The Myanmar Post - Myanmar News Journal » ရောက်တတ်ရာရာ

ဗိုလ်ချုပ် အောင်ဆန်း ပြတိုက်တွင် လေ့လာ သူများ စည်ကား
၂၀၁၀ ပြည့်နှစ်၊ ၆၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကို ရန် ကုန်မြို့၊ အာဇာနည် ဗိမာန်၌ ဇူလိုင် ၁၉ ရက်တွင် ကျင်းပပြီး အဆိုပါ အခမ်း အနားသို့ ၂၀၁၀ ပြည့်နှစ်၊ ၆၃ နှစ်မြောက် အာဇာ နည်နေ့ ကျင်းပ ရေး ကော်မတီ ဥက္ကဋ္ဌ ရန်ကုန်မြို့ တော် စည်ပင် သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးအောင်သိန်း လင်း နှင့် အတူ ၂၀၁၀ ပြည့်နှစ်၊ ၆၃ နှစ်မြောက် အာဇာနည် နေ့ ကျင်းပ ရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော် မတီ အတွင်း ရေးမှူး ဦးအောင်သန်း ၀င်းနှင့် ကျင်းပရေး လုပ်ငန်း ကော်မ တီ ၀င်များ၊ ဌာန ဆိုင်ရာ အကြီးအကဲ များ၊ ဂုဏ်ပြု တပ်ဖွဲ့ဝင်များ၊ မြန်မာ နိုင်ငံရဲ တပ်ဖွဲ့နှင့် မီးသတ် တပ်ဖွဲ့တို့မှ အရာရှိကြီးများ တက်ရောက် ကြပြီး ကျဆုံး လေပြီးသော ဗိုလ်ချုပ်အောင် ဆန်းနှင့် တကွ အာဇာနည် ခေါင်း ဆောင်ကြီး များ၏ ဂူဗိမာန် ၌ လွမ်း သူ့ ပန်းခွေ ချခြင်း၊ အလေးပြုခြင်း၊ မေတ္တာပို့ အမျှ ပေးဝေခြင်း များဆောင် ရွက်ကြသည်။

ထို့အတူ အာဇာနည်ခေါင်း ဆောင်ကြီး များ၏ မိသားစုများ က ဂူ ဗိမာန်များ ၌ လွမ်းသူ့ ပန်းခွေ ချအ လေး ပြု ကန်တော့ ကြရာ ဗိုလ်ချုပ် အောင်ဆန်း ၏ ဂူဗိမာန်၌ သားကြီး ဖြစ်သူ ဦးအောင်ဆန်းဦး နှင့် ဇနီး ဒေါ် လဲ့လဲ့ နွယ်သိန်း တို့က လွမ်းသူ့ပန်း ခွေချ၍ အလေးပြုပြီး ကန်တော့ကာ မေတ္တာပို့ အမျှ ပေးဝေ၍ အာဇာနည် ခေါင်းဆောင် များ၏ မိသားစု များက လည်း ဂူဗိမာန် အသီးသီး တို့၌ လွမ်း သူ့ ပန်းခွေချ အလေးပြု ကန်တော့ကြ ကာ မေတ္တာပို့ အမျှပေးဝေကြသည်။

ထိုနည်းတူစွာ မြန်မာ နိုင်ငံစစ် မှုထမ်း ဟောင်း အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ မြန်မာ နိုင်ငံ ကြက် ခြေနီ အသင်း၊ မြန်မာ နိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအ စည်းအရုံး၊ မြန်မာနိုင်ငံ သဘင် ပညာ ရှင်များ အစည်းအရုံး၊ မြန်မာ နိုင်ငံ ရိုးရာ ပန်းပညာ ရှင်များ အစည်းအရုံး တို့မှ ကိုယ်စားလှယ် များက ဗိုလ်ချုပ် အောင်ဆန်းနှင့် တကွ အာဇာနည် ခေါင်းဆောင်ကြီး များ၏ ဂူဗိမာန် အ သီးသီး တို့တွင် လွမ်းသူ့ ပန်းခွေ ချ၍ အလေးပြုကြပြီး ဖိတ်ကြားခြင်း ခံရ သည့် ပါတီများ မှ တာဝန်ရှိ သူများနှင့် ပြည်သူ အများ ကလည်း လာရောက် အလေးပြုကြသည်။

