The Myanmar Post - Myanmar News Journal » နေပြည်တော် သတင်းများ

ရန်ကုန် – နေပြည်တော် မြန်နှုန်းမြင့် ရထားလမ်း တရုတ် နိုင်ငံ အကူအညီ ဖြင့် ၂၀၁၃ အမီ အပြီး ဖောက်လုပ်မည်
နေပြည်တော် နှင့် ရန်ကုန်မြို့ များ အကြား ကြာမြင့်ချိန် သုံးနာရီ ဖြင့် ရောက်ရှိ နိုင်သည့် ရန်ကုန် နေ ပြည်တော် မြန်နှုန်းမြင့် ရထားလမ်းကို တရုတ် နိုင်ငံ ၏ အကူအညီဖြင့် ၂၀၁၃ ခုနှစ် မတိုင်မီ အပြီး ဖောက်လုပ်ရန် စီစဉ် လျက် ရှိကြောင်း သိရသည်။

၂၀၀၉ ခုနှစ်တွင် ချုပ်ဆို ခဲ့သည့် စာချုပ် အရ မြန်မာနိုင်ငံမှ တရုတ် နိုင်ငံသို့ သဘာဝ ဓာတ်ငွေ့ရောင်းချ မှု အောင်မြင် ခဲ့ သည့်အတွက် တရုတ် နိုင်ငံက သံတမန် ရေးရာ ချစ်ကြည် ရင်းနှီးမှု ရရှိရန် အဆိုပါ မြန်နှုန်းမြင့် ရထားလမ်း ဖောက်လုပ် ပေးခြင်းဖြစ် သည်။ ရထားတွဲ ဆိုင်း များကိုလည်း တရုတ်နိုင်ငံ မှ လာရောက် တပ်ဆင် ပေးမည် ဖြစ်ကြောင်း၊ ရန်ကုန်မှ နေ ပြည်တော် ပျဉ်းမနား ရေဆင်း ကို ကျော်လွန်ကာ နေပြည်တော် အထိ မီးရထား လမ်းကြောင်း ရေးဆွဲ ထားကြောင်း၊ ရန်ကုန် – နေပြည်တော် လမ်းမှာ ၂၂ ၆မိုင်ရှိပြီး ဖောက်လုပ် မည့် မြန်နှုန်းမြင့် ရထားလမ်း တစ် လျှောက်တွင် လျှပ်စစ်မီး အပြည့်အ၀ ရရှိရန် ပြုလုပ် ပေးမည် ဖြစ်ကြောင်း၊ လာမည့် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင် ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပ မည့် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ အမီ ယခု ရထားလမ်း ကို အပြီး ဖောက်လုပ် နိုင်ရန် ရည်မှန်းထား ကြောင်း သိရသည်။

ဖြိုးမောင်မောင်

နေပြည်တော် ၏ အထင်ကရ နေရာ များကို မျှော်စင် ပေါ်မှ အပန်းဖြေ ကြည့်ရှုနိုင် ရေပန်း ဥယျာဉ် (တိုးချဲ့) အပန်းဖြေ စခန်း ထပ်မံ ဖွင့်လှစ်
နေပြည်တော်၏ အထင်ကရ နေရာ များဖြစ်သည့် ဥပ္ပါတ သန္တိစေတီတော်၊ မြို့ တော်ခန်းမ၊ လဟာပြင် ဇာတ်ရုံ၊ သပြေကုန်း (မြို့မ)ဈေး၊ အောင်သပြေ အဆင့်မြင့် ရုပ်ရှင်ရုံ ကျောက်မျက် ရတနာ ပြတိုက်၊ ရွိုင်ရယ် မြန်မာ ဂေါက်ကွင်း၊ လွှတ်တော် အိမ်တော် များ၊ နက္ခတ် တာရာ ပြခန်းနှင့် နေပြည်တော် ဘူတာ စသည့် နေရာများကို ပေ ၄၀အမြင့်ရှိ မျှော်စင်ပေါ်မှ အပန်းဖြေ ကြည့်ရှု ခံစားနိုင်သည့် နေပြည်တော် ရေပန်း ဥယျာဉ် (တိုးချဲ့) အပန်း ဖြေစခန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၇ရက် တွင် အဆိုပါ ဥယျာဉ် အတွင်း၌ ကျင်းပသည်။

စတင်တည်ဆောက်

နေပြည်တော် ရေပန်းဥယျာဉ် (Water Fountain Garden)ကို နေပြည်တော် စည် ပင်သာယာ ရေး ကော်မတီက ပင်မ ရေပန်း ဥယျာဉ်ကြီး ကို ဧက ၅၀ဖြင့် စတင် ဆောင် ရွက်ခဲ့ရာ ၂၀၀၈ခုနှစ်၊ ဇန်န၀ါရီ ၄တွင် စတင် ဖွင့်လှစ် နိုင်ခဲ့ပြီး ရေပန်း ဥယျာဉ်ကြီး (တိုးချဲ့)ကို ၂၀၀၉ခုနှစ် မတ် ၂၈ရက်တွင် ထပ်မံ ဖွင့်လှစ် နိုင်ခဲ့သည်။

မြန်မာ နိုင်ငံ၏ မြို့တော် အဆင့်နှင့် လျော်ညီစွာ တည်ဆောက် ခဲ့သည့် ပင်မရေ ပန်းဥယျာဉ်ကြီး သည် နေပြည်တော်မြို့ တော် ခန်းမ ကြီး၏ အနောက်ဘက် တွင် ကပ် လျက် နေပြည်တော် ပျဉ်းမနား – တောင်ညို သွား ကားလမ်း မကြီးဘေး၌ တည်ရှိပြီး ရေပန်း ဥယျာဉ် (တိုးချဲ့)သည် ရာဇ သင်္ဂဟ လမ်းမ ကြီးနှင့် ငလိုက်ချောင်း မြောက်ဘက် ၀န်ကြီးဌာန ရုံးများ သို့သွားသည့် လမ်းမကြီး ဘေး၌ တည်ရှိ၍ စုစုပေါင်း ၁၆၅ ဧက ကျယ် ၀န်းသည်။

