The Myanmar Post - Myanmar News Journal » မန္တလေး သတင်းများ

ဝိုင်ယာလက် အော်တို တယ်လီဖုန်း များ မန္တလေးတွင် အမြန်ဆုံး ဆောင်ရွက်ပေး
ငွေကျပ် ငါးသိန်းတန် ၀ိုင်ယာလက် အော်တို တယ်လီဖုန်းများ ချထား ပေးခဲ့ပြီး နောက် မန္တလေး မြို့တွင် တယ်လီဖုန်း ဈေးကွက် အရောင်းအ၀ယ် အေးကာ ဈေးနှုန်း အချို့ ကျဆင်း သွားကြောင်း သိ ရသည်။ ငွေကျပ် ၁၀,၅၀,၀၀၀ ပေးသွင်း ရသော အော်တို တယ်လီဖုန်း လျှောက်ထား သူများခဲ့ သော်လည်း တယ်လီဖုန်း ချထား ပေးမှု အားနည်း နေခြင်း ကြောင့် တယ်လီဖုန်း ဈေးကွက် အေးနေ ခြင်း ဖြစ်ကြောင်း တယ်လီဖုန်း အရောင်း အ၀ယ် ဈေးကွက်က သုံးသပ်ကြသည်။

မန္တလေး လမ်း၊ လမ်း ၈၀ နှင့် ၂၅ လမ်း ထောင့် ရှိ တိုင်း ကြေးနန်းရုံး (PAC)၊ ပြည်ကြီး တံခွန် စာတိုက်နှင့် အမရပူရ အိတ်ချိန်းရုံး(PAC)တို့တွင် ငွေကျပ် ငါးသိန်းတန် ၀ိုင်ယာလက် အော်တိုတယ် လီဖုန်းများ လျှောက်ထား ပါက အမြန်ဆုံး ဆောင် ရွက် ပေးလျက် ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေး မှ သိရသည်။

မောင်လူချစ်(အညာမြေ)

မန္တလေး ရတနာပုံ စူပါစင်တာ ဆိုင်ခန်းများ ရောင်းချ
ရတနာပုံ ဈေးကြီး မီးလောင်ခံရ သည့်နေရာတွင် ရတနာပုံ စူပါစင် တာနှင့် ရတနာပုံ ဒိုင်းမွန်း ပလာဇာ များ တည်ဆောက် မှုကို Mandalay Golden Wing Construction Limited မှ တည်ဆောက် လျက်ရှိ ရာ ရတနာပုံ စူပါ စင်တာကို မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မ တီ၏ အစီအစဉ်ဖြင့် မူလ ဆိုင်ခန်း ပိုင်ရှင်များ နေရာ ပြန်လည်ပေးခြင်း၊ ဆိုင်ခန်း အသစ်များ ရောင်းချခြင်း များကို စတင် ဆောင်ရွက် နေပြီဖြစ် သည်။

ရတနာပုံ စူပါ စင်တာ တွင်ခြောက် ပေ၊ ခြောက်ပေခန်း ၁,၀၃၆ ခန်း၊ ခြောက်ပေ၊ ရှစ်ပေခန်း ၄၄၁ ခန်း၊ ခြောက်ပေ၊ ၁၂ ပေခန်း ၈၂ ခန်း စုစုပေါင်း အရေအတွက် ၁,၅၅၉ ဖြင့် ဖွဲ့စည်း ထားရာ အဆိုပါ အခန်းများ ထဲ မှရတနာပုံ ဒိုင်းမွန်း ပလာဇာ မှရရှိသည့် ဆိုင်ခန်း ၁၀၄ ခန်းကို ရတနာပုံဒိုင်း မွန်း ပလာဇာ အရောင်း ဌာနမှ စတင် ရောင်းချခြင်း ဖြစ်သည်။ တစ်ခန်း ရောင်းဈေး ကျပ်သိန်း ၄၀၀ ဖြင့် ငွေ လက်ငင်းချေ၊ အရစ်ကျ ချေစနစ်ဖြင့် ရောင်းချ ပေးလျက် ရှိသည်။

