The Myanmar Post - Myanmar News Journal » မြန်မာနိုင်ငံရေးရာ

ဗိုလ်ချုပ် အောင်ဆန်း ပြတိုက်တွင် လေ့လာ သူများ စည်ကား
၂၀၁၀ ပြည့်နှစ်၊ ၆၃ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကို ရန် ကုန်မြို့၊ အာဇာနည် ဗိမာန်၌ ဇူလိုင် ၁၉ ရက်တွင် ကျင်းပပြီး အဆိုပါ အခမ်း အနားသို့ ၂၀၁၀ ပြည့်နှစ်၊ ၆၃ နှစ်မြောက် အာဇာ နည်နေ့ ကျင်းပ ရေး ကော်မတီ ဥက္ကဋ္ဌ ရန်ကုန်မြို့ တော် စည်ပင် သာယာရေး ကော်မတီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးအောင်သိန်း လင်း နှင့် အတူ ၂၀၁၀ ပြည့်နှစ်၊ ၆၃ နှစ်မြောက် အာဇာနည် နေ့ ကျင်းပ ရေး လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော် မတီ အတွင်း ရေးမှူး ဦးအောင်သန်း ၀င်းနှင့် ကျင်းပရေး လုပ်ငန်း ကော်မ တီ ၀င်များ၊ ဌာန ဆိုင်ရာ အကြီးအကဲ များ၊ ဂုဏ်ပြု တပ်ဖွဲ့ဝင်များ၊ မြန်မာ နိုင်ငံရဲ တပ်ဖွဲ့နှင့် မီးသတ် တပ်ဖွဲ့တို့မှ အရာရှိကြီးများ တက်ရောက် ကြပြီး ကျဆုံး လေပြီးသော ဗိုလ်ချုပ်အောင် ဆန်းနှင့် တကွ အာဇာနည် ခေါင်း ဆောင်ကြီး များ၏ ဂူဗိမာန် ၌ လွမ်း သူ့ ပန်းခွေ ချခြင်း၊ အလေးပြုခြင်း၊ မေတ္တာပို့ အမျှ ပေးဝေခြင်း များဆောင် ရွက်ကြသည်။

ထို့အတူ အာဇာနည်ခေါင်း ဆောင်ကြီး များ၏ မိသားစုများ က ဂူ ဗိမာန်များ ၌ လွမ်းသူ့ ပန်းခွေ ချအ လေး ပြု ကန်တော့ ကြရာ ဗိုလ်ချုပ် အောင်ဆန်း ၏ ဂူဗိမာန်၌ သားကြီး ဖြစ်သူ ဦးအောင်ဆန်းဦး နှင့် ဇနီး ဒေါ် လဲ့လဲ့ နွယ်သိန်း တို့က လွမ်းသူ့ပန်း ခွေချ၍ အလေးပြုပြီး ကန်တော့ကာ မေတ္တာပို့ အမျှ ပေးဝေ၍ အာဇာနည် ခေါင်းဆောင် များ၏ မိသားစု များက လည်း ဂူဗိမာန် အသီးသီး တို့၌ လွမ်း သူ့ ပန်းခွေချ အလေးပြု ကန်တော့ကြ ကာ မေတ္တာပို့ အမျှပေးဝေကြသည်။

ထိုနည်းတူစွာ မြန်မာ နိုင်ငံစစ် မှုထမ်း ဟောင်း အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ မြန်မာ နိုင်ငံ ကြက် ခြေနီ အသင်း၊ မြန်မာ နိုင်ငံ စာပေနှင့် စာနယ်ဇင်း အဖွဲ့၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအ စည်းအရုံး၊ မြန်မာနိုင်ငံ သဘင် ပညာ ရှင်များ အစည်းအရုံး၊ မြန်မာ နိုင်ငံ ရိုးရာ ပန်းပညာ ရှင်များ အစည်းအရုံး တို့မှ ကိုယ်စားလှယ် များက ဗိုလ်ချုပ် အောင်ဆန်းနှင့် တကွ အာဇာနည် ခေါင်းဆောင်ကြီး များ၏ ဂူဗိမာန် အ သီးသီး တို့တွင် လွမ်းသူ့ ပန်းခွေ ချ၍ အလေးပြုကြပြီး ဖိတ်ကြားခြင်း ခံရ သည့် ပါတီများ မှ တာဝန်ရှိ သူများနှင့် ပြည်သူ အများ ကလည်း လာရောက် အလေးပြုကြသည်။

ထို့အပြင် ရန်ကုန်မြို့၊ ဗဟန်း မြို့နယ်၊ ဗိုလ်ချို ၃ ရပ်ကွက်၊ ဗိုလ်ချုပ် ပြတိုက်လမ်း (ယခင် တာဝါလိန်း လမ်း) ရှိ ဗိုလ်ချုပ် ပြတိုက်တွင်လည်း ယခင် နှစ်များ နှင့်မတူ ယခုနှစ် တွင် လာရောက် ကြည့်ရှု လေ့လာသော  ရဟန်းရှင် လူပြည်သူ ကျောင်းသား ကျောင်းသူများ များပြား စွာလာ ရောက် ကြည့်ရှု လေ့လာကြသည်။