တိုးချဲ့ရေပန်းဥယျာဉ်

၂၀၀၉ခုနှစ်၊ မတ် ၂၈တွင် ထပ်မံ ဖွင့် လှစ်ခဲ့သည့် ရေပန်း ဥယျာဉ် (တိုးချဲ့)သည် ဧက ၁၀၀ ကျယ်ဝန်းပြီး အ၀င် မုခ်ဦးကို Steel structure ဖြင့်တည်ဆောက် ထားကာ အကျယ် ၄၁ပေ၊ အမြင့် ၅၇ပေ ရှစ်လက်မ ရှိ သုံးထပ် မုခ်ဦး ဖြစ်၍ မုခ်ဦး တစ်ဖက်စီ တွင် အကျယ်ပေ ၂၀ရှိ မုခ်ဦး ငယ် နှစ်ခုနှင့် ရှေ့ မျက်နှာ စာတွင် ရေပန်း အလှများ တပ်ဆင် ထားသည်။ ဥယျာဉ် အတွင်း ၈ ဒသမ ၂၆ ဧက ကျယ်ဝန်းပြီး ရေဂါလန် သန်း၂၀ဆံ့ ပင်မ ရေကန်ကြီး တစ်ကန်၊ လင်းပိုင်း ငါးကောင် ရုပ်တု ပါရှိသည့် ရေပန်းကန် တစ်ခု၊ ရေပန်း အလှ မျိုးစုံ ငါးခုပါ ရေပန်းကန် ငါးကန်၊ ကလေး ကစားကွင်းများ၊ ရေကမ္ဘာလုံး၊ Musical Water Dancing နှင့် မြေနန်း ပြာသာဒ်ဆောင်၊ နားနေဆောင် နှင့် ဥယျာဉ် အတွင်းကွန်ကရစ် လမ်းများ၊ Buggy လမ်း  များ၊ ယာဉ်ရပ်နား ရန်နေရာများ၊ ပန်းအလှ ပင်များဖြင့် တည်ဆောက် ထားပြီး ပင်မရေ ပန်း ဥယျာဉ်ကြီး သို့ ကြိုးတံတားဖြင့် ဆက်သွယ် ထားသည်။

ကန်သုံးဆင့်ရေတံခွန်

ကန်သုံးဆင့် ရေတံခွန်ကို ၂၀၀၉ခုနှစ်၊ အောက်တိုဘာ ၂၁ရက်တွင် အဆိုပါ ရေပန်း ဥယျာဉ် ထပ်မံ ဖွင့်လှစ်ခဲ့ပြီး ပေ ၁၇၀၊ အမြင့် ၂၂ပေ ရှိကာ ရေတံခွန် အောက်ခြေ၌ ၁၂ပေ ကျယ် ရှိသည့် ရေအောက် လျှောက်လမ်း တစ်ခု ပါရှိသည်။ ရေတံခွန်မှ ကျလာသည့် ရေများကို အလျား ၁၈၄ပေ၊ အနံ ၉၄ပေရှိ ရေကန် သုံးကန်ဖြင့် အဆင့်ဆင့် စီးဆင်း စေရန် ပြုလုပ်ထားပြီး ရေကန် တစ်ခုနှင့်တစ်ခု အကြားတွင် သုံးပေ အကျယ်ရှိ ကျောက် သားလမ်းများ ပါရှိ၍ အလယ် ရေကန်၌ ကလေးများ ကစား နိုင်ရန် ဘတ်စကက် ဘော ဘုတ်များ ထည့်သွင်း တည်ဆောက်ထား သည့်အပြင် ကန်သုံးဆင့် ရေကန် ပတ်လည် တွင် အပန်းဖြေ အနားယူ နိုင်ရန် ထိုင်ခံများ မြက်ခင်းပြင်များ စီစဉ် ထားရှိသည်။

ကြိုးတံတားဖြင့်ဆက်သွယ်

နေပြည်တော် ရေပန်း ဥယျာဉ် ပင်မနှင့် ရေပန်းဥယျာဉ် (တိုးချဲ့)တို့အား အလျား ပေ ၁၈၀၊ အကျယ် ငါးပေရှိ သံမဏိ ကြိုးတံတား နှင့် ဆက်သွယ် ထားပြီး ပင်မ ဥယျာဉ်အတွင်း ၌ ရေတံခွန် လိုဏ်ဂူ ကန်သုံးဆင့် ရေတံခွန်၊ အကျယ် ခြောက်ဧကရှိ ပင်မ ရေကန်ကြီး တစ်ကန်၊ ရေပန်းကြီး သုံးခု၊ ပင်ဂွင်ငှက် ငါး ကောင်ပုံပါ ကျွန်းတစ်ကျွန်း၊ ရေပန်း အလှမျိုး စုံ ၁၅ခုပါဝင်သော ရေပန်းကန် ၁၂ခု၊ လေး ဖက်မြင် သံစုံမြည် နန်းမြင့် နာရီ စင်တစ်ခု၊ မိသားစုများ အနားယူ အပန်းဖြေဆောင် ရှုရပ် ပန်းဥယျာဉ်ငယ်နှစ်ခုနှင့် ကျောက်တုံး ဥယျာဉ်တစ်ခုတို့ပါရှိကာ ရေပန်းဥယျာဉ် (တိုးချဲ့)အတွင်း၌ ၈ ဒသမ ၂၆ ဧကရှိ ပင်မ ရေကန် တစ်ကန်၊ လင်းပိုင်အရုပ်ငါးကောင် ပါ ရေကန်တစ်ကန်၊ ရေပန်းအလှမျိုးစုံငါး ခုပါ ရေပန်းကန် ငါးကန်၊ ခေတ်မီ ကလေး ကစားကွင်း၊ ရေကမ္ဘာလုံး musical water dancing, water movies နှင့် မြေ နန်း ပြာသာဒ်ဆောင် များပါရှိ၍ ပင်မ ရေပန်း ဥယျာဉ်ကြီးနှင့် ရေပန်း ဥယျာဉ် (တိုးချဲ့) သို့ အလျားပေ ၁၈၀၊ အကျယ် ငါးပေရှိ သံမဏိ ကြိုးတံတားဖြင့် ဆက်သွယ် ထားသည်။

