Your reliable news partner
  • ရောက်တတ်ရာရာ

    Posted on August 31st, 2010

    Written by Web Admin

    Tags

    ဂင်းနစ် မှတ်တမ်း ၏ အသက် အကြီးဆုံး ပုဂ္ဂိုလ် စာရင်း ပြောင်းလဲခြင်း မရှိသေး သော်လည်း ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသမီးမှာ မြန်မာနိုင်ငံမှ ဖြစ်ကြောင်း နိုင်ငံတကာ မီဒီယာ များ၌ ရေးသား ဖော်ပြနေ

    ဂင်းနစ် မှတ်တမ်း ၏ အသက် အကြီးဆုံး ပုဂ္ဂိုလ် စာရင်း ပြောင်းလဲခြင်း မရှိသေး သော်လည်း ကမ္ဘာ့ အသက်အကြီးဆုံး အမျိုးသမီးမှာ မြန်မာနိုင်ငံမှ ဖြစ်ကြောင်း  နိုင်ငံတကာ မီဒီယာ များ၌ ရေးသား ဖော်ပြနေ

    မြန်မာနိုင်ငံ၏ အသက် အကြီးဆုံး ဖြစ် သူ အသက် ၁၁၈ နှစ် အရွယ် ဒေါ်မြကြည် သည် လက်ရှိ ဂင်းနစ် မှတ်တမ်း ၀င် သက်ရှိ ထင်ရှား ရှိနေသော ကမ္ဘာ့ အသက်အကြီးဆုံး ပြင်သစ် နိုင်ငံသူ Eugenie Blanchard ထက် လေးနှစ်ခန့် အသက် ပိုကြီး နေသော ကြောင့် ကမ္ဘာ့ အသက်အကြီးဆုံး ပုဂ္ဂိုလ် အဖြစ် နိုင်ငံတကာ မီဒီယာ များ ဖြစ်သော ဆင်ဟွာနှင့် အေအက်ဖ်ပီ တို့က အသိ အမှတ် ပြု ရေးသား ဖော်ပြ ကြသော်လည်း ဂင်းနစ် မှတ်တမ်း၏ အသက်အကြီးဆုံး စာရင်းတွင် ပြောင်းလဲ ဖော်ပြခြင်း မရှိသေးကြောင်း သိရ သည်။

    ကမ္ဘာ တစ်ဝန်းလုံးရှိ ထူးခြား စံချိန်တင် ဖြစ်စဉ် များအား ထည့်သွင်း ဖော်ပြ လေ့ရှိ သော ဂင်းနစ် မှတ်တမ်း ၏ စာရင်းများ အရ လက်ရှိတွင် သက်ရှိ ထင်ရှား ရှိနေသော ကမ္ဘာ့ အသက်အကြီးဆုံး အဖြစ် ပြင်သစ် နိုင်ငံ၌ ၁၈၉၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်တွင် မွေးဖွား ခဲ့သူ Eugenie Blanchard ထက် အသက် လေးနှစ် ခန့် ပိုကြီး နေကြောင်း သိရ သည်။ ထို့ကြောင့် မြန်မာ နိုင်ငံ ၌ မြန်မာ သက္ကရာဇ် ၁၂၅၄ ခုနှစ်၊ သီတင်း ကျွတ်လ ဆန်း ၁ ရက်နေ့ (၁၈၉၂ ခုနှစ်) တွင်မွေးဖွား ခဲ့သူ ဒေါ်မြကြည် အသက် (၁၁၈ နှစ်) အား ကမ္ဘာ့ အသက် အကြီးဆုံး ပုဂ္ဂိုလ်အဖြစ် နိုင်ငံ တကာ မီဒီယာ များဖြစ်သော ဆင်ဟွာ၊ အေအက်ဖ်ပီတို့က ရေးသား ဖော်ပြကြောင်း သိရသည်။

