Your reliable news partner
  • နေပြည်တော် – မော်လမြိုင် အဆင့်မြင့် တော်ဝင် ယာဉ်လိုင်း သစ် စတင် ဖွင့်လှစ်

    နေပြည်တော် – မော်လမြိုင် အဆင့်မြင့် တော်ဝင် ယာဉ်လိုင်း သစ် စတင် ဖွင့်လှစ်

    သြဂုတ် ၁၈ ရက် နံနက်ပိုင်း တွင် နေပြည်တော် အခြေစိုက် တော် ၀င် ယာဉ်လိုင်း က နေပြည်တော် – မော်လမြိုင် ယာဉ်လိုင်းသစ် စတင် ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။

    ယခု ဖွင့်လှစ် လိုက်သည့် နေပြည် တော် – မော်လမြိုင် အဆင့်မြင့် တော် ၀င် ယာဉ်လိုင်း သစ်သည် ဗန္ဓုလ သယ် ယူ ပို့ဆောင်ရေး ကုမ္ပဏီ လီမိတက်၏ ယာဉ်လိုင်း သစ် တစ်ခုဖြစ်၍ နေပြည် တော် မြို့မ ဈေးမှ နေ့စဉ် ညနေ ၆ နာရီတွင် စတင် ထွက်ရှိပြီး နေပြည် တော် ဘောဂ သီရိ အဝေးပြေးဝင်း သို့ ရောက်ရှိကာ ထိုမှ ည ၇ နာရီတိတိ တွင် မော်လမြိုင်သို့ ထွက်ခွာ မည်ဖြစ် ကြောင်း သိရသည်။ အဆိုပါ ယာဉ် လိုင်းသစ် နှင့် ပတ်သက်၍ “နေပြည် တော် – မော်လမြိုင် ယာဉ်လိုင်း သစ် ကို သြဂုတ် ၁၈ ရက်က စပြီး ပြေး ဆွဲ ခဲ့ ပါတယ်။ စမ်းသပ်တဲ့ အနေနဲ့ နေပြည်တော် မြို့မ ဈေးက ည ၈ နာရီ မှာ စတင် ထွက်ခွာပြီး ဘောဂ သီရိ အဝေးပြေး ၀င်းကနေ တစ်ဆင့် ည ၉ နာရီမှာ မော်လမြိုင်ကို ထွက်ပါ တယ်။ ဒါပေမဲ့ ၂၄ ရက် ကစပြီး နေ ပြည်တော် မြို့မဈေး က ည ၆ နာရီမှ ထွက်ပြီး ဘောဂ သီရိ အဝေးပြေး ၀င်း က တစ်ဆင့် ည ၇ နာရီမှာ မော်လ မြိုင် ကို ထွက်ပါတယ်။ ဒီအချိန်က တော့ အတည် ဖြစ်သွား ပါပြီ” ဟု ဘော ဂသီရိ အဝေးပြေး ၀င်းရှိ ဗန္ဓုလ တော် ၀င် သယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီမှ လက်ထောက် မန်နေဂျာ ဗိုလ်ကြီး သန်းဆွေက ရှင်းပြ သည်။

  • နေပြည်တော် ဒေသ၌ ယခင်နှစ်ထက် စော၍ မိုးစပါး စိုက်ပျိုးနိုင်

    နေပြည်တော် ဒေသ၌ ယခင်နှစ်ထက် စော၍ မိုးစပါး စိုက်ပျိုးနိုင်

    ၂၀၁၀ ပြည့်နှစ် နှစ်ဆန်း ပိုင်းမှ စ၍ မေလဆန်း အထိ မြန်မာနိုင်ငံ အပါအ၀င် တစ်ကမ္ဘာလုံး ၌ နေအပူ ရှိန် မြင့်တက်ခြင်း၊ ငလျင် လှုပ်ခြင်း၊ ရေကြီးခြင်း နှင့် အချိန်အခါ မဟုတ် မုန်တိုင်းများ ဖြစ်ပေါ် ခဲ့ခြင်း စသည့် ရာသီဥတု များနှင့် သဘာဝ ဘေး အန္တရာယ်များ ဖြစ်ပေါ် ခဲ့သော် လည်း နေပြည်တော် ဒေသ၌ ယခုနှစ် မိုးစပါး စိုက်ရာသီ တွင် မိုးဖြိုင်ဖြိုင် ရွာသွန်း ခဲ့ မှုကြောင့် ယခင် နှစ်က ထက် ရက် ပေါင်း လေးဆယ်ခန့် စောပြီး မိုးစပါး စိုက်ပျိုး နိုင်ခဲ့ပြီ ဖြစ်ကြောင်း နေပြည် တော် ပျဉ်းမနားမြို့နယ်၊ သစ်လေး လုံးကျေးရွာမှ ဦးစိုးမြင့်သန်းက မြန်မာပို့စ် ဂျာနယ် သို့ ရှင်းပြသည်။