ဗျူးပွိုင့်နှင့်မျှော်စင်

နေပြည်တော် ရေပန်း ဥယျာဉ်ကြီးသည် ထူးထူးခြားခြား ဗျူးပွိုင့် နှစ်ခုပါရှိပြီး သဘာဝ အလှတရား များနှင့် လေကောင်း လေသန့် များကို ရှူရှိုက် ခံစား ရရှိနိုင်ပြီး ယခု ထပ်မံ ဖွင့် လှစ်လိုက်သည့် ရေပန်း ဥယျာဉ် (တိုးချဲ့) အပန်းဖြေ စခန်းသည် ရေပန်း ဥယျာဉ် (တိုး ချဲ့) Water Fountain Garden အပိုင်း ၂နှင့် တစ်ဆက်တည်း တည်ရှိကာ ဧက ၆၀ ကျယ်ဝန်း ပြီး ၃ ဒသမ ၈ ဧက အကျယ် ရေကန် တစ်ခုပါ ထည့်သွင်း တည်ဆောက် ထားပြီး ရေကန် ပတ်လည်တွင် ရောင်စုံပုံစံ ၂၄မျိုး ပါရှိသည့် LED မီးများ တပ်ဆင်ထား ကာ ည အချိန်တွင် ရောင်စဉ် မီးတန်း များ၏ အလှအပနှင့် အလင်းရောင်သည် ကန်ရေ ပြင်ကို ထင်ဟပ် လှပ စေရန် ဆောင်ရွက်ထား သည်။ လာရောက် အပန်းဖြေ သူများအတွက် အပျော်စီး ဘဲငန်း လှေများကို စီစဉ် ထားကာ အပန်းဖြေ တောင်ထိပ် ပေါ်တွင် အမြင့်ပေ ၄၀ရှိ လေးထပ် မျှော်စင် တစ်ခု ကိုပါ တည် ဆောက် ထားသဖြင့် ဗျူးပွိုင့် နှစ်ခုနှင့် အဆိုပါ မျှော်စင် ပေါ်မှနေ၍ နေပြည်တော်၏ အထင်ကရ နေရာများ ဖြစ်သည့် ဥပ္ပါတသန္တိ စေတီ တော်မြတ်ကြီး၊ မြို့တော် ခန်းမ၏အလှ အပများ၊ လဟာပြင် ဇာတ်ရုံ၊ လွှတ်တော် အိမ် တော်များ၊ နက္ခတ် တာရာပြခန်း၊ နေပြည် တော်ဘူတာ၊ ပရဆေး ဥယျာဉ်ကြီး၊ ကန် တော်မင်္ဂလာနှင့် နေပြည်တော် ဒေသ၏ တောတောင် သဘာဝအလှအပ များကို တ၀ ကြီးကြည့်ရှု နိုင်ကြပြီဖြစ်သည်။

ခိုင်မင်း (နေပြည်တော်)

၂၀၁၀ ပြည့်နှစ် တွင် ပထမဆုံး အကြိမ် ပြန်လည် ဦးမော့လာသည့် ဆိုင်ကယ် ဈေးကွက်
သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်း အမှတ် တံဆိပ် မော်တော်ဆိုင်ကယ် မှတ်ပုံတင်ခြင်း လုပ်ငန်း များကို နေ ပြည်တော် ၌ ဇွန် ၃၀ ရက်မှ စ၍ ရပ် နား လိုက်ပြီးနောက် ပြည်တွင်းဖြစ် ဆိုင်ကယ် များနှင့် အောက်ဘီး ဆိုင် ကယ် ဈေးကွက်မှာ ပထဆုံး အကြိမ် ပြန်လည် ဦးမော့ လာကြောင်း ဒေသ ခံ များက ပြောဆိုကြသည်။

၂၀၀၇ ခုနှစ်တွင် လူကြိုက် အ များဆုံး ဖြစ်ခဲ့သည့် တရုတ် နိုင်ငံမှ ထုတ်လုပ်သည့် Kenbo (110) နှင့် Luojia (110) ဆိုင်ကယ် များမှာ ဈေး ကွက်၌ အသစ် တစ်စီး လျှင် ကျပ် ၁၀ သိန်း နှင့် အထက် ပေါက် ဈေး ရှိခဲ့ သော်လည်း ၂၀၀၈ ခုနှစ် နှင့် ၂၀၀၉ ခုနှစ်တွင် ကျပ်ရှစ်သိန်း ၀န်းကျင် သာ ရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ် တွင် ကျပ် ခြောက်သိန်း ၀န်းကျင်သာ ပေါက် ဈေး ရှိကာ အောက်ဘီး ဈေးကွက်မှာ ပျောက် ခဲ့ရသည်။ အိမ်နီးချင်း နိုင်ငံ များမှ နည်း မျိုးစုံဖြင့် ၀င်ရောက်လာ ခဲ့သည့် မော်တော် ဆိုင်ကယ်များ အ တွက် မြန်မာနိုင်ငံ တစ်နိုင်ငံလုံး တွင် သက်ဆိုင်ရာ ကညန ရုံးများ၌ ၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီ မှစ၍ မှတ်ပုံတင် များ ပြုလုပ် ပေးခဲ့ပြီး နေပြည်တော်၌ ယခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စ၍ တ ရားဝင် မှတ်ပုံတင် များ ပြုလုပ် ပေးခဲ့ရာ သတ်မှတ် ကာလပြည့်ပြီ ဖြစ်၍ မှတ် ပုံတင်ခြင်းအား ရပ်နား ပိတ်သိမ်း ခဲ့ ကြောင်း သိရသည်။

နေပြည်တော် ဇေယျာ သီရိမြို့ နယ်မှ ဆိုင်ကယ် ပိုင်ရှင် တစ်ဦးက “အခု ကျွန်တော် စီးနေတဲ့ ဆိုင်ကယ် က ၂၀၀၈ ခုနှစ် ၀န်းကျင် က ၀ယ်ထား တာ ခြောက်သိန်း ပေးရတယ်။ အ သစ် ပြောင်းစီး ရင် ကောင်းမှာပဲ လို့တွေး မိပြီး ဒီအဟောင်းကို ရောင်းဖို့ ပွဲစား ကို ဈေးမေးကြည့်တော့ နှစ်သိန်း ၀န်း ကျင်ပဲ ပေါက်ဈေး ရှိတယ် လို့ပြောတယ်။ ဆိုင်ကယ် အသစ် စီးရဖို့ နောက်ထပ် ငါးသိန်းဝန်းကျင် လောက် ထပ်ပြီးလိုက် ရမှာ ဆိုတော့ မရောင်းတော့ဘဲ စီးနေ တာ။ ဟိုတစ်လောက အဲဒီ ပွဲစားကို ပြန်ပြီး မေးကြည့်တော့ လေးသိန်း ၀န်းကျင် လောက်တော့ ရနိုင်တယ် လို့ပြောတယ်။ နောက်ထပ် လည်း ဈေးတက် နိုင်တယ် လို့ သိရတယ်။ ဘာပဲဖြစ်ဖြစ် ဆိုင်ကယ် ဈေးကွက် တော့ ကောင်းလာပြီလို့ ပြောလို့ ရ ပါတယ်” ဟု ရှင်းပြသည်။

