မိုးရွာသွန်းမှု ကြောင့်် အုတ်ဈေးကွက် မြင့်တက်လာ
“လုပ်ငန်းကြီး သမား တွေက အုတ်အဆိုင်း ငါးဆိုင်း နှင့် အထက် လုပ်ကြတယ်။ တစ်နေ့ ကို မြေအုတ် အစိမ်း တစ်သောင်းပဲ ထွက်တယ် ထားဦး၊ ငါးရက် ဆိုရင် မြေအုတ် အ စိမ်း ငါးသောင်း ရပြီ။ ဖိုစီ၊ မီးရှို့၊ မီး အေးသည် အထိ ၁၀ ရက် ထပ်ပြီး ပေါင်းလိုက်ရင် ၁၅ရက်မှာ အုတ် ငါးသောင်း ထွက်ပြီ။ ဒီလိုနဲ့ တစ်လ မှာ အုတ်အကျက် နှစ်သိန်း ထွက် အောင် လုပ်နိုင် တော့ အုတ်ဈေး ကိုချ ပြီး၊ အမြတ်ကို နည်းနည်း ယူပြီး ရောင်းကြ တယ်။ အုတ်တစ်လုံး ကို တစ်ကျပ်ပဲ အမြတ် ယူပြီး ၁၉ကျပ်နဲ့ ငွေပေါ်အောင် ရောင်းတဲ့ သူတွေရှိ တယ်။ အဲဒီတော့ ကျွန်တော်တို့လို တစ်ပိုင်တစ်နိုင် လုပ်ငန်း သမားတွေ လည်း ဈေးကို ခေါ်ပြီး မရောင်းနိုင် တော့ဘဲ သူများ ရောင်းသလို ရောင်း လိုက်ရတော့ ဈေးကွက် ပျက်တဲ့သ ဘော ဖြစ်သွားတယ်” ဟု ရှင်းပြသည်။


