The Myanmar Post - Myanmar News Journal » ကျန်းမာရေး

အိမ်မွေး တိရစ္ဆာန် ဟမ်းစတား မှ တစ်ဆင့် ပလိပ်ရောဂါ ကူးစက်နိုင်
ကြွက်မှ လူကို ကူးစက်တတ် သော ပလိပ် ရောဂါသည် ကြွက်မျိုး နွယ်ဝင် ဟမ်းစတား အကောင် များ တွင်လည်း ဖြစ်ပွား နိုင်သဖြင့် ဟမ်း စတား များကို အိမ်မွေး တိရစ္ဆာန် အ ဖြစ် မွေးမြူ ကြသော သူများအနေဖြင့် အထူး သတိထား သင့်ကြောင်း သိရ သည်။

“ပလိပ် ရောဂါက ကြွက်ကနေ ကူးစက် နိုင်သလို အိမ်မှာ အလှမွေး ထားတဲ့ ဟမ်းစတား တွေကနေလည်း ကူးစက် နိုင်ပါတယ်။ သူတို့လေး တွေ ကို သန့်သန့်ရှင်းရှင်း ထားဖို့လည်း လိုအပ် ပါတယ်” ဟု အလုံမြို့နယ်မှ တိရစ္ဆာန် ဆေးကု ဆရာဝန် တစ်ဦးက ပြောကြားသည်။

ထို့ပြင် ပလိပ် ရောဂါသည် ကြွက်မှ တစ်ဆင့် ခွေးကို ကူးစက် တတ်သော်လည်း ခွေးတွင် ရောဂါ ဖြစ်ပွားခြင်း မရှိဘဲ ရောဂါသယ် ဆောင် ထားနိုင် သဖြင့် သတိပြုသင့် ကြောင်း အထက်ပါ ဆရာဝန်က ပြောသည်။ ပလိပ် ရောဂါဖြစ်ပွား ပါက အဖျားကြီး လာကြောင်း၊ ပြန် ရည် အကျိတ် ဂလင်းများ ရောင်ကိုင်း လာကြောင်း၊ ရုတ်တရက် ရောဂါဆိုး ရွားပြီး အသက် သေဆုံး နိုင်ကြောင်း သိရသည်။

ခင်နွယ်ဝင်း

ဆေးပညာ ဆိုင်ရာ သင်တန်း ပို့ချမည်
မြန်မာနိုင်ငံ ဆရာဝန် အသင်း၊ စဉ်ဆက် မပြတ် ဆေးပညာ သင်ကြားရေး ယူနစ်က Diagnastic Medical – Surgical Procedures 2010 သင် တန်းကို ဇူလိုင် ၃၁ ရက်မှ အောက်တိုဘာ ၁၇ ရက်အထိ (စနေ၊ တနင်္ဂနွေ မွန်းတည့် ၁၂ နာရီမှ ညနေ ၃ နာရီအထိ) ဖွင့်လှစ် ပို့ချ မည်ဖြစ်သည်။ အဆို ပါ သင်တန်းကို အထွေထွေ ရောဂါကု ဆရာဝန်များ အတွက် ဖွင့်လှစ် ပို့ချခြင်း ဖြစ်ကြောင်း သိရသည်။

စိုးကြွယ်

စိန်ခေါ် နေတဲ့တီဘီ ရောဂါ ဘီစီဂျီ ဆေးထိုး ကာကွယ် DOTS နည်းဗျူဟာ အပါအ၀င် နည်းမျိုးစုံဖြင့် ကုသ
တီဘီ ရောဂါဟာ ကမ္ဘာ့ကပ် ရောဂါလို့ ဆိုရမလောက် ဖြစ်ပွားမှု များပြားပြီး ကမ္ဘာ့ လူသား များရဲ့ ကျန်း မာရေး ကို HIV ၊ AIDS ၊ ငှက်ဖျား ရောဂါ တို့နဲ့ အတူ စိန်ခေါ်နေပါတယ်။

သက်ဆိုင်ရာ က ထုတ်ပြန်ကြေ ညာထားတဲ့ စာရင်းဇယား တွေအရ ဒီနေ့ ကမ္ဘာပေါ်မှာ နှစ်စဉ် တီဘီရော ဂါ ဖြစ်ပွားသူ ၉ ဒသမ ၄ သန်း ခန့်ရှိ ပြီး ၁ ဒသမ ၈ သန်းခန့် သေဆုံးခဲ့ တယ်လို့ သိရ ပါတယ်။ ရောဂါအ ဖြစ် များ သူတွေရဲ့ အသက် အပိုင်းအ ခြားကို စစ်တမ်း ထုတ်ကြည့် လိုက် တော့လည်း အသက် ၁၅နှစ်မှ ၅၄ နှစ် အကြားရှိ ကုန်ထုတ် စွမ်းအားအ ပေးနိုင်ဆုံး အုပ်စု ဖြစ်နေတာကို တွေ့ရ ပါတယ်။ ဒါကြောင့် လည်းပဲ မြန်မာ နိုင်ငံ အပါအ၀င် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ဝင် နိုင်ငံတွေဟာ စီမံကိန်း စီမံ ချက်တွေ၊ နည်းဗျူဟာ အသစ်တွေ ချမှတ်ပြီး အတွေ့အကြုံခြင်း ဖလှယ် ကြရင်း စုပေါင်း ဆောင်ရွက်နေကြ ပါတယ်။