ယခုအခါ ၁၉ယ Kenbo ဆိုင် ကယ် အသစ် တစ်စီးလျှင် ကျပ်ရှစ်သိန်း နှင့် အထက် ရှိနေပြီး ၁၉ယ၊ Loujia (110) အသစ် တစ်စီးလျှင် ကျပ်ရှစ် သိန်းဝန်းကျင် ပေါက်ဈေး ရှိလာခဲ့ကာ ပြည်တွင်း ဖြစ် ဆိုင်ကယ် များနှင့် အောက်ဘီး ဆိုင်ကယ် များလည်း ဈေးကွက် ပြန်လည် ဦးမော့ လာပြီဖြစ် ကြောင်း သိရသည်။

ခိုင်မင်း(နေပြည်တော်)

ကြွက်မှ တစ်ဆင့်ကူးစက် တတ်သည့် ပလိပ် ရောဂါ များရရှိပြီး ဆေးရုံ၌ ကုသမှု ခံယူ နေရ သည်ဟု သတင်းများ ထွက်ပေါ် အဆိုပါ သတင်းမှာ မှန်ကန်မှုမရှိ ကောလာ ဟလ သာဖြစ်
ဇူလိုင် ဒုတိယ ပတ်အတွင်း နေပြည်တော် ပျဉ်းမနားမြို့ ရပ်ကွက် တစ်ခု၌ မိသားစုဝင် အချို့သည် ကြွက်မှ တစ်ဆင့် ကူးစက် တတ်သည့် ပလိပ် ရောဂါ များ ရရှိ၍ ဆေးရုံတွင်ကုသမှု ခံယူ နေရကြောင်း ကောလာ ဟလ သတင်းများ ထွက်ပေါ်ခဲ့သည်။

အဆိုပါ သတင်း ထွက်ပေါ် လာမှုနှင့် ပတ်သက်၍ နေပြည်တော် ပျဉ်းမနားမြို့ ကျန်းမာရေး ဦးစီး ဌာန တာဝန်ရှိ သူများအား မေးမြန်းကြည့် ရာ အဆိုပါ သတင်းမှာ မှန်ကန်မှု မရှိကြောင်း ရှင်းပြခဲ့သည်။ နေပြည် တော် ပျဉ်းမနားမြို့တွင် ကြွက်များမှ တစ်ဆင့် ကူးစက် တတ်သည့် ပလိပ် ရောဂါများ ဖြစ်ပေါ် နေသည် ဆိုသည့် သတင်း ထွက်ပေါ်လာမှုမှာ online ပေါ်မှ တွေ့ရှိချက် ဖြစ်ပြီး အဆိုပါ online သတင်းဌာန တွင် ဖော်ပြ ထားသည်မှာ နေပြည်တော် ပျဉ်းမနားမြို့၊ ရွာကောက် ရပ်ကွက်၌ မိ သားစု ငါးစုမှ မိသားစုဝင် အချို့သည် ပလိပ် ရောဂါများ ရရှိပြီး ဆေးရုံ၌ တက်ရောက် ကုသမှု ခံယူ နေရကြောင်း ဖော်ပြ ထားသည် ဟုဆိုကာ သတင်းများ ပျံ့နှံ့ ထွက်ပေါ် လာခြင်းဖြစ်ကြောင်း သိရသည်။

ပဲခူးရိုးမ နှင့် ပဲခူး တိုင်း အတွင်း၌ လူတို့ ခုတ်ယူ ခဲ့သည့် ၀ါးပင်များမှ ၀ါးစို့မျှစ် ထွက်ချိန်တွင် ရိုးမ၌ ရှိနေသည့် ကြွက်များ၏ အဓိက အစားအစာ ဖြစ်သည်။ ၀ါးပင်များ ပြုန်းတီး လာခြင်းနှင့် ရာသီဥတု ဖောက်ပြန်မှုများ ကြောင့် ကြွက်များမှာ အစာ ရေစာ ရှားပါးလာပြီး တစ်နေရာမှ တစ်နေ ရာသို့ ပြောင်းရွှေ့ခြင်း နှင့် ရိုးမနှင့် နီးစပ်သည့် ကျေးရွာ အချို့၏ သီးနှံစိုက် ခင်းများသို့ ၀င်ရောက် စားသောက် မှုများ ဖြစ်ပေါ် လာခဲ့ကြောင်း မီဒီယာ များ၌ ဖော်ပြ ထားသည်။ ပြီးခဲ့သည့် ဇွန် နောက်ဆုံး ပတ်တွင် ပဲခူး တိုင်းအ တွင်းရှိ ကျေးရွာ အချို့၌ ကြွက်ဝမ်းဖြူများ အုပ်စုလိုက် ရောက်ရှိလာပြီး သီးနှံ များကို စားသောက်၍ အနောက်ဘက် ပဲခူးရိုးမမှ အရှေ့ဘက် ပဲခူး တိုင်း အတွင်းသို့ အမြန် လမ်းမကြီး ကိုဖြတ်ကာ ၀မ်းဘဲအင်း၊ ပျဉ်ပုံကြီး၊ ဘုရားကြီး၊ ဘုရား ကလေး ကျေးရွာများသို့ အုပ်စုလိုက် ရောက်ရှိ လာခဲ့ သော်လည်း အုပ်စု တစ်ခုတွင် ကြွက်အကောင်ရေ အနည်းငယ်သာ ပါရှိ ကြောင်း သိရသည်။ online မှ တစ်ဆင့် ထွက်ပေါ် လာခဲ့သည့် နေပြည် တော် ပျဉ်းမနား မြို့တွင် ကြွက်မှ တစ်ဆင့် ကူးစက် တတ်သည့် ပလိပ် ရောဂါ ဖြစ်၍ မိသားစုဝင် အချို့ ဆေးရုံ ပေါ်၌ ကုသမှု ခံယူ နေရသည် ဆိုသော သတင်းမှာ လုံးဝ မှန်ကန်မှု မရှိကြောင်း နှင့် ကောလာဟလများ သတင်း သာဖြစ်ကြောင်း တာဝန်ရှိ သူများက ပြောသည်။

