Your reliable news partner
  • ပုဂ္ဂလိက စက်သုံးဆီ ဆိုင်များ အောက်တိန်း ဆီများ စတင် ရောင်းချ

    ပုဂ္ဂလိက စက်သုံးဆီ ဆိုင်များ အောက်တိန်း ဆီများ စတင် ရောင်းချ

    ရန်ကုန်မြို့ပေါ် ရှိ ပုဂ္ဂလိက စက် သုံးဆီ အရောင်းဆိုင် အချို့တွင် အောက်တိန်း ဆီများ စတင် ရောင်းချ နေပြီ ဖြစ်ကြောင်း နှင့် စက်သုံးဆီများ ကို သတ်မှတ် နှုန်းထား ဖြင့်သာ ရောင်းချမည် ဖြစ်ပြီး ဈေးနှုန်းမြှင့် ရောင်းချမည် မဟုတ်ကြောင်း ပုဂ္ဂလိ က စက်ဆုံးဆီ အရောင်းဆိုင် များမှ သိရသည်။

    အောက်တိန်းဆီ စတင်ရောင်း ချနေမှု အခြေအနေ နှင့် ပတ်သက်၍ သူရိယ စွမ်းအင် ကုမ္ပဏီမှ မားကက် တင်း မန်နေဂျာ ဦးကျော်မျိုးနိုင်က “လက်ရှိ ကျွန်တော်တို့ စက်သုံးဆီ အရောင်းဆိုင် ခွဲတွေ ထဲက ဆိုင်အ မှတ် ၅၀ (ဗဟိုလမ်း နဲ့ မင်းလမ်း ထောင့်၊ စမ်းချောင်းမြို့နယ်) က ဆိုင် မှာ အောက်တိန်း ဆီကို စတင် ရောင်း ချ ပေးနေပါတယ်။ ကျွန်တော် တို့ရဲ့ ကျန်ဆိုင်ခွဲ တွေမှာလည်း ခွင့်ပြုချက် ရရင် အောက်တိန်း ဆီကို ရောင်းချ ပေးမှာပါ” ဟု ပြောပြသည်။

  • မြန်မာနိုင်ငံတွင် ပထမဆုံးCelebrity Look Alike ပြိုင်ပွဲ ကျင်းပ

    North Point Shopping Centre မှ စီစဉ်ကျင်းပ သော Celebrity Look Alike ပြိုင်ပွဲ ကို ဇူလိုင် ၁၇ ရက်က North Point Shopping Centre (Promotion Area) တွင် ကျင်းပ ခဲ့သည်။ ဇူလိုင် ၁၇ ရက်နှင့် ၁၈ ရက်တွင် လူရွေးပွဲ ပွဲစဉ် များကိုNorth Point Shopping Centre ၌ကျင်းပ ခဲ့ပြီး အလားတူ ပွဲစဉ် ၃ ကို သြဂုတ် ၇ ရက်၌ East Point Shopping Centre တွင် ကျင်းပမည်ဖြစ်သည်။

    Celebrity Look Alike ပြိုင်ပွဲဝင် တွင် အသက် ၁၄ နှစ်နှင့် အထက်ရှိသော ပြိုင်ပွဲဝင် ဦးရေ ၇၀ ကျော် ပါဝင် ယှဉ်ပြိုင် ခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲ ၀င်သူများ သည် မိမိ ကြိုက်နှစ်သက် သည့် မြန်မာပြည်ရှိ ထင်ပေါ် ကျော်ကြားသော Celebrity တစ်ဦး၏ ၀တ်စားဆင် ယင်မှုပုံစံ Fashion Style သီချင်းဆိုဟန် singing နှင့် အခြား တင်ဆက် ပြသမှုပုံစံ (performance) စသည် တို့ကို အနီးစပ်ဆုံး ကြိုးစား ယှဉ်ပြိုင် ကြရမည် ဖြစ်ကြောင်း သိရသည်။