တီဘီ ရောဂါပိုးဟာ သာမန် မျက်စိနဲ့ မမြင်နိုင်ဘဲ အားကောင်းတဲ့ မှန်ဘီလူးနဲ့ကြည့်မှသာ တွေ့ရှိနိုင်ပါ တယ်။ ဒီပိုးကို ကမ္ဘာ့ကျေးဇူးရှင်တစ် ဦးဖြစ်တဲ့ ဂျာမနီဆရာဝန်ဒေါက်တာ ရောဘတ်ကော့ခ်ျက ၁၈၈၂ ခုနှစ်၊ မတ် ၂၄ ရက်မှာ သူ့ဇနီးက မွေးနေ့ လက်ဆောင်ပေးထားတဲ့ မှန်ဘီလူး  ကလေးကို အခြေပြုပြီး ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။ သူ့ကျေးဇူးကြောင့် တီဘီ သမိုင်းကြောင်းစာမျက်နှာတွေရွှေ ရောင်ဝင်းခဲ့ပြီး ကာကွယ်၊ ကုသ ရေးလုပ်ငန်းတွေဖွံ့ဖြိုးဖို့ အခြေခံအင် အားတွေအများကြီးရခဲ့ပါတယ်။ သူ ရောဂါပိုး တွေ့တဲ့နေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ မတ် ၂၄ ရက်ကို ကမ္ဘာ့တီ ဘီရောဂါတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ပြီး ၁၉၉၆ ခုနှစ်မှစတင် ကာ မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ဝင်နိုင်ငံတိုင်းမှာ ကျင်းပခဲ့ပါတယ်။ ဒီနှစ်မှာ လည်း “One The Move against Tuberculosis” “နည်းသစ် တီထွင် အရှိန် မြှင့်တင်၊ တီဘီ ကင်းစင် မြန်ပြည်တစ် ခွင်” ဆောင်ပုဒ်နဲ့ ကျင်းပခဲ့ပါတယ်။

တီဘီ ရောဂါပိုးဟာ လေထဲက တစ်ဆင့် ကူးစက်ပျံ့နှံ့ပြီး ရောဂါ သည်ချောင်းဆိုးရာ၊ တံတွေး ထွေးရာ ကနေပြီး ကျန်သူ တွေကို ကူးစက်နိုင် ပါတယ်။ ခုခံအား ကျဆင်းနေတဲ့ HIV ရောဂါပိုး ရှိသူတွေရဲ့ အားနည်း မှုကို အခွင့်ကောင်း ယူပြီး စွဲကပ်လေ့ လည်းရှိပါတယ်။

တီဘီကို အဆုတ်တီဘီ၊ အ ဆုတ်ရောဂါ၊ ချောင်းဆိုးသွေးပါ၊ မြစ် ခြောက်နာရယ်လို့ အများအားဖြင့် ခေါ်နေကြပေမယ့် ဒီရောဂါဟာ အ ဆုတ်မှာသာဖြစ်တာမဟုတ်ပါဘူး။ အဆုတ်အပြင် အူ၊ ဦးနှောက်မြှေး၊ မျက်လုံး၊ အရိုးစတဲ့ ခန္ဓာကိုယ်အ စိတ်အပိုင်းအားလုံးမှာ ဖြစ်တတ်ပါ တယ်။ ဒါပေမဲ့ အဆုတ်မှာအဖြစ်များ  တာကိုတွေ့ရပါတယ်။ တီဘီရောဂါ ကို ဘီစီဂျီဆေးထိုးကာကွယ်လို့ရပါ တယ်။ DOTS နည်းဗျူဟာအပါအ ၀င် ကုသရေး နည်းလမ်း သစ် မျိုးစုံနဲ့ ကုသလို့ ရပါတယ်။ ဒါကြောင့် စနစ် တကျ ကာကွယ် ကုသဖို့ လိုသလို ဆေးယဉ်ပါးမှု မဖြစ်အောင် လည်း ဒူး  တိုက် ဆွေးနွေး ပညာ ပေးကြရမှာဖြစ် ပါတယ်။

တီဘီ ရောဂါ လက္ခဏာတွေက ချောင်းဆိုးခြင်း၊ ချောင်းဆိုးရာမှာ သလိပ်များ၊ သွေးများပါခြင်း၊ ခံတွင်း ပျက်ခြင်း၊ ကိုယ်အလေးချိန် ကျခြင်း၊ မောပန်းလွယ်ခြင်း၊ အဖျားနှုန်းအ နည်းငယ်ရှိခြင်း၊ အားအင် ဆုတ် ယုတ်ခြင်း အစ ရှိတာတွေပဲ ဖြစ်ပါတယ်။ တီဘီ ရောဂါရှိ မရှိကို သက်ဆိုင်ရာ ကျွမ်းကျင်သူများထံ စနစ် တကျ စစ် ဆေးပြသမှုခံယူပြီး သလိပ်၊ ဓာတ် မှန်တွေမှာတွေ့ရတဲ့အဖြေအရ လို အပ်သလို ကုသမှုခံယူရပါမယ်။ အ ခြားသူတွေကို ရောဂါပိုးမကူးစက်စေ ဖို့အတွက်လည်း ချောင်းဆိုးတဲ့အခါ လက်ကိုင် ပ၀ါအသုံးပြုခြင်း၊ တံတွေး အရမ်း မထွေးခြင်း အစရှိတဲ့ ကျန်း မာရေး အမူအကျင့် ကောင်း တွေကို လိုက်နာ ကျင့်သုံးရပါ့မယ်။