ထို့အပြင် ရန်ကုန်မြို့၊ ဗဟန်း မြို့နယ်၊ ဗိုလ်ချို ၃ ရပ်ကွက်၊ ဗိုလ်ချုပ် ပြတိုက်လမ်း (ယခင် တာဝါလိန်း လမ်း) ရှိ ဗိုလ်ချုပ် ပြတိုက်တွင်လည်း ယခင် နှစ်များ နှင့်မတူ ယခုနှစ် တွင် လာရောက် ကြည့်ရှု လေ့လာသော  ရဟန်းရှင် လူပြည်သူ ကျောင်းသား ကျောင်းသူများ များပြား စွာလာ ရောက် ကြည့်ရှု လေ့လာကြသည်။

ဗိုလ်ချုပ် အောင်ဆန်း ပြတိုက်တွင် ခင်းကျင်း ပြသထားသည့် ပရိဘောဂ နှင့် အသုံးအဆောင် ပစ္စည်းများ၊ အိပ် ခန်းများ၊ စာဖတ်ခန်း၊ နားနေခန်းနှင့် ထမင်းစားခန်း စသည်များကို လာ ရောက် ကြည့်ရှု သူများ ခက်ခဲမှု မရှိ လေ့လာ နိုင်ရန် တာဝန်ရှိ သူများက ပြတိုက် ၀င်းအတွင်း သို့ တစ်နာရီ လျှင် လူ ၂၀၀ခန့် ၀င်ရောက် စေပြီး ပြတိုက် အပေါ်ထပ်သို့လည်း တစ်ကြိမ် လျှင် လူ ၂၀ ခန့် အလှည့် ကျလေ့ လာကြည့် ရှုစေခဲ့ကြောင်း သိရသည်။

စော၊ ကျော်

မြန်မာနိုင်ငံတွင် ပထမဆုံးCelebrity Look Alike ပြိုင်ပွဲ ကျင်းပ
North Point Shopping Centre မှ စီစဉ်ကျင်းပ သော Celebrity Look Alike ပြိုင်ပွဲ ကို ဇူလိုင် ၁၇ ရက်က North Point Shopping Centre (Promotion Area) တွင် ကျင်းပ ခဲ့သည်။ ဇူလိုင် ၁၇ ရက်နှင့် ၁၈ ရက်တွင် လူရွေးပွဲ ပွဲစဉ် များကိုNorth Point Shopping Centre ၌ကျင်းပ ခဲ့ပြီး အလားတူ ပွဲစဉ် ၃ ကို သြဂုတ် ၇ ရက်၌  East Point Shopping Centre တွင် ကျင်းပမည်ဖြစ်သည်။

Celebrity Look Alike ပြိုင်ပွဲဝင် တွင် အသက် ၁၄ နှစ်နှင့် အထက်ရှိသော ပြိုင်ပွဲဝင် ဦးရေ ၇၀ ကျော် ပါဝင် ယှဉ်ပြိုင် ခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲ ၀င်သူများ သည် မိမိ ကြိုက်နှစ်သက် သည့် မြန်မာပြည်ရှိ ထင်ပေါ် ကျော်ကြားသော  Celebrity တစ်ဦး၏ ၀တ်စားဆင် ယင်မှုပုံစံ Fashion Style သီချင်းဆိုဟန် singing နှင့် အခြား တင်ဆက် ပြသမှုပုံစံ (performance) စသည် တို့ကို အနီးစပ်ဆုံး ကြိုးစား ယှဉ်ပြိုင် ကြရမည် ဖြစ်ကြောင်း သိရသည်။

လူရွေးပွဲ ပွဲစဉ်များမှ ဆန်ခါတင် ၁၅ ဦးရွေးချယ် မည်ဖြစ်ပြီး နောက်ဆုံး အဆင့်ယှဉ်ပြိုင်ခြင်း ကို သြဂုတ် ၈ ရက်တွင် East Point Shopping Centre တွင် ဆက်လက် ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။ ချီး မြှင့်မည့် ဆုများမှာ ပထမဆုငွေ ကျပ်သုံးသိန်းနှင့် ဆုလက် ဆောင်များ၊ ဒုတိယ ဆုငွေ ကျပ်နှစ်သိန်းနှင့် ဆုလက်ဆောင် များ၊ တတိယဆု ကျပ်တစ်သိန်းနှင့် ဆုလက်ဆောင်များ ဖြစ်ကြောင်း သိရသည်။

မြင့်မြင့်စိုး

စီးပွားရေး အကွက်အကွင်း ကောင်းသည့် လမ်းမတန်း မြေကွက်များ ခေါ် ဈေးမြင့်
ရန်ကုန်မြို့အိမ်ခြံမြေ ဈေးကွက် တွင် စီးပွားရေး အချက်အချာ ကျပြီး  အကွက် အကွင်း ကောင်းသည့် လမ်း မတန်း မြေကွက် များ ခေါ်ဈေးနှုန်း ထား  များ မြင့်တက် လာကြောင်း ရန်ကုန် မြို့တွင်း အခြေစိုက် ၀ါရင့် အိမ်ခြံမြေ အကျိုးဆောင်များ ထံမှ သိရသည်။

