ရောင်းချ နေပြီ ဖြစ်ကြောင်း နှင့် စက်သုံးဆီများ ကို သတ်မှတ် နှုန်းထား ဖြင့်သာ ရောင်းချမည် ဖြစ်ပြီး ဈေးနှုန်းမြှင့် ရောင်းချမည် မဟုတ်ကြောင်း ပုဂ္ဂလိ က စက်ဆုံးဆီ အရောင်းဆိုင် များမှ သိရသည်။
    အောက်တိန်းဆီ စတင်ရောင်း ချနေမှု အခြေအနေ နှင့် ပတ်သက်၍ သူရိယ စွမ်းအင် ကုမ္ပဏီမှ မားကက် တင်း မန်နေဂျာ ဦးကျော်မျိုးနိုင်က “လက်ရှိ ကျွန်တော်တို့ စက်သုံးဆီ အရောင်းဆိုင် ခွဲတွေ ထဲက ဆိုင်အ မှတ် ၅၀ (ဗဟိုလမ်း နဲ့ မင်းလမ်း ထောင့်၊ စမ်းချောင်းမြို့နယ်) က ဆိုင် မှာ အောက်တိန်း ဆီကို စတင် ရောင်း ချ ပေးနေပါတယ်။ ကျွန်တော် တို့ရဲ့ ကျန်ဆိုင်ခွဲ တွေမှာလည်း ခွင့်ပြုချက် ရရင် အောက်တိန်း ဆီကို ရောင်းချ ပေးမှာပါ” ဟု ပြောပြသည်။
  • မြန်မာနိုင်ငံတွင် ပထမဆုံးCelebrity Look Alike ပြိုင်ပွဲ ကျင်းပ
    North Point Shopping Centre မှ စီစဉ်ကျင်းပ သော Celebrity Look Alike ပြိုင်ပွဲ ကို ဇူလိုင် ၁၇ ရက်က North Point Shopping Centre (Promotion Area) တွင် ကျင်းပ ခဲ့သည်။ ဇူလိုင် ၁၇ ရက်နှင့် ၁၈ ရက်တွင် လူရွေးပွဲ ပွဲစဉ် များကိုNorth Point Shopping Centre ၌ကျင်းပ ခဲ့ပြီး အလားတူ ပွဲစဉ် ၃ ကို သြဂုတ် ၇ ရက်၌ East Point Shopping Centre တွင် ကျင်းပမည်ဖြစ်သည်။
    Celebrity Look Alike ပြိုင်ပွဲဝင် တွင် အသက် ၁၄ နှစ်နှင့် အထက်ရှိသော ပြိုင်ပွဲဝင် ဦးရေ ၇၀ ကျော် ပါဝင် ယှဉ်ပြိုင် ခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲ ၀င်သူများ သည် မိမိ ကြိုက်နှစ်သက် သည့် မြန်မာပြည်ရှိ ထင်ပေါ် ကျော်ကြားသော Celebrity တစ်ဦး၏ ၀တ်စားဆင် ယင်မှုပုံစံ Fashion Style သီချင်းဆိုဟန် singing နှင့် အခြား တင်ဆက် ပြသမှုပုံစံ (performance) စသည် တို့ကို အနီးစပ်ဆုံး ကြိုးစား ယှဉ်ပြိုင် ကြရမည် ဖြစ်ကြောင်း သိရသည်။
  • Older Posts Yeah! There are more posts, check them out.
    Newer Posts Yeah! There are more posts, check them out.
PHVsPjxsaT48c3Ryb25nPndvb19hYm91dDwvc3Ryb25nPiAtIDwvbGk+PGxpPjxzdHJvbmc+d29vX2FkX2ltYWdlXzE8L3N0cm9uZz4gLSAvaW1hZ2VzL2FkLmdpZjwvbGk+PGxpPjxzdHJvbmc+d29vX2FkX2ltYWdlXzI8L3N0cm9uZz4gLSAvaW1hZ2VzL2FkLmdpZjwvbGk+PGxpPjxzdHJvbmc+d29vX2FkX3VybF8xPC9zdHJvbmc+IC0gaHR0cDovL2V4YW1wbGUuY29tPC9saT48bGk+PHN0cm9uZz53b29fYWRfdXJsXzI8L3N0cm9uZz4gLSBodHRwOi8vZXhhbXBsZS5jb208L2xpPjxsaT48c3Ryb25nPndvb19hbHRfc3R5bGVzaGVldDwvc3Ryb25nPiAtIGRlZmF1bHQuY3NzPC9saT48bGk+PHN0cm9uZz53b29fYXJjaGl2ZXM8L3N0cm9uZz4gLSA8L2xpPjxsaT48c3Ryb25nPndvb19hdXRvX2ltZzwvc3Ryb25nPiAtIGZhbHNlPC9saT48bGk+PHN0cm9uZz53b29fYmlvPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xPC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMTA8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xMTwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19jYXRfbWlkXzEyPC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMTM8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xNzI8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMTg8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xOTU8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMjA8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8yMDk8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMjE4PC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMjQ8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMzwvc3Ryb25nPiAtIGZhbHNlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF80PC