    နေပြည်တော် ဒေသတွင် ရွှေ သွယ်ရင်၊ ဆင်းသွယ်လတ်၊ သုခ ထွန်း၊ မနောသုခ၊ ရေဆင်း ၁၊ ရေ ဆင်း ၂ စသည့် မျိုးစပါး များကို စိုက် ပျိုး လျက်ရှိရာ မိုးရေ လုံလောက်စွာ ရရှိမှုနှင့် မျိုးစပါး အပေါ် မူတည်၍ တစ်ဧက လျှင် တင်း ၈၀ မှတင်း ၁၀၀ ကျော် အထိ ထွက်ရှိ ခဲ့ကြောင်း သိရသည်။

  • ကြက်ဥ ဘဲဥ ဈေးကွက် မြင့်တက်လာ

    ကြက်ဥ ဘဲဥ ဈေးကွက် မြင့်တက်လာ

    နေပြည်တော်၌ ဒေသ ထွက် ကြက်ဥများ မှာ ထုတ်လုပ်မှု အား ထက် သုံးစွဲမှု အားက ပိုမို သွက် လက် နေခြင်း၊ ထို့အပြင် ပြည် တွင်းက ထွက်ရှိသည့် ကြက်ဥ များ ကို တရုတ်ပြည် က ရသလောက် ၀ယ်ယူ နေခြင်း တို့ကြောင့် ကြက် ဥ ဈေးကွက်မှာ ဇွန်လ ဆန်းမှ စ၍ ယနေ့ အထိ မြင့်တက် နေဆဲ ပင် ဖြစ်ကြောင်း နေပြည်တော် ပျဉ်း မနားမြို့ မြို့မ ဈေးကြီးရှိ ရွှေစင် ကြက်ဥ ပွဲရုံ ပိုင်ရှင်က မြန်မာပို့စ် ဂျာနယ်သို့ ရှင်းပြသည်။ နေပြည် တော်ရှိ ကြက်ဥ ပွဲရုံကြီး များသို့ ဒေသထွက် ကြက်ဥများ နေ့စဉ် ၀င်ရောက် လျက်ရှိ သကဲ့ သို့တောင် ကြီးမြို့မှ ထွက်ရှိ သည့် ကြက်ဥများ မှာလည်း ၁၀ ဘီးကားကြီး တစ်စီး ဖြင့် အာဟာရ သုခ သားငါးနှင့် ကုန်စိမ်း ဈေးကြီးသို့ တစ်ပတ် လျှင် နှစ်ကြိမ် ၀င်ရောက် နေသော် လည်း ၀ယ်လို အား ထက် သုံးစွဲမှု အားကများ နေပြီး ဈေးကွက်၌ လုံလုံ လောက်လောက် မရှိခြင်း တို့ကြောင့် ဈေးကွက်မှာ မြင့်တက် နေဆဲဖြစ် ကြောင်း အဆိုပါ ပုဂ္ဂိုလ်က ဆက် လက် ရှင်းပြသည်။

  • နိုင်ငံတကာ စာတတ်မြောက်ရေး နေ့ အထိမ်းအမှတ် အလွတ်တန်း ဆောင်းပါး ပြိုင်ပွဲ အတွက် စာမူများ ဖိတ်ခေါ်

    ၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာ ၈ ရက် တွင် ကျရောက် မည့် နိုင်ငံတကာ စာတတ်မြောက်ရေး နေ့ ကို ကြိုဆို ဂုဏ်ပြုသော အားဖြင့် ၂၀၁၀ ပြည့်နှစ် နိုင်ငံ တကာ စာတတ်မြောက်ရေး နေ့ အလွတ်တန်း ဆောင်းပါး ပြိုင်ပွဲ ကို ကျင်းပမည် ဖြစ်ကြောင်း ဇူလိုင် ၂၇ ရက်တွင် သက်ဆိုင်ရာ က ထုတ်ပြန် ကြေညာ သည်။