ရတနာပုံ စူပါ စင်တာ နှင့် ရတနာ ပုံဒိုင်းမွန်း ပလာဇာများ တည်ဆောက် ရာတွင် ရတနာပုံ စူပါ စင်တာ ကို သြ ဂုတ်လကုန်၌ MGW အဆောက် အအုံအဖွဲ့ကမန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီသို့ အပ်နှံမည် ဖြစ်သည်။ ယခင် ရတနာပုံ ဈေးကြီး မီးလောင် ခံရစဉ်က ပါသွားသော မူလ ဆိုင်ရှင် များကို ဦးစားပေး ရောင်း ချ ပေးမည် ဖြစ်ပြီး မြေအောက်ထပ် တွင် ကုန်စိမ်း တန်းနှင့် မြေညီထပ် တွင် Wet Market ခေါ် သားငါး တန်းများ ဖွင့်လှစ် ပေးမည် ဖြစ်သည်။ ရတနာပုံ စူပါ စင်တာမှ ရတနာပုံ ဒိုင်း မွန်း ပလာဇာနှင့် ကူးသန်း သွားလာ နိုင်ရန် Moving Walk များတပ် ဆင်ထားပြီး မီးဘေး ကြိုတင်ကာ ကွယ် မှုများ ကိုပါ ထည့်သွင်းတွက် ချက် ဆောက် လုပ်ထားသည်။ စင် တာ အပေါ်ဆုံး ထပ်တွင် ကလေး ကစား ကွင်းများပါ စီစဉ် ထားကြောင်း ရတနာပုံ စူပါစင်တာ မှ သိရသည်။

မိုးကြီး

မန္တလေးမြို့တွင် ပုဂ္ဂလိက ဆီဆိုင်များ ဖွင့်လှစ် ရောင်းချသည့်ဆိုင်တိုင်း ဓာတ်ဆီ ၀ယ်ယူသော ယာဉ်များဖြင့် စည်ကား နေ
အစိုးရ စက်သုံးဆီ အရောင်းဆိုင် များကို ပုဂ္ဂလိက ဆီ အရောင်းဆိုင် များ အဖြစ် ဖွင့်လှစ် ခွင့်ပြု ခဲ့ရာ မန္တ လေးမြို့တွင် ရောင်းချသည့် ပုဂ္ဂလိက ဆီအရောင်းဆိုင် တိုင်း၌ စတင် ရောင်း ချသည့် ဇွန် ၁၀ ရက် နောက်ပိုင်း မှ စတင်၍ နေ့စဉ် ဓာတ်ဆီ လာရောက် ၀ယ်ယူသော မော်တော်ကား၊ မော် တော် ဆိုင်ကယ် များ အများအပြား လာရောက် ၀ယ်ယူ နေရာ စည်ကား နေသည်ကို တွေ့ရသည်။

ပုဂ္ဂလိက စက်သုံးဆီ အရောင်း ဆိုင်များတွင် ဓာတ်ဆီ တစ်ဂါလန်ကျပ် ၂,၅၀၀၊ ဒီဇယ် တစ်ဂါ လန်ကျပ် ၃,၀၀၀ ဖြင့် ရောင်းချ ရာ ဒီဇယ်မှာ ပြင်ပ တွင် လက်လီ ရောင်းချ နေသော လမ်း ဘေး အရောင်း ဆိုင်များ ၌ ရောင်း ဈေးကျပ် ၂,၈၀၀၊ ကျပ် ၂,၉၀၀ သာ ရှိသဖြင့် ၀ယ်ယူ သူနည်း ပါး သည်။

ဓာတ်ဆီ မှာ ပြင်ပ တွင် တစ်ဂါ လန်ကျပ် ၃,၀၀၀ ဈေး ၀န်းကျင်ရှိရာ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် များမှ တစ်ဂါလန်ကျပ် ၂,၅၀၀ သာ ရောင်းဈေး ရှိသဖြင့် တန်းစီ ရောင်းစား မည့်ကားများက အချိန်နှင့် တစ်ပြေး ညီ စောင့်ဆိုင်း ထုတ်ယူသည်။ လာ ရောက် ထုတ်ယူသော မော်တော် ယာဉ် အများစုမှာ နံပါတ်ပြား ပါသော် လည်း မော်တော်ယာဉ် မှတ်ပုံတင် မရှိသော လိုင်စင်မဲ့ ကားများ၊ ဂျစ် ကားများ၊ သွားလာမှု နည်းသော ယာဉ် များဖြင့် တန်းစီကာ အကြိမ်ကြိမ် ထုတ်ယူပြီး တစ်ဆင့် ပြန် ရောင်းချမှု များ အများဆုံး ပြုလုပ်သည်။