တီဘီရောဂါကာကွယ်ရေးမှာ ဘီစီဂျီကာကွယ်ဆေးမပျက်မကွက် ထိုးခြင်းလည်း တစ်ခုအပါအ၀င်ပါ။ ဒီဆေးကို ၁၉၂၁ ခုနှစ်ကစပြီးတွေ့ ခဲ့ပါတယ်။ ဘီကတော့ ပိုးကိုဆိုလို ပါတယ်။ စီနဲ့ဂျီကတော့ ဆေးကိုရှာ ဖွေတွေ့ရှိခဲ့တဲ့ကာမက်နဲ့ ဂိုးရင်းဆို တဲ့ပညာရှင်နှစ်ဦးရဲ့ အမည်တွေကို ဂုဏ်ပြုထားခြင်းဖြစ်ပါတယ်။ မြန်မာ့ အမျိုးသား ကာကွယ်ဆေးထိုးဇယား မှ ဘီစီဂျီပါဝင်ပြီး သက်တမ်းအလိုက် အကြိမ်ပြည့်အောင် ထိုးပေးနေပါ တယ်။ အထိရောက်ဆုံး ကာကွယ် ရေးတစ်ခုဖြစ်ပါတယ်။

ကမ္ဘာ့တီဘီရောဂါဖြစ်ပွားမှုရဲ့ ၈၅ ရာခိုင်နှုန်းနဲ့ တီဘီရောဂါကြောင့် သေဆုံးသူများ၏ ရာခိုင်နှုန်း ၉၀ မှာ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဘင်္ဂလား ဒေ့ရှ်နဲ့ မြန်မာနိုင်ငံ တို့မှဖြစ်ကြောင်း ကို သက်ဆိုင်ရာ က ထုတ်ပြန် ထားတဲ့ စာရင်းဇယား တွေအရသိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ တီဘီရော ဂါကာကွယ်ကုသရေးလုပ်ငန်းတွေ ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင် တဲ့အတွက် ထောင်စုနှစ်ရည်မှန်း ချက်ကို ပြည့်မီခဲ့ပါတယ်။ ဆက် လက်ပြီးတော့လည်း သက်ဆိုင်ရာ ကျွမ်းကျင်သူပညာရှင်များရဲ့ မေတ္တာ စေတနာ၊ တီဘီဝေဒနာရှင်များအပါ အ၀င် မိသားစုများ၊ ပတ်ဝန်း ကျင်ရှိ ဆွေမျိုး၊ မိတ်ဆွေသင်္ဂဟများရဲ့ ပူး ပေါင်းပါဝင်ကူညီမှုများနဲ့အတူ တီဘီ ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများကို အရှိန်မြှင့်တင်ပြီး ပိုမိုကောင်းမွန်တဲ့ နည်းလမ်းသစ်တွေကို ပြည်သူလူထု အခြေပြုကာ အသုံးပြု ဆောင်ရွက် သွားကြမှာဖြစ်ပါတယ်။

တီဘီ ရောဂါတိုက်ဖျက်ရေးမှာ မီဒီယာတွေရဲ့အခန်းကဏ္ဍဟာလည်း အထူးပဲအရေးကြီးပါတယ်။ ဆရာ ကြီးဦးသုခရဲ့ ဆေးရုံပေါ်က ဘ၀ သံသရာဝတ္ထု၊ ဘ၀ရောင်ခြည်ပြ ဇာတ်၊ ဒေါ်ခင်းနှင်းယုရဲ့မွှေး၊ ဆရာကြီး ဦးဖေသိန်း၊ ဦးအောင်ရှိန်တို့ရဲ့ တီဘီ ပညာပေးပိုစတာ၊ စာခေါက်အစရှိ တာတွေဟာ ထိရောက်တဲ့ပညာပေး လမ်းကြောင်းတွေပဲ ဖြစ်ပါတယ်။ အလားတူပဲ မီဒီယာများ၊ ဆရာဝန် များ၊ ဂျာနယ်၊ မဂ္ဂဇင်းများကလည်း စွမ်းစွမ်းတမံပူးပေါင်းပါဝင်ဆောင် ရွက်ကြမယ်ဆိုရင် မြန်မာ့တီဘီကာ ကွယ်ကုသရေးလုပ်ငန်းတွေ အောင် မြင်ရေး အတွက် ပံ့ပိုး ကူညီမှုများစွာ ရရှိမှာဖြစ်ပါတယ်။

ဦးအောင်ကျော်ကျော် (ကျန်းမာရေးပညာ)

ကြွက်မှ တစ်ဆင့်ကူးစက် တတ်သည့် ပလိပ် ရောဂါ များရရှိပြီး ဆေးရုံ၌ ကုသမှု ခံယူ နေရ သည်ဟု သတင်းများ ထွက်ပေါ် အဆိုပါ သတင်းမှာ မှန်ကန်မှုမရှိ ကောလာ ဟလ သာဖြစ်
ဇူလိုင် ဒုတိယ ပတ်အတွင်း နေပြည်တော် ပျဉ်းမနားမြို့ ရပ်ကွက် တစ်ခု၌ မိသားစုဝင် အချို့သည် ကြွက်မှ တစ်ဆင့် ကူးစက် တတ်သည့် ပလိပ် ရောဂါ များ ရရှိ၍ ဆေးရုံတွင်ကုသမှု ခံယူ နေရကြောင်း ကောလာ ဟလ သတင်းများ ထွက်ပေါ်ခဲ့သည်။

အဆိုပါ သတင်း ထွက်ပေါ် လာမှုနှင့် ပတ်သက်၍ နေပြည်တော် ပျဉ်းမနားမြို့ ကျန်းမာရေး ဦးစီး ဌာန တာဝန်ရှိ သူများအား မေးမြန်းကြည့် ရာ အဆိုပါ သတင်းမှာ မှန်ကန်မှု မရှိကြောင်း ရှင်းပြခဲ့သည်။ နေပြည် တော် ပျဉ်းမနားမြို့တွင် ကြွက်များမှ တစ်ဆင့် ကူးစက် တတ်သည့် ပလိပ် ရောဂါများ ဖြစ်ပေါ် နေသည် ဆိုသည့် သတင်း ထွက်ပေါ်လာမှုမှာ online ပေါ်မှ တွေ့ရှိချက် ဖြစ်ပြီး အဆိုပါ online သတင်းဌာန တွင် ဖော်ပြ ထားသည်မှာ နေပြည်တော် ပျဉ်းမနားမြို့၊ ရွာကောက် ရပ်ကွက်၌ မိ သားစု ငါးစုမှ မိသားစုဝင် အချို့သည် ပလိပ် ရောဂါများ ရရှိပြီး ဆေးရုံ၌ တက်ရောက် ကုသမှု ခံယူ နေရကြောင်း ဖော်ပြ ထားသည် ဟုဆိုကာ သတင်းများ ပျံ့နှံ့ ထွက်ပေါ် လာခြင်းဖြစ်ကြောင်း သိရသည်။