  • ကား ဈေးကွက် တွင် အရောင်းအ၀ယ် မရှိ သလောက် ဖြစ်နေ

    ကား ဈေးကွက် တွင် အရောင်းအ၀ယ် မရှိ သလောက် ဖြစ်နေ

    ရန်ကုန်မြို့ ကား ဈေးကွက် သည် မေမှ စ၍ အရောင်းအ၀ယ် အနည်းငယ် ဖြစ်ခဲ့ ရာမှ ဆက်တိုက် အရောင်း အ၀ယ် ကောင်းပြီး ဇွန် ပထမ ပတ်တွင် မော်တော်ယာဉ် အားလုံး ကျပ် ၁၅ သိန်း မှ ကျပ် သိန်း ၅၀ အထိ ဈေးမြင့် လာခဲ့ပြီး ဇူလိုင်လ လယ်တွင် ဈေးကွက် အေး ပြီး အရောင်း အ၀ယ် မရှိ သလောက် ဖြစ် နေကြောင်း ဟံသာဝတီ မော်တော် ယာဉ် ရောင်းဝယ်ရေး စခန်းမှ ၀ါရင့် ၀ယ် ရောင်း လုပ်ကိုင် နေသူများ ထံမှ သိရသည်။

    လက်ရှိ ကားဈေးကွက် အခြေအ နေ နှင့် ပတ်သက်၍ “အခု ကားဈေး ကွက်က အေးနေတယ်။ ဈေးအမြင့် ကား တွေရော ဈေးအနိမ့် ကားတွေ အားလုံး ၀ယ်သူ မရှိဘူး ဖြစ်နေတယ်။ ကား ဈေးနှုန်း ကတော့ ခြုံပြီး ပြောရ ရင် တန်း နေတုန်းပဲ။ ဒါပေမဲ့ ဈေးချ ရောင်းရမယ့် အခြေ အနေ ဖြစ်နေ တယ်” ဟု ဟံသာဝတီ မော်တော် ယာဉ် ရောင်းဝယ်ရေး စခန်းမှ ၀ါရင့် ကား အကျိုးဆောင် တစ်ဦးက ရှင်း ပြသည်။

  • ပြည်တွင်း အလုပ် ရှာဖွေရေး အေဂျင်စီ များ တရားဝင် မှတ်ပုံတင်ရန် နှိုးဆော်

    “ပြောရရင် တချို့ အေဂျင်စီ တွေက လုပ်သာ လုပ်တယ်။ စနစ်နဲ့ လုပ်တာ မဟုတ်ဘူး။ အလုပ် လိုချင် တဲ့ သူကလည်း အလုပ် လိုချင်ဇောနဲ့ ဆိုတော့ တချို့ဆို လျှောက်လွှာ ဖောင်ဖိုး ကုန်တာသာ အဖတ်တင် တယ်။ အလုပ်က မရဘူး။ အရင်တင် ထားပေးမယ် ဘယ်လောက် ကြာမှ ရမယ် ဆိုတာ မသိဘူး။ တချို့ အေ ဂျင်စီလေး တွေကလည်း များနေ တော့ ၀န်ဆောင် ပေးတာ စနစ်မကျ ဘူးပေါ့။ ပြည်ပ အလုပ်အကိုင် အေ ဂျင်စီ တွေ ဆိုရင်တော့ သက်ဆိုင်ရာ က တိုက်ရိုက် ကွပ်ကဲပြီး ဆောင်ရွက် ပေးတော့ အဆင် ပြေတယ်။ ပြည် တွင်း အလုပ်အကိုင် အေဂျင်စီ တွေ လည်း စနစ်တကျ ရှိသင့် ပါတယ်” ဟု ပြည်ပ အလုပ်အကိုင် ကျွမ်းကျင်သူ တစ်ဦးက ဆိုသည်။

  • ဗိုလ်တထောင် ဆိပ်ကမ်း ကို JICA အကူအညီဖြင့် ပြုပြင် သွားမည်

    နှစ်စဉ် တိုးတက် လာသည့် နိုင်ငံ ခြား ကုန်သွယ်မှု များ အတွက် အကောင်းဆုံး သော သယ်ယူ ပို့ဆောင် ရေး လမ်းကြောင်း တစ်ခု အဖြစ် ရေ ကြောင်း မှ သယ်ယူမှု ကို အပြည့် အ၀ လုပ်ဆောင် နိုင်ရန် ရန်ကုန် ကုန် တင် ကုန်ချ ဆိပ်ကမ်း များကို ပြုပြင် မွမ်းမံခြင်း နှင့် အချို့ကို ပုဂ္ဂလိက ပိုင် အဖြစ် လွှဲပြောင်း ပေးနေကြောင်း သိရသည်။