လမ်းမတန်း မြေကွက်များ ခေါ် ဈေး မြင့်တက် လာမှု အခြေအနေ နှင့် ပတ်သက်၍ “မြေဈေးနှုန်း တွေက  စီးပွားရေး အရ အချက်အချာ ကျတဲ့ down town အနီးအဝေး ပေါ် အဓိ က ထားတိုင်းပြီး ဈေး ခေါ်ကြ ပါတယ်။ မြို့တွင်း ကို ၀င်တဲ့ အဓိက လမ်းမကြီး တွေဖြစ်တဲ့ ပြည်လမ်း၊ ကမ္ဘာအေး ဘုရားလမ်း ပေါ်က အကွက် အကွင်း ကောင်းတဲ့ မြေကွက်တွေ အရင်က တစ်စတုရန်း ပေကို ကျပ်နှစ်သိန်း လောက် ခေါ်ဈေး ရှိရာက အရောင်း အ ၀ယ် ကောင်းတဲ့ အခု နောက်ပိုင်း တစ်စတုရန်း ပေကို ကျပ်သုံးသိန်းခွဲ အ ထိ ခေါ်ဈေး တက်လာ တယ်။ တကယ် အရောင်းအ၀ယ် ဖြစ်တာ ကတော့ ညှိနှိုင်း ဈေးနဲ့ပါ” ဟု မြို့တွင်း အခြေ စိုက် ၀ါရင့်အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးက ရှင်းပြသည်။

အိမ်ခြံမြေ ဈေးကွက်မှာ ယခု နှစ် သင်္ကြန်ပြီး နောက်ပိုင်းမှ စ၍ အ ရောင်းအ၀ယ် ကောင်းလျက် ရှိပြီး ၂၀၀၆ ကမ္ဘာ့ ဖလား ရာသီတွင် အိမ်ခြံ မြေ ဈေးကွက် အေးခဲ့ ဖူးသော်လည်း    ၂၀၁၀ ကမ္ဘာ့ ဖလား ရာသီတွင် ရန် ကုန်မြို့ အိမ်ခြံမြေ ဈေးကွက်မှာ အငှား ဈေးကွက် ကောင်းမွန် ခဲ့ကြောင်း၊ လက် ရှိ အခြေအနေ တွင်လည်း ဈေးကွက် ပုံ မှန် အနေအထား အတိုင်း ရှိကြောင်း ၀ါရင့် အိမ်ခြံမြေ အကျိုးဆောင် များ ထံမှ သိရသည်။

ထွန်းလင်း

ဆိုမာလီ ဓားပြ လက်က လွတ်မြောက် လာသော မြန်မာ သင်္ဘောသား ၂၁ ဦး သြဂုတ်လဆန်း တွင် ပြန်ရောက် မည်
ဆိုမာလီ ပင်လယ် ဓားပြ များ၏ ပြန်ပေး ဆွဲခံ ရသော ယူဘီတီ အိုးရှင်း   (UBT Ocean) ဓာတု ပစ္စည်းတင် သင်္ဘော ပေါ်ရှိ မြန်မာ သင်္ဘောသား ၂၁ ဦးသည် ဇူလိုင် ၂၀ ရက် စင်ကာပူ စံတော်ချိန် ညနေ ၃ နာရီခွဲ တွင် ပြန် လည် လွတ်မြောက် လာပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ သို့ သြဂုတ် လဆန်းတွင် ပြန်ရောက် မည်ဖြစ်ကြောင်း အဆိုပါ သင်္ဘောသား များ၏ အေးဂျင့်ဖြစ်သူ SBM ကုမ္ပဏီမှ မန်နေဂျာ ဦးသတိုး ကျော်က ပြောသည်။