ပဲခူးရိုးမ နှင့် ပဲခူး တိုင်း အတွင်း၌ လူတို့ ခုတ်ယူ ခဲ့သည့် ၀ါးပင်များမှ ၀ါးစို့မျှစ် ထွက်ချိန်တွင် ရိုးမ၌ ရှိနေသည့် ကြွက်များ၏ အဓိက အစားအစာ ဖြစ်သည်။ ၀ါးပင်များ ပြုန်းတီး လာခြင်းနှင့် ရာသီဥတု ဖောက်ပြန်မှုများ ကြောင့် ကြွက်များမှာ အစာ ရေစာ ရှားပါးလာပြီး တစ်နေရာမှ တစ်နေ ရာသို့ ပြောင်းရွှေ့ခြင်း နှင့် ရိုးမနှင့် နီးစပ်သည့် ကျေးရွာ အချို့၏ သီးနှံစိုက် ခင်းများသို့ ၀င်ရောက် စားသောက် မှုများ ဖြစ်ပေါ် လာခဲ့ကြောင်း မီဒီယာ များ၌ ဖော်ပြ ထားသည်။ ပြီးခဲ့သည့် ဇွန် နောက်ဆုံး ပတ်တွင် ပဲခူး တိုင်းအ တွင်းရှိ ကျေးရွာ အချို့၌ ကြွက်ဝမ်းဖြူများ အုပ်စုလိုက် ရောက်ရှိလာပြီး သီးနှံ များကို စားသောက်၍ အနောက်ဘက် ပဲခူးရိုးမမှ အရှေ့ဘက် ပဲခူး တိုင်း အတွင်းသို့ အမြန် လမ်းမကြီး ကိုဖြတ်ကာ ၀မ်းဘဲအင်း၊ ပျဉ်ပုံကြီး၊ ဘုရားကြီး၊ ဘုရား ကလေး ကျေးရွာများသို့ အုပ်စုလိုက် ရောက်ရှိ လာခဲ့ သော်လည်း အုပ်စု တစ်ခုတွင် ကြွက်အကောင်ရေ အနည်းငယ်သာ ပါရှိ ကြောင်း သိရသည်။ online မှ တစ်ဆင့် ထွက်ပေါ် လာခဲ့သည့် နေပြည် တော် ပျဉ်းမနား မြို့တွင် ကြွက်မှ တစ်ဆင့် ကူးစက် တတ်သည့် ပလိပ် ရောဂါ ဖြစ်၍ မိသားစုဝင် အချို့ ဆေးရုံ ပေါ်၌ ကုသမှု ခံယူ နေရသည် ဆိုသော သတင်းမှာ လုံးဝ မှန်ကန်မှု မရှိကြောင်း နှင့် ကောလာဟလများ သတင်း သာဖြစ်ကြောင်း တာဝန်ရှိ သူများက ပြောသည်။

ခိုင်မင်း(နေပြည်တော်)

ကလေး မြို့တွင် ပုဂ္ဂလိက ဆေးရုံ ဆေးခန်း ဖွင့်လှစ်မှု များလာ
ကလေးမြို့တွင် ယခု ဆယ်စုနှစ် ကာလ အတွင်း ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများ ဖွင့် လှစ်လာမှု တိုးပွား လျက် ရှိကြောင်း သိရ သည်။ ကလေးမြို့တွင် ပုဂ္ဂလိက ဆေးရုံ ဆေးခန်းကို လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော် ကာလ ကစတင် ခဲ့ခြင်းဖြစ်ပြီး ခရစ်ယာန် ဘာသာရေး အသင်းအဖွဲ့ များက ဖွင့်လှစ် သော ၀ီစလီ ဆေးရုံနှင့် ဘေသနိ ဆေးရုံ တို့မှ စတင် ခဲ့ခြင်းဖြစ်သည်။

ယခုအခါ ကလေး မြို့ပေါ်တွင်  ပုဂ္ဂလိ က ဆေးရုံ ဆေးခန်း အရေအတွက် ခြောက်ခု အထိ ရှိလာပြီ ဖြစ်သည်။ ပုဂ္ဂလိကဆေးရုံ ဆေးခန်းများတွင် ဆီးစစ်၊ သွေးစစ်၊ ဓာတ် ခွဲ၊ ဓာတ်မှန်၊ အတွင်းလူနာ၊ အပြင် လူနာ စသည်ဖြင့် ကုသမှု ရှိလာသည့်အတွက် နေ့ စဉ် ဆေးကုသမှု ခံယူသူ များပြား လျက်ရှိ ကြောင်း သိရသည်။

ကလေး ဒေသ ပုဂ္ဂလိက ဆေးရုံ ဆေးခန်း များတွင် သီတဂူ ဆရာတော်ကြီး၏ လမ်း ညွှန်မှုဖြင့် တည်ဆောက် ခဲ့သော စက္ခုဒါန ဆေးရုံကြီး ဖြစ်မြောက် လာခဲ့ပြီး မျက်စိ ဝေဒ နာရှင် များအား အခမဲ့ ကုသ ပေးခဲ့သည်။

