စည်းကမ်း ဖောက်ဖျက်သော ယာဉ်များ ကို မန္တလေး မြို့တွင် လှည့်ကင်းများ ဖြင့် ဖမ်းဆီး အရေးယူ
မန္တလေးတိုင်း ဒေသကြီး ယာဉ် စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ က မန္တလေးမြို့ အတွင်း ယာဉ်အန္တရာယ် ကင်းရှင်း ရန်အတွက် လှည့်ကင်းများ ရှောင်တခင် စစ် ဆေးခြင်း များကို သြဂုတ် ၃ ရက်မှ စတင်၍ နေ့ပိုင်း သာမက ညပိုင်း များ တွင်ပါ အရေးယူ ဖမ်းဆီး ဆောင် ရွက် လျက်ရှိရာ သြဂုတ် ၂၂ ရက် တွင် စည်းကမ်း ချိုးဖောက် မောင်းနှင် သော မော်တော်ယာဉ် ၁၇ စီးကို အမှုပေါင်း ၂၀ မှုဖြင့် လည်းကောင်း၊ မော်တော် ဆိုင်ကယ် ၈၂ စီးကို အမှု ပေါင်း ၉၅ မှုဖြင့် လည်းကောင်း အရေးယူ နိုင်ခဲ့ကြောင်း သိရသည်။