အဆိုပါ သင်္ဘောသည် ဆိုမာလီ ဓားပြ လက်မှ လွတ်မြောက်ပြီး ကင်ညာ နိုင်ငံ၊ မွန်ဘာဆာမြို့သို့ ဦးတည် သွား ကာ မွန်ဘာဆာမြို့ ရောက်မှ သင်္ဘော သား အားလုံးကို သက်ဆိုင်ရာ နိုင်ငံများ သို့ ပြန်လည် ပို့ ပေးမည် ဖြစ်ကြောင်း SBM မှ သိရသည်။ သင်္ဘော ပေါ်ရှိ မြန်မာ သင်္ဘောသား များ အားလုံး ကျန်း ကျန်းမာမာ ရှိပြီး ပင်လယ် ဓားပြများ နှင့် သင်္ဘော ကုမ္ပဏီညှိနှိုင်းမှု အဆင် ပြေ ကတည်းက သင်္ဘောသား များ၏ မိသားစုဝင် များနှင့် ဆက်သွယ်ခွင့် ရရှိ ကြောင်း သိရသည်။

အဆိုပါ သင်္ဘော ကို ဆိုမာလီ ပင်လယ် ဓားပြများ လက်ထဲမှ သာမန် လွှတ်ပေး နေကျ ငွေပမာဏ ထက်ပို ပေးပြီး ရွေးယူခဲ့ရကြောင်း၊ အဆိုပါ သင်္ဘောသည် ဆိုမာလီ တို့၏လက် ထဲတွင် လေးလ ကျော်ကြာ ပြန်ပေး ဆွဲ ခံခဲ့ ရကြောင်း ဦးသတိုးကျော် က ဆိုသည်။ ထို့အပြင် မြန်မာသင်္ဘော  သား ၂၁ ဦးလုံး ဖမ်းဆီး ခံထားရ သော ကာလအတွင်း လစာနှင့် အခြား  ခံစားခွင့်များ အပြည့်အ၀ ပြန်လည် ရရှိ မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ အချိန်တွင် သင်္ဘော သည် လေးလ ကျော်ကြာ ခုတ်မောင်း ခြင်း မရှိသောကြောင့် အင်ဂျင်စက် အနည်းငယ် ချွတ်ယွင်း နေပြီး ကင်ညာ နိုင်ငံ၊ မွန်ဘာဆာမြို့သို့ ဖြေးဖြေး ခုတ်မောင်း နေရကြောင်း၊ မြန်မာ သင်္ဘော သားများ သြဂုတ်လဆန်း တွင် မြန်မာနိုင်ငံ သို့ ပြန်ရောက်မည် ဖြစ်ကြောင်း၊ သင်္ဘော သားများ မြန် မာနိုင်ငံ သို့ ရောက်ရှိ လာပါက ပြည် တွင်း မီဒီယာ များနှင့်တွေ့ဆုံနိုင်ရန် အ တွက် SBM စီစဉ် ဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း ဦးသတိုး ကျော်က ပြောသည်။

ထွန်းလင်း

ကမ္ဘာ့ ရွှေဈေး ကျလာ သော်လည်း မြန်မာ့ ရွှေဈေး တက်လာ
ကမ္ဘာ့ ရွှေဈေး ကို တည်မှီ ပြောင်း လဲနေသော မြန်မာ့ ရွှေဈေးမှာ ကမ္ဘာ့ ရွှေဈေး အကျ ဘက်သို့ ရောက်ရှိ လာ သော်လည်း လိုက်၍ ကျဆင်း သွားမှု မရှိဘဲ ဆက်လက် တက်ကြောင်း သိ ရသည်။

တစ်ပတ် အတွင်း ရွှေဈေးနှုန်း အပြောင်း အလဲ မှာ ကျပ် ၂၀,၀၀၀ ၀န်းကျင် သာရှိပြီး ငွေလဲလှယ်မှု ဈေး နှုန်းများ မြင့်မား လာခြင်းကြောင့် ဖြစ် နိုင်ဖွယ် ရှိသည်ဟု ဆိုသည်။ ငွေဈေး သည် ယခု အပတ်အတွင်း ကျပ် ၁,၀၅၀ သို့ ရောက်လာ ၍ ရွှေက တစ်ကျပ်သား ဈေးကျပ် ၆,၆၄,၅၀၀ ဖြစ်သွားခြင်း ဖြစ် သည်ဟု လုပ်ငန်းရှင် အချို့က သုံး သပ်ကြသည်။

ရွှေ အခေါက်တုံး မှာ လက်ရှိအ ချိန်တွင် ၀ယ်အား မရှိသလောက် နည်း နေသော်လည်း ဈေးကွက် ပျောက် မသွား ခဲ့ပေ။ ဇူလိုင် တတိယ ပတ်၏ နောက်ဆုံး ရွှေဈေး အပိတ်မှာအခေါက် ရွှေတစ်ကျပ်သား ကျပ် ၆,၄၆,၀၀၀ ဖြစ်နေသည်။ ယခင် နေ့ကထက် ကျပ် ၂၀,၀၀၀ ကျဈေး ရှိသည်ဟု SIAM စိန်ရွှေ ရတနာ အရောင်း ၀ယ်ရေး မှ သိရသည်။