ကလေး ဒေသတွင် ကလေး၊ ချင်း တောင်၊ ယော၊ ဟုမ္မလင်း၊ ခန္တီး၊ မော်လိုက်၊ ဖောင်းပြင်၊ တမူးဒေသမှ   ဆေးကုသမှုခံယူ ရန် လာရောက်သူများကို အဆိုပါဆေးရုံ ဆေးခန်းများ၌တွေ့ရသည်။ ဘာသာရေးနှင့် ဆက်နွှယ် သည့်အသင်းအဖွဲ့များမှ ထူထောင် ထားသော ဆေးရုံဆေးခန်းများမှာ ငွေ ကြေး အကျိုးအမြတ် ကို အဓိကမထားဘဲ စေတနာ ဖြင့်ဆောင်ရွက်မှု ပေးသည့်အတွက် ယခုရက်ပိုင်း အဖျား အနာ ထူသည့် ရာသီ တွင် ပုဂ္ဂလိက ဆေးရုံ ဆေးခန်းများတွင် ဆေး ကုသမှု ခံယူ နေသည့် လူနာ များပြား ကြောင်း သိရသည်။

သီအိုရီ

သွေးလွန် တုပ်ကွေး ကာကွယ်ရေး စီမံချက်များ ဆောင်ရွက် Abate ခတ်ဆေး ကျပ်သိန်း ၁,၀၀၀ဖိုး ရောက်ရှိ
သွေးလွန် တုပ်ကွေး ကာကွယ် ရေး အတွက် ရန်ကုန်တိုင်း အတွင်း ရေခတ် ဆေးများဖြင့် စီမံချက်ချ ဆောင်ရွက် ခဲ့ရာ ၁၉နှစ် ပြည့်ပြီ ဖြစ် ကြောင်းနှင့် မြို့နယ် အလိုက် ကွင်း ဆင်း ဆေးခတ် ခြင်းကို တစ်လ လေး ကြိမ် တိုးမြှင့် ပြုလုပ် လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆေးများကို ပြည်ပ နိုင် ငံများက မှာယူ တင်သွင်းပြီး ယခု  နှစ် တွင် Abate ခတ်ဆေး ကျပ် သိန်း ၁,၀၀၀ ဖိုး မှာယူပြီး ဖြစ်ကာ မြို့နယ် များသို့ ဇွန်လ ဆန်းတွင် စတင် ဖြန့်ဝေပြီး ဖြစ်သည်။ ရေ အ တွင်း ခြင်ပေါက် ဖွားမှု နည်းပါးစေ ရန် ဆေးခတ်ခြင်း လုပ်ငန်းကို ကျန်း မာရေး ၀န်ကြီး ဌာနနှင့် မြို့တော် စည် ပင် တို့ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ် သည်။ အဆိုပါ စီမံချက်ကို ၁၉၉၁ ခုနှစ်မှ စ၍ ဆောင်ရွက် ခဲ့ရာ ယခု အခါ ၁၉နှစ် ပြည့်ပြီ ဖြစ်သည်။ သွေး လွန် တုပ်ကွေး ကာကွယ်ရေး အတွက် ရေအတွင်း ဆေးခတ် စီမံချက် ကို ၁၉၉၀ ပြည့်နှစ်က အင်းစိန် မြို့နယ်၊ တောင်သူကုန်း ရပ်ကွက်မှ စတင် ဆောင်ရွက် ခဲ့ပြီး တစ်လလျှင် နှစ် ကြိမ် ပြုလုပ်ခဲ့ရာမှ နှစ်စဉ် လူဦးရေ တိုးပွား လာမှု ကြောင့် ၂၀၀၅ခုနှစ်မှ စ၍ တစ်လလျှင် လေးကြိမ် အထိတိုး မြှင့် ဆောင်ရွက် ခဲ့သည် ဟုသိရသည်။

ယင်း စီမံချက် အရ ရပ်ကွက်အ တွင်း ရှိနေအိမ်များ များ၌ ရေအိုးများ အား ခြင် ၀င်ရောက် ပေါက်ဖွားမှု မရှိ စေရန် အဖုံးများ ဖုံးအုပ်ခြင်း၊ အိုးကွဲ၊ ဘက်ထရီ အိုးအဟောင်း၊ ရေ၀ပ် နိုင် သော စွန့်ပစ် ပစ္စည်း အဟောင်းများ အတွင်း ရှိ ရေများ ကိုသွန်ခြင်း၊ ရေ ဆိုး၊ ရေညစ်များ လဲလှယ်ခြင်း၊ ရေ စစ်ဖြင့် ရေကို သန့်စင်ခြင်း အပြင် ချုံနွယ် ပိတ်ပေါင်း များကိုလည်း ခုတ် ထွင် ရှင်းလင်းခြင်း များ ပြုလုပ်ကြ ကြောင်း သိရသည်။

ရောဂါ တားဆီး ကာကွယ်ရေး စုပေါင်း ဆောင်ရွက်မှု မှတ်တမ်းများ အရ သွေးလွန် တုပ်ကွေး ရောဂါဖြစ် ပွား၍ သေဆုံးသူ များစာရင်း၌ ၂၀၀၅ ခုနှစ်တွင် ၅,၆၂၁ ဦး ရောဂါ ဖြစ်ပွားခဲ့ ပြီး ၄၀ သေဆုံးကာ ၂၀၀၆ ခုနှစ်တွင် ၁,၅၃၀၊ သေဆုံး ၁၈ဦး၊ ၂၀၀၇ ခုနှစ် တွင် ၄,၉၄၈ဦး ဖြစ်ကာ သေဆုံး ၅၄ဦး၊ ၂၀၀၈ ခုနှစ်တွင် ၃,၆၀၄ ဦး၊ သေဆုံး ၁၃ဦး၊ ၂၀၀၉ ခုနှစ်တွင် ၃,၃၃၃ဦး ရောဂါ ဖြစ်ပွားကာ ၃၁ ဦး သေဆုံး၍ ၂၀၁၀၊ ဇွန်အထိ ၉၉၈ဦး ရောဂါ ဖြစ် ပွားကာ ခြောက်ဦး သေဆုံး ခဲ့ကြောင်း သိရသည်။