  • ပြည်တွင်း ထုတ် light truck ကားများ သတ်မှတ် ခံနိုင်ဝန် ထက် ပိုမို တင်၍ ပျက်စီးမှု မြန်ဆန် ဟုဆို

    ပြည်တွင်း ထုတ် light truck ကားများအား သတ်မှတ် ခံနိုင်ဝန် အားထက် ပိုမို တင်ဆောင် မောင်းနှင် ခြင်းကြောင့် ပျက်စီးမှု မြန်ဆန် ကြခြင်း ဖြစ်ကြောင်း၊ ကားထုတ် လုပ်သည့် ကုမ္ပဏီ အများစုက ပြောသည်။

    စက်မှုဇုန် ထုတ် light truck ကားများသည် ဈေးနှုန်း သင့်တင့်မှု ရှိသည့် အပြင် ပေါ့ပါး ခိုင်ခံ့ခြင်း လည်း ရှိ သဖြင့် လုပ်ငန်း လုပ်ကိုင်ရန် ၀ယ် ယူ သုံးစွဲ လာကြသဖြင့် အတန်အသင့် ဈေးကွက် ခိုင်မာမှု ရှိနေသည်ဟု သိရသည်။ သို့သော် ကားတိုင်း အား ထုတ်လုပ် စဉ်က ခံနိုင်ဝန် အားသတ် မှတ် ပေးထား ပြီးဖြစ်ရာ ထို ခံနိုင်ဝန် ထက် ပိုမို တင်ဆောင်ခြင်း မပြုမှသာ ရေရှည် အသုံးခံမည် ဖြစ်သည် ဟုကား ကုမ္ပဏီ လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

  • ရောက်တတ်ရာရာ

    Posted on August 31st, 2010

    Written by Web Admin

    Tags

    ကမ္လာတစ်ဝန်းလုံး လက်ချောင်း ခြေချောင်း အများဆုံး လူသား မြန်မာနိုင်ငံမှ မလံရတီမင်း ကို လူ အများ စိတ်ဝင်စား

    ကမ္လာတစ်ဝန်းလုံး လက်ချောင်း ခြေချောင်း အများဆုံး လူသား မြန်မာနိုင်ငံမှ မလံရတီမင်း ကို လူ အများ စိတ်ဝင်စား

    မလဲ့ ရတီ မင်းသည် ၂၀၁၀ပြည့်နှစ်၊ သြဂုတ် ၁၈ရက်တွင် အသက် ကိုးလ တင်း တင်းပြည့် ခဲ့ပြီး ဖြစ်သည်။ သူမ၏ ဘယ် ညာ လက်တစ်ဖက် စီတွင် လက်ချောင်း ခြောက်ချောင်း စီပါ၍ စုစုပေါင်း လက် ချောင်း ၁၂ ချောင်း ပါရှိသည်။ သူမ၏ ဘယ်ညာ ခြေတစ်ဖက် စီတွင် ခြေချောင်း ခုနစ်ချောင်း စီပါ၍ စုစုပေါင်း ခြေချောင်း ၁၄ ချောင်း ရှိပါသည်။ သူမ တွင် လက် ချောင်း ခြေချောင်း အားလုံး စုစုပေါင်း ၂၆ ချောင်း ရှိသည်။ ၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ ဂင်းနစ် စံချိန်ရှင် အိန္ဒိယ နိုင်ငံသား ဟာနေး (၁၅နှစ်) တွင် လက်ချောင်း ခြေချောင်း အားလုံး စုစုပေါင်း၂၅ချောင်း သာရှိသည်။ မြန်မာ နိုင်ငံသူ မလဲ့ ရတီမင်းက ဘယ်ခြေ ၌ ခြေချောင်း တစ်ချောင်း ပိုသည်။ ၂၀၁၁ ခုနှစ် ကမ္ဘာ့ ဂင်းနစ် မှတ်တမ်းတွင် လက်ချောင်း ခြေချောင်း အများဆုံး လူသား အဖြစ် မြန်မာ နိုင်ငံမှ မလဲ့ရတီမင်းဖြစ် လာရေး နှင့်စပ်လျဉ်း၍ လူအများ က စိတ်ဝင်စားနေကြ သည်။