မိုးကြီး

အစိုးရစက်သုံးဆီအရောင်းဆိုင် များကို ပုဂ္ဂလိကဆီအရောင်းဆိုင် များအဖြစ် ဖွင့်လှစ်ခွင့်ပြုခဲ့ရာ မန္တ လေးမြို့တွင်ရောင်းချသည့် ပုဂ္ဂလိက ဆီအရောင်းဆိုင်တိုင်း၌စတင်ရောင်း ချသည့် ဇွန် ၁၀ ရက်နောက်ပိုင်းမှ စတင်၍ နေ့စဉ် ဓာတ်ဆီလာရောက် ၀ယ်ယူသော မော်တော်ကား၊ မော် တော်ဆိုင်ကယ်များ အများအပြား လာရောက်ဝယ်ယူနေရာ စည်ကား နေသည်ကို တွေ့ရသည်။

ပုဂ္ဂလိကစက်သုံးဆီအရောင်း ဆိုင်များတွင် ဓာတ်ဆီတစ်ဂါလန်ကျပ် ၂ç၅၀၀၊ ဒီဇယ်တစ်ဂါလန်ကျပ် ၃ç၀၀၀  ဖြင့်ရောင်းချရာ ဒီဇယ်မှာ ပြင်ပတွင် လက်လီရောင်းချနေသော လမ်း ဘေးအရောင်းဆိုင်များ၌ ရောင်း ဈေးကျပ် ၂ç၈၀၀၊ ကျပ် ၂ç၉၀၀ သာ ရှိသဖြင့် ၀ယ်ယူသူနည်းပါးသည်။

ဓာတ်ဆီမှာ ပြင်ပတွင် တစ်ဂါ လန်ကျပ် ၃ç၀၀၀ ဈေးဝန်းကျင်ရှိရာ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင် များမှ တစ်ဂါလန်ကျပ် ၂ç၅၀၀ သာ ရောင်းဈေးရှိသဖြင့်တန်းစီရောင်းစား မည့်ကားများက အချိန်နှင့်တစ်ပြေး ညီ စောင့်ဆိုင်းထုတ်ယူသည်။ လာ ရောက်ထုတ်ယူသော မော်တော် ယာဉ်အများစုမှာ နံပါတ်ပြားပါသော် လည်း မော်တော်ယာဉ်မှတ်ပုံတင် မရှိသော လိုင်စင်မဲ့ကားများ၊ ဂျစ် ကားများ၊ သွားလာမှုနည်းသောယာဉ် များဖြင့်တန်းစီကာ အကြိမ်ကြိမ် ထုတ်ယူပြီး တစ်ဆင့်ပြန်ရောင်းချမှု များအများဆုံးပြုလုပ်သည်။   မိုးကြီး

နိုင်ငံပိုင် သိမ်းဆည်း ထားသည့် လိုင်စင်မဲ့ ဆိုင်ကယ် များကို ပိုင်ရှင် ဖြစ်သူက ပြန်လည် ရယူ လိုကြောင်း လျှောက်ထား နိုင်
မန္တလေး မြို့ရှိ လမ်းမကြီး များပေါ်တွင် ယခု အထိ လိုင်စင်မဲ့ ဆိုင်ကယ် များနှင့် ယာဉ်များ သွားလာ မောင်းနှင် နေသည်ကို တွေ့မြင် နေရဆဲ ဖြစ်သည်။ ယနေ့ အထိ တရုတ်နိုင်ငံ ဘက်မှဆိုင် ကယ်များ နည်းမျိုးစုံ ဖြင့် မန္တလေးမြို့သို့ ၀င်ရောက် နေဆဲဖြစ်သည်။

မန္တလေး မြို့တွင် လိုင်စင်မဲ့ ဆိုင်ကယ်များကို ၂၀၀၅ ခုနှစ် မှစ၍ ယခု အထိ သုံးကြိမ်တိုင် တရားဝင် မှတ်ပုံတင် ခွင့်ပြု ပေးခဲ့သည်။ နိုင်ငံတော် က ပြည်သူလူထု ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်း ရေးအတွက်   ရည်ရွယ်ပြီး တရားမ၀င် တင်သွင်း လာသည့် ဆိုင်ကယ်များကို ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်မှ ၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီ ၃၁ ရက်အထိ အခွန်အခများပေးချေ၍ တရားဝင် မှတ်ပုံတင်များ ထုတ်ပေး ခဲ့ပြီးဖြစ်သည်။ ယခုအခါ ပြည်သူများ အဆင်ပြေစွာ ဆောင်ရွက် နိုင်ရန် တရားဝင် မှတ်ပုံတင် ပြုလုပ်ရေးကို အချိန်ကာလ   တိုးမြှင့်ပြီး ၂၀၁၀ ပြည့်နှစ်၊ ဇွန် ၃၀ ရက်အထိ ဆောင်ရွက် ပေးပြီး ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင် ၁ ရက်မှ စတင်ကာ မှတ်ပုံတင်မဲ့ ဆိုင်ကယ် များကို  တရား ဥပဒေနှင့် အညီ နိုင်ငံပိုင် သိမ်းဆည်းသွား မည် ဖြစ်သည်။ နိုင်ငံပိုင် သိမ်းဆည်း ထားသည့် ဆိုင်ကယ် များကို ပိုင်ရှင် ဖြစ်သူက ပြန်လည် ရယူ လိုကြောင်း လျှောက်ထား လာလျှင် ဆိုင်ကယ်၏ တန်ဖိုးနှင့် ကျသင့်သည့် အခွန်ငွေများ ကို ပေး ဆောင် ရမည်ဖြစ်ပြီး နိုင်ငံတော်က တရားဝင် အဖြစ် သတ်မှတ် မှတ်ပုံတင် ပေးမည်ဟု ရထားပို့ ဆောင်ရေး ၀န်ကြီးဌာန ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာနက သတင်း ထုတ်ပြန်ထား သည်။