ဗိုလ်ချုပ် အောင်ဆန်း ပြတိုက်တွင် ခင်းကျင်း ပြသထားသည့် ပရိဘောဂ နှင့် အသုံးအဆောင် ပစ္စည်းများ၊ အိပ် ခန်းများ၊ စာဖတ်ခန်း၊ နားနေခန်းနှင့် ထမင်းစားခန်း စသည်များကို လာ ရောက် ကြည့်ရှု သူများ ခက်ခဲမှု မရှိ လေ့လာ နိုင်ရန် တာဝန်ရှိ သူများက ပြတိုက် ၀င်းအတွင်း သို့ တစ်နာရီ လျှင် လူ ၂၀၀ခန့် ၀င်ရောက် စေပြီး ပြတိုက် အပေါ်ထပ်သို့လည်း တစ်ကြိမ် လျှင် လူ ၂၀ ခန့် အလှည့် ကျလေ့ လာကြည့် ရှုစေခဲ့ကြောင်း သိရသည်။

စော၊ ကျော်

ဘန်ကောက် – ရန်ကုန် Border Trade လမ်းကြောင်း မှ အထည် ကုန်ကြမ်း များ တင်ပို့ နိုင်ပြီ
မြန်မာနိုင်ငံ အထည်ချုပ် ကုမ္ပဏီများ မှချုပ် လုပ်သော အထည်များကို ယခင်က ရေလမ်း ကြောင်းမှ တစ်ဆင့် ထိုင်းမှ ရန်ကုန် ဆိပ်ကမ်း သို့ တင်ပို့ နေရာမှ ယခုအခါ ပထမဆုံး ဘန်ကောက် – ရန်ကုန် Border Trade လမ်းကြောင်းမှ တင်ပို့ နိုင်ရန် ဆောင်ရွက် နေပြီ ဖြစ်ကြောင်း ဇူလိုင် ၂၃ ရက်တွင် ကျင်းပသည့် Logistic Work Shop တွင် EFR ကုမ္ပဏီမှ DGM ဦးသန်းအောင်က ပြောကြားသည်။

အထည်ကုန် ချောများ တင်ပို့ရာ တွင် မြ ၀တီမှ မဲဆောက်၊ ထိုမှ တစ်ဆင့် ဘန်ကောက် မြို့သို့ ကုန်းလမ်း ဖြင့် သယ်ဆောင် နိုင်ပြီး ယခင် က နယ်စပ် တံတားမှ တန် ၁၂ တန်သာ ဖြတ်သန်း ခွင့်ပြု သော် လည်း ယခုအခါ ဂျိုင်းမြစ်ဗော တံတားမှ တန်၆၀ အထိ ဖြတ်သန်းခွင့် ရရှိ ကြောင်း သိရသည်။ ကုန်ပစ္စည်း များ အား စစ်ဆေး ရာတွင် မဲဆောက် နှင့် မြ၀တီတွင်သာ ကုန်ပစ္စည်း စစ်ဆေးမှု ပြုလုပ်ကြောင်း သိရ သည်။ ကုန်းလမ်း ခရီးဖြင့် သွားရောက် ပါက ရန်ကုန်မှ ဘန်ကောက် သို့ မိုင်ပေါင်း ၅၅၃ မိုင်ကွာ ဝေးပြီး နာရီပေါင်း ၂၃ နာရီကြာမြှင့်မည်ဖြစ်ကာ အလွန်ဆုံး နှစ်ရက် ကြာအတွင်း၌ ရောက်ရှိနိုင်သည်။

ကုန်းလမ်း ခရီးဖြင့် တင်ပို့ ရာတွင် ကုန်ကျ စရိတ် မြင့်မား သော်လည်း ရေလမ်း ကြောင်းက အချိန် မြန်ဆန် ကြောင်း သိရသည်။ ယခင်က မြန်မာ အထည်ချုပ် လုပ်ငန်းရှင်များ သည် အိမ်နီး ချင်း နိုင်ငံဖြစ်သည့် တရုတ် နိုင်ငံမှ  ကုန်ကြမ်းများ အား ၀ယ်ယူ၍ ကုန်ချော အဖြစ်သို့ ထုတ်လုပ်ပြီး ရေလမ်း ကြောင်းဖြင့် စင်ကာပူမှ တစ်ဆင့် ဂျပန် နိုင်ငံသို့ တင်ပို့ကြောင်း သိရသည်။

ယခုအခါ ဂျပန် အထည်ချုပ် လုပ်ငန်းရှင် များသည် ယခုနှစ်ဆန်း ပိုင်းမှစတင်၍ ထိုင်း နိုင်ငံမှ ပိတ်များ မြန်မာနိုင်ငံသို့ တင်သွင်းပြီး ဘန်ကောက် – ရန်ကုန် ကုန်းလမ်း ကြောင်းမှ တစ် ဆင့် ရန်ကုန်မြို့သို့ ဂျပန် လုပ်ငန်းရှင် များက တင်ပို့ ပေးလာကြောင်း သိရသည်။

ဂျပန်နိုင်ငံ သို့ အထည် တင်ပို့ရာတွင် ယခင်က ရေကြောင်း၊ လေကြောင်း လိုင်းမှ တင်ပို့ ခဲ့ပြီး ယခုအခါ ကုန်းလမ်းမှ တစ်ဆင့် တင်ပို့ နိုင်ပြီဖြစ်သည်။ ကုန်းလမ်း မှ သယ် ဆောင်ရာ တွင် ကွန်တိန်နာ ယာဉ်မှ Truck ကားဖြင့် ပြောင်းလဲ သယ်ယူ ဆောင်ရကြောင်း၊ ကုန်ကျစရိတ်မှာ ဒေါ်လာ ၄,၀၀၀ ၀န်းကျင် ကုန်ကျ ကြောင်း လုပ်ငန်းရှင်များ ကပြောသည်။