အေးမြခိုင်

စာရေး ဆရာများ စုပေါင်း၍ ၀ါဆို သင်္ကန်း ကပ်မည်
သဒ္ဓါတရား ထက်သန် ကြသော စာရေးဆရာ၊ ဆရာမ ၁၀ ဦးတို့၏ စုပေါင်း ၀ါဆို သင်္ကန်း ကပ်လှူပွဲကို တောင်ဥက္ကလာပ၊ ၂ ၀ိုင်း၊ အောင်စန္ဒာ သိဒ္ဓိ ကျောင်းဆရာတော် သဒ္ဓမ္မ ဇောတိက ဓဇဘဒ္ဒန္တ ဇနိန္ဒသာရ (စာရေးဆရာ မုံရွာနေဇာ) ကျောင်းတိုက် တွင် သြဂုတ် ၁ ရက် (၀ါဆိုလဆုတ် ၆ ရက်၊ တနင်္ဂနွေနေ့) နံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပမည်ဖြစ်သည်။

အဆိုပါ စုပေါင်း ၀ါဆိုသင်္ကန်း ကပ်လှူပွဲသည် စာရေးဆရာ၊ ဆရာမ ၁၀ ဦးတို့၏ စာမူခ များနှင့် စာဖတ် ပရိသတ် အချို့၏ ၀ိုင်းဝန်း ပံ့ပိုးမှုတို့ စုပေါင်းလျက် ၁၃၆၉ ခုနှစ်၊ ၀ါဆို လပြည့်မှ စတင် လှူဒါန်း ခဲ့ရာ ယခု စတုတ္ထ အကြိမ်မြောက် ဖြစ်ပြီး စာပေ အသိုက်အ၀န်းနှင့် စာချစ် သူများ မည်သူမဆို ကြွရောက် ချီးမြှင့်ရန် ဖိတ်ကြား နှိုးဆော် ထား ကြောင်း သိရသည်။

ရိုးရိုး

အာဆီယံ အကောင်းဆုံး ဓာတ်ပုံဆု ဦးကျော်ကျော်ဝင်း ရရှိ
စင်ကာပူ နိုင်ငံက ကြီးမှူး ကျင်းပ သော အားကစားမှ သည် အာဆီယံသို့ ခေါင်းစဉ်ဖြင့် ဓာတ် ပုံပြိုင်ပွဲတွင် မြန်မာနိုင်ငံ မှ ဦး ကျော်ကျော်ဝင်းက ပထမဆု ရရှိ သည်။ အာဆီယံ ၁၀ နိုင်ငံမှ နိုင်ငံ ကိုယ်စားပြု တစ်နိုင်ငံ တစ်ဦးသာ ၀င်ရောက် ယှဉ်ပြိုင်ရသော ဓာတ် ပုံ ပြိုင်ပွဲတွင် ပထမဆု ရရှိခြင်း ဖြစ် သည်။ အဆိုပါ ဆု အတွက် ဆုချီး မြှင့်ပွဲကို သြဂုတ် ၈ ရက်တွင် စင်ကာပူ နိုင်ငံ၌ ကျင်းပ ပေးမည့် အပြင် ဓာတ်ပုံ ပြပွဲပါ ပြုလုပ်မည် ဟု သိရသည်။

ဦးကျော်ကျော်ဝင်း သည် ယခင်က ကိုရီးယား နိုင်ငံရှိ လေ ကြောင်းလိုင်း မှပြုလုပ် သော နိုင်ငံ တကာ ခရီးသွား ဓာတ်ပုံ ပြိုင်ပွဲတွင် ရွှေတံဆိပ် ဆု ရခဲ့သည်။ အမေရိ ကန် နိုင်ငံရှိ popular ဓာတ်ပုံ မဂ္ဂ ဇင်းမှ ဖိတ်ခေါ် သော ဓာတ်ပုံ ပြိုင် ပွဲတွင်လည်း ပထမဆု ရခဲ့သည်။ ယခုနှစ် ၂၀၁၀ တွင် Smith Sonian အနုပညာ အဖွဲ့အစည်း ကပြုလုပ်သော ဓာတ်ပုံ ပြိုင်ပွဲတွင် လည်း Grand Prize ဆုရရှိခဲ့ သည်။