မင်းသုတ

မန်းတောင်ခြေ ဘိုးဘွား ရိပ်သာ အဘွား ဆောင်များ အတွက် အလှူရှင်များ ဖိတ်ခေါ်
မန္တလေးမြို့၊ ဥပုသ်တော် ရပ်ကွက်၊ မန္တလေး တောင်ခြေ အနီး မန္တ လေး – မတ္တရာ – မိုးကမ်း ကားလမ်း ဘေးရှိ မန်းတောင်ခြေ ဘိုးဘွား ရိပ်သာ ကို ၁၉၇၅ ခုနှစ်က စတင်၍ ဘိုးဘွားများ လက်ခံခဲ့ရာ ဘိုးဘွား ရိပ်သာ အဘွားဆောင် များ တိုးချဲ့ တည်ဆောက် နေပြီ ဖြစ်၍ အလှူရှင်များ ထည့် ၀င် လှူဒါန်း နိုင်ရန် ဘိုးဘွား ရိပ်သာ ကြီးကြပ်မှု ကော်မတီက နှိုးဆော် လျက် ရှိသည်။ အလျားပေ ၄၀၊ အနံပေ ၃၀ ရှိ နှစ်ယောက် ခန်း လေးခန်းပါ အဘွားဆောင် များ ဆောက် လုပ်လျက် ရှိရာ တစ်ဆောင် လျှင် ကျပ် သိန်း ၂၄၀ ဖြင့် လှူဒါန်း နိုင်သည်။ တစ်ဦးတည်း အလှူရှင်များ မဟုတ်ဘဲ အခန်းအလိုက် လှူဒါန်းမည ဆိုပါက နှစ်ဦးနေ တစ်ခန်း ကျပ်သိန်း ၆၀ ဖြင့် လှူဒါန်း နိုင်သည်။

မန္တလေး ဘိုးဘွား ရိပ်သာ တွင် အဘိုး ၁၆ ဦး၊ အဘွား ၅၀ ဦးရှိရာ အဘွား ဆောင် လိုအပ် နေသဖြင့် တိုးချဲ့ ဆောက်လုပ် ခြင်းဖြစ်သည်။ အဆောင်ပါ အခန်း လေးခန်းတွင် ရေချိုးခန်း၊ အိမ်သာ အခန်းတိုင်း ပါရှိ မည်ဖြစ်ပြီး အဘွားများ သက်သောင့် သက်သာ နေထိုင်ခြင်းဖြင့် သက် ရှည် ကျန်းမာ စေရန် ကြီးကြပ် အဖွဲ့က တိုးချဲ့ တည်ဆောက် ပေးခြင်း ဖြစ် သည်။ အဆောင် သစ် လေးဆောင် ဆောက် လုပ်မည် ဖြစ်ရာ အဘွား ဆောင်နှင့် ၀န်ထမ်း များ ပါဝင် မည်ဖြစ်သည်။ အလှူရှင် များ အနေဖြင့် မန်းတောင်ခြေ ဘိုးဘွား ရိပ်သာ တွင် ဆောက်လုပ်ဆဲ အဆောင် များအား လာရောက် လေ့လာ ကြည့်ရှု လှူဒါန်း နိုင်သကဲ့သို့ ဖုန်းဖြင့် ဆက်သွယ် လှူ ဒါန်းမည် ဆိုပါက မန်းတောင်ခြေ ဘိုးဘွား ရိပ်သာ ရုံးအဖွဲ့ (ဖုန်း-၀၂-၆၀၆၇၂) သို့ ဆက်သွယ် လှူဒါန်း နိုင်ကြောင်း သိရသည်။