ယဉ်ယဉ်လှ

ပုဂ္ဂလိက စက်သုံးဆီ ဆိုင်များ အောက်တိန်း ဆီများ စတင် ရောင်းချ
ရန်ကုန်မြို့ပေါ် ရှိ ပုဂ္ဂလိက စက် သုံးဆီ အရောင်းဆိုင် အချို့တွင် အောက်တိန်း ဆီများ စတင် ရောင်းချ နေပြီ ဖြစ်ကြောင်း နှင့် စက်သုံးဆီများ ကို သတ်မှတ် နှုန်းထား ဖြင့်သာ ရောင်းချမည် ဖြစ်ပြီး ဈေးနှုန်းမြှင့် ရောင်းချမည် မဟုတ်ကြောင်း ပုဂ္ဂလိ က စက်ဆုံးဆီ အရောင်းဆိုင် များမှ သိရသည်။

အောက်တိန်းဆီ စတင်ရောင်း ချနေမှု အခြေအနေ နှင့် ပတ်သက်၍ သူရိယ စွမ်းအင် ကုမ္ပဏီမှ မားကက် တင်း မန်နေဂျာ ဦးကျော်မျိုးနိုင်က “လက်ရှိ ကျွန်တော်တို့ စက်သုံးဆီ အရောင်းဆိုင် ခွဲတွေ ထဲက ဆိုင်အ မှတ် ၅၀ (ဗဟိုလမ်း နဲ့ မင်းလမ်း ထောင့်၊ စမ်းချောင်းမြို့နယ်) က ဆိုင် မှာ အောက်တိန်း ဆီကို စတင် ရောင်း ချ ပေးနေပါတယ်။ ကျွန်တော် တို့ရဲ့ ကျန်ဆိုင်ခွဲ တွေမှာလည်း ခွင့်ပြုချက် ရရင် အောက်တိန်း ဆီကို ရောင်းချ ပေးမှာပါ” ဟု ပြောပြသည်။

သူရိယ စွမ်းအင် စက်သုံး ဆီအ ရောင်းဆိုင်က လက်ရှိ ရောင်းချ လျက် ရှိသည်။ စက်သုံးဆီ ဈေးနှုန်းများမှာ အောက်တိန်းဆီ တစ်ဂါလန် ကျပ် ၃,၁၀၀၊ ဒီဇယ်တစ်ဂါလန် ကျပ် ၃,၀၀၀ နှင့် ဓာတ်ဆီ တစ်ဂါလန်ကျပ်  ၂,၅၀၀ နှုန်း ရှိကြောင်း ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင် များမှ သိ ရသည်။

ဝေယံလင်း

ရန်ကုန် – နေပြည်တော် မြန်နှုန်းမြင့် ရထားလမ်း တရုတ် နိုင်ငံ အကူအညီ ဖြင့် ၂၀၁၃ အမီ အပြီး ဖောက်လုပ်မည်
နေပြည်တော် နှင့် ရန်ကုန်မြို့ များ အကြား ကြာမြင့်ချိန် သုံးနာရီ ဖြင့် ရောက်ရှိ နိုင်သည့် ရန်ကုန် နေ ပြည်တော် မြန်နှုန်းမြင့် ရထားလမ်းကို တရုတ် နိုင်ငံ ၏ အကူအညီဖြင့် ၂၀၁၃ ခုနှစ် မတိုင်မီ အပြီး ဖောက်လုပ်ရန် စီစဉ် လျက် ရှိကြောင်း သိရသည်။

၂၀၀၉ ခုနှစ်တွင် ချုပ်ဆို ခဲ့သည့် စာချုပ် အရ မြန်မာနိုင်ငံမှ တရုတ် နိုင်ငံသို့ သဘာဝ ဓာတ်ငွေ့ရောင်းချ မှု အောင်မြင် ခဲ့ သည့်အတွက် တရုတ် နိုင်ငံက သံတမန် ရေးရာ ချစ်ကြည် ရင်းနှီးမှု ရရှိရန် အဆိုပါ မြန်နှုန်းမြင့် ရထားလမ်း ဖောက်လုပ် ပေးခြင်းဖြစ် သည်။ ရထားတွဲ ဆိုင်း များကိုလည်း တရုတ်နိုင်ငံ မှ လာရောက် တပ်ဆင် ပေးမည် ဖြစ်ကြောင်း၊ ရန်ကုန်မှ နေ ပြည်တော် ပျဉ်းမနား ရေဆင်း ကို ကျော်လွန်ကာ နေပြည်တော် အထိ မီးရထား လမ်းကြောင်း ရေးဆွဲ ထားကြောင်း၊ ရန်ကုန် – နေပြည်တော် လမ်းမှာ ၂၂ ၆မိုင်ရှိပြီး ဖောက်လုပ် မည့် မြန်နှုန်းမြင့် ရထားလမ်း တစ် လျှောက်တွင် လျှပ်စစ်မီး အပြည့်အ၀ ရရှိရန် ပြုလုပ် ပေးမည် ဖြစ်ကြောင်း၊ လာမည့် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင် ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပ မည့် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ အမီ ယခု ရထားလမ်း ကို အပြီး ဖောက်လုပ် နိုင်ရန် ရည်မှန်းထား ကြောင်း သိရသည်။

ဖြိုးမောင်မောင်

အိန္ဒိယ ဖက်ရှင် နှင့် အလှအပ ပြပွဲ တက်ရောက်ရန် ဖိတ်ခေါ်
အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်၊ Maniram Dewan Trade Centre, တွင် ကျင်းပပြုလုပ် မည့် Fashion  International Garment, Beauty and Fashion Fair ပြပွဲသို့ ပါဝင် ပြသရန် မြန်မာ နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် များအား ဖိတ်ခေါ် ထားကြောင်း ပြည် ထောင်စု မြန်မာ နိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ သတင်း ထုတ်ပြန် ချက်အရ သိရသည်။

