ကြက်ဘဲ ဈေးကြီး အားလုံး ပုံမှန် ဖွင့်လှစ်လျက်ရှိ ဈေးများ နှင့် ကုန်တိုက် ကြီးများ တွင် ကြက်ဘဲ အသား ရောင်းချ ခွင့်ပြုကြ
မင်္ဂလာ တောင်ညွှန့် ကြက်ဘဲ ဈေးသို့ နေ့စဉ် ကြက်ဘဲ ကုန်ဝင် အခြေအနေမှာ ပိဿာ ချိန် ၃၀,၀၀၀ ကျော် ၀န်းကျင် ဖြစ်ကြောင်း၊ ဈေးနှုန်းမှာ တစ်ပိဿာလျှင် အသားတိုး ကြက် ကျပ် ၂၀၀ ၀န်းကျင်၊ ဒေသ ကြက် ကျပ် ၃၀၀ ၀န်းကျင် ဈေး အနည်းငယ် ကျဆင်းသွား ကြောင်း၊ ယခုအခါ အသားတိုး ကြက်တစ် ပိဿာ ကျပ် ၂,၅၀၀ ၊ ကျပ် ၂,၀၀၀၊ ဒေသ ကြက် တစ်ပိဿာ ကျပ် ၄ç၂၀၀ ဖြစ်ကြောင်း၊ ထိုသို့ ဈေးကျ သွားခြင်း အဓိက အကြောင်း ရင်းမှာ ၀ယ်လိုအား အနည်းငယ် လျော့ သွားခြင်း ကြောင့်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ က စနစ်တကျ စစ်ဆေးပြီးမှ ဈေးများတွင် ရောင်းချ ခွင့်ပြုသည့် အတွက် စားသုံး သူများ အတွက် စိုးရိမ်စရာ မရှိကြောင်း ဦးဆွေသန်း က ဆက်လက် ပြောကြားသည်။