မိုးကြီး

မန္တလေး ဆိုင်ကယ် ၀ယ်ရောင်း လောက လက်ထဲ မှာပင် အရှုံးပေါ်
မန္တလေး ကို မော်တော်ဆိုင်ကယ် မြို့တော်ဟု တင်စား ခေါ်ဆို ကြ သည်။ တင်စား ခေါ်ဆို လောက် အောင် လည်း ဆိုင်ကယ်ကို အသုံးပြုမှု များသည်။ မန္တလေးတွင် နေထိုင်သော လူဦး ရေနှင့် တွက်ကြည့်လျှင် လူ ၁၀ ဦးလျှင် မော်တော် ဆိုင်ကယ် တစ်စီး ပိုင်ဆိုင်ကြောင်း သိရသည်။ ဆိုင်ကယ် စတင် ပေါများ လာချိန် ကတော့ ၂၀၀၂ ခုနှစ်က ဖြစ်သည်။ ၂၀၀၂ ခုနှစ်နှင့် ၂၀၀၃ ခုနှစ်တို့တွင် တရုတ်မှတင်သွင်းသော တရား မ၀င် ဆိုင်ကယ် ပေါများ ခဲ့ပြီး ၂၀၀၄ ခုနှစ် မှာတော့ ဒေသဆိုင်ရာ အမှတ် အက္ခရာ နှင့် မှတ်ပုံတင် ပြုလုပ် ပေးချိန်မှာ ပိုမို များပြား လာသည်။ ထို့ နောက် ပြည်တွင်း စက်မှုဇုန် ထုတ်လုပ် သည့် “ဎ”ဆိုင်ကယ် များလည်း ဈေးကွက်ထဲ ၀င်လာသည်။ ၂၀၀၅ ခုနှစ်တွင် (Luojia -110) တရုတ် ဆိုင်ကယ် တစ်စီး (အသစ်) ကျပ် ၁၃ သိန်း ဈေးပေါက် ခဲ့သည်။ ဆိုင်ကယ် ဈေးကွက် တွင် ဂျပန် ဆိုင်ကယ် က ဈေး အမြင့်ဆုံး ဖြစ်ပြီး ထိုင်းဆိုင်ကယ် က ဒုတိယ ဈေးအများဆုံး ဖြစ်သည်။ ဈေး အပေါဆုံး နှင့် ဆိုင်ကယ် အပေါဆုံး ကတော့ တရုတ် ဆိုင်ကယ် ဖြစ်သည်။

၂၀၀၈ ခုနှစ်တွင် ဒုတိယ အကြိမ် ဒေသ ဆိုင်ရာအမှတ်၊ အက္ခရာ များ မှတ်ပုံတင် ပြုလုပ်ပေး ချိန်မှာ တော့ ဆိုင်ကယ် အသစ်တွေ ဘက်ကို ဦးတည် လာကြပြီး အဟောင်း မှန်သမျှ ဈေး ပြုတ်ကျ ခဲ့သည်။ ယခင်က ကျပ်သိန်း ၄၀ ကျော် ဈေးပေါက်ခဲ့သော ၁/ယ စူပါကပ်၊ အင်ဂျင်ပါဝါ (၉၀)၊ စိမ်းအရောင် တစ်စီးလျှင် ၂၀၀၈ ခုနှစ်တွင် ကျပ် ၂၅ သိန်းဈေး ပေါက်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ် မှာတော့ ကျပ် ၁၅ သိန်း ၀န်းကျင် ထိ ဈေးကျ ခဲ့သည်။ ထို့ကြောင့် ၀ယ်ရောင်း လုပ်သူများ နေရင်း ထိုင်ရင်း လက်ထဲမှာ ပဲ အရှုံးပေါ် နေကြောင်း သိရသည်။

ရွှေလမင်း(မန်း)