ပြပွဲကို ၂၀၁၀ ဇူလိုင် ၂၈ရက် မှ သြဂုတ် ၁၀ရက်အထိ ကျင်းပ ပြုလုပ် မည် ဖြစ်ကြောင်း အဆိုပါ သတင်း ထုတ် ပြန်ချက် တွင်ဖော်ပြ ပါရှိ သည်။

ကျင်းပမည့် Fashion 2010 International Garment, Beauty and Fashion Fair ပြပွဲ၏ ထူးခြား ချက်မှာ မြန်မာ – အိန္ဒိယကုန် သွယ်မှု အတွက် စီးပွားရေး လုပ်ငန်း များ ပိုမို ဖြစ်ထွန်း စေရန် အရည်အ သွေး ကောင်းမွန်ပြီး လူကြိုက် များ သော အမှတ် တံဆိပ် ရှိသည့် ကုန် ပစ္စည်း ထုတ်လုပ် သူများ အတွက် ကုန်သွယ်ရာ တွင် အထူး အခွင့်အရေး ပေး ဆွဲဆောင် နိုင်စေသော အကျိုး ရလဒ်များ ရရှိ စေရန် ရည်ရွယ်ကြောင်း သိရသည်။

မြင့်မြင့်စိုး

မြန်မာ – ဘင်္ဂလားဒေ့ရှ် ရထား လမ်းသစ် ဖောက်လုပ်ရေး ၌ တရုတ်နှင့် အာရှ ဖွံ့ဖြိုးရေး ဘဏ်တို့ ကူညီ ဆောင်ရွက် မည်
စစ်တကောင်း ခရိုင်၊ ဒိုဟာ ဂျာရီမှ မြန် မာနိုင်ငံ ဂန်ဒမ် သို့ ၅၂၈ ကီလို မီတာ ရှည်လျား သည့် ရထားလမ်း ကြောင်း ဖောက်လုပ်ရာ တွင် တရုတ် နိုင်ငံနှင့် အာရှ ဖွံ့ဖြိုးရေး ဘဏ် (ADB) တို့က အကူအညီ အထောက် အပံ့ ပေးအပ်ရန် စိတ်ဝင် တစား ကမ်းလှမ်း ခဲ့ ကြောင်း ဘင်္ဂလားဒေ့ရှ် ဆက်သွယ်ရေး ၀န်ကြီး ဆေယက် အကူ ဟော်စိန်က ပြော ကြားသည်။

အဆိုပါ ရထား လမ်းသစ် ဖောက်လုပ် မည့် စီမံကိန်း ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ အမျိုး သမီး စီးပွားရေး ကောင်စီ အလုပ် အမှုဆောင် ကော်မတီ (Ecnec) က ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင် အတွင်း အတည်ပြု ခဲ့ခြင်း ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် အစိုးရသည် ယခု ရထားလမ်း တည်ဆောက်မှုမှ တစ်ဆင့် အရှေ့ဘက် နိုင်ငံ များနှင့် မြောက်ဘက် နိုင်ငံ များကို တိုက်ရိုက် ရထားလမ်း ဆက်သွယ်မှု ထူထောင်ကာ “အာ ရှ ဖြတ်သန်း ရထားလမ်း” သို့ ပူးပေါင်းရန် ဆန္ဒ ရှိကြောင်း၊ ဒိုဟာ ဂျာရီမှ ရာမူးကို ဖြတ်ကျော် ၍ မြန်မာ နိုင်ငံပိုင် ဂန်ဒမ် သို့ ရထားလမ်း သစ် ဖောက်လုပ် ရာတွင် မည်သည့် နိုင်ငံ သို့မဟုတ် အဖွဲ့အစည်း ထံမှ အကူအညီ ရယူမည် ဆိုသည်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ဘဏ္ဍာရေး ၀န်ကြီးဌာန လက်အောက်ရှိ စီး ပွားရေး ဆိုင်ရာ ပြင်ပ ဆက်ဆံရေး ဌာနခွဲက ဆုံးဖြတ် လိမ့်မည်ဖြစ်ကြောင်း၊ လက်ရှိ အချိန် တွင် တရုတ် နိုင်ငံနှင့် အာရှ ဖွံ့ဖြိုးရေး ဘဏ် တို့က အကူအညီ ပေးရန် ကမ်းလှမ်းထား ကြောင်း၊ စီမံကိန်း နှင့် ပတ်သက်၍ ဖြစ်နိုင် ခြေ လေ့လာမှုကို ကနေဒါ ကုမ္ပဏီတစ်ခုဖြင့် ဆောင်ရွက် ပြီးစီး ခဲ့ပြီဖြစ်ကာ အာရှ ဖွံ့ဖြိုးရေး ဘဏ် (ADB) ကလည်း ဖြစ်နိုင်ခြေ လေ့ လာမှုကို ထပ်မံ ပြုလုပ် ဦးမည်ဖြစ်ကြောင်း၊ အဆိုပါ ရထား လမ်းဖောက် လုပ်ရန် ငွေကြေး ရန်ပုံငွေ ပြဿနာ တစ်စုံတစ်ရာ ရှိမည်မဟုတ် ကြောင်းနှင့် လက်ရှိ အစိုးရ သက်တမ်း အတွင်း တည်ဆောက်ရေး လုပ်ငန်း စတင် မည်ဖြစ် ကြောင်း ဘင်္ဂလားဒေ့ရှ် ဆက်သွယ်ရေး ၀န်ကြီးက ဆက်လက် ပြောကြားသည်။