    အဆိုပါ အလွတ်တန်း ဆောင်းပါး ပြိုင်ပွဲသို့ မည်သူ မဆို ပါဝင် ရေးသား ယှဉ်ပြိုင် နိုင်ပြီး ပြိုင်ပွဲ ၀င်လိုသူ များသည် “အစဉ်လေ့လာ သင်ယူ နေသည့် လူ့ ဘောင် အဖွဲ့အစည်း ပေါ်ထွန်း လာရေး” ခေါင်းစဉ်ဖြင့် စာလုံးရေ ၃,၀၀၀ ထက် မနည်း ၄,၀၀၀ ထက် မများ ရေးသား၍ ပါဝင် ယှဉ်ပြိုင် နိုင်ကြောင်း၊ ပြိုင်ပွဲဝင် စာမူ ကို ကွန်ပျူတာ၊ လက်နှိပ်စက်၊ လက်ရေး မိမိ ကြိုက်နှစ်သက်ရာ ဖြင့် A4 အရွယ်အစား စာမျက်နှာ တစ်ဖက်တည်း တွင် ရှင်းလင်း ပြတ်သားစွာ ရေး သား ဖော်ပြ၍ စာမူ နှစ်စောင် (မူရင်းနှင့် မိတ္တူ)၊ ကိုယ်တိုင် ရေးသား ကြောင်း ၀န်ခံချက်၊ ကိုယ်ရေး အကျဉ်း နှင့် ရောင်စုံ လိုင်စင် ဓာတ်ပုံ (တစ်လက်မခွဲ၊ နှစ် လက်မ) သုံးပုံ တို့ကို စာအိတ်တွင် လုံခြုံစွာ ထည့်ပြီး ဦးခင်မောင်လူ (ညွှန်ကြား ရေးမှူး)၊ မြန်မာနိုင်ငံ ပညာရေး သုတေသန အဖွဲ့ဦးစီးဌာန၊ ရုံးအမှတ် ၅၂၊ နေ ပြည်တော် သို့ လိပ်မူ၍ သြဂုတ် ၂၀ ရက် နောက်ဆုံးထား ပေးပို့ ရမည် ဖြစ်ကြောင်း နှင့် ၂၀၁၀ ပြည့်နှစ် နိုင်ငံတကာ စာတတ်မြောက်ရေး နေ့ အထိမ်းအမှတ် ကျင်းပ သည့် အဆိုပါ ဆောင်းပါး ပြိုင်ပွဲ နှင့် စပ်လျဉ်း၍ အသေးစိတ် သိရှိ လိုပါက ဖုန်း-၀၆၇-၄၃၀၁၆၄ သို့ ဆက်သွယ် နိုင်ကြောင်း သိရသည်။

  • ရန်ကုန် – နေပြည်တော် မြန်နှုန်းမြင့် ရထားလမ်း တရုတ် နိုင်ငံ အကူအညီ ဖြင့် ၂၀၁၃ အမီ အပြီး ဖောက်လုပ်မည်

    နေပြည်တော် နှင့် ရန်ကုန်မြို့ များ အကြား ကြာမြင့်ချိန် သုံးနာရီ ဖြင့် ရောက်ရှိ နိုင်သည့် ရန်ကုန် နေ ပြည်တော် မြန်နှုန်းမြင့် ရထားလမ်းကို တရုတ် နိုင်ငံ ၏ အကူအညီဖြင့် ၂၀၁၃ ခုနှစ် မတိုင်မီ အပြီး ဖောက်လုပ်ရန် စီစဉ် လျက် ရှိကြောင်း သိရသည်။

    ၂၀၀၉ ခုနှစ်တွင် ချုပ်ဆို ခဲ့သည့် စာချုပ် အရ မြန်မာနိုင်ငံမှ တရုတ် နိုင်ငံသို့ သဘာဝ ဓာတ်ငွေ့ရောင်းချ မှု အောင်မြင် ခဲ့ သည့်အတွက် တရုတ် နိုင်ငံက သံတမန် ရေးရာ ချစ်ကြည် ရင်းနှီးမှု ရရှိရန် အဆိုပါ မြန်နှုန်းမြင့် ရထားလမ်း ဖောက်လုပ် ပေးခြင်းဖြစ် သည်။ ရထားတွဲ ဆိုင်း များကိုလည်း တရုတ်နိုင်ငံ မှ လာရောက် တပ်ဆင် ပေးမည် ဖြစ်ကြောင်း၊ ရန်ကုန်မှ နေ ပြည်တော် ပျဉ်းမနား ရေဆင်း ကို ကျော်လွန်ကာ နေပြည်တော် အထိ မီးရထား လမ်းကြောင်း ရေးဆွဲ ထားကြောင်း၊ ရန်ကုန် – နေပြည်တော် လမ်းမှာ ၂၂ ၆မိုင်ရှိပြီး ဖောက်လုပ် မည့် မြန်နှုန်းမြင့် ရထားလမ်း တစ် လျှောက်တွင် လျှပ်စစ်မီး အပြည့်အ၀ ရရှိရန် ပြုလုပ် ပေးမည် ဖြစ်ကြောင်း၊ လာမည့် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင် ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပ မည့် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ အမီ ယခု ရထားလမ်း ကို အပြီး ဖောက်လုပ် နိုင်ရန် ရည်မှန်းထား ကြောင်း သိရသည်။