    အဆိုပါ ဆိပ်ကမ်း များထဲမှ Asia World ဆိပ်ကမ်းနှင့် မြန်မာ နိုင်ငံ တကာ ကုန်တင် ကုန်ချ ဆိပ်ကမ်း (သီလ၀ါ) စသည် တို့မှာ ၂၀၀၀ ပြည့် နှစ် ကတည်းက ပုဂ္ဂလိက ပိုင် အဖြစ်လွှဲ ပြောင်း ပေးခဲ့ သည်ဟု သိရ သည်။

    ရန်ကုန် ကုန်တင် ကုန်ချ ဆိပ် ကမ်းငါးခု တွင် တစ်ခု ဖြစ်သည့် ဗိုလ် တထောင် ဆိပ်ကမ်း ကိုမူ ဂျပန်အ ပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင် ရွက်ရေး အေဂျင်စီ (JICA) ၏အကူ အညီဖြင့် မုန်တိုင်းဒဏ်ခံ ကွန်ကရစ် ဆိပ်ခံ တံတား အဖြစ် တည်ဆောက် နေ ပြီး အခြားသော ဆိပ်ကမ်း များကို လည်း လိုအပ်သော ပြင်ဆင် မှုများ ဆောင်ရွက် မည်ဖြစ်ကြောင်း သိရ သည်။

  • ဒလ – တွံတေး လမ်းကို ခြောက်ပေ အကျယ် ကွန်ကရစ် လမ်းသား တိုးချဲ့မည် ရပ်ကွက်ပေါင်း ၂၃ ရပ်ကွက် တွင် ကွန်ကရစ် လမ်းများ ခင်းမည်

    ဒလ – တွံတေး လမ်းကို ခြောက်ပေ အကျယ် ကွန်ကရစ် လမ်းသား တိုးချဲ့မည် ရပ်ကွက်ပေါင်း ၂၃ ရပ်ကွက် တွင် ကွန်ကရစ် လမ်းများ ခင်းမည်

    ရန်ကုန်တိုင်း၊ ဒလ မြို့နယ် ဖွံ့ ဖြိုး တိုးတက်ရေး အတွက် ရပ်ကွက် ပေါင်း ၂၃ ရပ်ကွက်မှ တစ်ရပ် ကွက် လျှင် တစ်လမ်း နှုန်းဖြင့် ကွန်ကရစ် လမ်းများ အဖြစ် အဆင့်မြှင့် ဆောင် ရွက် သွားရန် ရန်ကုန် မြို့တော် စည် ပင် သာယာရေး ကော်မတီ အင်ဂျင်နီ ယာ (လမ်းနှင့်တံတား) က စီစဉ် ဆောင်ရွက် ပေးလျက် ရှိကြောင်း ဒေသ ဖွံ့ဖြိုးရေး တာဝန်ခံ အင်ဂျင်နီယာ ဦးမိုးဆန်းထံမှ သိရသည်။

    ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ နှင့် ပတ်သက်၍ တာဝန်ခံ အင်ဂျင်နီယာ ဦးမိုးဆန်းက ဒလမြို့ပေါ် ရပ်ကွက် ၂၃ ရပ်ကွက် ၌ လူဦးရေ ၉၀,၀၀၀ ကျော်နှင့် ကျေးရွာ ၂၃ ရွာ၌ လူဦး ရေ ၄၀,၀၀၀ ကျော် နေထိုင် ကြပြီး မြို့နှင့် ကျေးရွာနေ လူဦးရေ စုစုပေါင်း ၁,၄၀,၀၀၀ ကျော်ခန့် နေထိုင်ကြ ကြောင်း ပြောကြားသည်။

    ဒလမြို့နယ် သည် မြစ်ကူး ချောင်းခြား မြို့နယ် တစ်ခု ဖြစ်သော် လည်း ရန်ကုန် မြို့တော်ကြီးနှင့် အလွန်ပင် နီးကပ် တည် ရှိသော မြို့ တစ်ခုဖြစ်ခြင်း ကြောင့် မြို့ပြ ဖွံ့ဖြိုးမှု နည်းတူ အဆိုပါ မြို့နယ် ဖွံ့ဖြိုး တိုး တက်ရေး အတွက် ယခုကဲ့သို့ ဆောင် ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

  • သီရိ မင်္ဂလာ ကုန်စိမ်း ဈေးသစ်ကြီး ဈေးရုံ ကိုးရုံ ကွန်ကရစ် ကြမ်းခင်း ရာနှုန်းပြည့် ပြီးစီး