ခိုင်မင်း(နေပြည်တော်)

အောက်တိုဘာ တွင် ၄၈ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲကြီးကို နေပြည် တော်၌ ကျင်းပမည်
မိုးရာသီ ကျောက်စိမ်း ကျောက် မျက်၊ ပုလဲ အတွဲများ အထူး ရောင်းချ ပွဲတွင် ပြည်တွင်း ရတနာ ကုန်သည် ကုမ္ပဏီ ပေါင်း ၃၀၀ ကျော် တို့က ကျောက်စိမ်း၊ ကျောက်မျက် အတွဲ ပေါင်း ၁၁,၂၇၂ ခင်းကျင်း ပြသ ရောင်းချ ခဲ့ရာ ပြည်တွင်း ပြည်ပ ရတနာ ကုန်သည် ၁၀,၀၀၀ ကျော် လာရောက် ၀ယ်ယူ ကြပြီး နိုင်ငံခြား ယူရိုငွေ သန်း ၇၀၀ ကျော် အထိ ၀ယ်ယူ သွားကြကြောင်း သက်ဆိုင် ရာ နေ့စဉ် ထုတ်ပြန်ချက် သတင်း လွှာ အရ သိရသည်။

ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲတွဲများ အထူး ရောင်းချ ပွဲကို ရန် ကုန်မြို့၊ မရမ်းကုန်း မြို့နယ်၊ မင်းဓမ္မ လမ်းရှိ မြန်မာ ကွန်ဗင်းရှင်း စင်တာ (MCC) ခန်းမ ၌ ဇွန် ၂၇ ရက်မှ ဇူလိုင် ၇ ရက် အထိ ခင်းကျင်း ပြသ ရောင်းချ ခဲ့ရာ ပြည်တွင်း ရတနာ ကုန် သည် ၇၀၀ ကျော် နှင့် ပြည်ပ ရတနာ ကုန်သည် ၃,၈၀၀ ဦး လာရောက် ၀ယ်ယူ ကြကြောင်း သိရသည်။

အဆိုပါ မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ များကို နှစ်စဉ် မပျက် ကျင်းပ ခဲ့ရာ ယခုနှစ် ကျောက်စိမ်း၊ ကျောက် မျက်၊ ပုလဲ အတွဲများ အထူး ရောင်းချ ပွဲသည် ကျောက်စိမ်း အတွဲ ပေါင်း အများဆုံး ခင်းကျင်း ပြသ ရောင်းချ နိုင်သည့် အပြင် ရတနာ ကုန် သည် လာရောက်မှု မှာလည်း မျှော် မှန်း ထားသည်ထက် ကျော်လွန်စွာ လာရောက် ကြကြောင်း သိရသည်။

မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲ များကို ခင်းကျင်း ပြသ ရောင်းချ ခဲ့ ရာ ယခုအခါ ၄၇ ကြိမ် မြောက် ရှိခဲ့ ပြီးဖြစ်ပြီး ၂၀၁၀ပြည့်နှစ်၊ ဇွန်၊ ဇူလိုင်၊ ကျောက်မျက် ရတနာ အထူးရောင်း ချပွဲသည် အထူးပြပွဲ တစ်ရပ် အနေ ဖြင့် ခင်းကျင်း ပြသ ရောင်းချ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ၂၀၁၀ ပြည့်နှစ် ကျောက်မျက် ရတနာ အထူး ရောင်းချ ပွဲတွင် ပြည်တွင်း ရတနာ ကုမ္ပဏီများ က ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲ အတွဲများ နှင့်အတူ အသင့်ပြု လုပ်ပြီး ရတနာ ပစ္စည်း များကိုပါ ပူးပေါင်း ပါဝင် ပြသ ရောင်းချ ခဲ့ရာ ပြည်တွင်း၊ ပြည်ပ ရတနာ ကုန်သည် များ အထူး နှစ်ခြိုက် လျက် ၀ယ်ယူ အားပေးမှု များ အလွန်ပင် များပြား ခဲ့ သဖြင့် ရောင်းချမှု ၏ ပြသ ပစ္စည်း ပမာဏ ရာခိုင်နှုန်း ၉၀အထိ ရောင်း ချ ခဲ့ရကာ နိုင်ငံခြား ယူရိုငွေ သန်း ၇၀၀ ကျော် ရရှိ၍ မြန်မာ့ ကျောက် မျက် ရတနာ ခင်းကျင်း ရောင်းချမှု သမိုင်း တွင် အမြင့်မား ဆုံး စံချိန်တစ် ရပ် ဖြစ်ကြောင်း ပြည်တွင်း ရတနာ ကုမ္ပဏီ အသိုင်း အ၀ိုင်းမှ သိရသည်။

ယခုနှစ် အောက်တိုဘာ တွင် ၄၈ ကြိမ်မြောက် မြန်မာ့ ကျောက် မျက် ရတနာ ပြပွဲကြီးကို နေပြည် တော်၌ ထူးထူးခြားခြား အဆင့်မြင့် မြင့် ခင်းကျင်း ပြသ သွားမည်ဖြစ် ကြောင်း သိရ သည်။