  • နေပြည်တော် ၏ အထင်ကရ နေရာ များကို မျှော်စင် ပေါ်မှ အပန်းဖြေ ကြည့်ရှုနိုင် ရေပန်း ဥယျာဉ် (တိုးချဲ့) အပန်းဖြေ စခန်း ထပ်မံ ဖွင့်လှစ်

    နေပြည်တော် ၏ အထင်ကရ နေရာ များကို မျှော်စင် ပေါ်မှ အပန်းဖြေ ကြည့်ရှုနိုင် ရေပန်း ဥယျာဉ် (တိုးချဲ့) အပန်းဖြေ စခန်း ထပ်မံ ဖွင့်လှစ်

    နေပြည်တော်၏ အထင်ကရ နေရာ များဖြစ်သည့် ဥပ္ပါတ သန္တိစေတီတော်၊ မြို့ တော်ခန်းမ၊ လဟာပြင် ဇာတ်ရုံ၊ သပြေကုန်း (မြို့မ)ဈေး၊ အောင်သပြေ အဆင့်မြင့် ရုပ်ရှင်ရုံ ကျောက်မျက် ရတနာ ပြတိုက်၊ ရွိုင်ရယ် မြန်မာ ဂေါက်ကွင်း၊ လွှတ်တော် အိမ်တော် များ၊ နက္ခတ် တာရာ ပြခန်းနှင့် နေပြည်တော် ဘူတာ စသည့် နေရာများကို ပေ ၄၀အမြင့်ရှိ မျှော်စင်ပေါ်မှ အပန်းဖြေ ကြည့်ရှု ခံစားနိုင်သည့် နေပြည်တော် ရေပန်း ဥယျာဉ် (တိုးချဲ့) အပန်း ဖြေစခန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၇ရက် တွင် အဆိုပါ ဥယျာဉ် အတွင်း၌ ကျင်းပသည်။

    စတင်တည်ဆောက်

    နေပြည်တော် ရေပန်းဥယျာဉ် (Water Fountain Garden)ကို နေပြည်တော် စည် ပင်သာယာ ရေး ကော်မတီက ပင်မ ရေပန်း ဥယျာဉ်ကြီး ကို ဧက ၅၀ဖြင့် စတင် ဆောင် ရွက်ခဲ့ရာ ၂၀၀၈ခုနှစ်၊ ဇန်န၀ါရီ ၄တွင် စတင် ဖွင့်လှစ် နိုင်ခဲ့ပြီး ရေပန်း ဥယျာဉ်ကြီး (တိုးချဲ့)ကို ၂၀၀၉ခုနှစ် မတ် ၂၈ရက်တွင် ထပ်မံ ဖွင့်လှစ် နိုင်ခဲ့သည်။

    မြန်မာ နိုင်ငံ၏ မြို့တော် အဆင့်နှင့် လျော်ညီစွာ တည်ဆောက် ခဲ့သည့် ပင်မရေ ပန်းဥယျာဉ်ကြီး သည် နေပြည်တော်မြို့ တော် ခန်းမ ကြီး၏ အနောက်ဘက် တွင် ကပ် လျက် နေပြည်တော် ပျဉ်းမနား – တောင်ညို သွား ကားလမ်း မကြီးဘေး၌ တည်ရှိပြီး ရေပန်း ဥယျာဉ် (တိုးချဲ့)သည် ရာဇ သင်္ဂဟ လမ်းမ ကြီးနှင့် ငလိုက်ချောင်း မြောက်ဘက် ၀န်ကြီးဌာန ရုံးများ သို့သွားသည့် လမ်းမကြီး ဘေး၌ တည်ရှိ၍ စုစုပေါင်း ၁၆၅ ဧက ကျယ် ၀န်းသည်။