ယခု နောက်ဆုံး ရရှိသော ဆု မှာ တရုတ် နိုင်ငံရှိ Cleaning Water Organization မှ လူ သားများ အတွက် သန့်ရှင်းသော သောက်သုံးရေ ခေါင်းစဉ်ဖြင့် ပြိုင် ပွဲ ကျင်းပရာ ဦးကျော်ကျော်ဝင်း က Grand Prize ဆု ရရှိ ခဲ့သည်။ အဆိုပါ ဆုကိုလည်း တရုတ်နိုင်ငံ ရှန်ဟိုင်း မြို့တွင် ဆုချီးမြှင့် မည်ဖြစ် ပြီး လေးရက်ကြာ အလည်အပတ် ခရီးပါ ပို့ဆောင် ပေးမည် ဟု သိရ သည်။

ဦးကျော်ကျော်ဝင်း သည် ၂၀၀၁ ခုနှစ်မှ စတင်ကာ နိုင်ငံ တကာ ဓာတ်ပုံ ပြိုင်ပွဲများကို ၀င် ရောက် ယှဉ်ပြိုင် ခဲ့ရာ ယနေ့ အထိ နိုင်ငံတကာဆုပေါင်း ၁၀၀ ကျော် ရရှိထားသည်။

ပြိုင်ပွဲဝင် ဓာတ်ပုံများ နှင့်ပတ် သက်၍ ဦးကျော်ကျော်ဝင်းက ပြောကြားရာတွင် “ပြိုင်ပွဲ ခေါင်းစဉ် ကို ဦးစားပေး စဉ်းစားပြီး သရုပ် ဖော်ဖို့ လိုပါတယ်။ ဒါမှသာ ဘယ် လို ရိုက်ရ မလဲဆိုတဲ့ စိတ်ကူးပေါ် လာမယ်။ အဲဒီ စိတ်ကူး ကို ဓာတ် ပုံ ပညာနဲ့ အမြင်ဆန်း သစ်အောင် ရိုက်နိုင်တယ်။ ဓာတ်ပုံ ကောင်း တစ်ပုံ ရဖို့ မြန်မာနိုင်ငံ ရဲ့ ထင်ရှား ကျော်ကြားတဲ့ နေရာတွေ၊ ရှုခင်း ကောင်းတဲ့ နေရာတွေ၊ လူအ ရောက် အပေါက် နည်းတဲ့နေရာ တွေ သွားရတယ်။ များများ ရိုက် များများ လေ့ကျင့်၊ နိုင်ငံတကာ ဆုရ ဓာတ်ပုံတွေ များများ လေ့ လာရင် ဆုရဖို့ နီးစပ် ပါတယ်” ဟု သုံးသပ် ပြောကြားသည်။

အောင်မြင့်သိန်း

ဟင်္သာတ – ဇလွန် ရထားလမ်း ပိုင်း ဖွင့်လှစ်
ဟင်္သာတ – ဓနုဖြူ – စက္ကော့ (ညောင်တုန်း) ရထားလမ်း ဖောက်လုပ် ရေး စီမံကိန်း ၌ ပါဝင်သည့် ဟင်္သာတ – ဇလွန် ရထားလမ်းပိုင်း ဖွင့်ပွဲ အခမ်း အနားကို ဟင်္သာတမြို့၊ ဟင်္သာတ ဘူတာ ယာဝင်း အတွင်း၌ ဇူလိုင် ၂၁ ရက် တွင်ကျင်းပသည်။

အဆိုပါ ရထားလမ်းပိုင်း သည် အရှည် ၁၆ ဒသမ ၂၅ မိုင်ရှိပြီး ပုသိမ် (ဘဲဂရက်) – ညောင်တုန်း -ရန်ကုန် (လှိုင်သာယာ) ရထားလမ်း နှင့် ဧရာဝတီ တံတား (ညောင်တုန်း) အနီး၌ ဆက်စပ် ပေါင်းဆုံ ကာ အဆိုပါ တံတားမှ တစ်ဆင့် ရန်ကုန်သို့ ခရီး ဆက်သွား နိုင်မည်ဖြစ်သည်။ ဟင်္သာ တ – ဇလွန် ရထားလမ်း ပိုင်း၌ တံတား ကြီးငယ် စုစုပေါင်း ၂၅ ခုနှင့် ဘူတာ ရုံသုံးရုံ ပါရှိ သည်။ နိုင်ငံတော် က ရထားလမ်း အပါအ၀င် လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိရာ ၁၉၈၈ ခုနှစ် မတိုင်မီက ရထားလမ်း ၁,၉၇၆ မိုင်နှင့် ဘူတာရုံ ပေါင်း ၄၈၇ ရုံသာ ရှိခဲ့ ရာမှ ယခုအခါ ရထားလမ်း ၃,၄၇၁ မိုင်နှင့် ဘူတာရုံ ပေါင်း ၈၈၄ ရုံ အထိတိုးတက် လာပြီ ဖြစ်ကြောင်း သိရသည်။