    သီရိ မင်္ဂလာ ကုန်စိမ်း ဈေးသစ်ကြီး ဈေးရုံ ကိုးရုံ ကွန်ကရစ် ကြမ်းခင်း ရာနှုန်းပြည့် ပြီးစီး

    စည်ပင် သာယာရေး ကော်မတီ အောက်ရှိ အင်ဂျင် နီယာ ဌာန သုံးဌာန ပူး ပေါင်း တည်ဆောက် ခဲ့သော သီရိ မင်္ဂလာ ကုန်စိမ်း ဈေးသစ်ကြီး စီမံကိန်း မှာ ယခုအခါ ဈေးရုံ ကိုးရုံ၏ ကွန်ကရစ် ကြမ်းခင်းခြင်း လုပ် ငန်းများ ရာနှုန်းပြည့် ပြီးစီးကာ အမိုးအကာ သံပေါင် လုပ်ငန်း များကို ဆက်လက် ဆောင် ရွက် ခဲ့ရာ ရာခိုင်နှုန်း ၆၀ အထိ ရောက် ရှိ နေကြောင်း သိရသည်။

  • ဆရာဝန် မှတ်ပုံတင် လက်မှတ် ထုတ်ပေးရေး မွမ်းမံ သင်တန်း ဖွင့်မည်

    ဆရာဝန် မှတ်ပုံတင် (ဆမ)၊ သွားနှင့် ခံတွင်း ဆိုင်ရာ လုပ်ငန်း မှတ် ပုံတင် (သခ) ထုတ်ပေးရေး မွမ်းမံ သင်တန်း ကို လာမည့် ဇူလိုင်လ ကုန် ပိုင်း တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း ဆေးသိပ္ပံ ပညာ ဦးစီး ဌာနက သတင်း ထုတ်ပြန် ထားသည်။

    အဆိုပါ မွမ်းမံ သင်တန်းများ အတွက် ဆေးသိပ္ပံ ပညာ ဦးစီးဌာနက သက်ဆိုင်ရာ ဆေးတက္ကသိုလ် နှင့် သွားဘက် ဆိုင်ရာ တက္ကသိုလ်များ တွင် မွမ်းမံ သင်တန်း ၂/၂၀၁၀ ဖြင့် ဖွင့်လှစ် မည်ဖြစ်သည်။ အဆိုပါ သင် တန်းတွင် ၂၀၁၀ပြည့်နှစ် အထိ ဘွဲ့ လက်မှတ် ရရှိပြီး ဆရာဝန် မှတ်ပုံတင် လက်မှတ် မရရှိ သော သူများ တက် ရောက်နိုင်ပြီး တက်ရောက် လိုသူများ သည် မိမိတို့ အောင်မြင် ခဲ့သည့် တက္ကသိုလ် နှင့် ဆေး သိပ္ပံ ပညာ ဦးစီး ဌာန (ရုံးချုပ်) နေပြည်တော် တွင် အသေးစိတ် မေးမြန်း စုံစမ်းနိုင် ကြောင်း ထုတ်ပြန်ချက် တွင်ပါရှိ သည်။ သင်တန်း လျှောက်ထားရာ တွင် လက်ရှိ ၀န်ထမ်းများ လျှောက် ထားရန် မလိုဘဲ ဇူလိုင် ၂၁ ရက် နောက်ဆုံး ထား လျှောက်ထား နိုင် ကြောင်း သိရသည်။

  • ရန်ကုန်သတင်းများ

    Posted on July 5th, 2010

    Written by Web Admin

    Tags

    ဆင်ဆာမဲ့ ခိုးကူး ခွေများ စီမံချက် ဖြင့်ဖမ်းဆီး ခြင်းကြောင့် မူရင်း အခွေ သုံးစွဲမှု ယခင်ထက် ရာခိုင်နှုန်း ၄၀ ပိုမို တိုးတက်လာ

    ဆင်ဆာမဲ့ ခိုးကူး ခွေများ စီမံချက် ဖြင့်ဖမ်းဆီး ခြင်းကြောင့် မူရင်း အခွေ သုံးစွဲမှု ယခင်ထက် ရာခိုင်နှုန်း ၄၀ ပိုမို တိုးတက်လာ