  • ၂၀၁၀ ပြည့်နှစ် တွင် ပထမဆုံး အကြိမ် ပြန်လည် ဦးမော့လာသည့် ဆိုင်ကယ် ဈေးကွက်

    ၂၀၁၀ ပြည့်နှစ် တွင် ပထမဆုံး အကြိမ် ပြန်လည် ဦးမော့လာသည့် ဆိုင်ကယ် ဈေးကွက်

    သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်း အမှတ် တံဆိပ် မော်တော်ဆိုင်ကယ် မှတ်ပုံတင်ခြင်း လုပ်ငန်း များကို နေ ပြည်တော် ၌ ဇွန် ၃၀ ရက်မှ စ၍ ရပ် နား လိုက်ပြီးနောက် ပြည်တွင်းဖြစ် ဆိုင်ကယ် များနှင့် အောက်ဘီး ဆိုင် ကယ် ဈေးကွက်မှာ ပထဆုံး အကြိမ် ပြန်လည် ဦးမော့ လာကြောင်း ဒေသ ခံ များက ပြောဆိုကြသည်။

    ၂၀၀၇ ခုနှစ်တွင် လူကြိုက် အ များဆုံး ဖြစ်ခဲ့သည့် တရုတ် နိုင်ငံမှ ထုတ်လုပ်သည့် Kenbo (110) နှင့် Luojia (110) ဆိုင်ကယ် များမှာ ဈေး ကွက်၌ အသစ် တစ်စီး လျှင် ကျပ် ၁၀ သိန်း နှင့် အထက် ပေါက် ဈေး ရှိခဲ့ သော်လည်း ၂၀၀၈ ခုနှစ် နှင့် ၂၀၀၉ ခုနှစ်တွင် ကျပ်ရှစ်သိန်း ၀န်းကျင် သာ ရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ် တွင် ကျပ် ခြောက်သိန်း ၀န်းကျင်သာ ပေါက် ဈေး ရှိကာ အောက်ဘီး ဈေးကွက်မှာ ပျောက် ခဲ့ရသည်။ အိမ်နီးချင်း နိုင်ငံ များမှ နည်း မျိုးစုံဖြင့် ၀င်ရောက်လာ ခဲ့သည့် မော်တော် ဆိုင်ကယ်များ အ တွက် မြန်မာနိုင်ငံ တစ်နိုင်ငံလုံး တွင် သက်ဆိုင်ရာ ကညန ရုံးများ၌ ၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီ မှစ၍ မှတ်ပုံတင် များ ပြုလုပ် ပေးခဲ့ပြီး နေပြည်တော်၌ ယခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စ၍ တ ရားဝင် မှတ်ပုံတင် များ ပြုလုပ် ပေးခဲ့ရာ သတ်မှတ် ကာလပြည့်ပြီ ဖြစ်၍ မှတ် ပုံတင်ခြင်းအား ရပ်နား ပိတ်သိမ်း ခဲ့ ကြောင်း သိရသည်။

  • ကြွက်မှ တစ်ဆင့်ကူးစက် တတ်သည့် ပလိပ် ရောဂါ များရရှိပြီး ဆေးရုံ၌ ကုသမှု ခံယူ နေရ သည်ဟု သတင်းများ ထွက်ပေါ် အဆိုပါ သတင်းမှာ မှန်ကန်မှုမရှိ ကောလာ ဟလ သာဖြစ်

    ဇူလိုင် ဒုတိယ ပတ်အတွင်း နေပြည်တော် ပျဉ်းမနားမြို့ ရပ်ကွက် တစ်ခု၌ မိသားစုဝင် အချို့သည် ကြွက်မှ တစ်ဆင့် ကူးစက် တတ်သည့် ပလိပ် ရောဂါ များ ရရှိ၍ ဆေးရုံတွင်ကုသမှု ခံယူ နေရကြောင်း ကောလာ ဟလ သတင်းများ ထွက်ပေါ်ခဲ့သည်။