    မလဲ့ရတီမင်း ကို တောင်ဥက္ကလာပ မြို့နယ်၊ အမျိုးသမီးနှင့် ကလေးဆေးရုံ ကြီး၌ ဒေါက်တာ ဒေါ်မြတ်သန္တာအောင် က ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၄၅ မိနစ် တွင် အောင် မြင်စွာ မွေးဖွား ပေးနိုင်ခဲ့သည်။ ဖခင် ဦးညီညီ ထွန်း (ခေတ္တစင်ကာပူ) နှင့် မိခင်ဒေါ်ဖြိုးမင်း မင်းစိုး တို့တွင် သမီးကြီး မကေဇင်သန့် (သုံးနှစ် သုံးလ) နှင့် သမီးငယ် မလဲ့ရတီမင်း (ကိုးလ ကျော်) သမီး နှစ်ဦးသာရှိသည်။

  • ဈေးသက်သာ သည့် မလေး အလုပ် အကိုင် သတိထားသင့်

    ဈေးသက်သာ သည့် မလေး အလုပ် အကိုင် သတိထားသင့်

    ပြည်ပ အလုပ် အကိုင် ဈေးကွက် တွင် လုပ်သား အများ အပြား ခေါ်ယူ လျက် ရှိသည့် မလေးရှား အလုပ် အကိုင် များတွင် ဈေးသက် သက်သာ သာဖြင့် ခေါ်ယူ သည့် အလုပ် အကိုင် များကို သတိထား စုံစမ်း ပြီးမှ လုပ်ကိုင် သင့်ကြောင်း ပြည်ပ အလုပ် အကိုင် ဈေးကွက် ကျွမ်းကျင် သူများက ဆိုကြသည်။

    ပြည်ပ အလုပ်အကိုင် ဈေးကွက် တွင် မလေးရှား အလုပ်အကိုင် များ ပြန်လည် ခေါ်ယူ မှုများပြား လာရာ အဓိက မှာ လုပ်ခ ဈေးနှုန်း သက်သာ ၍ မြန်မာ လုပ်သားများ ပိုမိုခေါ်ယူ လာခြင်း ဖြစ်ကြောင်း သိရသည်။

    လက်ရှိ တွင် ကျပ် တစ်သိန်းဖြင့် မလေးရှား သွားရမည် ဆိုပြီး အလုပ် ခေါ်ယူ မှုများ ရှိနေရာ အဆိုပါ အလုပ် အကိုင် မှာ ခိုင်မာမှု မရှိဘဲ မလေး ရှား သို့ရောက် ရှိပါက လုပ်ကိုင် ရမည့် အလုပ်အကိုင် များမှာ ပင်ပန်း စွာ လုပ်ကိုင် ရသည့် အလုပ် အမျိုး အ စားများ ဖြစ်လေ့ ရှိကြောင်း သိရ သည်။

  • သြစတြေးလျ နိုင်ငံ၌ သူနာပြု အဖြစ် မှတ်ပုံတင် ရန် IELTS ရမှတ် မြှင့်တင် လိုက်သည့် အတွက် အင်္ဂလိပ်ဘာသာ ကို ပိုမို လေ့လာ ရန်လို

    သြစတြေးလျ နိုင်ငံ၌ အသစ် ဖွဲ့ စည်း လိုက်သည့် သားဖွား နှင့် သူ နာပြု အဖွဲ့မှ သတ်မှတ် ထားသည့် အနိမ့်ဆုံး အင်္ဂလိပ်စာ လိုအပ်ချက် ကို မြှင့်တင် လိုက်သည့် အတွက် အဆိုပါ နိုင်ငံတွင် သွားရောက် လုပ်ကိုင် လိုသည့် မြန်မာ ကျောင်းသားများ အနေ ဖြင့် အင်္ဂလိပ် ဘာသာ စကားကို ပိုမို လေ့လာရန် လိုအပ်ကြောင်း Crown Education မှပညာရေး အတိုင်ပင်ခံ ဦးအောင်ကျော်ဆန်း က ပြောသည်။