    မြန်မာ ဗီဒီယို ဇာတ်ကား များ အား ဆင်ဆာမဲ့ ခိုးကူး ခွေများ ကြောင့် မြန်မာ့ ဗီဒီယို လောက ယိမ်းယိုင် လျက်ရှိရာ ဗီဒီယို လောက ပြန်လည် ရှင်သန် ဦးမော့ လာစေရန် သက်ဆိုင် ရာ အဖွဲ့အစည်း အသီးသီးက ဇွန် ၁ ရက်မှ စတင်၍ ဆင်ဆာမဲ့ ခိုးကူး ခွေများ အား စီမံချက် အသွင်ဖြင့် ဖမ်း ဆီး လျက် ရှိသည်။ ထိုသို့ ဖမ်းဆီးမှု ကြောင့် ရန်ကုန်မြို့တွင် မူရင်း အခွေ သုံးစွဲ မှုမှာ ယခင်ထက် ရာခိုင်နှုန်း ၄၀ ပိုမို တိုးတက် လာကြောင်း၊ ထို့ပြင် ပြည်နယ် နှင့် တိုင်း အသီးသီး တွင် မူရင်း အခွေ များ သုံးစွဲမှုသည် ယခင် ထက် ပိုမို လာကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးက ထုတ်ပြန် သော သတင်းများ အရ သိရသည်။

    မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အနေဖြင့် ရုပ်ရှင်နှင့် ဗီဒီယိုလောက သားများ လူနေမှု ဘ၀ တိုးတက်ရေး နှင့် လောက သားများ၏ လူနေမှု ဘ၀ ဖွံ့ဖြိုး တိုးတက်ရေးကို ရှေးရှု ၍ မူရင်း အခွေများ၏ ဗီစီဒီ ဈေးနှုန်း များ ဈေးနှုန်း လျှော့ချရန် ဆောင် ရွက် ခဲ့ကြောင်း သိရသည်။ ရန်ကုန် မြို့တွင် ထုတ်လုပ် ဖြန့်ချိရေး လုပ်ငန်း များမှာ ဗီဒီယို ဇာတ်ကား ပါ ဗီစီဒီ အချပ်များ ရောင်းချ ရာတွင် အာရ်စီ စနစ်ဖြင့် တိုက်ရိုက် ရောင်းချသော ခွေငှားရမ်း ဆိုင်များအား ဇူလိုင် ၁၂ ရက် ချိတ်သော ဇာတ်ကားများ မှစ၍ ယခင် လယ်သာ အိတ် ကျပ် ၇၀၀ ရောင်းချရာမှ ယခုကျပ် ၆၀၀ ဖြင့် ရောင်းချ ပေးရမည်ဖြစ်ပြီး ဝေဖာ အိတ်ဖြင့် ဗီစီဒီ တစ်စုံလျှင် ကျပ် ၅၅၀ ဖြင့် ရောင်းချ ရမည်ဖြစ်ကြောင်း သိရသည်။

  • ပုဂ္ဂလိက ဆီဆိုင် အချို့ ၀န်ဆောင်မှုပိုင်း အားနည်း နေသေး

    စက်သုံး ဆီများ လွတ်လပ်စွာ ၀ယ်ယူ အသုံးပြု နိုင်ရန် ဆီ အရောင်းဆိုင် များ အား ပုဂ္ဂလိက သို့ တရားဝင် လွှဲပြောင်း ရောင်းချ စေခဲ့ရာ ရာခိုင်နှုန်း အများစုမှာ အဆင်ပြေမှု များ ရှိခဲ့ သော်လည်း အချို့ အပိုင်းများ တွင် လိုအပ်ချက်များ ရှိနေ သေးကြောင်း စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောသည်။ “ဆီစာအုပ် လုပ်စရာ မလိုဘဲ အဆင်ပြေတဲ့ ဆိုင်မှာ ဆီဝင်ဖြည့်နိုင် လို့ အဆင်ပြေ တယ်လို့ ပြောလို့ ရပါတယ်။ ဒါပေမဲ့ အားနည်းချက် ကတော့ ရှိနေ သေးတယ်။ ဥပမာ ပြောရရင် ၀န်ထမ်းတွေ ကျွမ်းကျင်မှု နည်းတာ၊ ဆီပန့်တွေ ခဏခဏ ပျက်တာ တွေပေါ့။ အခု ကားအသွားအလာ များတဲ့ မိန်းလမ်းမ တွေက ဆီဆိုင် တွေမှာ ကားတွေ ကျပ်တယ်။ ခရီးနဲ့ အဆင်ပြေ တဲ့ နေရာ တွေမှာ အလွယ်တကူ ထည့်နိုင် လို့ ၀င်ထည့်တာ တန်းစီ နေရ ပါရော။ လမ်းမကြီး တွေက ဆီဆိုင် အများစုမှာ အစောကြီး ကတည်းက တန်းစီ နေတဲ့ ကားတွေတောင် ရှိနေတယ်”ဟု အဆိုပါ ပုဂ္ဂိုလ်က ဆက်လက် ပြောသည်။ ဆီဆိုင် များမှာ နံနက် ၆ နာရီ မှ ည ၈ နာရီ အထိ နေ့စဉ် ဖွင့်လှစ် ထားသော်လည်း ပုံးဖြင့် ၀ယ်ယူ သိမ်းဆည်းခွင့် မရှိဘဲ ကားဆီတိုင်ကီ ပြည့် သာ ရောင်းချခြင်း ဖြစ်သည်။ ယင်းအတွက် ဆီဆိုင် ပိတ်ချိန် ညဘက်များ တွင် ခရီး သွားလာရန် လိုအပ်ပါက ပြင်ပ ဆိုင်များ တွင် ၀ယ်ယူ ရခြင်းများ ရှိနေသေးကြောင်း သိရသည်။