အေးမြခိုင်

ဆရာဝန် မှတ်ပုံတင် လက်မှတ် ထုတ်ပေးရေး မွမ်းမံ သင်တန်း ဖွင့်မည်
ဆရာဝန် မှတ်ပုံတင် (ဆမ)၊ သွားနှင့် ခံတွင်း ဆိုင်ရာ လုပ်ငန်း မှတ် ပုံတင် (သခ) ထုတ်ပေးရေး မွမ်းမံ သင်တန်း ကို လာမည့် ဇူလိုင်လ ကုန် ပိုင်း တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း ဆေးသိပ္ပံ ပညာ ဦးစီး ဌာနက သတင်း ထုတ်ပြန် ထားသည်။

အဆိုပါ မွမ်းမံ သင်တန်းများ အတွက် ဆေးသိပ္ပံ ပညာ ဦးစီးဌာနက သက်ဆိုင်ရာ ဆေးတက္ကသိုလ် နှင့် သွားဘက် ဆိုင်ရာ တက္ကသိုလ်များ တွင် မွမ်းမံ သင်တန်း ၂/၂၀၁၀ ဖြင့် ဖွင့်လှစ် မည်ဖြစ်သည်။ အဆိုပါ သင် တန်းတွင် ၂၀၁၀ပြည့်နှစ် အထိ ဘွဲ့ လက်မှတ် ရရှိပြီး ဆရာဝန် မှတ်ပုံတင် လက်မှတ် မရရှိ သော သူများ တက် ရောက်နိုင်ပြီး တက်ရောက် လိုသူများ သည် မိမိတို့ အောင်မြင် ခဲ့သည့် တက္ကသိုလ် နှင့် ဆေး သိပ္ပံ ပညာ ဦးစီး ဌာန (ရုံးချုပ်) နေပြည်တော် တွင် အသေးစိတ် မေးမြန်း စုံစမ်းနိုင် ကြောင်း ထုတ်ပြန်ချက် တွင်ပါရှိ သည်။ သင်တန်း လျှောက်ထားရာ တွင် လက်ရှိ ၀န်ထမ်းများ လျှောက် ထားရန် မလိုဘဲ ဇူလိုင် ၂၁ ရက် နောက်ဆုံး ထား လျှောက်ထား နိုင် ကြောင်း သိရသည်။

“ဒီလို သင်တန်းက ပြီးခဲ့တဲ့နှစ် ကလည်း ဖွင့်ခဲ့ ပြီးပါပြီ။ ဒီလိုသင် တန်းတွေ ဖွင့်ပေးတာက ဆရာဝန် တွေ လည်း တိုးလာ တာပေါ့။ ဒါမှ ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှု ကို ပိုလုပ် နိုင်တာပေါ့။ ကြိုဆိုပါ တယ်”ဟု အထွေထွေ ရောဂါကု ဆရာဝန်ကြီး တစ်ဦးက ပြောကြား သည်။

News Image

မြန်မာနိုင်ငံ ၏ လူဦးရေ ၁၀ ရာခိုင်နှုန်း အသည်းရောင် အသားဝါ (ဘီ) ဖြစ်ပွား မှုမှ တစ်ဆင့် မကူးစက် ရေး ကာကွယ် ဆေး ထိုးရန် လိုအပ်
မြန်မာနိုင်ငံ တွင် အသည်း ရောင် အသားဝါ (ဘီ) ရောဂါ ကူးစက်  ဖြစ်ပွား မှုမှာ လူဦးရေသန်း ၆၀ ခန့် ၏ ၁၀ ရာခိုင်နှုန်း (ခြောက်သန်း ခန့်) ရှိနေသည့် အတွက် ရောဂါပိုး ကူးစက် ပြန့်ပွားမှု မရှိ ရန်နှင့် လျော့ နည်းရန် အသည်း အရောင် အသား ၀ါ (ဘီ) ကာကွယ် ဆေးထိုး ရန် လိုအပ် ကြောင်း၊ သို့ဖြစ်၍ အမှတ်(၁) စက်မှု ၀န်ကြီးဌာန၊ မြန်မာ့ ဆေးဝါး နှင့် အိမ် သုံး ပစ္စည်း လုပ်ငန်းက အသည်းရောင်  အသားဝါ (ဘီ) ကာကွယ်ဆေး စက်ရုံ  ကို တည်ဆောက်ပြီး အသည်းရောင်  အသားဝါ (ဘီ) ကာကွယ် ဆေးများ ကို ထုတ်လုပ် ဖြန့်ချိလျက် ရှိကြောင်း  သိရသည်။

အသည်းရောင် အသားဝါ(ဘီ)  ကာကွယ်ဆေး စက်ရုံသည် ရန်ကုန် တိုင်း၊ လှည်းကူးမြို့နယ်၊ အမှတ် ၇ လမ်းမကြီး နှင့် ခရေပင် လမ်းဆုံတွင်  တည်ဆောက် ထားပြီး စုစုပေါင်း မြေ အကျယ်၂၉ ဧက ကျယ်ဝန်းပြီး စက်ရုံ ဧရိယာ ရှစ်ဧက ရှိသည်။