    “လက်ရှိ အခြေအနေ အရ သြ စတြေးလျ နိုင်ငံမှာ သူနာပြု လိုအပ် ချက် မြင့်မား နေတဲ့ အတွက် မြန်မာ လူငယ်တွေ ကလည်း အဲဒီမှာ သွား ရောက် လုပ်ကိုင် ချင်နေ ကြပါတယ်။ ဒီလို အင်္ဂလိပ်စာ အရည်အချင်း သတ်မှတ်ချက် ကို ရုတ်တရက် တိုး မြှင့် လိုက်တာဟာ အိန္ဒိယ ကျောင်း သားတွေ အပေါ် အဓိက အကျိုး သက်ရောက်မှု ရှိနိုင်ပြီး ဖိလစ်ပိုင် နဲ့ တရုတ် ကျောင်းသား တွေအပေါ်မှာ လည်း အကျိုး သက်ရောက်မှု ကြီးမား နိုင်ပါတယ်” ဟု ဦးအောင်ကျော် ဆန်းက ရှင်းပြသည်။

  • ပညာရေး, ရောက်တတ်ရာရာ

    Posted on August 24th, 2010

    Written by Web Admin

    Tags

    Green House ဒီဇိုင်း ပြိုင်ပွဲ ပါဝင် ယှဉ်ပြိုင်ရန် ဖိတ်ခေါ်

    AAET (ASEAN of Engineering and Technology) က တန်ဖိုးနည်း အိမ်ရာ Green House ဒီဇိုင်း ပြိုင်ပွဲ ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။

    အဆိုပါ ပြိုင်ပွဲသို့ စက်တင်ဘာ ၇ ရက်တွင် အသက် ၃၀ မကျော်သူ မြို့ပြ အင်ဂျင်နီယာ နှင့် ဗိသုကာအင် ဂျင်နီယာ များနှင့် ဘွဲ့ကြိုများ ပါဝင် ယှဉ်ပြိုင် နိုင်ပြီး အိမ်ရာ ဒီဇိုင်း ပုံစံများ မှာ မိမိတို့ နိုင်ငံနှင့် သင့်တင့် သော နေထိုင်မှု ပုံသဏ္ဌာန် ဖြစ်ရမည်။ ထို့ အပြင် သဘာဝ ဘေးရာသီ ဥတုဒဏ် ကို ခံနိုင်မည့် ခိုင်ခံ့ လှသော အိမ်ပုံစံမျိုး နှင့် ထိုအိမ်အား ဒေသထွက် ပစ္စည်း များ အသုံးပြုကာ တန်ဖိုး အနည်းဆုံး အိမ်ပုံစံ မျိုးဖြစ်အောင် တီထွင် ဖန်တီး ရမည်ဖြစ်သည်။

  • အလုပ်ရှင် ကိုယ်တိုင် လာရောက် စစ်ဆေး ခေါ်ယူသည့် စင်ကာပူ အလုပ်အကိုင်

    အလုပ်ရှင် ကိုယ်တိုင် လာရောက် စစ်ဆေး ခေါ်ယူသည့် စင်ကာပူ အလုပ်အကိုင်

    စင်ကာပူ နိုင်ငံတွင် အထွေထွေ လုပ်သား အဖြစ် လုပ်ကိုင်ရန် အတွက် မြန်မာ လုပ်သားများ ခေါ်ယူရာတွင် အလုပ် ခေါ်ယူမည့် ကုမ္ပဏီ များက ကိုယ်တိုင် လာရောက် စစ်ဆေး ခေါ် ယူကြောင်း ပြည်ပ အလုပ်အကိုင် အေဂျင်စီ အချို့ထံမှ သိရသည်။