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfNTwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19jYXRfbWlkXzY8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF83NDwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19jYXRfbWlkXzg8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X3RodW1iX2hlaWdodDwvc3Ryb25nPiAtIDc2PC9saT48bGk+PHN0cm9uZz53b29fY2F0X3RodW1iX3dpZHRoPC9zdHJvbmc+IC0gMjA3PC9saT48bGk+PHN0cm9uZz53b29fY3VzdG9tX2Nzczwvc3Ryb25nPiAtIDwvbGk+PGxpPjxzdHJvbmc+d29vX2N1c3RvbV9mYXZpY29uPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fZW1haWw8L3N0cm9uZz4gLSA8L2xpPjxsaT48c3Ryb25nPndvb19leGNsdWRlX2NhdHM8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fZmVhdHVyZWRfY2F0ZWdvcnk8L3N0cm9uZz4gLSAmYWFjdXRlOzwvbGk+PGxpPjxzdHJvbmc+d29vX2ZlZWRidXJuZXJfdXJsPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fZmxpY2tyX2VudHJpZXM8L3N0cm9uZz4gLSBTZWxlY3QgYSBudW1iZXI6PC9saT48bGk+PHN0cm9uZz53b29fZmxpY2tyX2lkPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fZ29vZ2xlX2FuYWx5dGljczwvc3Ryb25nPiAtIDxzY3JpcHQgdHlwZT0idGV4dC9qYXZhc2NyaXB0Ij4NCnZhciBnYUpzSG9zdCA9ICgoImh0dHBzOiIgPT0gZG9jdW1lbnQubG9jYXRpb24ucHJvdG9jb2wpID8gImh0dHBzOi8vc3NsLiIgOiAiaHR0cDovL3d3dy4iKTsNCmRvY3VtZW50LndyaXRlKHVuZXNjYXBlKCIlM0NzY3JpcHQgc3JjPSciICsgZ2FKc0hvc3QgKyAiZ29vZ2xlLWFuYWx5dGljcy5jb20vZ2EuanMnIHR5cGU9J3RleHQvamF2YXNjcmlwdCclM0UlM0Mvc2NyaXB0JTNFIikpOw0KPC9zY3JpcHQ+DQo8c2NyaXB0IHR5cGU9InRleHQvamF2YXNjcmlwdCI+DQp0cnkgew0KdmFyIHBhZ2VUcmFja2VyID0gX2dhdC5fZ2V0VHJhY2tlcigiVUEtMTY2MTYwNy0xMiIpOw0KcGFnZVRyYWNrZXIuX3RyYWNrUGFnZXZpZXcoKTsNCn0gY2F0Y2goZXJyKSB7fTwvc2NyaXB0PjwvbGk+PGxpPjxzdHJvbmc+d29vX2hvbWVfcG9zdHM8L3N0cm9uZz4gLSA1PC9saT48bGk+PHN0cm9uZz53b29faW1hZ2VfZGlzYWJsZTwvc3Ryb25nPiAtIGZhbHNlPC9saT48bGk+PHN0cm9uZz53b29faW1hZ2VfaGVpZ2h0PC9zdHJvbmc+IC0gMTczPC9saT48bGk+PHN0cm9uZz53b29faW1hZ2Vfd2lkdGg8L3N0cm9uZz4gLSAyMzA8L2xpPjxsaT48c3Ryb25nPndvb19sb2dvPC9zdHJvbmc+IC0gaHR0cDovL3d3dy50aGVteWFubWFycG9zdC5jb20vd3AtY29udGVudC93b29fdXBsb2Fkcy81LWxvZ28uZ2lmPC9saT48bGk+PHN0cm9uZz53b29fbWFudWFsPC9zdHJvbmc+IC0gaHR0cDovL3d3dy53b290aGVtZXMuY29tL3N1cHBvcnQvdGhlbWUtZG9jdW1lbnRhdGlvbi9vcGVuLWFpci88L2xpPjxsaT48c3Ryb25nPndvb19yZXNpemU8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fc2hvcnRuYW1lPC9zdHJvbmc+IC0gd29vPC9saT48bGk+PHN0cm9uZz53b29fc2hvd19ibG9nPC9zdHJvbmc+IC0gZmFsc2U8L2xpPjxsaT48c3Ryb25nPndvb190aGVtZW5hbWU8L3N0cm9uZz4gLSBPcGVuIEFpcjwvbGk+PGxpPjxzdHJvbmc+d29vX3RoZV9jb250ZW50PC9zdHJvbmc+IC0gZmFsc2U8L2xpPjxsaT48c3Ryb25nPndvb190aHVtYl9oZWlnaHQ8L3N0cm9uZz4gLSAxNDU8L2xpPjxsaT48c3Ryb25nPndvb190aHVtYl93aWR0aDwvc3Ryb25nPiAtIDIxODwvbGk+PGxpPjxzdHJvbmc+d29vX3R3aXR0ZXI8L3N0cm9uZz4gLSA8L2xpPjxsaT48c3Ryb25nPndvb191cGxvYWRzPC9zdHJvbmc+IC0gYToyOntpOjA7czo2MzoiaHR0cDovL3d3dy50aGVteWFubWFycG9zdC5jb20vd3AtY29udGVudC93b29fdXBsb2Fkcy81LWxvZ28uZ2lmIjtpOjE7czo2NToiaHR0cDovL3d3dy50aGVteWFubWFycG9zdC5jb20vd3AtY29udGVudC93b29fdXBsb2Fkcy80LTMtbG9nby5naWYiO308L2xpPjxsaT48c3Ryb25nPndvb192aWRlb19wb3N0czwvc3Ryb25nPiAtIFNlbGVjdCBhIG51bWJlcjo8L2xpPjxsaT48c3Ryb25nPndvb192aWRwYWdlPC9zdHJvbmc+IC0gU2VsZWN0IGEgcGFnZTo8L2xpPjwvdWw+