အဆိုပါ စီမံကိန်း တွင် ဆာကာနီယာ၊ လိုဟာဂရာ၊ ချာကာရီးယား၊ ဒူလာဟာဂျရာ၊ အစ်ဂါအွန်း၊ ရာမူး၊ ကော့ဘဇား၊ ယူကီးရား၊ ဂန်ဒမ် ဘူတာရုံများ ဆောက်လုပ်ခြင်း နှင့် ဒို ဟာဂျာရီ ဘူတာရုံ ပြုပြင် တည်ဆောက်ခြင်း လုပ်ငန်းများ လည်း ပါဝင်ကြောင်း၊ ရထား လမ်းကြောင်း သည် ခရီးသွား လုပ်ငန်းအ ချက် အချာဖြစ်သည့် ကော့ဘဇား ခရိုင်နှင့် ဆက်သွယ် မည်ဖြစ်ပြီး “အာရှဖြတ်သန်း ရထား စင်္ကြံလမ်း” နှင့်လည်း ချိတ်ဆက် ပူးပေါင်း မည်ဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်း အတွက် ခန့်မှန်း ကုန်ကျ စရိတ်မှာ တာကာငွေ ၁,၈၅၂ ကုဋေကို စိုက်ထုတ် မတည်မည် ဖြစ်ကာ ကျန် ၁,၁၈၂ ကုဋေကို စီမံကိန်း အကူအညီ အဖြစ် ရရှိမည် ဖြစ်ကြောင်း သိရသည်။

ဖြိုးမောင်မောင်

UMFCCI ကိုယ်စားလှယ် များနှင့် ထိုင်းစက်မှု လုပ်ငန်း အဖွဲ့ချုပ်မှ စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံ
ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ ကိုယ် စားလှယ် အဖွဲ့များသည် ဇူလိုင် ၁၇ ရက်တွင် ထိုင်းစက်မှု လုပ်ငန်း အဖွဲ့ချုပ် (The Federation of Thai Industries FTI) ၊ ထိုင်းစီးပွားရေး လုပ်ငန်းရှင် များနှင့် မဲဆောက် ၌ တွေ့ဆုံခဲ့သည်။

ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ စက်မှု လုပ်ငန်း၊ စွမ်းအင် ရင်းနှီး မြှုပ်နှံရေး၊ ပို့ဆောင်ရေး ကွန်ရက်၊ ခရီးသွား လုပ် ငန်း၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး၊ ပြည်သူ့ ကျန်းမာရေး၊ သဘာဝ ပတ်ဝန်းကျင် တိုးတက် ကောင်းမွန်ရေး စသည့် ကဏ္ဍ များတွင် ပူးပေါင်း လုပ်ကိုင် နိုင်ရန် သဘော တူညီမှုများ ရရှိခဲ့သည်။ ထိုင်း – မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု ပိုမို ခိုင်မာ စေရန်နှင့် ရင်းနှီး မြှုပ်နှံ မှုများ အတွက် ကျင်းပခဲ့သည့် ယခု အစည်းအဝေး သည် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု ကို များစွာ အထောက် အကူ ဖြစ်စေ နိုင်သည့်အပြင် နယ်စပ် ကုန်သွယ်မှု ပမာဏကို ယခုထက် ပိုမို တိုးမြှင့် နိုင်ရန် ရည် ရွယ် ကျင်းပ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဇွန်သဲ

မြန်မာနိုင်ငံတွင် ပထမဆုံးCelebrity Look Alike ပြိုင်ပွဲ ကျင်းပ
North Point Shopping Centre မှ စီစဉ်ကျင်းပ သော Celebrity Look Alike ပြိုင်ပွဲ ကို ဇူလိုင် ၁၇ ရက်က North Point Shopping Centre (Promotion Area) တွင် ကျင်းပ ခဲ့သည်။ ဇူလိုင် ၁၇ ရက်နှင့် ၁၈ ရက်တွင် လူရွေးပွဲ ပွဲစဉ် များကိုNorth Point Shopping Centre ၌ကျင်းပ ခဲ့ပြီး အလားတူ ပွဲစဉ် ၃ ကို သြဂုတ် ၇ ရက်၌  East Point Shopping Centre တွင် ကျင်းပမည်ဖြစ်သည်။

Celebrity Look Alike ပြိုင်ပွဲဝင် တွင် အသက် ၁၄ နှစ်နှင့် အထက်ရှိသော ပြိုင်ပွဲဝင် ဦးရေ ၇၀ ကျော် ပါဝင် ယှဉ်ပြိုင် ခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲ ၀င်သူများ သည် မိမိ ကြိုက်နှစ်သက် သည့် မြန်မာပြည်ရှိ ထင်ပေါ် ကျော်ကြားသော  Celebrity တစ်ဦး၏ ၀တ်စားဆင် ယင်မှုပုံစံ Fashion Style သီချင်းဆိုဟန် singing နှင့် အခြား တင်ဆက် ပြသမှုပုံစံ (performance) စသည် တို့ကို အနီးစပ်ဆုံး ကြိုးစား ယှဉ်ပြိုင် ကြရမည် ဖြစ်ကြောင်း သိရသည်။

လူရွေးပွဲ ပွဲစဉ်များမှ ဆန်ခါတင် ၁၅ ဦးရွေးချယ် မည်ဖြစ်ပြီး နောက်ဆုံး အဆင့်ယှဉ်ပြိုင်ခြင်း ကို သြဂုတ် ၈ ရက်တွင် East Point Shopping Centre တွင် ဆက်လက် ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။ ချီး မြှင့်မည့် ဆုများမှာ ပထမဆုငွေ ကျပ်သုံးသိန်းနှင့် ဆုလက် ဆောင်များ၊ ဒုတိယ ဆုငွေ ကျပ်နှစ်သိန်းနှင့် ဆုလက်ဆောင် များ၊ တတိယဆု ကျပ်တစ်သိန်းနှင့် ဆုလက်ဆောင်များ ဖြစ်ကြောင်း သိရသည်။