    ယခင်က စင်ကာပူ အလုပ် အကိုင်များ ခေါ်ရာတွင် ကိုယ်ရေး အချက် အလက်နှင့် လိုအပ် သည့် စာရွက် စာတမ်း များကို ကြည့်ရှု ရွေး ချယ် ခေါ်ယူခြင်းနှင့် တယ်လီဖုန်း ဖြင့် အင်တာဗျူး ၍ ခေါ်ယူ မှုများရှိ သော် လည်း အခု နောက်ပိုင်း တွင် အလုပ် ခေါ်ယူမည့် ကုမ္ပဏီက မြန် မာနိုင်ငံ သို့ ကိုယ်တိုင် လာရောက်၍ စာတွေ့ လက်တွေ့ စစ်ဆေးပြီးမှ ခေါ် ယူခြင်း များ ပြုလုပ် လာကြပြီဖြစ်သည်။

  • ဝေးလံ ဒေသ ကျန်းမာရေး၊ ပညာရေး၊ ယဉ်ကျေးမှု လုပ်ငန်းများ ထူးဖောင်ဒေးရှင်း က ကူညီ ပံ့ပိုး ပေးမည်ဆို

    ထူး ဖောင်ဒေးရှင်း က ဝေးလံသော ဒေသ များတွင် ကျန်းမာရေး၊ ပညာ ရေးနှင့် တိုင်းရင်းသား များ၏ ယဉ် ကျေးမှု ဓလေ့ ထုံးစံ၊ ရိုးရာ ၀တ်စုံနှင့် ဘာသာ စကား များကို မှတ်တမ်း တင် ဖော်ပြ ပေးမည့် အပြင် ပံ့ပိုး ကူညီ မှု များကို ဆောင်ရွက် ပေးသွား မည်ဖြစ် ကြောင်း သြဂုတ် ၇ ရက်တွင် လှော် ကား ဥယျာဉ် ၌ ပြုလုပ် ခဲ့သည့် International Youth Day အထိမ်း အ မှတ် ဟောပြော ပွဲတွင် အဆိုပါ ဖောင် ဒေးရှင်းမှ တာဝန်ရှိ သူတစ်ဦး က ပြောကြားသည်။

    အဆိုပါ စီမံချက် များတွင် စီမံ ချက် ငါးခုဖြင့် အကောင် အထည် ဖော်ဆောင်ရွက် ပေးသွား မည့်အပြင် ဒေသ အလိုက် စီမံကိန်း များကိုလည်း ဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း သိရသည်။ ကျန်းမာရေး လုပ်ငန်း အနေဖြင့် ဆောင်ရွက် ပေးရာတွင် ဒေသများ၌ ကျန်းမာရေး ဌာနခွဲ၊ ကျန်းမာရေး ဌာန၊ ဆေးပေး ခန်းနှင့် ဆေးရုံ များကို လိုအပ်ချက် ပေါ်မူ တည်ပြီး တည်ဆောက် လှူဒါန်း ပေး မည့်အပြင် ကျန်းမာရေး ဌာန များတွင် လိုအပ် သော ဆရာဝန်၊ သူနာပြုနှင့် ဆေးဝါး များကို ထူး ဖောင်ဒေးရှင်း က ခန့်အပ် ပံ့ပိုး သွားမည်ဖြစ်သည်။

  • နိုင်ငံရေး ပါတီများ

    နိုင်ငံရေး ပါတီများ

    ပြည်ထောင်စု ကရင် အမျိုးသား များ အဖွဲ့ချုပ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ နိုင်ဝင်ဘာ ၇ ရက်တွင် ကျင်းပမည်။

  • ဆိုမာလီ ဓားပြ လက်က ပြန်လွတ် လာသော မြန်မာ သင်္ဘောသား ၂၁ ဦး ရန်ကုန်သို့ ပြန်ရောက်