အောင်သူ

မြန်မာ သင်္ဘောသား များ၏ နစ်နာမှု များကို မိုဆာက ဖြေရှင်း ပေးမည်
မြန်မာ သင်္ဘောသား များကို ၀န်ဆောင်ခ ရယူပြီး သင်္ဘောတင် ပေးပြီး နောက် နှစ်လ သုံးလ အကြာ တွင် အကြောင်း ရှာ၍ သင်္ဘောပေါ် မှ ဆွဲချခြင်း၊ crew ချိန်းခြင်းနှင့် သင်္ဘော ရောင်းချခြင်း များ အတွက် သင်္ဘောသားများ ပြန်လာရပြီး လစာ မရရှိခြင်း၊ လေယာဉ် စရိတ်ဖြတ် တောက်ခြင်း နှင့် လစာပြည့် မရရှိမှု များ စသည့် နစ်နာ မှုများကို မြန်မာ နိုင်ငံ ပင်လယ်ကူး သင်္ဘောသား များအ သင်း (MOSA) က သက်ဆိုင်ရာ နှင့် ဆက်သွယ် ညှိနှိုင်း ဆောင်ရွက် ပေး လျက် ရှိကြောင်း သိရသည်။

ထိုသို့ လစာ ဖြတ်တောက်ခံရမှု မှာ crew သင်္ဘောသား များ သာမ က သင်္ဘော အရာရှိ အချို့ပင် တွေ့ ကြုံ ခံစား ရကြောင်း၊ မိုဆာ အနေဖြင့် ဖြေရှင်း ဆောင်ရွက် ရသော အမှုတွဲ ပေါင်း ၂၃ မှု ရှိပြီ ဖြစ်ကြောင်း သိရ သည်။

အဆိုပါ ဖြစ်ရပ် များအနက် သင်္ဘောသား oiler ဦးသန်းဇော် သည် သင်္ဘောတွင် ခြောက်လကြာ တာဝန် ထမ်းဆောင်ပြီး သင်္ဘော တွင် ကြိုထုတ် ငွေများသာ ခံစား ခွင့်ရရှိ ကာ စာချုပ် သက်တမ်း ပြည့်၍ ပြန် လာသော အခါ ကုမ္ပဏီသို့ လစာ သွားရောက် ထုတ်ယူ ရာတွင် အကြိမ် ကြိမ် တောင်းခံ သော်လည်း မရရှိ သည့် အတွက် မိုဆာသို့ အကူအညီ တောင်းခံ ခဲ့ရာ မိုဆာ၏ ဆောင်ရွက် ပေးမှု ကြောင့် တစ်လ အတွင်း ပြန် လည် ရရှိခဲ့သည်။

သင်္ဘောသား တင်မျိုးဦး၊ ၀င်း ထွန်းနှင့် ယခု MT-OUKE သင်္ဘော တွင် တာဝန် ထမ်း ဆောင်ပြီး လစာ မရ ရှိသေး သူခြောက်ဦး၏ လစာ ပြန်လည် ရရှိရေး အတွက် မိုဆာက ဆောင်ရွက် ဆဲဖြစ်ကြောင်းနှင့် သင်္ဘော သား ဝေဖြိုးအောင် ကို ၀န်ဆောင်ခ အမေရိကန် ဒေါ်လာ ၁,၀၀၀ ရယူပြီး သင်္ဘော၌ ခုနစ်လကြာ တာဝန်ထမ်း ဆောင်ပြီး ချိန်တွင် သက်တမ်း မပြည့် ဘဲ ပြန်ခေါ်၍ လေယာဉ် စရိတ်များ တောင်းခံခြင်း၊ သင်္ဘောသား အုန်း ကျော်ကို ၀န်ဆောင်ခ အမေရိကန် ဒေါ်လာ ၅၀၀ တောင်းခံပြီး တစ်လ ကျော်တွင် ပြန်လည် လူစားလဲ ခေါ် ယူခဲ့ခြင်း တို့အတွက် ၀န်ဆောင်ခ နှင့် လစာ ပြန်လည် ရရှိရေး ဆောင်ရွက် နေဆဲ ဖြစ်ကြောင်း သိရသည်။