  • Older Posts Yeah! There are more posts, check them out.

PHVsPjxsaT48c3Ryb25nPndvb19hYm91dDwvc3Ryb25nPiAtIDwvbGk+PGxpPjxzdHJvbmc+d29vX2FkX2ltYWdlXzE8L3N0cm9uZz4gLSAvaW1hZ2VzL2FkLmdpZjwvbGk+PGxpPjxzdHJvbmc+d29vX2FkX2ltYWdlXzI8L3N0cm9uZz4gLSAvaW1hZ2VzL2FkLmdpZjwvbGk+PGxpPjxzdHJvbmc+d29vX2FkX3VybF8xPC9zdHJvbmc+IC0gaHR0cDovL2V4YW1wbGUuY29tPC9saT48bGk+PHN0cm9uZz53b29fYWRfdXJsXzI8L3N0cm9uZz4gLSBodHRwOi8vZXhhbXBsZS5jb208L2xpPjxsaT48c3Ryb25nPndvb19hbHRfc3R5bGVzaGVldDwvc3Ryb25nPiAtIGRlZmF1bHQuY3NzPC9saT48bGk+PHN0cm9uZz53b29fYXJjaGl2ZXM8L3N0cm9uZz4gLSA8L2xpPjxsaT48c3Ryb25nPndvb19hdXRvX2ltZzwvc3Ryb25nPiAtIGZhbHNlPC9saT48bGk+PHN0cm9uZz53b29fYmlvPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xPC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMTA8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xMTwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19jYXRfbWlkXzEyPC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMTM8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xNzI8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMTg8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xOTU8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMjA8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8yMDk8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMjE4PC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMjQ8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMzwvc3Ryb25nPiAtIGZhbHNlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF80PC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfNTwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19jYXRfbWlkXzY8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF83NDwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19jYXRfbWlkXzg8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X3RodW1iX2hlaWdodDwvc3Ryb25nPiAtIDc2PC9saT48bGk+PHN0cm9uZz53b29fY2F0X3RodW1iX3dpZHRoPC9zdHJvbmc+IC0gMjA3PC9saT48bGk+PHN0cm9uZz53b29fY3VzdG9tX2Nzczwvc3Ryb25nPiAtIDwvbGk+PGxpPjxzdHJvbmc+d29vX2N1c3RvbV9mYXZpY29uPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fZW1haWw8L3N0cm9uZz4gLSA8L2xpPjxsaT48c3Ryb25nPndvb19leGNsdWRlX2NhdHM8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fZmVhdHVyZWRfY2F0ZWdvcnk8L3N0cm9uZz4gLSAmYWFjdXRlOzwvbGk+PGxpPjxzdHJvbmc+d29vX2ZlZWRidXJuZXJfdXJsPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fZmxpY2tyX2VudHJpZXM8L3N0cm9uZz4gLSBTZWxlY3QgYSBudW1iZXI6PC9saT48bGk+PHN0cm9uZz53b29fZmxpY2tyX2lkPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fZ29vZ2xlX2FuYWx5dGljczwvc3Ryb25nPiAtIDxzY3JpcHQgdHlwZT1cInRleHQvamF2YXNjcmlwdFwiPg0KdmFyIGdhSnNIb3N0ID0gKChcImh0dHBzOlwiID09IGRvY3VtZW50LmxvY2F0aW9uLnByb3RvY29sKSA/IFwiaHR0cHM6Ly9zc2wuXCIgOiBcImh0dHA6Ly93d3cuXCIpOw0KZG9jdW1lbnQud3JpdGUodW5lc2NhcGUoXCIlM0NzY3JpcHQgc3JjPVwnXCIgKyBnYUpzSG9zdCArIFwiZ29vZ2xlLWFuYWx5dGljcy5jb20vZ2EuanNcJyB0eXBlPVwndGV4dC9qYXZhc2NyaXB0XCclM0UlM0Mvc2NyaXB0JTNFXCIpKTsNCjwvc2NyaXB0Pg0KPHNjcmlwdCB0eXBlPVwidGV4dC9qYXZhc2NyaXB0XCI+DQp0cnkgew0KdmFyIHBhZ2VUcmFja2VyID0gX2dhdC5fZ2V0VHJhY2tlcihcIlVBLTE2NjE2MDctMTJcIik7DQpwYWdlVHJhY2tlci5fdHJhY2tQYWdldmlldygpOw0KfSBjYXRjaChlcnIpIHt9PC9zY3JpcHQ+PC9saT48bGk+PHN0cm9uZz53b29faG9tZV9wb3N0czwvc3Ryb25nPiAtIDU8L2xpPjxsaT48c3Ryb25nPndvb19pbWFnZV9kaXNhYmxlPC9zdHJvbmc+IC0gZmFsc2U8L2xpPjxsaT48c3Ryb25nPndvb19pbWFnZV9oZWlnaHQ8L3N0cm9uZz4gLSAxNzM8L2xpPjxsaT48c3Ryb25nPndvb19pbWFnZV93aWR0aDwvc3Ryb25nPiAtIDIzMDwvbGk+PGxpPjxzdHJvbmc+d29vX2xvZ288L3N0cm9uZz4gLSBodHRwOi8vd3d3LnRoZW15YW5tYXJwb3N0LmNvbS93cC1jb250ZW50L3dvb191cGxvYWRzLzUtbG9nby5naWY8L2xpPjxsaT48c3Ryb25nPndvb19tYW51YWw8L3N0cm9uZz4gLSBodHRwOi8vd3d3Lndvb3RoZW1lcy5jb20vc3VwcG9ydC90aGVtZS1kb2N1bWVudGF0aW9uL29wZW4tYWlyLzwvbGk+PGxpPjxzdHJvbmc+d29vX3Jlc2l6ZTwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19zaG9ydG5hbWU8L3N0cm9uZz4gLSB3b288L2xpPjxsaT48c3Ryb25nPndvb19zaG93X2Jsb2c8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX3RoZW1lbmFtZTwvc3Ryb25nPiAtIE9wZW4gQWlyPC9saT48bGk+PHN0cm9uZz53b29fdGhlX2NvbnRlbnQ8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX3RodW1iX2hlaWdodDwvc3Ryb25nPiAtIDE0NTwvbGk+PGxpPjxzdHJvbmc+d29vX3RodW1iX3dpZHRoPC9zdHJvbmc+IC0gMjE4PC9saT48bGk+PHN0cm9uZz53b29fdHdpdHRlcjwvc3Ryb25nPiAtIDwvbGk+PGxpPjxzdHJvbmc+d29vX3VwbG9hZHM8L3N0cm9uZz4gLSBhOjI6e2k6MDtzOjYzOiJodHRwOi8vd3d3LnRoZW15YW5tYXJwb3N0LmNvbS93cC1jb250ZW50L3dvb191cGxvYWRzLzUtbG9nby5naWYiO2k6MTtzOjY1OiJodHRwOi8vd3d3LnRoZW15YW5tYXJwb3N0LmNvbS93cC1jb250ZW50L3dvb191cGxvYWRzLzQtMy1sb2dvLmdpZiI7fTwvbGk+PGxpPjxzdHJvbmc+d29vX3ZpZGVvX3Bvc3RzPC9zdHJvbmc+IC0gU2VsZWN0IGEgbnVtYmVyOjwvbGk+PGxpPjxzdHJvbmc+d29vX3ZpZHBhZ2U8L3N0cm9uZz4gLSBTZWxlY3QgYSBwYWdlOjwvbGk+PC91bD4=