    ဆိုမာလီ ဓားပြ လက်က ပြန်လွတ် လာသော မြန်မာ သင်္ဘောသား ၂၁ ဦး ရန်ကုန်သို့ ပြန်ရောက်

    ဆိုမာလီ ပင်လယ် ဓားပြများ၏ ပြန် ပေး ဆွဲခံရသော ယူဘီတီ အိုးရှင်း (UBT Ocean) သင်္ဘော ပေါ်ရှိ မြန်မာ သင်္ဘော သား ၂၁ ဦး ရန်ကုန်သို့ ပြန်လည် ရောက် ရှိလာပြီး ပင်လယ် ဓားပြများ၏ လက်ထဲ တွင် ၁၃၈ ရက်ကြာ နေထိုင် ခဲ့ရကြောင်း၊ ပင်လယ် ဓားပြများ သည် သင်္ဘော ကုမ္ပဏီ နှင့် ညှိနှိုင်းမှု ပြုရာတွင် သင်္ဘောသား များကို အသုံးချခဲ့ မှုများရှိကြောင်း၊ အဆို ပါ သင်္ဘောကို ပင်လယ် ဓားပြ လက်ထဲမှ ဒေါ်လာ လေးသန်းဖြင့် ရွေးယူခဲ့ရကြောင်း၊ သင်္ဘောသား ၂၁ ဦးကိုယ် စား သင်္ဘော ပေါ်တွင် အဆင့်မြင့် တာဝန် ထမ်းဆောင် ခဲ့သော ဦးတင်ဟန်(C.E) ၊ ဦးအောင်မိုး (2nd Engineer) နှင့် ဦးကောင်းမြတ် သိုက်(C.O) တို့က သြဂုတ် ၄ ရက်တွင် သင်္ဘော သားများ၏ အေးဂျင့် ဖြစ်သည့် SBM ကုမ္ပဏီ ရုံးခန်း၌ ပြည်တွင်း မီဒီယာ များနှင့် တွေ့ဆုံ စဉ် ပြောကြားသည်။

    အဆိုပါ ပင်လယ် ဓားပြများ လက် ထဲ တွင် နေထိုင် ခဲ့ရ ပုံနှင့် ပတ်သက်၍ ဦး တင်ဟန်(C.E) က “ပြီးခဲ့တဲ့ မတ် ၅ ရက် နံနက် ၈ နာရီကျော် လောက်မှာ ကျွန် တော်တို့ သင်္ဘောက တစ်နာရီကို ၁၀ မိုင်ကျော်နှုန်းနဲ့ သွားနေတဲ့ အချိန်မှာ သူတို့ က ဘုတ်တွေနဲ့ သင်္ဘော နားကပ် လာပြီး RVG နဲ့ပစ်တယ်။ အစစ် တွေတော့ မဟုတ် ဘူး။ သူတို့ ဘုတ်က တစ်နာရီ မိုင် ၄၀ လောက် မောင်းလို့ ရတော့ ကျွန်တော်တို့ မောင်းပြေး လို့ မရဘူး။ နောက်ပြီး သူတို့ပြန်ပေး ဆွဲထား တဲ့ ဆာကူဝါ ငါးဖမ်း သင်္ဘော နောက်ကနေ ဘုတ်တွေ ကွယ်နေတဲ့ အတွက် ရေဒါမှာ မပေါ်ဘူး။ နံနက် ၁၀ နာရီ လောက်မှာ သူတို့ ဘုတ်ပေါ်မှာ ပါလာတဲ့ ခေါက် လှေကားတွေ နဲ့ သင်္ဘောပေါ် တက်လာတယ်။ လူစုခိုင်းပြီး တစ်ယောက် တစ်ချက်စီ ဇက်ကို ပုတ်တယ်။ ပြီးတော့ ဟာရီတဲလား မြို့ကမ်းနဲ့ နှစ်မိုင် လောက် ဝေးတဲ့ နေရာကို မောင်းပြီး ကျောက် ချတယ်။ ကျွန်တော်တို့ သင်္ဘော နောက်က ဆာကူဝါ သင်္ဘောလည်း ပါတယ်။

  • Older Posts Yeah! There are more posts, check them out.