မြင့်မြင့်စိုး

Logistics ကုမ္ပဏီ ရုံးခွဲ မြန်မာပြည် တွင် ဖွင့်လှစ်မည်
မြန်မာပြည်ဌာန logistics ကုမ္ပဏီ ရုံးခွဲအား မကြာမီ ဖွင့်လှစ် သွားမည်ဟု Nippon Express Co.,Ltd မှ Deputy General Manger ဖြစ်သူ မစ္စတာဟီဒဲတိုရှီ တီရိုရှီးမား က ဇူလိုင်လ ၂၃ ရက်တွင် ပြုလုပ်သော Logistics အလုပ်ရုံ ဆွေးနွေး ပွဲတွင် ပြောကြား ခဲ့သည်။

အဆိုပါ ကုမ္ပဏီ ရုံးခွဲများသည်  နိုင်ငံပေါင်း ၃၇ နိုင်ငံတွင် ရုံးခွဲများရှိ  ထားသော် လည်း မြန်မာနိုင်ငံ တွင်  ရုံးခွဲ မထားရှိ သေးကြောင်း ယခုအခါ တွင် မြန်မာပြည်သို့ ပထမဦး ဆုံးအ ကြိမ် လာရောက်ပြီး အလုပ်ရုံ ဆွေးနွေး ပွဲကို ကျင်းပ ခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။ ထို့ပြင် Nippon Express ကုမ္ပဏီ အနေဖြင့် ယခုနှစ် ထဲတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ ရုံးခွဲအား ဖွင့် လှစ် မည်ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။

“ရုံးခွဲတစ်ခု ဖွင့်တယ် ဆိုတာက လည်း အရင်ဆုံး serve အရင် ကောက်ကြည့် ရတယ်။ ဒီလို ကောက်  ကြည့်ပြီးမှ ဖြစ်နိုင်ခြေ ရှိရင် လုပ်ဖြစ် မှာပါ။ ဈေးကွက် လိုအပ်ချက် ရှိလား၊  ရုံးခွဲဖွင့် ဖို့ လိုအပ် လားဆိုတာ ကိုကြည့် ပြီးမှသာ ရုံးခွဲ တစ်ခု ကိုဖွင့်တာ” ဟု  ၎င်းကဆိုသည်။

လက်ရှိ ဖွံ့ဖြိုး သောနိုင်ငံ များ တွင် အိန္ဒိယ၊ ဗီယက်နမ်၊ ထိုင်းတို့ မှာ ဖွံ့ဖြိုး ကြောင်း သိရှိ ရသည်။ ရုံးခွဲ တစ်ခု ဖွင့်လှစ် မည်ဆိုပါက နိုင်ငံတစ် နိုင်ငံ၏ မူဝါဒ အရ Transportation ကို ကြည့်ရကြောင်း၊ ယခု အသစ် ထပ်မံ ဖွင့်လှစ် မည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ တွင် ကားတစ်စီး  import လုပ်ပါက အခွန် ရာနဲ့ ချီ ကောက်ခံ သ ဖြင့် ပို့ဆောင်ရေး လုပ်ကိုင်ရာတွင် လည်း test များလာခဲ့ကြောင်း   truck ကားနှင့် အိမ်စီးကား test တို့မှာ အတူတူ ဖြစ်နေကြောင်း တွေ့ ရှိ ရသဖြင့် ယခုအခါ တွင် ဂျပန် ကုန် သည် ကြီးများ အသင်း၊ ဘင်္ဂလား ဒေ့ရှ် နိုင်ငံရှိ ဂျပန် သံရုံးနှင့် သက်ဆိုင် ရာများနှင့် ညှိနှိုင်း နေကြောင်း ထို ကဲ့သို့ ညှိနှိုင်းမှု များပြင်ဆင်ရာ test နှုန်းထားကျဆင်းပါက transportation မှာလည်း နှုန်းထား ပြင်ဆင် သွားမည် ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။

ယဉ်ယဉ်လှ

နေပြည်တော် ၏ အထင်ကရ နေရာ များကို မျှော်စင် ပေါ်မှ အပန်းဖြေ ကြည့်ရှုနိုင် ရေပန်း ဥယျာဉ် (တိုးချဲ့) အပန်းဖြေ စခန်း ထပ်မံ ဖွင့်လှစ်
နေပြည်တော်၏ အထင်ကရ နေရာ များဖြစ်သည့် ဥပ္ပါတ သန္တိစေတီတော်၊ မြို့ တော်ခန်းမ၊ လဟာပြင် ဇာတ်ရုံ၊ သပြေကုန်း (မြို့မ)ဈေး၊ အောင်သပြေ အဆင့်မြင့် ရုပ်ရှင်ရုံ ကျောက်မျက် ရတနာ ပြတိုက်၊ ရွိုင်ရယ် မြန်မာ ဂေါက်ကွင်း၊ လွှတ်တော် အိမ်တော် များ၊ နက္ခတ် တာရာ ပြခန်းနှင့် နေပြည်တော် ဘူတာ စသည့် နေရာများကို ပေ ၄၀အမြင့်ရှိ မျှော်စင်ပေါ်မှ အပန်းဖြေ ကြည့်ရှု ခံစားနိုင်သည့် နေပြည်တော် ရေပန်း ဥယျာဉ် (တိုးချဲ့) အပန်း ဖြေစခန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၇ရက် တွင် အဆိုပါ ဥယျာဉ် အတွင်း၌ ကျင်းပသည်။