စောသိန်းဝင်း

နေပြည်တော် ပျဉ်းမနား မြို့၏ အဓိက လမ်းမကြီး ပန်းခင်းလမ်း အား လေးလမ်းသွား ကတ္တရာ လမ်းအဖြစ် အဆင့် မြှင့်တင်
နေပြည်တော် ပျဉ်းမနားမြို့ တွင် အဓိကလမ်းမကြီးတစ်ခုဖြစ် သည့် ပန်းခင်း လမ်းအား ယခုအခါ လေးလမ်းသွား ကတ္တရာ လမ်း မကြီး အဖြစ် အဆင့် မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက် လျက်ရှိ ပါသည်။ ဖွံ့ဖြိုး တိုးတက် စည်ကား သာယာ လာသည်နှင့် အညီ နိုင်ငံ တကာ အဆင့်မီ အဆောက်အအုံ နှင့် နိုင်ငံတကာ အဆင့်မီ ကွန်ကရစ် လမ်းမကြီး များ ကတ္တရာ လမ်းများ အား ဖောက် လုပ် တည် ဆောင်ခြင်း၊ လမ်းဟောင်း များ အား ပြုပြင်ဖာ ထေးခြင်း၊ တိုးချဲ့ခြင်း လုပ်ငန်း များကို အရှိန် အဟုန်မြှင့်တင် ဆောင်ရွက် လျက်ရှိရာ ယခု ဖောက်လုပ် တိုးချဲ့ လျက် ရှိသည့် ပန်းခင်း လမ်းမှာ ယခင် က အကျယ်၁၈ ပေသာ ရှိပြီး ယခု အခါ လေးလမ်းသွား အဖြစ် လမ်း ဟောင်းကတ္တရာ လမ်းအား ထပ်မံ တိုး ချဲ့ လျက် ရှိသည်။ အဆိုပါ ပန်းခင်း လမ်း မှာ နေပြည်တော် ပျဉ်းမနား မြို့တွင်းမှ ဥပ္ပါတသန္တိ စေတီတော် မြတ်ကြီးသို့ လည်းကောင်း၊ ထိုမှ တစ်ဆင့် ၀န် ကြီးရုံး များသို့လည်းကောင်း၊ နေပြည် တော် ပုဗ္ဗသီရိမြို့နှင့် နေပြည်တော် ဘူတာသို့ လည်းကောင်း၊ ထိုမှ တစ် ဆင့် နေပြည်တော် ဥတ္တရ သီရိမြို့၊ နေပြည်တော် ဇေယျာ သီရိမြို့များသို့ လည်းကောင်း၊ နေပြည်တော် တိရစ္ဆာန် ဥယျာဉ်၊ အမျိုးသား အထိမ်းအမှတ် ဥယျာဉ် နှင့် ခုတင် ၁,၀၀၀ ဆံ့ဆေးရုံ ကြီးသို့လည်းကောင်း၊ ထိုမှတစ်ဆင့် နေပြည်တော် တပ်ကုန်းမြို့မှ မန္တ လေးမြို့ သို့ လည်းကောင်း သွားလာ ရာတွင် အသုံးပြုလျက် ရှိသဖြင့် ထပ်မံ တိုးချဲ့ခြင်း လုပ်ငန်း များကို ယခုနှစ် မေမှ စ၍ နေပြည်တော် စည်ပင်သာ ယာရေး ကော်မတီ က တာဝန်ယူကာ အမြန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

“နေပြည်တော် မဖြစ်ခင်က ဒီပန်းခင်း လမ်းကို မြို့တွင်း လမ်းအ ဖြစ်နဲ့သာ အသုံးပြု ခဲ့တာပါ။ နေ ပြည်တော် ဖြစ်လာတာ့ ဒီလမ်းကပဲ အသွားအလာ များလာတယ်။ လိုင်း ကား တွေလဲ ဒီလမ်းကပဲ သွားတယ်။ လမ်းက ကျဉ်းနေတာ အမှန်ပါပဲ။ လမ်းက ကျဉ်းတော့ လမ်းအန္တရာယ်၊ ယာဉ်အန္တရာယ် ဖြစ်နိုင်ခြေ များတယ်။ ဒီလမ်းကို အခုလို ထပ်ပြီး တိုးချဲ့ လိုက်ပြန်တော့ လမ်းဘေးမှာ ရှိတဲ့ တချို့ အိမ်တွေ တော်တော် များများ နောက်ဆုတ် ပေးရတယ်။ ဒီလမ်းမ ကြီးပြီး သွားရင်တော့ ဒီထက်ပိုပြီး စည်ကား သွားနိုင်တယ်။ ပြီးတော့ သူ့ယာဉ်ကြော အတိုင်းဆိုတော့ ယာဉ်အန္တရာယ် ဖြစ်ဖို့ ကင်းရှင်း သွား နိုင်ပါတယ်” ဟု အဆိုပါ ပန်းခင်းရပ် ကွက်မှ ဒေသခံ တစ်ဦးက သူ၏ အမြင်ကို သုံးသပ် ပြောဆိုသည်။

အသစ် ဖောက်လုပ် လျက်ရှိသည့် အဆိုပါ လမ်းမကြီးသည် နေပြည် တော်ပျဉ်းမနားမြို့၊ ပါဠိကွေ့မှ ရာဇ ဌာနီ လမ်းမကြီး အထိ ပေ ၆,၄၀၀ အရှည်ရှိပြီး လမ်းပိုင်း အလိုက် မြေ သားညှိခြင်း၊ ကျောက်စီခြင်း၊ လမ်း ကြိတ်ခြင်း၊ ကတ္တရာ ခင်းခြင်း လုပ်ငန်း များကို ဆောင်ရွက် လျက်ရှိသည်။

ခိုင်မင်း(နေပြည်တော်)

နေပြည်တော် ဥတ္တရ သီရိ မြို့နယ် တွင် ဟိုတယ်များ ထပ်မံဆောက်
၂၀၀၃ခုနှစ် တွင် မြန်မာနိုင်ငံ က အိမ်ရှင် အဖြစ် လက်ခံ ကျင်းပ မည့် ဆီးဂိမ်း ပြိုင်ပွဲတွင် နိုင်ငံတကာ မှ အားကစား ပြိုင်ပွဲဝင် အသင်းများ အတွက် တည်းခို နေထိုင်ရေးနှင့် သွားလာမှု အဆင်ပြေ စေရန် နေ ပြည်တော် ဥတ္တရ သီရိ မြို့နယ်ရှိ ဥတ္တရ သီရိ ဟိုတယ် ဇုန်၌ ဟိုတယ်များ ထပ်မံ တည်ဆောက် နေပြီ ဖြစ်ရာ အကွက် အမှတ် ၁၈ ၌ ဆောက်လုပ် မည့် ဥတ္တရ သီရိ ဟိုတယ် ပန္နက်တင် အခမ်း အနားကို ဇွန် ၂၄ ရက် နံနက်ပိုင်း တွင်ကျင်းပသည်။