အိန္ဒိယ သမ္မတ နိုင်ငံ အရှေ့မြောက် ဒေသမှ Abiogenesis တေးဂီတ အဖွဲ့ မန္တလေးမြို့ သို့ လာရောက် ဖျော်ဖြေ
မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ ယဉ်ကျေးမှု ပူးပေါင်း ဖလှယ်ရေး အစီအစဉ် အရ အိန္ဒိယ နိုင်ငံကောင်စစ်ဝန် ချုပ် ရုံး (မန္တလေး) နှင့်ပြည်ထောင်စု မြန်မာ နိုင်ငံ ယဉ်ကျေးမှု ၀န်ကြီးဌာန နှင့် ပူး ပေါင်း တင်ဆက်သော အိန္ဒိယ သမ္မတ နိုင်ငံ အရှေ့မြောက် ဒေသမှ Abiogenesis တေးဂီတ အဖွဲ့သည် မေ ၃၀ ရက် ည ၇နာရီက မန္တလေး အမျိုးသား ဇာတ်ရုံတွင် သီဆိုဖျော် ဖြေခဲ့ရာ မန္တလေးမြို့မှ တေးဂီတချစ် သူများ တက်ရောက် ခဲ့သည်။

အဆိုပါ တေးဂီတ အဖွဲ့သည် အိန္ဒိယ သမ္မတနိုင်ငံ အရှေ့မြောက် ဒေသ နာဂ ဒေသမှ ထင်ရှားသော တေးဂီတ အဖွဲ့တစ်ခု ဖြစ်သည်။ အ ဆိုပါ အဖွဲ့သည် ပြီးခဲ့သောနှစ်က “HQWEY” အမည်ရှိသော တေးဂီ တကို နာမည်ကြီး လာသည့် အဆိုပါ တေးဂီတ သည် ခေတ်ပေါ် တေးဂီတ နှင့် အိန္ဒိယ ရိုးရာ ဘန်ဟမ်းဝါး ပုလွေ ဖြင့် ပေါင်းစပ် တီးမှုတ်ရသည့် HQWEY တေးဂီတနှင့် ဘန်ဟမ်း တူရိယာကို ကမ္ဘာပေါ်တွင် သူတို့အ ဖွဲ့တစ်ဖွဲ့သာ တီးမှုတ် နိုင်သည်။

Abiogenesis တေးဂီတအ  မည် အဖွဲ့သည် အိန္ဒိယ နိုင်ငံ အပါအ ၀င် ပြည်ပ နိုင်ငံ များ၌ တေးဂီတ ဖျော် ဖြေပွဲပေါင်း ၅၀၀ ကျော် တီးမှုတ် ခဲ့ဖူး သည်။ သူတို့ အဖွဲ့တွင် တီးခတ်သူ လေးဦး နှင့် အမျိုးသမီး အဆိုတော် တစ်ဦး ပါဝင်သည်။ အဓိက တေးဂီတ မှုးမှာ Moanungsang ဖြစ်ပြီး ဂစ် တာ ဘန်းဟမ်း နှင့် ဟာမိုနီ လိုက်ရာ တွင် ပါဝင်သည်။

မင်းသုတ

မန္တလေးမြို့ တွင် နွေရာသီ သင်တန်းများ ယခင်နှစ်ထက် ဖွင့်လှစ်မှု လျော့နည်း
မန္တလေးမြို့ တွင် ယခင်က နွေရာသီ ကျောင်း ပိတ်ရက် များတွင် မိမိတို့၏ ရင်သွေးငယ် များကို လိမ္မာ ယဉ်ကျေး စေရန် အတွက် ဘုန်းတော်ကြီး ကျောင်းများသို့ စေလွှတ်၍ ဘာသာရေး အခြေခံ သင်ခန်းစာ များကို သင်ယူ ခိုင်းလေ့ ရှိသည်။

၂၀၀၀ ပြည့်နှစ် နောက်ပိုင်း တွင် နွေရာသီ ကျောင်း ပိတ်ရက်၌ အင်္ဂလိပ်စာ၊ ကွန်ပျူတာ သင် တန်းများ ခေတ်စား လာသည်။ အားကစား သင် တန်းများ ဖွင့်လှစ်မှု လျော့နည်း လာသကဲ့သို့ လူ ငယ် များ ကလည်း အားကစား ကို စိတ်ဝင်စားမှု လျော့နည်း လျက် ရှိသည်။ ယခင်နှစ် များက မန္တ လေးမြို့တွင် လူမှုရေး အဖွဲ့အစည်း များက ကြီးမှူး ၍ နွေရာသီ ကျောင်းပိတ်ရက် ၌ ဗုဒ္ဓဘာသာ ယဉ် ကျေးမှု၊ အင်္ဂလိပ်စာ၊ ဂျပန်စာ နှင့် ပန်းချီ အခမဲ့ သင်တန်းများကို ဖွင့်လှစ် လျက်ရှိသည်။ ယခုနှစ် တွင်  နေရာ အခက်အခဲ နှင့် ရန်ပုံငွေ အခက်အခဲ များကြောင့် နွေရာသီ သင်တန်းများ ဖွင့်လှစ်နိုင်မှု အားနည်း ခဲ့သည်။