စတင်တည်ဆောက်

နေပြည်တော် ရေပန်းဥယျာဉ် (Water Fountain Garden)ကို နေပြည်တော် စည် ပင်သာယာ ရေး ကော်မတီက ပင်မ ရေပန်း ဥယျာဉ်ကြီး ကို ဧက ၅၀ဖြင့် စတင် ဆောင် ရွက်ခဲ့ရာ ၂၀၀၈ခုနှစ်၊ ဇန်န၀ါရီ ၄တွင် စတင် ဖွင့်လှစ် နိုင်ခဲ့ပြီး ရေပန်း ဥယျာဉ်ကြီး (တိုးချဲ့)ကို ၂၀၀၉ခုနှစ် မတ် ၂၈ရက်တွင် ထပ်မံ ဖွင့်လှစ် နိုင်ခဲ့သည်။

မြန်မာ နိုင်ငံ၏ မြို့တော် အဆင့်နှင့် လျော်ညီစွာ တည်ဆောက် ခဲ့သည့် ပင်မရေ ပန်းဥယျာဉ်ကြီး သည် နေပြည်တော်မြို့ တော် ခန်းမ ကြီး၏ အနောက်ဘက် တွင် ကပ် လျက် နေပြည်တော် ပျဉ်းမနား – တောင်ညို သွား ကားလမ်း မကြီးဘေး၌ တည်ရှိပြီး ရေပန်း ဥယျာဉ် (တိုးချဲ့)သည် ရာဇ သင်္ဂဟ လမ်းမ ကြီးနှင့် ငလိုက်ချောင်း မြောက်ဘက် ၀န်ကြီးဌာန ရုံးများ သို့သွားသည့် လမ်းမကြီး ဘေး၌ တည်ရှိ၍ စုစုပေါင်း ၁၆၅ ဧက ကျယ် ၀န်းသည်။

တိုးချဲ့ရေပန်းဥယျာဉ်

၂၀၀၉ခုနှစ်၊ မတ် ၂၈တွင် ထပ်မံ ဖွင့် လှစ်ခဲ့သည့် ရေပန်း ဥယျာဉ် (တိုးချဲ့)သည် ဧက ၁၀၀ ကျယ်ဝန်းပြီး အ၀င် မုခ်ဦးကို Steel structure ဖြင့်တည်ဆောက် ထားကာ အကျယ် ၄၁ပေ၊ အမြင့် ၅၇ပေ ရှစ်လက်မ ရှိ သုံးထပ် မုခ်ဦး ဖြစ်၍ မုခ်ဦး တစ်ဖက်စီ တွင် အကျယ်ပေ ၂၀ရှိ မုခ်ဦး ငယ် နှစ်ခုနှင့် ရှေ့ မျက်နှာ စာတွင် ရေပန်း အလှများ တပ်ဆင် ထားသည်။ ဥယျာဉ် အတွင်း ၈ ဒသမ ၂၆ ဧက ကျယ်ဝန်းပြီး ရေဂါလန် သန်း၂၀ဆံ့ ပင်မ ရေကန်ကြီး တစ်ကန်၊ လင်းပိုင်း ငါးကောင် ရုပ်တု ပါရှိသည့် ရေပန်းကန် တစ်ခု၊ ရေပန်း အလှ မျိုးစုံ ငါးခုပါ ရေပန်းကန် ငါးကန်၊ ကလေး ကစားကွင်းများ၊ ရေကမ္ဘာလုံး၊ Musical Water Dancing နှင့် မြေနန်း ပြာသာဒ်ဆောင်၊ နားနေဆောင် နှင့် ဥယျာဉ် အတွင်းကွန်ကရစ် လမ်းများ၊ Buggy လမ်း  များ၊ ယာဉ်ရပ်နား ရန်နေရာများ၊ ပန်းအလှ ပင်များဖြင့် တည်ဆောက် ထားပြီး ပင်မရေ ပန်း ဥယျာဉ်ကြီး သို့ ကြိုးတံတားဖြင့် ဆက်သွယ် ထားသည်။

ကန်သုံးဆင့်ရေတံခွန်

ကန်သုံးဆင့် ရေတံခွန်ကို ၂၀၀၉ခုနှစ်၊ အောက်တိုဘာ ၂၁ရက်တွင် အဆိုပါ ရေပန်း ဥယျာဉ် ထပ်မံ ဖွင့်လှစ်ခဲ့ပြီး ပေ ၁၇၀၊ အမြင့် ၂၂ပေ ရှိကာ ရေတံခွန် အောက်ခြေ၌ ၁၂ပေ ကျယ် ရှိသည့် ရေအောက် လျှောက်လမ်း တစ်ခု ပါရှိသည်။ ရေတံခွန်မှ ကျလာသည့် ရေများကို အလျား ၁၈၄ပေ၊ အနံ ၉၄ပေရှိ ရေကန် သုံးကန်ဖြင့် အဆင့်ဆင့် စီးဆင်း စေရန် ပြုလုပ်ထားပြီး ရေကန် တစ်ခုနှင့်တစ်ခု အကြားတွင် သုံးပေ အကျယ်ရှိ ကျောက် သားလမ်းများ ပါရှိ၍ အလယ် ရေကန်၌ ကလေးများ ကစား နိုင်ရန် ဘတ်စကက် ဘော ဘုတ်များ ထည့်သွင်း တည်ဆောက်ထား သည့်အပြင် ကန်သုံးဆင့် ရေကန် ပတ်လည် တွင် အပန်းဖြေ အနားယူ နိုင်ရန် ထိုင်ခံများ မြက်ခင်းပြင်များ စီစဉ် ထားရှိသည်။