နေပြည်တော် ဇမ္ဗူသီရိမြို့ နယ်တွင် အမရ၊ ရွှေမြန်မာ၊ ရွှေဧည့် သည်၊ ရွှေနန်းတော်၊ တော်ဝင်နေ ပြည်တော်၊ သင်္ဂဟ၊ ရတနာသိင်္ဃ စသည့်ဟိုတယ်များကို ၂၀၀၇ခုနှစ် မှ စတင် တည်ဆောက်ခဲ့ပြီး ၀န် ဆောင်မှုများ ပေးလျက် ရှိသည်။ ယခု အခါ အဆိုပါ ဟိုတယ် ဇုန်၌ တုံဂပူရိ၊ Sky Blue ဟိုတယ် များကို ထပ်မံ တည်ဆောက်လျက်ရှိသည်။ နေ ပြည်တော် ဥတ္တရသီရိဟိုတယ်၌ ထပ်မံတည်ဆောက်လျက်ရှိသည့် ဟိုတယ် များအား ယခုနှစ် မေမှစ၍ သက်ဆိုင်ရာက မြေကွက် များသတ် မှတ်ပေးခဲ့ပြီး ဟိုတယ် တစ်လုံး၏ အကျယ် အ၀န်းမှာ  ၁၀  ဧကရှိ ကြောင်းနှင့် လုပ်ငန်း ရှင်များက မြေ သား ညှိခြင်း လုပ်ငန်းများ နှင့် အ ဆောက် အအုံများကို တည်ဆောက် လျက်ရှိသည်။

မေ ၂၄ ရက်တွင် “စိုး” လျှပ်စစ် ကုမ္ပဏီ ဟိုတယ် ပန္နက်တင် အခမ်း အနား ကျင်းပခဲ့သည်။ အဆိုပါ ဟိုတယ် ဇုန်၌ ဟိုတယ် ၁၉ လုံး တည်ဆောက် သွားမည်ဖြစ်ရာ လာ မည့် ၂၀၁၁ ခုနှစ်တွင် အပြီးတည် ဆောက် သွားမည်ဖြစ်ကြောင်း သိ ရသည်။

ဥတ္တရသီရိ ဟိုတယ် ဇုန်သည် နေပြည်တော် ဘူတာ၊ တိရစ္ဆာန် ဥယျာဉ်၊ အမျိုးသား အထိမ်းအမှတ် ဥယျာဉ် နှင့် တည်ဆောက် ဆဲဖြစ် သည့် လူဦးရေ ၃,၀၀၀ ဆံ့ဘောလုံး ကွင်းကြီး စသည့် အဆောက် အအုံ များနှင့် နီးကပ်စွာ တည်ရှိပြီး လာ မည့် ၂၀၁၃ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပြုလုပ် မည့် ဆီးဂိမ်း ပြိုင်ပွဲ၌ နိုင်ငံ တကာမှ ပြိုင်ပွဲဝင် အားကစား အသင်းများ အနေဖြင့် အဆိုပါ ဟိုတယ် ဇုန်ရှိ ဟိုတယ် များ၌ စိတ်ချမ်း မြေ့စွာ တည်းခို နေနိုင်ရေးအတွက် များစွာ အထောက်အကူ ပြုမည်ဖြစ်ကြောင်း သိရသည်။

ခိုင်မင်း(နေပြည်တော်)

ဝါတွင်း ကာလ မတိုင်မီ ခါတော်မီ ဦးမော့ လာသည့် နေပြည်တော် အိမ်ငှား ဈေးကွက်
နေပြည်တော် ပျဉ်းမနား မြို့ တွင် ယခင်က ငှားရမ်း ခဲ့သည့် လူနေ တိုက်အိမ် များနှင့် မြေကွက် အလွတ် များမှာ ယခု အခါ ငှားရမ်း ကာလ သတ်မှတ်ရက် ပြည့်မြောက်၍ ထပ်မံ ငှားရမ်းခြင်း များ သွက် နေကြောင်း နေပြည်တော် ပျဉ်းမနားမြို့ရှိ အိမ် ခြံမြေ အကျိုးဆောင် တစ်ဦးက ပြော သည်။

နေပြည်တော် ဖြစ်လာ သည့် ၂၀၀၅ ခုနှစ် မှစ၍ နေပြည်တော် ပျဉ်းမနား မြို့ရှိ အချက်အချာ ကျသည့် အဓိက နေရာ များ နှင့် ရပ်ကွက် အချို့ ရှိ လုံးချင်းတိုက် အိမ်များ နှင့် မြေ ကွက် အလွတ် များကို စီးပွားရေး လုပ် ငန်းရှင်များ၊ ကုမ္ပဏီ ၀န်ထမ်းများ၊ အရောင်းအ၀ယ် လုပ်ငန်းရှင် များနှင့် စားသောက်ဆိုင် လုပ်ငန်း ပိုင်ရှင် တို့က အိမ်ရှင် အိမ်ငှား စာချုပ် ပါ အချက် အလက် များကို ညှိနှိုင်း ဆွေးနွေးပြီး စာချုပ်ချုပ် ငှားရမ်း ခဲ့ကြရာ သုံးလမှ ခြောက်လ၊ တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ် အထိ ငှားရမ်း လုပ်ကိုင် ကြကြောင်း၊ ထိုကဲ့သို့ အိမ်ရှင် အိမ်ငှား စာချုပ် ချုပ်ဆိုရာတွင် မြန်မာ လူမျိုး တို့၏ ထုံးတမ်း စဉ်လာအရ ၀ါမ၀င် မီကာလ မှစ၍ ငှားရမ်း နေထိုင် မှုများ ပြုလုပ် ကြကြောင်း၊ ယခုအခါ ၀ါဝင် ခါနီးပြီ ဖြစ်၍ အိမ်ရှင် အိမ်ငှား အသစ်များ၊ သတ်မှတ် ရက် ပြည့်မြောက် သူများ ထပ်မံ ငှားရမ်း မှုများ ပြုလုပ် လျက်ရှိ ရာ ဇွန်အတွင်း အိမ်ငှား ပိုသွက် ကြောင်း သိရ သည်။