အခြေခံပညာ ကို သင်ယူ နေကြသော ကျောင်း သား၊ ကျောင်းသူ များက လာမည့် ပညာသင်နှစ် တွင် သင်ယူ ရမည့် သင်ခန်းစာ များအတွက်   ကြို တင်၍ သင်တန်းများ တက်ရောက် နေရသဖြင့် နွေ ရာသီ သင်တန်း များကို စိတ်ဝင်စားမှု လျော့နည်း လာသည်။ “မန္တလေးမြို့မှာ အခုနှစ် နွေရာသီ၌ ခေတ်စား လာတာ ကတော့ နာမည်ကျော် ဆရာ တော်ကြီးများ ဦးစီး ဆောင်ရွက် တဲ့ ကလေးအထူး တရား စခန်းများပဲ ဖြစ်ပါ တယ်။ မန္တလေး တိုင်း အားကစား နှင့် ကာယပညာ ဦးစီး ဌာနကတော့ ဖွင့် လှစ် နေကြ နွေရာသီ အားကစား သင်တန်းကို ဖွင့် လှစ် နိုင်ခြင်း မရှိပါဘူး။ အခြေခံပညာ အထက်တန်း အဆင့် ကျောင်းသား များကတော့ ဘာသာစကား၊ ကွန်ပျူတာ၊ ပန်းချီနဲ့ အားကစား သင်တန်း များကို စိတ်ဝင်စားမှု မရှိ တော့ဘဲ မိမိတို့ တက်ရောက် မည့် အတန်းများတွင် သင်ကြား မည့် သင်ခန်းစာ များ အတွက် သင်တန်း များကို တစ်နေကုန် တက် ရောက် နေရပါတယ်။ ယခုနှစ်မှာ နွေရာသီ အဆင့် ပန်းချီ သင်တန်း ဖွင့်လှစ် နိုင်မှုက မရှိသလောက် နည်းပါး ခဲ့ပါတယ်” ဟု ဒေသခံ ကလေး မိဘတစ်ဦး က ပြောကြားသည်။

မင်းသုတ

မန္တလေး ဖိတ်ခေါ် ပိုက်ကျော်ခြင်း ပြိုင်ပွဲ ရန်ကုန် အသင်းများ ဗိုလ်စွဲ
မန္တလေးတိုင်း အားကစား နှင့်   ကာယပညာ ကော်မတီ နှင့် Myanmar Double Strong တို့ပူးပေါင်း ကျင်းပသည့် Myanmar Double Strong Sepaktakraw Champion 2010 (Mandalay) ဖိတ် ခေါ် ပိုက်ကျော်ခြင်း ပြိုင်ပွဲ၊ ဗိုလ်လုပွဲ   နှင့် ဆုချီးမြှင့် ပွဲကို မေ ၂၁ ရက် ညနေ ၃နာရီက မန္တလေးမြို့ ဗထူး အားကစား ပြိုင်ပွဲ၌ ကျင်းပသည်။

နောက်ဆုံး ဗိုလ်လုပွဲ တွင် ကြယ် တံခွန် “က” အသင်းက ADM အသင်း ကို သုံးပွဲ နှစ်ပွဲ ဖြင့် အနိုင်ရ ဗိုလ်စွဲ သွား သည်။ ပြိုင်ပွဲ အပြီးတွင် ဆုပေးပွဲကို    ဆက်လက် ကျင်းပရာ လူသစ်တန်း အမျိုးသား နှစ်ယောက်တွဲ ပြိုင်ပွဲတွင်   ပထမဆု ရရှိသော ပါကေး “ခ” အ သင်းအား ကျပ်၆,၃၀,၀၀၀၊ ဒုတိယရရှိ သော ADM “ခ” အသင်းအား ကျပ်   ၄,၅၀,၀၀၀၊ တတိယ ရရှိသော သန့် စင်ထွန်း “ခ” အသင်းအား ကျပ် ၂,၇၀,၀၀၀ နှင့် ဆုဖလား များကို တာ ၀န်ရှိသူ များက ချီးမြှင့်သည်။ အလွတ် တန်း အမျိုးသား သုံးယောက်တွဲ ပြိုင်ပွဲ  တွင် ပထမဆု ရရှိသော ကြယ်တံခွန် “က” အသင်းအား ကျပ် ၉,၉၀,၀၀၀၊ ဒုတိယ ရရှိသော ADM အသင်းအား  ကျပ် ၆,၃၀,၀၀၀၊ တတိယ ရရှိသော  ပါကေး “ခ” အသင်းအား ကျပ် ၃,၆၀,၀၀၀ နှင့် ဆုဖလား များကို တာ ၀န် ရှိသူများက ပေးအပ် ချီးမြှင့်သည်။   အလွတ်တန်း အမျိုးသား သုံးယောက် တွဲပြိုင်ပွဲ သို့ ၁၅ သင်း၊ လူသစ်တန်း အမျိုးသား နှစ်ယောက် တွဲပြိုင်ပွဲ သို့  ၅၄ သင်း စုစုပေါင်း ၆၉ သင်းပါဝင် ယှဉ်ပြိုင်ခဲ့ရာ မန္တလေး မြို့မှ အသင်း  များက နှစ်ယောက် တွဲပြိုင်ပွဲတွင် သာ   ဆီမီးဖိုင်နယ် အထိ ရောက်ခဲ့ပြီး ရန် ကုန်မြို့မှ လာရောက် ယှဉ်ပြိုင်သော အသင်းများ သာ ဗိုလ်စွဲ ကြောင်းသိ ရသည်။