    အဆိုပါ သတင်း ထွက်ပေါ် လာမှုနှင့် ပတ်သက်၍ နေပြည်တော် ပျဉ်းမနားမြို့ ကျန်းမာရေး ဦးစီး ဌာန တာဝန်ရှိ သူများအား မေးမြန်းကြည့် ရာ အဆိုပါ သတင်းမှာ မှန်ကန်မှု မရှိကြောင်း ရှင်းပြခဲ့သည်။ နေပြည် တော် ပျဉ်းမနားမြို့တွင် ကြွက်များမှ တစ်ဆင့် ကူးစက် တတ်သည့် ပလိပ် ရောဂါများ ဖြစ်ပေါ် နေသည် ဆိုသည့် သတင်း ထွက်ပေါ်လာမှုမှာ online ပေါ်မှ တွေ့ရှိချက် ဖြစ်ပြီး အဆိုပါ online သတင်းဌာန တွင် ဖော်ပြ ထားသည်မှာ နေပြည်တော် ပျဉ်းမနားမြို့၊ ရွာကောက် ရပ်ကွက်၌ မိ သားစု ငါးစုမှ မိသားစုဝင် အချို့သည် ပလိပ် ရောဂါများ ရရှိပြီး ဆေးရုံ၌ တက်ရောက် ကုသမှု ခံယူ နေရကြောင်း ဖော်ပြ ထားသည် ဟုဆိုကာ သတင်းများ ပျံ့နှံ့ ထွက်ပေါ် လာခြင်းဖြစ်ကြောင်း သိရသည်။

  • အောက်တိုဘာ တွင် ၄၈ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲကြီးကို နေပြည် တော်၌ ကျင်းပမည်

    အောက်တိုဘာ တွင် ၄၈ ကြိမ်မြောက် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲကြီးကို နေပြည် တော်၌ ကျင်းပမည်

    မိုးရာသီ ကျောက်စိမ်း ကျောက် မျက်၊ ပုလဲ အတွဲများ အထူး ရောင်းချ ပွဲတွင် ပြည်တွင်း ရတနာ ကုန်သည် ကုမ္ပဏီ ပေါင်း ၃၀၀ ကျော် တို့က ကျောက်စိမ်း၊ ကျောက်မျက် အတွဲ ပေါင်း ၁၁,၂၇၂ ခင်းကျင်း ပြသ ရောင်းချ ခဲ့ရာ ပြည်တွင်း ပြည်ပ ရတနာ ကုန်သည် ၁၀,၀၀၀ ကျော် လာရောက် ၀ယ်ယူ ကြပြီး နိုင်ငံခြား ယူရိုငွေ သန်း ၇၀၀ ကျော် အထိ ၀ယ်ယူ သွားကြကြောင်း သိရသည်။

  • နေပြည်တော် ပျဉ်းမနား မြို့၏ အဓိက လမ်းမကြီး ပန်းခင်းလမ်း အား လေးလမ်းသွား ကတ္တရာ လမ်းအဖြစ် အဆင့် မြှင့်တင်

    နေပြည်တော် ပျဉ်းမနား မြို့၏ အဓိက လမ်းမကြီး ပန်းခင်းလမ်း အား လေးလမ်းသွား ကတ္တရာ လမ်းအဖြစ် အဆင့် မြှင့်တင်

    နေပြည်တော် ပျဉ်းမနားမြို့ တွင် အဓိကလမ်းမကြီးတစ်ခုဖြစ် သည့် ပန်းခင်း လမ်းအား ယခုအခါ လေးလမ်းသွား ကတ္တရာ လမ်း မကြီး အဖြစ် အဆင့် မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက် လျက်ရှိ ပါသည်။ ဖွံ့ဖြိုး တိုးတက် စည်ကား သာယာ လာသည်နှင့် အညီ နိုင်ငံ တကာ အဆင့်မီ အဆောက်အအုံ နှင့် နိုင်ငံတကာ အဆင့်မီ ကွန်ကရစ် လမ်းမကြီး များ ကတ္တရာ လမ်းများ အား ဖောက် လုပ် တည် ဆောင်ခြင်း၊ လမ်းဟောင်း များ အား ပြုပြင်ဖာ ထေးခြင်း၊ တိုးချဲ့ခြင်း လုပ်ငန်း များကို အရှိန် အဟုန်မြှင့်တင် ဆောင်ရွက် လျက်ရှိရာ ယခု ဖောက်လုပ် တိုးချဲ့ လျက် ရှိသည့် ပန်းခင်း လမ်းမှာ ယခင် က အကျယ်၁၈ ပေသာ ရှိပြီး ယခု အခါ လေးလမ်းသွား အဖြစ် လမ်း ဟောင်းကတ္တရာ လမ်းအား ထပ်မံ တိုး ချဲ့ လျက် ရှိသည်။ အဆိုပါ ပန်းခင်း လမ်း မှာ နေပြည်တော် ပျဉ်းမနား မြို့တွင်းမှ ဥပ္ပါတသန္တိ စေတီတော် မြတ်ကြီးသို့ လည်းကောင်း၊ ထိုမှ တစ်ဆင့် ၀န် ကြီးရုံး များသို့လည်းကောင်း၊ နေပြည် တော် ပုဗ္ဗသီရိမြို့နှင့် နေပြည်တော် ဘူတာသို့ လည်းကောင်း၊ ထိုမှ တစ် ဆင့် နေပြည်တော် ဥတ္တရ သီရိမြို့၊ နေပြည်တော် ဇေယျာ သီရိမြို့များသို့ လည်းကောင်း၊ နေပြည်တော် တိရစ္ဆာန် ဥယျာဉ်၊ အမျိုးသား အထိမ်းအမှတ် ဥယျာဉ် နှင့် ခုတင် ၁,၀၀၀ ဆံ့ဆေးရုံ ကြီးသို့လည်းကောင်း၊ ထိုမှတစ်ဆင့် နေပြည်တော် တပ်ကုန်းမြို့မှ မန္တ လေးမြို့ သို့ လည်းကောင်း သွားလာ ရာတွင် အသုံးပြုလျက် ရှိသဖြင့် ထပ်မံ တိုးချဲ့ခြင်း လုပ်ငန်း များကို ယခုနှစ် မေမှ စ၍ နေပြည်တော် စည်ပင်သာ ယာရေး ကော်မတီ က တာဝန်ယူကာ အမြန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