ကြိုးတံတားဖြင့်ဆက်သွယ်

နေပြည်တော် ရေပန်း ဥယျာဉ် ပင်မနှင့် ရေပန်းဥယျာဉ် (တိုးချဲ့)တို့အား အလျား ပေ ၁၈၀၊ အကျယ် ငါးပေရှိ သံမဏိ ကြိုးတံတား နှင့် ဆက်သွယ် ထားပြီး ပင်မ ဥယျာဉ်အတွင်း ၌ ရေတံခွန် လိုဏ်ဂူ ကန်သုံးဆင့် ရေတံခွန်၊ အကျယ် ခြောက်ဧကရှိ ပင်မ ရေကန်ကြီး တစ်ကန်၊ ရေပန်းကြီး သုံးခု၊ ပင်ဂွင်ငှက် ငါး ကောင်ပုံပါ ကျွန်းတစ်ကျွန်း၊ ရေပန်း အလှမျိုး စုံ ၁၅ခုပါဝင်သော ရေပန်းကန် ၁၂ခု၊ လေး ဖက်မြင် သံစုံမြည် နန်းမြင့် နာရီ စင်တစ်ခု၊ မိသားစုများ အနားယူ အပန်းဖြေဆောင် ရှုရပ် ပန်းဥယျာဉ်ငယ်နှစ်ခုနှင့် ကျောက်တုံး ဥယျာဉ်တစ်ခုတို့ပါရှိကာ ရေပန်းဥယျာဉ် (တိုးချဲ့)အတွင်း၌ ၈ ဒသမ ၂၆ ဧကရှိ ပင်မ ရေကန် တစ်ကန်၊ လင်းပိုင်အရုပ်ငါးကောင် ပါ ရေကန်တစ်ကန်၊ ရေပန်းအလှမျိုးစုံငါး ခုပါ ရေပန်းကန် ငါးကန်၊ ခေတ်မီ ကလေး ကစားကွင်း၊ ရေကမ္ဘာလုံး musical water dancing, water movies နှင့် မြေ နန်း ပြာသာဒ်ဆောင် များပါရှိ၍ ပင်မ ရေပန်း ဥယျာဉ်ကြီးနှင့် ရေပန်း ဥယျာဉ် (တိုးချဲ့) သို့ အလျားပေ ၁၈၀၊ အကျယ် ငါးပေရှိ သံမဏိ ကြိုးတံတားဖြင့် ဆက်သွယ် ထားသည်။

ဗျူးပွိုင့်နှင့်မျှော်စင်

နေပြည်တော် ရေပန်း ဥယျာဉ်ကြီးသည် ထူးထူးခြားခြား ဗျူးပွိုင့် နှစ်ခုပါရှိပြီး သဘာဝ အလှတရား များနှင့် လေကောင်း လေသန့် များကို ရှူရှိုက် ခံစား ရရှိနိုင်ပြီး ယခု ထပ်မံ ဖွင့် လှစ်လိုက်သည့် ရေပန်း ဥယျာဉ် (တိုးချဲ့) အပန်းဖြေ စခန်းသည် ရေပန်း ဥယျာဉ် (တိုး ချဲ့) Water Fountain Garden အပိုင်း ၂နှင့် တစ်ဆက်တည်း တည်ရှိကာ ဧက ၆၀ ကျယ်ဝန်း ပြီး ၃ ဒသမ ၈ ဧက အကျယ် ရေကန် တစ်ခုပါ ထည့်သွင်း တည်ဆောက် ထားပြီး ရေကန် ပတ်လည်တွင် ရောင်စုံပုံစံ ၂၄မျိုး ပါရှိသည့် LED မီးများ တပ်ဆင်ထား ကာ ည အချိန်တွင် ရောင်စဉ် မီးတန်း များ၏ အလှအပနှင့် အလင်းရောင်သည် ကန်ရေ ပြင်ကို ထင်ဟပ် လှပ စေရန် ဆောင်ရွက်ထား သည်။ လာရောက် အပန်းဖြေ သူများအတွက် အပျော်စီး ဘဲငန်း လှေများကို စီစဉ် ထားကာ အပန်းဖြေ တောင်ထိပ် ပေါ်တွင် အမြင့်ပေ ၄၀ရှိ လေးထပ် မျှော်စင် တစ်ခု ကိုပါ တည် ဆောက် ထားသဖြင့် ဗျူးပွိုင့် နှစ်ခုနှင့် အဆိုပါ မျှော်စင် ပေါ်မှနေ၍ နေပြည်တော်၏ အထင်ကရ နေရာများ ဖြစ်သည့် ဥပ္ပါတသန္တိ စေတီ တော်မြတ်ကြီး၊ မြို့တော် ခန်းမ၏အလှ အပများ၊ လဟာပြင် ဇာတ်ရုံ၊ လွှတ်တော် အိမ် တော်များ၊ နက္ခတ် တာရာပြခန်း၊ နေပြည် တော်ဘူတာ၊ ပရဆေး ဥယျာဉ်ကြီး၊ ကန် တော်မင်္ဂလာနှင့် နေပြည်တော် ဒေသ၏ တောတောင် သဘာဝအလှအပ များကို တ၀ ကြီးကြည့်ရှု နိုင်ကြပြီဖြစ်သည်။

ခိုင်မင်း (နေပြည်တော်)