ဤစက်ရုံကြီး ကို ၂၀၀၂ ခုနှစ်၊ မေတွင် ကျန်းမာရေး ၀န်ကြီးဌာနက တာဝန် ယူပြီး Korea Economic Development Cooperation Fund (EDCF) မှ ချေးငွေ အမေရိ ကန်ဒေါ်လာ ၁၂ ဒသမ ၆ သန်း ဖြင့် တည်ဆောက် ခဲ့ခြင်း ဖြစ်သည်။   ၂၀၀၃ ခုနှစ်၊ မေတွင် စက်ပစ္စည်း များ စတင် တပ်ဆင် ခဲ့ပြီး ၂၀၀၄ ခုနှစ် တွင် စက်စမ်း သပ်မှုများ စတင် ခဲ့ သည်။ ၂၀၀၅ ခုနှစ်တွင် အသည်း ရောင် အသားဝါ (ဘီ) ကာကွယ် ဆေး များ စတင် စမ်းသပ် ထုတ်လုပ် ခဲ့ပြီး အရည်အသွေး စစ်ဆေးမှုများ ပြည့် စုံအောင် ဆောင်ရွက် ခဲ့ကြောင်း သိရ သည်။

၂၀၀၆ ခုနှစ်၊ သြဂုတ်လ ၉ ရက်တွင် ကျန်းမာရေး ၀န်ကြီးဌာနမှ အမှတ် (၁) စက်မှု ၀န်ကြီး ဌာနသို့ လွှဲပြောင်း ပေးခဲ့ သည်။ လူကို ထိုးပြီး  စမ်းသပ် ကာကွယ်မှု (Clinical Trial) ကို ၂၀၀၇ ခုနှစ်၊ ဖေဖော် ၀ါရီတွင်  အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ပြီး မေမှ စ၍ ထုတ်လုပ် မှုများ ဆောင် ရွက် ခဲ့သည်။ အစား အသောက်နှင့်  ဆေးဝါး ကွပ်ကဲရေး အဖွဲ့ (FDA) ထံ မှ ၂၀၀၈ ခုနှစ်၊ မတ် ၃၁ ရက်တွင် လိုင်စင် ရရှိ ခဲ့ကြောင်း သိရသည်။ ယခုအခါ ကိုရီးယား Samsung နည်းပညာ Recominant DNA (မျိုးဗီဇနည်း ပညာ) ဖြင့် အသည်း အရောင် အသားဝါ (ဘီ) ကာကွယ်ဆေး များကို WHO Standard အတိုင်း ထုတ်လုပ် လျက် ရှိသည်။ တစ်နှစ် လျှင် လူကြီးဒို့စ် အလုံးရေ သုံးသိန်း ထုတ်လုပ် နိုင်ပြီး လက်ရှိ ၀န်ထမ်း အင်အား အရာထမ်း ၃၂ ဦး၊ အမှုထမ်း ၁၀၂ ဦး စုစုပေါင်း ၁၃၄ ဦးဖြင့် လည်ပတ် ဆောင်ရွက် လျက်ရှိသည်။

စက်ရုံမှ ကာကွယ်ဆေး ကို  တံ ဆိပ် နှစ်မျိုးဖြင့် ထုတ်လုပ်လျက်ရှိရာ   ပထမ တံဆိပ်မှာ ဆေး၏ မျိုးရိုး အ မည် Generic Name ဖြစ်သော Hepatitis ‘B’ Vaccine အမည်ဖြင့်  ထုတ်လုပ်ပြီး အစိုးရ ဌာန ကြီးများနှင့်  အဖွဲ့အစည်း များသို့ ရောင်းချ ပေး၍    ဒုတိယ တစ်မျိုးမှာ Brand Name  ဖြစ်သော Livovax ‘B’ အမည်ဖြင့်   ပြင်ပ ဈေးကွက် သို့ ဖြန့်ဖြူး ရောင်းချ လျက်ရှိသည်။ တံဆိပ် ကွာခြားမှု ရှိ သော်လည်း အရည်အသွေး အားလုံး အတူတူပင် ဖြစ်ကြောင်း သိရသည်။

မြန်မာပို့စ်

မည်သူမဆို အသည်းရောင် အသားဝါ (ဘီ) ကာကွယ်ဆေး ထိုးနိုင်ပြီ
အမှတ် (၁) စက်မှု ၀န်ကြီးဌာန၊  မြန်မာ့ ဆေးဝါးနှင့် အိမ်သုံး ပစ္စည်း လုပ် ငန်း၏ ကြီးကြပ် မှုဖြင့် အသည်းရောင် အသားဝါ (ဘီ) ကာကွယ်ဆေး ထိုးဆေး ခန်းကို မြန်မာနိုင်ငံ ဆေးဝါး လုပ်ငန်းစက် ရုံ (ရန်ကုန်) ၌ ဇွန် ၂၅ ရက်မှ စတင်ဖွင့် လှစ်လိုက်ရာ ရုံးချိန် အတွင်း နံနက် ၉နာရီမှ ညနေ၄ နာရီအထိ မည်သူမ ဆို လာရောက် ကာကွယ်ဆေး ထိုးနိုင် ကြောင်း သိရသည်။