PHVsPjxsaT48c3Ryb25nPndvb19hYm91dDwvc3Ryb25nPiAtIDwvbGk+PGxpPjxzdHJvbmc+d29vX2FkX2ltYWdlXzE8L3N0cm9uZz4gLSAvaW1hZ2VzL2FkLmdpZjwvbGk+PGxpPjxzdHJvbmc+d29vX2FkX2ltYWdlXzI8L3N0cm9uZz4gLSAvaW1hZ2VzL2FkLmdpZjwvbGk+PGxpPjxzdHJvbmc+d29vX2FkX3VybF8xPC9zdHJvbmc+IC0gaHR0cDovL2V4YW1wbGUuY29tPC9saT48bGk+PHN0cm9uZz53b29fYWRfdXJsXzI8L3N0cm9uZz4gLSBodHRwOi8vZXhhbXBsZS5jb208L2xpPjxsaT48c3Ryb25nPndvb19hbHRfc3R5bGVzaGVldDwvc3Ryb25nPiAtIGRlZmF1bHQuY3NzPC9saT48bGk+PHN0cm9uZz53b29fYXJjaGl2ZXM8L3N0cm9uZz4gLSA8L2xpPjxsaT48c3Ryb25nPndvb19hdXRvX2ltZzwvc3Ryb25nPiAtIGZhbHNlPC9saT48bGk+PHN0cm9uZz53b29fYmlvPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xPC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMTA8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xMTwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19jYXRfbWlkXzEyPC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMTM8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xNzI8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMTg8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xOTU8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMjA8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8yMDk8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMjE4PC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMjQ8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMzwvc3Ryb25nPiAtIGZhbHNlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF80PC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfNTwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19jYXRfbWlkXzY8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF83NDwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19jYXRfbWlkXzg8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X3RodW1iX2hlaWdodDwvc3Ryb25nPiAtIDc2PC9saT48bGk+PHN0cm9uZz53b29fY2F0X3RodW1iX3dpZHRoPC9zdHJvbmc+IC0gMjA3PC9saT48bGk+PHN0cm9uZz53b29fY3VzdG9tX2Nzczwvc3Ryb25nPiAtIDwvbGk+PGxpPjxzdHJvbmc+d29vX2N1c3RvbV9mYXZpY29uPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fZW1haWw8L3N0cm9uZz4gLSA8L2xpPjxsaT48c3Ryb25nPndvb19leGNsdWRlX2NhdHM8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fZmVhdHVyZWRfY2F0ZWdvcnk8L3N0cm9uZz4gLSAmYWFjdXRlOzwvbGk+PGxpPjxzdHJvbmc+d29vX2ZlZWRidXJuZXJfdXJsPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