မင်းသုတ

အပူချိန် လျော့ကျ သော်လည်း ပြင်ဦးလွင်သို့ အပူရှောင်သူ အသွားများ နေဆဲ
မေလ လယ်ခန့်က မန္တလေး တွင် နေ့အပူချိန် ၄၅ ဒီဂရီစင်တီ ဂရိတ် အထိ ပူပြင်း ခဲ့သည့် အတွက် နေမချိ ထိုင်မသာ ဖြစ်ခဲ့ကြသလို အ ပူဒဏ် ကြောင့် ရောဂါ ဝေဒနာ ရရှိသူ  များ အသက် ဆုံးရှုံး မှုများ ပင်ရှိခဲ့ သည်။ ထို့ကြောင့် အပူရှောင် သည့် အနေနှင့် မန္တလေးနှင့် ၄၂မိုင်ခန့် ဝေး ပြီး ပင်လယ် ရေမျက်နှာပြင် ထက်  ပေပေါင်း ၃,၅၀၀ မြင့်သည့် ပြင်ဦး လွင်သို့ အပူရှောင် ရန်သွားရောက် နေထိုင် ကြသည်။ မန္တလေး၌ ၄၅ဒီဂရီ စင်တီ ဂရိတ် အပူချိန် ရှိလျှင် ပြင်ဦး လွင်၌ ၃၅ ဒီဂရီ စင်တီဂရိတ် သာရှိ ကြောင်း သိရသည်။

နံနက် ၆နာရီခန့်က တက်သွား လျှင် ၇နာရီ ကျော်တွင် ပြင်ဦးလွင် သို့ ရောက်ပြီဖြစ်သည်။ နေအေး သည့် အချိန် တွင်သွားပြီး အပြန် အပူချိန် လျော့ကျ သည့် နေ၀င်ချိန်မှ ပြန်ဆင်း လာတတ် ကြသည်။ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ၊ ဥပုသ်နေ့ ဈေးပိတ်ရက် များ၌ အသွားအလာ ပို၍ များသည်။ ကိုယ်ပိုင် ဆိုင်ကယ် နှင့် သွားလာသူ ပိုများသည်။ မေ တတိယ ပတ်တွင် မန္တလေး မြို့၌ မိုးက နေရာ ကွက်ကျား ရွာသွန်း ခဲ့သည်။ လလယ် နှင့်စာလျှင် အပူချိန် လျော့ကျ သော်လည်း ပြင်ဦးလွင်သို့ အပူ ချိန် ရှောင်ရန် သွားလာ သူများလျက် ရှိနေသေးသည်။

ကျန်းမာရေး ၀န်ကြီးဌာနက လည်း အပူဒဏ် အန္တရာယ် ကာကွယ် နှိုးဆော်ချက်များ ထုတ်ပြန် ကြေညာ သကဲ့ သို့ ရပ်ကွက် အတွင်း ဓမ္မာရုံ များ၌လည်း ယာယီ ဆေးခန်း များဖွင့် လှစ်၍ အပူဒဏ် ရောဂါ ဝေဒနာများ ကို အခမဲ့ ကုသ ပေးလျက် ရှိသည်။ ညနေတိုင်း လွန်ဆွဲပွဲများ ကျင်းပ လျက် ရှိပြီး ငါးရံ့မင်း ပရိတ် ရွတ် ဆိုခြင်းများ လည်း ပြုလုပ် ကြောင်း သိရသည်။

ကောင်းပြည့် (မန်း)