ရန်ကုန် ဆိပ်ကမ်း၌ သင်္ဘော ဆိုက်စဉ် နိုင်ငံခြား သင်္ဘောသား များ နှင့် crew ချိန်း၍ sign off ပြုလုပ် ရသော သင်္ဘော အရာရှိ တစ်ဦးမှာ sign off ပြုလုပ်သည့် လအတွက် လစာ မရခြင်း၊ အဆိုပါ လတွင် တာ ၀န် ထမ်းဆောင် ခဲ့သော ၂၉ ရက်စာ လ မရခြင်း၊ အလားတူ bosun တစ် ဦးသည် လည်း သင်္ဘောတွင် တစ်လ ကျော် တာဝန် ထမ်းဆောင်ပြီး ရန် ကုန် ဆိပ်ကမ်း တွင် crew ချိန်း၍ လစာ ထုတ်မပေးခြင်း တို့ကို ကုမ္ပဏီ နှင့် ညှိနှိုင်း ဆောင်ရွက် နေကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ် များအတွက် သင်္ဘောသားများ အနေဖြင့် ကုမ္ပဏီ နှင့် ခိုင်မာ၍ တိကျသော စာချုပ် ချုပ် ဆိုမှု များဖြင့် တာဝန် ထမ်းဆောင် ရန် မိုဆာက တိုက်တွန်း နှိုးဆော်ထား ကြောင်း သိရသည်။

ထွန်းလင်း

မီး အာမခံ အပြည့်အ၀ ထားရှိမှ အပြည့်အ၀ ပြန်ရမည်
ဈေးများ နှင့် အထပ်မြင့် အဆောက်အအုံ များအနေ ဖြင့် မီး အာမခံအား ပြည့်ပြည့်၀၀ ထားရှိရန် လိုအပ် ကြောင်း၊ မြန်မာ့ အာမခံ လုပ်ငန်းတွင် အဓိက အာမခံ ငါးမျိုး ရှိပြီး ထိုငါးမျိုးမှ ဖြာထွက်သော အာမခံ ၄၆  မျိုး ရှိကြောင်း သိရပြီး ဈေးများ နှင့် အထပ်မြင့် အဆောက် အအုံများ မီးအာမခံ ထားရှိခြင်း နှင့် ပတ်သက်၍ ဒေါက် တာ မောင်မောင်သိမ်းက မြန်မာပို့စ် သို့ပြောသည်။

“ဈေးများနဲ့ အထပ်မြင့် အဆောက်အအုံ များ အနေနဲ့ မီးအာမခံ ကို ထားရှိဖို့ သင့်ပါတယ်။ ဆုံးရှုံး ပျက်စီးမှု တွေဖြစ် လာပြီ ဆိုရင် အာမခံ ကသာ ခုလို ဆုံးရှုံး ပျက်စီးမှုတွေကို ကုစား ပေးမှာ ဖြစ်ပါတယ်။ မီးမှ မဟုတ် ပါဘူး။ သဘာဝ ဘေးအန္တရာယ် ဆိုတာ ရှောင်လွှဲလို့ ရတဲ့ ဟာမျိုး ရှိသလို   ရှောင်လွှဲလို့ မရတဲ့ ဟာမျိုး လည်းရှိပါတယ်။ အဲဒီလို ရှောင် လွှဲလို့ မရတဲ့ ဟာမျိုးဆိုရင် ခုနက ပြောသလို အာမခံက သာ ကုစား ပေးသွားမှာ ဖြစ်ပါတယ်။ နောက်ပြီး အာမခံ ကို ထားရှိရင်လည်း ပြည့်ပြည့်၀၀ ထားရှိဖို့ လိုအပ်ပါတယ်။ တစ်လောက မုံရွာ ဈေးကြီး မီးလောင် တာဆိုရင် သူတို့ အာမခံ ထားတာ ဆိုင်ခန်း ထားတာဖြစ်တယ်။ ပစ္စည်း တွေ မပါဘူး။ အဲဒီ တော့ အာမခံက ဆိုင်ခန်း ကိုပြန်လျော်   ပေးပေမယ့် သူတို့က ငွေချေး ထားတဲ့ အတွက် သက်ဆိုင် ရာ ဘဏ်ကို လွှဲပေး လိုက်ရတယ်။ မီးလောင် သွားတဲ့  ပစ္စည်း တန်ဖိုး မရလိုက်ဘူး။ ပြောချင် တာက အာမခံ ထားရင်လည်း အားလုံး ထားသင့်တယ်။ ဈေးဆိုတာက  လူသွား လူလာ များတယ်။ မီးအာမခံ ထားတာ မမှားဘူး”ဟု ရှင်းပြသည်။

MMS