ကုန်ကျစရိတ်သက်သာ

အဆိုပါ ဆေးခန်း၌ အထူးသက် သာသော နှုန်းဖြင့် သွေးစစ်ခြင်း၊ ကာ ကွယ်ဆေး ထိုးခြင်း ပြုလုပ် ပေးရာတွင်   ရောဂါ ရှိမရှိ သွေးစစ်ခြင်း ကျပ် ၁,၅၀၀၊ ကာကွယ်ဆေး ပထမအကြိမ် ထိုးခြင်း ကျပ် ၂,၂၀၀၊ ကာကွယ်ဆေး ဒုတိယ အကြိမ်ထိုးခြင်း ကျပ် ၂,၂၀၀၊ ကာကွယ် ဆေး တတိယ အကြိမ် ထိုးခြင်း ကျပ် ၂,၂၀၀၊  စုစုပေါင်း ကျပ် ၈,၁၀၀၊ ဖြစ် ကြောင်း၊ ကာကွယ်ဆေး သုံးကြိမ် အတွက် ကြိုတင်ငွေ ပေးသွင်း၍ ထိုးပါ က ကျပ် ၇,၅၀၀ သာ ကုန်ကျမည် ဖြစ် ကြောင်း၊ အခြား ပြင်ပ ပုဂ္ဂလိက ဆေးခန်း များတွင် ကာကွယ် ဆေး ထိုးခြင်းထက် ကုန်ကျစရိတ် များစွာ သက်သာပြီး ဆေးအာနိ သင် မှာလည်း ကောင်းမွန် ကြောင်း၊ ကာ ကွယ်ဆေး မှာ လှည်းကူး မြို့နယ် ရှိ အသည်း ရောင် အသားဝါ (ဘီ) ကာကွယ်ဆေး စက်ရုံ မှ ထုတ်လုပ် သည့် ဆေးဖြစ်ကြောင်း သိရ သည်။

ရည်ရွယ်ချက်

အဆိုပါ ဆေးခန်း ဖွင့်လှစ်ခြင်း အဓိက ရည်ရွယ်ချက်မှာ အများ ပြည်သူများ ပိုမို သိရှိ  အသည်းရောင် အသားဝါ (ဘီ) ကာကွယ် ဆေးထိုးမှု ကျယ်ပြန့် လာပြီး အသည်း ရောင် အသားဝါ(ဘီ) ကာကွယ် နိုင်ရန်၊ အဆိုပါ ဆေးခန်း အောင်မြင်မှုကို အခြေခံ လျက် ဆေးခန်းများ တိုးချဲ့ သွားရန်ဖြစ် ကြောင်း သိရသည်။

လူဦးရေ ခြောက်သန်းခန့်

မြန်မာနိုင်ငံ သည် အသည်းရောင် အသားဝါ (ဘီ) ရောဂါ ကူးစက် ဖြစ်ပွားမှု အများဆုံး နိုင်ငံဖြစ်ပြီး နိုင်ငံ လူဦးရေ သန်း ၆၀ခန့်၏ ၁၀ရာခိုင်နှုန်း (ခြောက်သန်းခန့်) အသည်းရောင် အသားဝါ (ဘီ) ရောဂါပိုး တာရှည် သယ်ဆောင် သူများ ဖြစ်ကြ ကြောင်း သိရသည်။

ဤသို့ ကြောက်စရာ ရောဂါ ဆိုးကြီး ဖြစ်သော် လည်း လူသားတို့၏   တီထွင်မှု ကြောင့် ကာကွယ်ဆေး ဖော်ထုတ် နိုင်ခဲ့ သည့်အတွက် ထိန်းချုပ် နိုင်သည့် ရောဂါ တစ်ခု ဖြစ်လာ ခဲ့သော်လည်း လူတို့၏ ကျန်းမာရေး အသိပညာ နည်းပါးမှု၊ လေ့ လာခြင်း နည်းပါးမှု၊ ကာကွယ်ဆေး အကျိုး အာနိသင်ကို ဂရု မပြု မိဘဲကာ ကွယ်ဆေး မထိုးခြင်း ကြောင့် ယနေ့တိုင်  ရောဂါ ကူးစက် ပြန့်ပွားမှု နှုန်းမြင့်မား နေကြောင်း သိရသည်။

မြန်မာပို့စ်

ဆေးဝယ်ရင် ဆေး ဘူးခွံမှာ FDA ခွင့်ပြုချက် ပါ၊ မပါ ကြည့်ပြီးမှ ၀ယ်ယူ သင့်
ဈေးကွက် ထဲ၌ ရှိနေသော ဆေးပစ္စည်းများ အား ၀ယ်ယူမည် ဆိုပါ က ဘူးခွံ့၌ အစား အသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဌာန ခွင့်ပြုချက်ပါ၊ မပါ စစ်ကြည့်ပြီးမှ ၀ယ်ယူ သင့်ကြောင်း နှင့် ဆေးပစ္စည်းများ ၀ယ်ယူရန် လိုအပ်သော လူနာများကို ဆေးညွှန်း ရေးပေးသော ဆရာဝန် များက စနစ်တကျ ဆေးညွှန်း ရေးပေးရန် လိုအပ်ကြောင်း FDA တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယခု လက်ရှိ အခြေအနေ အရ မင်္ဂလာ ဈေးရှိ ဆေးဆိုင် များ မီးလောင်မှု ဖြစ်ခဲ့ခြင်း ကြောင့် ဆေးများ ပျက်စီး ဆုံးရှုံး ခဲ့ကြောင်း သိရသည်။ ဈေးကွက် လိုအပ်ချက် အရ စံချိန် မမီသော ဆေးပစ္စည်းများ ၀င်ရောက် လာနိုင်သဖြင့် FDa က ဈေးကွက် ထဲမှ ဆေး ပစ္စည်း များအား စစ်ဆေး နေကြောင်း သိရသည်။

“စံချိန် မမီတဲ့ ဆေးဝါးတွေ သက်တမ်းလွန် ဆေးဝါးတွေ၊ ဆေးဝါး အတုတွေ ဒါတွေကို သောက်မိရင် ဘေးဥပဒ် ဖြစ်စေတယ်။ တရားဝင် ခွင့်ပြုချက် ရှိမရှိ ကိုလည်း သတိထား စစ်ဆေး ရမယ်” ဟု အထက်ပါ ပုဂ္ဂိုလ် ကဆိုသည်။

ယဉ်ယဉ်လှ