နေပြည်တော် ပျဉ်းမနားမြို့၊ ရာဇ ဌာနီ လမ်းမ ကြီးဘေးရှိ ပေ ၄၀၊ ၆၀ လုံးချင်းတိုက် (ရေ၊ မီး၊ ဖုန်းအစုံ ပါ) တစ်လလျှင် ငှားရမ်းခကျပ် ၃,၀၀,၀၀၀ မှ ကျပ် ၆,၀၀,၀၀၀ ထိရှိပြီး အဆိုပါ လမ်းမကြီး နှင့် မနီးမဝေး လမ်းသွယ် များတွင် ပေ ၄၀၊ ၆၀ လုံးချင်းတိုက် (ရေ၊ မီး၊ ဖုန်းအစုံပါ) ကျပ် ၂,၅၀,၀၀၀မှ ကျပ် ၄,၀၀,၀၀၀ အထိ၊ ရန်ကုန် – မန္တလေး လမ်းမကြီး ပေါ် ပေါင်းလောင်း လမ်း ၀ဲယာ တစ် ဖက်ရှိ တိုက်အိမ် (ရေ၊ မီး၊ ဖုန်းအပါ) ကျပ် ၂,၅၀,၀၀၀ ၀န်းကျင်၊ ယုဇန လမ်းမကြီး နှင့် ချယ်ရီ လမ်းမကြီး ဘေးဝဲယာရှိ တိုက်အိမ် များမှာ (ရေ၊ မီး၊ ဖုန်းအပါ) ကျပ် ၂,၀၀,၀၀၀ မှ ၂,၅၀,၀၀၀ အထိ၊ ပေါင်းလောင်း ၁၊ ၂၊ ၃ နှင့် အချို့ ရပ်ကွက် များတွင် (ရေ၊ မီး၊ ဖုန်းမပါ) တစ်လ လျှင် ကျပ် ၅၀,၀၀၀မှ ကျပ် ၂,၀၀,၀၀၀ ထိရှိ ကြောင်း အဆိုပါ ရပ်ကွက်၌ နေထိုင် သူများက ပြောကြား သည်။

ခိုင်မင်း (နေပြည်တော်)

အောက်ဆီဂျင်ဘူး သုံးစွဲရန် လိုအပ်သည့်လူနာရှင်များ အခမဲ့ ငှားရမ်း အသုံးပြု နိုင်ပြီ
နေပြည်တော် ပျဉ်းမနားမြို့ရှိ စိန်ကြီး ကဖီးတွင် ငွေကြေး မတတ် နိုင်သူများ၊ အကြောင်း အမျိုးမျိုး ကြောင့် အောက်ဆီဂျင် ဘူး သုံးစွဲရန် လိုအပ် သူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြား ပေး၍ အခမဲ့ ငှားရမ်း သုံးစွဲခွင့် ပေးလျက် ရှိသည်။

အဆိုပါ အောက်ဆီဂျင်ဘူး များကို အခမဲ့ သုံးစွဲ နိုင်ရန် စီစဉ် ရခြင်းမှာ ယခုနှစ် မေတွင် ကွယ်လွန် သွားခဲ့ သည့် ဆရာ ဦးကျော်မြင့်ဦး (သချာင်္၊ ရူပဗေဒ) ကျူရှင် နည်းပြ ဆရာအား ကွယ်လွန် ခြင်း အမှတ်တရ အနေဖြင့် ကျန်ရစ်သူ မိတ်ဆွေ ၂၀ ကစုဖွဲ့၍ မေ နောက်ဆုံးပတ် မှစ၍ လိုအပ်သည့် လူနာရှင်များ အတွက် အခမဲ့ အသုံးပြု နိုင်ရန် စီစဉ် ခဲ့ခြင်း ဖြစ်ကြောင်းနှင့် မိတ်ဆွေ ၂၀ စုဖွဲ့၍ လှူ ဒါန်း ခဲ့ကြသည့် အောက်ဆီဂျင် ဘူးနှစ်ဘူး အား ဆရာ ကျော်မြင့်ဦး ၏ နာမည် အား အမှတ်တရ ကမ္ပည်းထိုး ရေးသား ထားပြီး အကြောင်း အမျိုးမျိုး ကြောင့် အောက်ဆီ ဂျင်ဘူး သုံးစွဲရန် လိုအပ်သူ များ အနေဖြင့် မည်သူ မဆို နေပြည်တော် ပျဉ်းမနားမြို့၊ စိန်ကြီး ကဖီးတွင် အခမဲ့ ငှားရမ်း သုံးစွဲ နိုင်ကြောင်း သိရသည်။

ခိုင်မင်း (နေပြည်တော်)

နေပြည်တော် ၌ မိုးရာသီ အထူးဈေး ရောင်းပွဲ ကျင်းပ
နေပြည်တော် သီရိရတနာ အဆင့်မြင့်ဈေး Shopping Complex အမှတ် ၁၄၄ ၌ ဖွင့်လှစ် ထားရှိသည့် Concordia International Co. Ltd က မိုးရာသီ အထူး ဈေးရောင်း ပွဲတော် ကို ဇွန် ၁၆ ရက် မှ ၁၉ ရက် အထိ ကျင်းပမည် ဖြစ်သည်။ အဆိုပါ ဈေးရောင်း ပွဲတော်တွင် Concordia International Co., Ltd က တင်သွင်း ဖြန့်ဖြူး လျက်ရှိသည့် ရုံးလုပ်ငန်းသုံး ပစ္စည်း များ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး မြေတိုင်း ပစ္စည်း များ၊ ဓာတ်ခွဲခန်းသုံး ပစ္စည်းများ၊ ရွှေဆိုင်သုံး ပစ္စည်းများ၊ ကုန်းကြောင်း၊ လေကြောင်းနှင့် ရေကြောင်း GPS များ၊ မြေကြီး နှင့် ကွန်ကရစ် အရည် အသွေး စမ်းသပ်သည့် စက်များ၊ Fuji Xerox အမှတ်တံဆိပ် ရုံးလုပ်ငန်း သုံး ကာလာလေဆာ Copier, Printer, Scanner, Fax များ၊ A0 size Plotter များ၊ ကျန်းမာ ရေး အထောက်အကူ ပြု ဆေးရုံ လုပ်ငန်းသုံး ပစ္စည်း ဖြစ်သည့် ဓာတ်ခွဲခန်းသုံး ပစ္စည်းများ၊ Ohaua အမှတ် တံဆိပ်ပါ ဒီဂျစ် တယ် သီချင်းခွေ များ စသည် တို့ကို အထူး ဈေးနှုန်း ဖြင့် တစ်နေရာ တည်း၌ ခင်းကျင်း ရောင်းချ ပေးမည် ဖြစ်ကြောင်း သိရသည်။

ခိုင်မင်း(နေပြည်တော်)