fZmxpY2tyX2VudHJpZXM8L3N0cm9uZz4gLSBTZWxlY3QgYSBudW1iZXI6PC9saT48bGk+PHN0cm9uZz53b29fZmxpY2tyX2lkPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fZ29vZ2xlX2FuYWx5dGljczwvc3Ryb25nPiAtIDxzY3JpcHQgdHlwZT1cInRleHQvamF2YXNjcmlwdFwiPg0KdmFyIGdhSnNIb3N0ID0gKChcImh0dHBzOlwiID09IGRvY3VtZW50LmxvY2F0aW9uLnByb3RvY29sKSA/IFwiaHR0cHM6Ly9zc2wuXCIgOiBcImh0dHA6Ly93d3cuXCIpOw0KZG9jdW1lbnQud3JpdGUodW5lc2NhcGUoXCIlM0NzY3JpcHQgc3JjPVwnXCIgKyBnYUpzSG9zdCArIFwiZ29vZ2xlLWFuYWx5dGljcy5jb20vZ2EuanNcJyB0eXBlPVwndGV4dC9qYXZhc2NyaXB0XCclM0UlM0Mvc2NyaXB0JTNFXCIpKTsNCjwvc2NyaXB0Pg0KPHNjcmlwdCB0eXBlPVwidGV4dC9qYXZhc2NyaXB0XCI+DQp0cnkgew0KdmFyIHBhZ2VUcmFja2VyID0gX2dhdC5fZ2V0VHJhY2tlcihcIlVBLTE2NjE2MDctMTJcIik7DQpwYWdlVHJhY2tlci5fdHJhY2tQYWdldmlldygpOw0KfSBjYXRjaChlcnIpIHt9PC9zY3JpcHQ+PC9saT48bGk+PHN0cm9uZz53b29faG9tZV9wb3N0czwvc3Ryb25nPiAtIDU8L2xpPjxsaT48c3Ryb25nPndvb19pbWFnZV9kaXNhYmxlPC9zdHJvbmc+IC0gZmFsc2U8L2xpPjxsaT48c3Ryb25nPndvb19pbWFnZV9oZWlnaHQ8L3N0cm9uZz4gLSAxNzM8L2xpPjxsaT48c3Ryb25nPndvb19pbWFnZV93aWR0aDwvc3Ryb25nPiAtIDIzMDwvbGk+PGxpPjxzdHJvbmc+d29vX2xvZ288L3N0cm9uZz4gLSBodHRwOi8vd3d3LnRoZW15YW5tYXJwb3N0LmNvbS93cC1jb250ZW50L3dvb191cGxvYWRzLzUtbG9nby5naWY8L2xpPjxsaT48c3Ryb25nPndvb19tYW51YWw8L3N0cm9uZz4gLSBodHRwOi8vd3d3Lndvb3RoZW1lcy5jb20vc3VwcG9ydC90aGVtZS1kb2N1bWVudGF0aW9uL29wZW4tYWlyLzwvbGk+PGxpPjxzdHJvbmc+d29vX3Jlc2l6ZTwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19zaG9ydG5hbWU8L3N0cm9uZz4gLSB3b288L2xpPjxsaT48c3Ryb25nPndvb19zaG93X2Jsb2c8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX3RoZW1lbmFtZTwvc3Ryb25nPiAtIE9wZW4gQWlyPC9saT48bGk+PHN0cm9uZz53b29fdGhlX2NvbnRlbnQ8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX3RodW1iX2hlaWdodDwvc3Ryb25nPiAtIDE0NTwvbGk+PGxpPjxzdHJvbmc+d29vX3RodW1iX3dpZHRoPC9zdHJvbmc+IC0gMjE4PC9saT48bGk+PHN0cm9uZz53b29fdHdpdHRlcjwvc3Ryb25nPiAtIDwvbGk+PGxpPjxzdHJvbmc+d29vX3VwbG9hZHM8L3N0cm9uZz4gLSBhOjI6e2k6MDtzOjYzOiJodHRwOi8vd3d3LnRoZW15YW5tYXJwb3N0LmNvbS93cC1jb250ZW50L3dvb191cGxvYWRzLzUtbG9nby5naWYiO2k6MTtzOjY1OiJodHRwOi8vd3d3LnRoZW15YW5tYXJwb3N0LmNvbS93cC1jb250ZW50L3dvb191cGxvYWRzLzQtMy1sb2dvLmdpZiI7fTwvbGk+PGxpPjxzdHJvbmc+d29vX3ZpZGVvX3Bvc3RzPC9zdHJvbmc+IC0gU2VsZWN0IGEgbnVtYmVyOjwvbGk+PGxpPjxzdHJvbmc+d29vX3ZpZHBhZ2U8L3N0cm9uZz4gLSBTZWxlY3QgYSBwYWdlOjwvbGk+PC91bD4=