  • Older Posts Yeah! There are more posts, check them out.

PHVsPjxsaT48c3Ryb25nPndvb19hYm91dDwvc3Ryb25nPiAtIDwvbGk+PGxpPjxzdHJvbmc+d29vX2FkX2ltYWdlXzE8L3N0cm9uZz4gLSAvaW1hZ2VzL2FkLmdpZjwvbGk+PGxpPjxzdHJvbmc+d29vX2FkX2ltYWdlXzI8L3N0cm9uZz4gLSAvaW1hZ2VzL2FkLmdpZjwvbGk+PGxpPjxzdHJvbmc+d29vX2FkX3VybF8xPC9zdHJvbmc+IC0gaHR0cDovL2V4YW1wbGUuY29tPC9saT48bGk+PHN0cm9uZz53b29fYWRfdXJsXzI8L3N0cm9uZz4gLSBodHRwOi8vZXhhbXBsZS5jb208L2xpPjxsaT48c3Ryb25nPndvb19hbHRfc3R5bGVzaGVldDwvc3Ryb25nPiAtIGRlZmF1bHQuY3NzPC9saT48bGk+PHN0cm9uZz53b29fYXJjaGl2ZXM8L3N0cm9uZz4gLSA8L2xpPjxsaT48c3Ryb25nPndvb19hdXRvX2ltZzwvc3Ryb25nPiAtIGZhbHNlPC9saT48bGk+PHN0cm9uZz53b29fYmlvPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xPC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMTA8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xMTwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19jYXRfbWlkXzEyPC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMTM8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xNzI8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMTg8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xOTU8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMjA8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8yMDk8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMjE4PC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMjQ8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMzwvc3Ryb25nPiAtIGZhbHNlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF80PC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfNTwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19jYXRfbWlkXzY8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF83NDwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19jYXRfbWlkXzg8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X3RodW1iX2hlaWdodDwvc3Ryb25nPiAtIDc2PC9saT48bGk+PHN0cm9uZz53b29fY2F0X3RodW1iX3dpZHRoPC9zdHJvbmc+IC0gMjA3PC9saT48bGk+PHN0cm9uZz53b29fY3VzdG9tX2Nzczwvc3Ryb25nPiAtIDwvbGk+PGxpPjxzdHJvbmc+d29vX2N1c3RvbV9mYXZpY29uPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fZW1haWw8L3N0cm9uZz4gLSA8L2xpPjxsaT48c3Ryb25nPndvb19leGNsdWRlX2NhdHM8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fZmVhdHVyZWRfY2F0ZWdvcnk8L3N0cm9uZz4gLSAmYWFjdXRlOzwvbGk+PGxpPjxzdHJvbmc+d29vX2ZlZWRidXJuZXJfdXJsPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fZmxpY2tyX2VudHJpZXM8L3N0cm9uZz4gLSBTZWxlY3QgYSBudW1iZXI6PC9saT48bGk+PHN0cm9uZz53b29fZmxpY2tyX2lkPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fZ29vZ2xlX2FuYWx5dGljczwvc3Ryb25nPiAtIDxzY3JpcHQgdHlwZT1cInRleHQvamF2YXNjcmlwdFwiPg0KdmFyIGdhSnNIb3N0ID0gKChcImh0dHBzOlwiID09IGRvY3VtZW50LmxvY2F0aW9uLnByb3RvY29sKSA/IFwiaHR0cHM6Ly9zc2wuXCIgOiBcImh0dHA6Ly93d3cuXCIpOw0KZG9jdW1lbnQud3JpdGUodW5lc2NhcGUoXCIlM0NzY3JpcHQgc3JjPVwnXCIgKyBnYUpzSG9zdCArIFwiZ29vZ2xlLWFuYWx5dGljcy5jb20vZ2EuanNcJyB0eXBlPVwndGV4dC9qYXZhc2NyaXB0XCclM0UlM0Mvc2NyaXB0JTNFXCIpKTsNCjwvc2NyaXB0Pg0KPHNjcmlwdCB0eXBlPVwidGV4dC9qYXZhc2NyaXB0XCI+DQp0cnkgew0KdmFyIHBhZ2VUcmFja2VyID0gX2dhdC5fZ2V0VHJhY2tlcihcIlVBLTE2NjE2MDctMTJcIik7DQpwYWdlVHJhY2tlci5fdHJhY2tQYWdldmlldygpOw0KfSBjYXRjaChlcnIpIHt9PC9zY3JpcHQ+PC9saT48bGk+PHN0cm9uZz53b29faG9tZV9wb3N0czwvc3Ryb25nPiAtIDU8L2xpPjxsaT48c3Ryb25nPndvb19pbWFnZV9kaXNhYmxlPC9zdHJvbmc+IC0gZmFsc2U8L2xpPjxsaT48c3Ryb25nPndvb19pbWFnZV9oZWlnaHQ8L3N0cm9uZz4gLSAxNzM8L2xpPjxsaT48c3Ryb25nPndvb19pbWFnZV93aWR0aDwvc3Ryb25nPiAtIDIzMDwvbGk+PGxpPjxzdHJvbmc+d29vX2xvZ288L3N0cm9uZz4gLSBodHRwOi8vd3d3LnRoZW15YW5tYXJwb3N0LmNvbS93cC1jb250ZW50L3dvb191cGxvYWRzLzUtbG9nby5naWY8L2xpPjxsaT48c3Ryb25nPndvb19tYW51YWw8L3N0cm9uZz4gLSBodHRwOi8vd3d3Lndvb3RoZW1lcy5jb20vc3VwcG9ydC90aGVtZS1kb2N1bWVudGF0aW9uL29wZW4tYWlyLzwvbGk+PGxpPjxzdHJvbmc+d29vX3Jlc2l6ZTwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19zaG9ydG5hbWU8L3N0cm9uZz4gLSB3b288L2xpPjxsaT48c3Ryb25nPndvb19zaG93X2Jsb2c8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX3RoZW1lbmFtZTwvc3Ryb25nPiAtIE9wZW4gQWlyPC9saT48bGk+PHN0cm9uZz53b29fdGhlX2NvbnRlbnQ8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX3RodW1iX2hlaWdodDwvc3Ryb25nPiAtIDE0NTwvbGk+PGxpPjxzdHJvbmc+d29vX3RodW1iX3dpZHRoPC9zdHJvbmc+IC0gMjE4PC9saT48bGk+PHN0cm9uZz53b29fdHdpdHRlcjwvc3Ryb25nPiAtIDwvbGk+PGxpPjxzdHJvbmc+d29vX3VwbG9hZHM8L3N0cm9uZz4gLSBhOjI6e2k6MDtzOjYzOiJodHRwOi8vd3d3LnRoZW15YW5tYXJwb3N0LmNvbS93cC1jb250ZW50L3dvb191cGxvYWRzLzUtbG9nby5naWYiO2k6MTtzOjY1OiJodHRwOi8vd3d3LnRoZW15YW5tYXJwb3N0LmNvbS93cC1jb250ZW50L3dvb191cGxvYWRzLzQtMy1sb2dvLmdpZiI7fTwvbGk+PGxpPjxzdHJvbmc+d29vX3ZpZGVvX3Bvc3RzPC9zdHJvbmc+IC0gU2VsZWN0IGEgbnVtYmVyOjwvbGk+PGxpPjxzdHJvbmc+d29vX3ZpZHBhZ2U8L3N0cm9uZz4gLSBTZWxlY3QgYSBwYWdlOjwvbGk+PC91bD4=